သမိုင်းကြောင်း၏ တစ်ဆစ်ချိုးအပြောင်းအလဲ

ရန်သူရဲ့ရန်သူဟာ မိတ်ဆွေပဲဆိုတဲ့ သဘောတရားကို  ဆုပ်ကိုင်ပြီး  တရုတ်ဟာ မြင်းကို ဂျိုတပ်ပေးလေ့ရှိပါတယ် ။တရုတ်သည် လူ့သဘောမနောကို  အတော်သိသည်ဟု ဆိုရပေမည် ။ တရုတ်နှင့် ထိတွေ့သောနိုင်ငံတိုင်းလိုလိုတွင်  ၎င်းတို့၏အကျိုးမြတ်အား ပံ့ပိုးပေးနိုင်သော အဖွဲ့အစည်းအား မြေတောင်မြှောက်ပေးပြီး  ၎င်းတို့၏ဘုရင်ခံတပါးသဖွယ် ဖြစ်လာအောင် မြေတောင်မြှောက်ပေးလေ့ရှိပါတယ် ။ 


မြန်မာ့အရေးကို ကြည်ကြည့် ၊ ကမ္ဘာ့အရေးကို ကြည့်ကြည့်  တရုတ်၏ လုပ်ပုံလုပ်နည်း ၊ လုပ်ဟန်ကား အတူတူသာဖြစ်သည် ။ ထုတ်နှုတ်သုံးဆွဲသော သီအိုရီများကားလည်း  အတူတူသာဖြစ်သည်ကို တွေ့ရသည် ။ အဲ့လိုအနေအထားမျိုးကို ခေါ်ဝေါ်သုံးစွဲတဲ့ စကားကတော့  " double edges policy (ရေမှုတ်တဖက် ၊ မီးစတစ်ဖက် ဆုပ်ကိုင်ထားခြင်း)" လို့  လူသိများပါတယ် ။

လက်ရှိမြန်မာ့အရေးမှာ ကိုဗစ်-၁၉ အရေးကြောင့် နိုင်ငံရေးအရွေ့အတော်များများရပ်တန့်နှောင့်နှေးသွားတာကို တွေ့ရပါတယ် ။သို့ပေမဲ့  ၂၀၂၀ ခုနှစ် ၊ မေလ ၉ ရက်ဝန်းကျင်ခန့်က ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်တွင်းရာထူးအပြောင်းအလဲ ပြုလုပ်ခဲ့တဲ့ ထူးခြားချက်တော့ ရှိပါတယ် ။ ၎င်းကိစ္စနှင့်ပက်သက်၍  ကာကွယ်ရေးဦးစီးချုပ်ဟာ ဆက်လက်နေရာယူအုံးမှာလား ၊ မယူတော့ဘဲ စိတ်ချရမည့်သူကို လွှဲကာ အနားယူတော့မှာလား ၊ ဘယ်ရာထူးကတော့  ဘယ်သူဖြစ်သင့်တယ် စသည်ဖြင့်  ဝေဖန်ရေးသားနေတဲ့ ကလောင်ရှင်တွေလည်း ရှိပါတယ်။


မိမိအမြင်အားပြောရရင်  ၎င်း ရာထူးအပြောင်းအလဲ ကိစ္စဟာ ဆုတ်သာ ၊ တက်သာအောင် ပြုလုပ်ထားသော အကြိုအစီအမံဟုသာ မြင်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် အနားယူ/မယူကတော့  ဆက်လက်ဖြစ်လာမည့်  နိုင်ငံရေးအခင်းအကျင်းပေါ် မူတည်ပါတယ် ။ ရှေ့ဆက်ဖြစ်လာမဲ့  နိုင်ငံရေးအခြေအနေမကောင်းရင်  ကာကွယ်ရေးဦးစီးချုပ်ဟာ အနားယူဖွယ်ရှိပါတယ် ။ အခြေအနေကောင်းရင် ဆက်ပြီးလည်း နေရာယူချင်လည်း ယူထားပါလိမ့်အုံးမယ် ။ ဆက်လက်နေရာယူခြင်းက တရားဝင်ရဲ့လား ၊ မဝင်ဘူးလားကတော့ တကဏ္ဍပေါ့ ။ဒါကတော့ တပ်တွင်းရာထူးအပြောင်းအလဲ နှင့် ကာကွယ်ရေးဦးစီးချုပ်ကို ဗဟိုပြုစဥ်းစားလို့  ထွက်လာတဲ့ အရေးအကြောင်းသာ ဖြစ်ပါတယ် ။

