ဇာတ်ဆရာ ကိုရွှေတရုတ်နှင့် ခြေထိုးလိုက်တဲ့ ဘင်္ဂလား
၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်ဝန်းကျင်က ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးအတွက် PPE ဝတ်စုံ ၆ သန်းခွဲ အမေရိကန်ပြည်ထောင်စုကို တင်ပို့ခဲ့ရတာကို စကားပလ္လင်ခံပြီး မြန်မာကိုလှမ်းပြီး ခြေထိုးလိုက်တဲ့အကွက်က လှလွန်းတယ် ။
အဲ့ဒါကတော့ မြန်မာကို ပိတ်ဆို့အရေးယူဖို့ စပိန်ကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်းတယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ် ။
နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့အရေးယူပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမင်က စပိန်အစိုးရကို တိုက်တွန်းပန်ကြားလိုက်တာဟာ နောက်ကွယ်မှာ စေခိုင်းသူ ရှိပါတယ် ။ ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့အရေးကို အဲ့လောက် ဒေါင်းဒေါင်းပြေးအောင် မကစားနိုင်ပါဘူး ။
၂၀၁၉ ခုနှစ်မှာ စပိန်ကနေ မြန်မာကို တင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၂၄.၆၂ သန်းသာရှိသော်လည်း ၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာဟာ စပိန်နိုင်ငံကို အမေရိကန်ဒေါ်လာ ၅၅၀.၄ သန်း တင်ပို့ခဲ့တာကို သိလို့ ဘင်္ဂလားဒေ့ရှ်ဟာ စပိန်ကို ပစ်မှတ်ထားပြီး မြန်မာအပေါ် ယုတ်မာဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ် ။ သက်သက်ယုတ်မာတာလို့ ပြောလို့ရပါတယ်။
UN ၊ WHO ၊ NGOs မှာ ငွေကြေးအခက်ရှိလာတယ် ။ လူအခွင့်အရေးအဖွဲ့တွေဆီက ထောက်ပံ့ကြေး မျိုးမျိုးမြတ်မြတ်မရတော့ဘဲ ဘင်္ဂလီတွေ ပိုက်ဘောမိတော့မဲ့ အနေအထားမှာ ဘင်္ဂလားဒေ့ရှ် ရင်ပူလာတဲ့သဘောပါ ။ တကယ်က သူ့လူမျိုးကို သူ့ပြည် ပြန်ဝင်လာယုံပဲရှိတာမို့ ဘင်္ဂလားဒေ့ရှ်က ဘာမှ မနစ်နာပါဘူး။
နောက်တချက်က မြန်မာနိုင်ငံရှိ အမေရိကန်သံရုံး နှင့် တရုတ်သံရုံး တို့အပြန်အလှန်ပြောဆိုမှုကို ဘန်ကောက်ပို့စ် နှင့် Bloomberg အပါအဝင်တခြားနာမည်ကြီး မီဒီယာအတော်များများက ရေးခဲ့ပါတယ် ။ အဲ့ဒီရဲ့အကျိုးသက်ရောက်မှုက အရမ်းကြီးပါတယ် ။
မှတ်မိကြအုံးမယ်ထင်ပါတယ် ၊ အမေရိကန်ဟာ စီးပွားရေး corner ကို မန္တလေးမှာ ရုံးစိုက်ခဲ့တာပါ ။ အရှေ့တောင်အာရှနိုင်ငံတွေထဲကမှ မြန်မာကို ရွေးပြီး ရုံးစိုက်ခဲ့တာက အကြောင်းမဲ့ မဟုတ်ပါဘူး။
အာစီယံနိုင်ငံတွေထဲမှာ မြန်မာထက်ပိုပြီး ရုံးစိုက်လို့ အဆင်ပြေတဲ့နိုင်ငံတွေ အများကြီးရှိပါတယ် ၊ သို့သော် မြန်မာကို ရုံးစိုက်ခဲ့တယ် ။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ပြည်တွင်းကနေထွက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရောက်သွားတာ တရုတ် သိတယ် ။ အဲ့ထဲမှာ မြန်မာပဲ ကျန်တယ် ။ ဝေစုကြီးကြီးယူမဲ့ သူတွေအတွက် မြန်မာကို ဖယ်ထားတယ်ဆိုတာလည်း တရုတ်သိတယ် ။ ဝင်မလာအောင်လည်း AAကိုအသုံးချပြီး ရခိုင်ကို စစ်မီးမွေးထားတယ် ။ အဲ့ဝေစုကို တရုတ်က သူအကုန်လိုချင်လို့ ဖြစ်တယ် ။ တရုတ်ပြည်တွင်းကနေ ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေထွက်ချိန်နဲ့ကိုက်ပြီး မြန်မာပြည်ကို ၎င်းစွန့်ခွာလာတဲ့ကုမ္ပဏီတွေမဝင်အောင် တပ်ရဲ့နယ်မြေရှင်းရေးလုပ်မှုကြီးက တရုတ်ကြီးရဲ့စနက်တွေ မကင်းနိုင်ပါဘူး ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ စပိန်နိုင်ငံက မြန်မာအား အရေးယူပိတ်ဆို့ဖို့တိုက်တွန်းချက်ဟာ မြန်မာကို ကမ္ဘာမှာ နာမည်ကောင်းရသွားမှာကို မလိုလားလို့ ဘင်္ဂလီအရေးသတင်းနဲ့နောက်ကလိုက်ဖုံးတဲ့သဘောပါ ။ မြန်မာကို ကမ္ဘာက သတိထားမိပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာ ကြောက်လို့ ခြေထိုးတဲ့ အကွက်ပါ ။
ဒါကြောင့် ဇာတ်ဆရာဟာ ကိုရွှေတရုတ်ကြီးသာ ဖြစ်ပါတယ် ။
myanmar society🇲🇲
မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာကြပါစေ မေတ္တာပို့သလျက်~~