တရုတ်၏နယ်ရုပ်တစ်ခုအဖြစ်ဆက်ရှိနေနိုင်သော ရခိုင်ပြည်နယ်
တချို့နိုင်ငံရေးသုံးသပ်သူတွေက တရုတ်ပြည်က တာလီဘန်ကို ပြေးကပ်တာဟာ တာလီဘန်တွေက တရုတ်နိုင်ငံ ၊ ရှင်ကျန်း ၊ ဝိဂါမူစလင်အရေးဝင် စွက်ဖက်မှာစိုးလို့ သုံးသပ်ကြတယ် ။ အဲ့လိုဖြစ်သွားခဲ့ရင်လည်း ကောင်းတာပါပဲ။
သို့သော် မိမိတို့ယူဆချက်လမ်းကြောင်းကတော့ အဲ့လိုမဟုတ်ဘူး။ အာဖကန်နစ်စတန် ၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ် ၊ ဘူးသီးတောင်မောင်းတော လမ်းကြောင်းဖြစ်သွားမှာ စိုးရတယ် ။
ဒါကြောင့်လည်း အကြမ်းဖက်စစ်ကောင်စီ အခြေအနေမဟန်ရင် AAနဲ့ ပြန်ချုပ်မို့ တရုတ်ပြည်မကြီးကတော့ ခြေလှမ်းပြင်နေပုံရတယ်လို့ မိမိတို့သုံးသပ်ခြင်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရလက်ထက်မှာ အကြမ်းဖက်စစ်တပ်နှင့်AA ကို ရန်ဖြစ်ခိုင်းခဲ့တာ 👉တရုတ်ပြည်မကြီးပဲ👈 ။
ဗျူဟာတွေ ၊ဉာဏ်နီဉာဏ်နက်တွေသုံးပြီး ICJ နဲ့ ဖြုတ်ချမရတော့ နောက်ဆုံးပိတ် ပေါ်တင်ပဲ အာဏာသိမ်းပြီး ဖြုတ်ချလိုက်တော့တာပါပဲ ။
အကြမ်းဖက်စစ်တပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပြုတ်ကျရေးအတွက် ဘင်္ဂလီအရေး ( ရိုဟင်ဂျာ) မီးထိုးခဲ့သလို ထွန်းမြတ်နိုင်ခေါင်းဆောင်တဲ့ AA နဲ့စစ်ပွဲတုတွေဖန်တီးခဲ့တယ် ။ဘင်္ဂလီအရေး( ရိုဟင်ဂျာ) မီးမွေးတာ မအောင်မြင်တော့ ရခိုင်ပြည်နယ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု မဝင်အောင် AA နဲ့စစ်ပွဲတုတွေဖန်တီးခဲ့တာလို့ အရင်ကတည်းက သုံးသပ်ပြခဲ့ပြီးလည်း ဖြစ်ပါတယ် ။
အခြားတစ်ဖက်က AA နှင့် ရခိုင်ပြည်သူကိုကျတော့ "ရက္ခိတလမ်းစဥ်" ဆိုတဲ့ ရခိုင်အဖနိုင်ငံတော်လမ်းစဥ်ကို အိပ်မက်ပေးမက်ထားတဲ့သဘောပေါ့ ။
အဲ့လိုနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရလက်ထက်မှာ တရုတ်ပြည်မကြီးက အကွက်ချဖြတ်သန်းခဲ့တာ ဖြစ်ပါတယ် ။ တရုတ်ပြည်ရဲ့ကစားကွက်မှာ ပါဝင်ခဲ့သူတွေကိုယ်တိုင် ကိုယ်ကိုတိုင် အဖြည့်ခံအဖြစ်ပါဝင်ခဲ့ရတာကို သိချင်လည်းသိခဲ့မယ် ၊ သိချင်မှလည်း သိခဲ့ကြမယ်။
မည်သို့ပင်ဆိုစေကာမူ အကြမ်းဖက်စစ်တပ်နှင့်AAတို့ရဲ့စစ်ပွဲတုတွေကြောင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြီးခဲ့တဲ့( ၅ )နှစ်က ကောင်းမွန်စွာ လုပ်ကိုင်ခွင့်မရခဲ့ဘူး။ ဘတ်ဂျတ်တွေ နိုင်ငံဘဏ္ဍာအဖြစ် ပြန်လည်း ထည့်သွင်းခဲ့ရပါတယ်။စစ်ဘေးရှောင်ပြည်သူတွေလည်း အရမ်းများသွားခဲ့ရတယ်။
ခုလည်း အကြမ်းဖက်စစ်တပ်ပြုတ်ရင် အရန်ကွက်တွေနဲ့ မီးမွေးအုံးမလား မပြောတတ်ဘူး။
ဒါကြောင့် ရခိုင်ပြည်နယ်ဟာလည်း တရုတ်ရဲ့နယ်ရုပ်တစ်ခုလိုဖြစ်နေတယ်လို့ မိမိတို့ သုံးသပ်ခဲ့ခြင်း ဖြစ်ပါတယ်။
myanmar society🇲🇲
မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာ၊ချမ်းသာ ကြပါစေလို့ မေတ္တာပို့သလျှက် ~~