အကယ်၍ ၎င်းတပ်တွင်းရာထူးအပြောင်းအလဲအရေး ၊ ကာကွယ်ရေးဦးစီးချုပ် ၊ အခြေခံဥပဒေပြင်ဆင်ရေး နှင့် အာဏာရှင်အုပ်စုတွေကိုပါ ထည့်သွင်းကောက်ချက်ဆွဲက  ထွက်လာမည့် အဖြေကတမျိုးတမည်ပြောင်းလဲနိုင်သည် ။ ထိုသို့ဆိုလျှင်  ၎င်းအာဏာရှင်အုပ်စုသည်  ကာကွယ်ရေးဦးစီးချုပ်အား ထိုးကျွေးတော့မည်လားဟုသော အမေးမျိုး မေးလာစရာကြောင်းရှိလာသလို ၊ အာဏာရှင်အုပ်စုကို ကာကွယ်ပေးနေတာက ​အခြေခံဥပဒေဖြစ်သည့်အတွက်  အာဏာရှင်တွေကိုမျက်နှာသာပေးထားသော အခြေခံဥပဒေ မပျက်စီးရေးအတွက်  ကာကွယ်ရေးဦးစီးချုပ်အား ထိုးကျွေးချင်လည်း ကျွေးကြလိမ့်မည် ။ အဘယ့်ကြောင့်ဆိုသော လက်ရှိကာကွယ်ရေးဦးစီးချုပ်လက်ထက်တွင် စစ်ရာဇဝတ်မှု အမြောက်အများ ဖြစ်ခဲ့သောကြောင့်  ဖြစ်သည် ။ဥပမာ - ဂူတာပြင် ၊ အင်းဒင် လူသတ်မှုတို့သည်က တပ်မတော်ကိုယ်တိုင်က ဝန်ခံထားသော အမှုဖြစ်သည် ။

၂၀၂၀ ခုနှစ် ၊ မေလ ၁၀ ရက်နေ့က လူမှုကွန်ယက်တွင် ပြန့်နှံခဲ့သော သံသယဖြင့်ဖမ်းထားသူများကို ရိုက်နှက်စစ်ဆေးနေသော  video file လူမှုကွန်ယက်ပေါ် ပြန့်နှံ့မှု ဖြစ်ပွားခဲ့သည် ။၎င်း video file ရိုက်သူဟာ  စစ်သားတစ်ယောက်ယောက် ဖြစ်မှာပါ ။ အပြင်လူတစ်ယောက်က စစ်ကြောရေးမှာ  အနီးကပ်ရိုက်လို့မရနိုင်ပါဘူး ။ ၎င်း video file ဟာချောင်းရိုက်ထားတဲ့ video file တစ်ခုလည်း မဟုတ်ပါဘူး ။ အဲ့တော့ ဒီ video file ကို  ပိုင်တာ တပ်က ပိုင်တယ်ဆိုပါတော့ ။


ဒါဆို ဘာလို့  ဒီ video file ကို ရည်ရွယ်ချက်ရှိရှိ  လူမှုမီဒီယာမှာ  ဖြန့်ရသလဲ ။ရည်ရွယ်ချက်က ဘာလဲ ဆိုတာမျိုးကတော့ စဥ်းစားရမဲ့အပိုင်းတွေ  ဖြစ်ပါတယ် ။နီးကပ်လာပြီဖြစ်တဲ့  icj အစီရင်ခံစာကို အကျိုးသက်ရောက်မှုတစ်ခုခုဖြစ်စေချင်လို့ လမ်းကြောင်းတစ်ခုခုအပေါ်  တွန်းပို့ချင်တာလား ။
တပ်တွင်းရာထူးအပြောင်းအလဲအားမကျေနပ်၍ ICJ လေးလပတ်နီးမှ  ကာကွယ်ကွယ်ရေးဦးစီးချုပ်အား  အရောက်ပို့တာလည်း ဖြစ်နိုင်ပါသည် ။ ထို့ကြောင့် တပ်မတော်အားနိုင်ငံတကာ၏ အမြင်ကို တမျိုးဖြစ်စေချင်တာလား ။


ထိုသို့မဟုတ်ဘဲ တရုတ်၏စေ့ဆော်မှုကြောင့်  ပြည်သူ့အစိုးရကို ICJအရေးမှာ ပိုမိုအခက်တွေ့စေလို၍  လုပ်သည်ဆိုလျှင်တော့  အတော်ကိုရူးနှမ်းနေပြီဟုပဲ  ဆိုပါရစေ ။ ဘာမှမစဥ်းစားနိုင်အောင်  တရုတ်ခိုင်းသမျှ တူးတူးခါးခါး  အသက်ပေး၍ထမ်းရွက်မည်ဆိုလျှင်ကား  တပ်မတော်၏ အနေအထားနှင့် လားရာကား မကောင်းတော့ခြေ ။ ဒေါက်တာမင်းဇော်ဦးပြောသလို  တပ်မတော်ပြိုကွဲဖို့  လမ်းကြောင်းဖန်နေသည်ဟု ဆိုရပေမည် ။
ရွှေကုက္ကိုအိမ်ယာလိုဟာမျိုးတွေ ၊ ကရင်ပြည်နယ်မှာ တရုတ်လူဆိုးဂိုဏ်းနှင့်ဆက်စပ်သော အိမ်ယာစီမံကိန်းတွေ အခြေချလာနေတာ ၊ သံလွင်မြစ်အနီးနှစ်နိုင်ငံနယ်စပ်လိုင်းတလျှောက်မှာ  တရားမဝင် အဆောက်အဦးတွေ ပေါ်လာနေတာဟာ သိရက်နဲ့လုပ်သည်ဆိုလျှင် ဦးနှောက်အားနည်းရာရောက်ပြီး ၊ မသိ၍ဆိုလျှင်  စီမံခန့်ခွဲ အုပ်ချုပ်မှုအားနည်း၍ဟု ဆိုရပေမည် ။ ၎င်း အကြောင်းအရာတွေက မြန်မာပိုင်နက် နယ်နမိတ်တွေ အချိန်မရွေးဆုံးရှုံးသွားနိုင်တာကို ပြဆိုနေတယ် ။ ကာကွယ်ရေး ၊ နယ်စပ် နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတွေကို ကိုင်ထားပြီး ထိုသို့ညံ့ဖျင်းနေလျှင် တပ်မတော်၏ ရပ်တည်ချက်နှင့်  လားရာက အခြေအနေ ဘယ်လိုမှ မကောင်းနိုင်ပါ ။


ထိုသို့သောလိပ်ခဲတည်းလည်းဖြစ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေတွင် အခြေခံဥပဒေပြင်ဆင်ရေးကလည်း မအောင်မြင်ခဲ့ပေ ။ ပြင်ဆင်လိုသောဆန္ဒသည်ကား တပ်မတော်တွင်မရှိပေ ။ ထိုင်ခုံတည်မြဲရေးအတွက် တရုတ်ဖက်အပြတ်ယိမ်းနေသေးသည် ။ ထိုသူတို့အားကိုးနေသော တရုတ်သည်ကား မြန်မာအား ဂုတ်သွေးစုပ်ပြီး  သိမ်းပိုက်ရန်ကြံဆောင်နေသောကြောင့်  နိုင်ငံ၏ အခြေအနေကား ကောင်းလှသည် မဟုတ်ပေ ။ ထိုအခြေအနေအားလွန်မြောက်အောင် ဖိအားပေးနိုင်သည့် ကမ္ဘာ့နိုင်ငံများထဲတွင်  အမေရိကန်ကလွဲ၍  တခြားနိုင်ငံလည်း  မမြင်မိသေးပေ ။ နိုင်ငံ၏ အနာဂတ်အလားအလာကောင်းရန်  မပြင်မဖြစ်ပြင်ရန်လိုအပ်နေသော  အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး အောင်မြင်ရန်  အချက်  (  ၂  ) ချက်သာ ရှိသည် ။ ကံမျက်စိလည်၍ တပ်ခေါင်းဆောင်တွေ သဘောထားပြောင်းကာ  ပြင်ဆင်ခြင်း နှင့်  ထိုသူတို့အားကိုးနေသော တရုတ်ကြီး ပြိုလဲကာ  အမေရိကန်က ဖိအားထိထိရောက်ရောက်ပေးမှသာ အထမြောက်နိုင်သည် ။ မြန်မာ့နောက်ရွေးကောက်ပွဲတွင်  NLD ပါတီ  သောင်ပြိုကမ်းပြို ထပ်နိုင်ပြီး အစိုးရဖွဲ့နိုင်ပါမည်ဟုလည်း  အပိုင်တွက်၍ မရပေ ။

 ဒီမိုကရေစီသက်တမ်း ( ၁၀ ) နှစ်တာအတွင်း ပြောင်းလဲမှုတချို့ကို  မြင်တွေ့လာရသော်လည်း  အားရစရာတော့  မကောင်းလှသေးပေ ။အခန့်မသင့်လျှင်  မြန်မာ့ဒီမိုကရေစီအရေး နောက်ပြန်လန်ကျနိုင်တာမျိုးတောင်  ဖြစ်နိုင်သည် ။ ပြည်သူ နှင့် ပြည်သူ့အစိုးရ  နှစ်ဦးနှစ်ဖက် ပညာဉာဏ် ၊ အသိ ၊ သတိ ဦးထိပ်ထားကာ ဖြတ်သန်းပုံဖော်ကာမှ  တော်ကာကျမည် ။ မြန်မာ့အနာဂတ်သည် ဝေဝါးနေဆဲပင်ရှိသေးသည် ။

မြန်မာ့ဒီမိုကရေစီအရေးအား အထောက်အကူပြုနိုင်သည့်  အမေရိကန်သည်လည်း  တရုတ်နှင့်ကုန်သွယ်ရေးစစ်ဖြစ်ကာ တရုတ်၏လက်တံ ဒီမိုကရက်များ​၏စနက် နှင့် ဝူဟန်ဗိုင်းရပ်ကြောင့်  အလူးအလဲ ဖြစ်၍ နေသည် ။ ရီပက်ဗလစ်ကန်များ နှင့် အတိုက်အခံ ဖြစ်သော ဒီမိုကရက်များကို  တရုတ်က မြှောက်ပေးခြင်းဖြင့်  အမေရိကန်သမ္မတကို  နောက်ရွေးကောက်ပွဲတွင် ဖြုတ်ချ၍  ဒီမိုကရက်ဖက်က ဂျိုးဘိုက်ဒန်အား တက်စေလိုသည် ။

ဂျိုးဘိုက်ဒန် တက်မှ လက်ရှိရင်ဆိုင်နေရသောကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်အသက်ရှူချောင်မည်ကို  တရုတ်ကောင်းကောင်းသိသည် ။ ဒေါ်နယ်ထရန့်  ဆင်းသွားမှ  ကမ္ဘာ့နိုင်ငံတွေက တောင်းနေသော လျော်ကြေးကိစ္စ အသံတိတ်သွားမည်ကိုလည်း  တရုတ်ကောင်းကောင်းသိသည် ။ ထို့ကြောင့် နေရာမက်သော ပြိုင်ဖက်ဒီမိုကရက်များကို မြှောက်ပေးကာ ထရန့်ပြုတ်ကျရေးကို လုပ်ဆောင်နေကြသည် ။ ထရန့်ကို တရားစွဲကြသည် ။ သမ္မတဟောင်းအိုဘားမားပင် ရှေ့ထွက်လာပြီး ကိုဗစ်-၁၉ ကိုင်တွယ်မှုနှင့်ပက်သက်၍  ထရန့်အား တိုက်ခိုက်၍ နေသည် ။ ထရန့်၏ လုပ်ပိုင်ခွင့်အား ဘောင်ကျဥ်းအောင်  တဖြည်းဖြည်း ဆွဲချုံ့သည့်သဘောဖြစ်သည် ။ ထရန့်၏ နိုင်ငံရေးကစားကွက် တုန့်နှေးမှုကြောင့်  ကျယ်ကျယ်ပြန့်ပြန့်ရရှိနေသောကစားခွင်အနေအထားကနေ  ကျဥ်းကျဥ်း၍ လာသည်ကို မိမိသတိပြုမိသည် ။
လက်နက်ချင်းတိုက်က အမေရိကန်သာသည် မှန်သော်လည်း  ဉာဏ်ရည်ချင်း ၊ ပရိယာယ်ချင်း စီးချင်းထိုးသောပွဲမို့  အနိုင်အရှုံး ဆုံးဖြတ်ရခက်သည် ။


တရုတ်သည်ကား ကမ္ဘာ့နိုင်ငံငယ်များအား စည်းရုံးရေး ဆင်းနေသလို ၊ တရုတ်ပြည်တွင်းဆင်းရဲသားရပ်ကွက်များရှိရာသို့  ရှီကျင်းပင်  ခြေဆန့်ကာ စည်းရုံးရေးဆင်းနေသည်ကိုကား မြင်ရသည် ။ စည်းရုံးရေး မဆင်းလို့လည်း မရပေ ။ နိုင်ငံငယ်များသည်ကား နိုင်ငံကြီးများထက် စည်းရုံးရလွယ်သည် ။ စည်းရုံးရေး ကုန်ကျသရိတ်သက်သာသည် ။ အကယ်၍ အကြောင်းကိစ္စတစ်ခုခုကြောင့် UN ၌ မဲခွဲဆုံးဖြတ်တာမျိုး ဖြစ်လာလျှင် တရုတ်ဖက်က ရပ်တည်မည့် နိုင်ငံများရှိနိုင်ရန်ဖြစ်သည် ။  


စည်းရုံးရေးဆင်းရသော တခြားသောအကြောင်းအရာများကား CCP ကွန်မြူနစ်ပါတီ၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်သူများ ပေါ်လာသလို ၊ အာဖရိကတိုက်တွင် အလွန်အကျွံ ငွေချေးထားသည့် ကိစ္စများအပေါ်   ရှုံ့ချသည့် အဖွဲ့အစည်းများ တိုးလာနေသည် ။တရုတ်ပြည်တွင်း၌  အလုပ်လက်မဲ့  ပြသနာများ  တိုးပွားလာနေသောကြောင့်လည်း ဖြစ်သည် ။ တရုတ်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းကို မည်သူမှ  တိတိကျကျမသိနိုင်ပေမဲ့  ခန့်မှန်းခြေအရတော့  ၂၀၅ သန်း ရှိမည်ဟု  ခန့်မှန်းကြသည် ။ ထိုထက်လည်း ပိုနိုင်သည် ။

ယခု နောက်ဆုံးသတင်းအရ  တရုတ်က အမေရိကန်အား တင်ရှိနေသောအကြွေးတောင်းလိုက်ပြီ  ဖြစ်သည် ။သဘောကတော့ အကြွေးပေးမှာလား ၊နှုတ်ဆိတ်ပြီး ငြိမ်ငြိမ်နေမှာလား မေးလိုက်ခြင်းပင်ဖြစ်သည် ။ ရွေးချယ်စရာကား များများစားစား မရှိလှပေ ။  Do  or  Die အနေအထားဖြစ်သည် ။ ထရန့် မည်သို့ ဆုံးဖြတ်မည်တော့  မသိချေ ။


မိမိအမြင်၌  ယခုလို အမေရိကန်-တရုတ် နိုင်ငံရေး၊စစ်ရေး ၊ စီးပွားရေး တင်းမာနေချိန်  တရုတ်ဖက်က အမေရိကန်ကို အကြွေးတောင်းခြင်းသည်  မှားသည်ဟု  ဆိုချင်သည် ။ အကြွေး၏ သဘောတရားက  အကြွေးရှင်ပေါ် မူမတည်ပေ ဆပ်သူအပေါ်မူတည်သည် ။ အကြွေးမဆပ်၍ဆိုပြီး  အမေရိကန်နယ်မြေအား  တရုတ်သွားသိမ်းလို့  မရပေ ။ အကြွေး၏ သဘောက ဆပ်ချင်အောင် ပြော၍ တောင်းရသော သဘောရှိသည် ။ ဝင်ငွေမရှိ၍  လစဥ် ၅၀၀ ကျပ် သာ ဆပ်နိုင်ပါမည်ဆိုလျှင်တောင်  အကြွေးရှင်က ကျေနပ်ရမည့်သဘောတရားများရှိသည် ။

နိုင်ငံရေးဖြစ်စဥ်ကို ချိန်ထိုးကြည့်ပါက မြန်မာ့မြစ်ဆုံအရေးနဲ့  ဆင်တူလှပေသည် ။ တရုတ်က ပြည်သူ့အစိုးရအားခြိမ်းခြောက်ချင်၍  မြစ်ဆုံအရေးဖြင့် ဖိအားပေးသည် ။ အကျိုးရလဒ်ကား မြန်မာပြည်သူပို၍ စည်းလုံးသွားသည် ။ ပြည်သူ့အစိုးရနှင့် ဆန့်ကျင်ဖက်ရှု့မြင်သူများပင်လျှင်  မြစ်ဆုံအရေးကို  ကန့်ကွက်သူ အများအပြား ရှိသည် ။ အဘယ်ကြောင့်ဆိုသော်  နိုင်ငံ့အရေး ဖြစ်သောကြောင့်တည်း ။ ထို့ကြောင့် တရုတ်၏ မြစ်ဆုံအရေးဖြင့် ဖိအားပေးမှု မအောင်မြင်ဟု ဆိုရမည်ဖြစ်သည် ။ယခုလည်း တရုတ်က အမေရိကန်အားခြိမ်းခြောက်ချင်၍ အကြွေးတောင်းလိုက်ခြင်းက အမေရိကန်ပြည်သူများအား  ပို၍ စည်းလုံးသွားစေလိမ့်မည် ။ နိုင်ငံရေးအသိပို၍ နိုးကြားစေလိမ့်မည် ။  နိုင်ငံ့အရေးပေကိုး ။

အကယ်၍သာ ထရန့်ဖက်က ငြိမ်နေလိုက်ပါက အမေရိကန် ရှုံးပြီ  ဖြစ်သည် ။ အမေရိကန်ရှုံးလျှင် ကမ္ဘာ့နိုင်ငံများ၏ လျော်ကြေးတောင်းကိစ္စများလည်း အသံတိတ်သွားပေလိမ့်မည် ။ နိုင်ငံငယ်များအပေါ်လွှမ်းမိုးရန်အတွက်ကတော့  တရုတ်အတွက် စာမဖွဲ့လောက်ပေ ။ ထရန့်ပြုတ်သွားသည် နှင့် တရုတ်ဟာ ကမ္ဘာကို  ဆယ်စုနှစ်တစ်ခုစာ အနည်းဆုံး စိုးမိုးထားနိုင်ပေလိမ့်မည် ။

ထို့ကြောင့် အမေရိကန်နောက်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် ပြုတ်/မပြုတ်ကလည်း ကမ္ဘာကြီးအတွက် သမိုင်းကြောင်း တစ်ဆစ်ချိုးအပြောင်းအလဲကို ဖြစ်ပေါ်စေလိမ့်မည်ဟု  ဆိုချင်သည် ။

သမိုင်းဆိုတာ အောင်နိုင်သူတို့ရဲ့လက်ရေးဆိုသည့်အတိုင်း အမေရိကန်ရေးတဲ့ လက်ရေးကိုပဲ တရုတ်ကဖတ်သွားရမလား ၊ တရုတ်ရေးတဲ့လက်ရေးကိုပဲ အမေရိကန်ကဖတ်သွားရမလားဆိုတာ ....

myanmar society🇲🇲


သေချာတာကတော့ ထရန့်က ငြိမ်နေလိမ့်မည် မဟုတ်ပါ 😁။

မြန်မာပြည်သူပြည်သားအားလုံး  ကျန်းမာ ၊ ချမ်းသာကြပါစေလို့  ဆုတောင်းမေတ္တာပို့သလျက် ~~

ပန်းဆန်းနယ်မြေ

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