သီရိလင်္ကာနိုင်ငံ နှင့် ခေတ်သစ်ပိုးလမ်းမလမ်းကြောင်း ( သို့ ) အကြွေးထောင်ချောက်သို့ ခြေကျွံခြင်း
သီရိလင်္ကာသည်အာရှနှင့်ဥရောပကိုဆက်သွယ်သော မလက္ကာရေလက်ကြားနှင့်စူးအက်တူးမြောင်းအကြားအဓိကရေကြောင်းလမ်းကြောင်းတစ်လျှောက်တွင်တည်ရှိတယ်။ ခန့်မှန်းခြေအားဖြင့်ရေနံတင်သင်္ဘော ၄,၅၀၀ အပါအဝင်သင်္ဘော ၃၆၀၀၀ သည်နှစ်စဉ်လမ်းကြောင်းကိုအသုံးပြုလျက်ရှိပါတယ်။
သို့သော် သီရိလင်္ကာရှိတစ်ခုတည်းသောအဓိကဆိပ်ကမ်းဖြစ်သော ကိုလံဘိုဆိပ်ကမ်းသည်ကွန်တိန်နာကိုင်တွယ်ခြင်းကိုသာ ဦးတည်လုပ်ကိုင်ပါတယ်။ ဆိပ်ကမ်းနှင့်သက်ဆိုင်သောစက်မှုလုပ်ငန်းများနှင့် ၀န်ဆောင်မှုများအတွက်အဆောက်အအုံများကိုမူ မထောက်ပံ့နိုင်ခဲ့ပါ ။ ထို့ကြောင့်သဘာဝဆိပ်ကမ်းရှိပြီးအပြည်ပြည်ဆိုင်ရာရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းနှင့်နီးသော သီရိလင်္ကာတောင်ဘက်စွန်းတွင်ရှိသော ဟမ်ဘမ်တိုတာမြို့အနီးတွင်ဆိပ်ကမ်းအသစ်ဆောက်လုပ်ရန် အဆိုပြုခဲ့ကြပါတယ်။
သီရိလင်္ကာအစိုးရအဆက်ဆက် ထိုနေရာမှာ ဆိပ်ကမ်းတည်ဆောက်ဖို့ အမျိုးမျိုးကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။ ရင်းနှီးမြှုပ်နှံရေးအတွက် အမေရိကန် - ဥရောပ - အိန္ဒိယတို့ဆီ အရင်ချဉ်းကပ်ပေမယ့် နောက်ဆုံးရတဲ့ တရုတ်ဆီကပဲ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံချေးယူပြီး တည် ဆောက်ခဲ့ပါတယ်။
ဟမ်ဘမ်တိုတာ ဆိပ်ကမ်း (Magampura Mahinda Rajapaksa Port ဟုလည်းလူသိများသည်) သည် သီရိလင်္ကာနိုင်ငံ၊ ဟမ်ဘမ်တိုတာ ရှိရေကြောင်းဆိပ်ကမ်းဖြစ်ပါတယ်။ ဆိပ်ကမ်း၏ပထမအဆင့်ကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ( ၁၈ ) ရက်တွင်ဖွင့်လှစ်ခဲ့ပြီး ရေတပ်သင်္ဘော ဂျလင်နာ ကိုဆိပ်ကမ်းအဆောက်အအုံများအသုံးပြုရန်ပထမဆုံးအခမ်းအနားဖြင့် စတင်ခဲ့ပါတယ်။ ၎င်းကိုသမ္မတဟောင်း Mahinda Rajapaksa ၏အမည်ဖြင့်မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဟမ်ဘမ်တိုတာဆိပ်ကမ်းကိုကုန်းတွင်းပိုင်းတွင်တည်ဆောက်ပြီးသီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်များက လည်ပတ်ခဲ့ပါတယ်။ စီမံကိန်း၏ပထမအဆင့်၏စုစုပေါင်းခန့်မှန်းခြေဆောက်လုပ်ရေးကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ ၃၆၁ သန်းဖြစ်ပြီး ယင်းအနက် ၈၅ ရာခိုင်နှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM ဘဏ်မှရန်ပုံငွေရရှိခဲ့ပါတယ်။
ဆိပ်ကမ်းတည်ဆောက်မှုကို ၂၀၀၈ ခုနှစ်၊ဇန်နဝါရီလတွင်စတင်ခဲ့ပြီး ကိုလံဘိုဆိပ်ကမ်းပြီးလျှင် သီရိလင်္ကာ၏ အကြီးဆုံးဆိပ်ကမ်းလည်းဖြစ်ပါတယ်။ဟမ်ဘမ်တိုတာဆိပ်ကမ်းသည် ဟမ်ဘမ်တိုတာ၏တောင်ဘက် ၁၉ မိုင် (၃၀ ကီလိုမီတာ) အကွာ၊ အရှေ့ - အနောက်ရေကြောင်းလမ်းကြောင်းတစ်လျှောက်ခရီးသွားလာနေသောသင်္ဘောများကို ၀န်ဆောင်မှုပေးမည်ဟု ဆိုပါတယ်။ ဆိပ်ကမ်းစီမံကိန်း၏ပထမအဆင့်သည်သင်္ဘောကျင်းများ၊ သင်္ဘောပြင်ဆင်ခြင်း၊ သင်္ဘောတည်ဆောက်ခြင်းနှင့်သင်္ဘောသားများပြောင်းလဲခြင်းကိုထောက်ပံ့ပေးနိုင်ရေးပဲ ဖြစ်ပါတယ်။ နောက်ပိုင်းအဆင့်များသည်ဆိပ်ကမ်း၏စွမ်းရည်ကိုတစ်နှစ်လျှင် TEU သန်း ၂၀ အထိမြှင့်တင်ပေးပြီး တည်ဆောက်ပြီးစီးပါက ၂၁ ရာစုတွင်ကုန်းတွင်းပိုင်းတွင်တည်ဆောက်ခဲ့သောအကြီးမားဆုံးဆိပ်ကမ်းဖြစ်သည်ဟုအခိုင်အမာဆိုထားခဲ့ပါတယ်။
သို့သော် ၂၀၁၆ ခုနှစ် ဆိပ်ကမ်းကိုစတင်လည်ပတ်ရာမှာ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် အရှုံးပေါ်ခဲ့ပါတယ်။ မှန်းချက်နှင့်နှမ်းထွက် မကိုက်ဟု ဆိုရပေချိမ့်။
ဆိပ်ကမ်းသည် ကြီးမားသောဆုံးရှုံးမှုများကြောင့်ကြွေးမြီပြန်ဆပ်ရန်ခက်ခဲသောကြောင့် ၂၀၁၆ ခုနှစ်တွင် China Merchants Ports ကုမ္ပဏီ (CMPort) သို့ဆိပ်ကမ်း၏ ၈၀% ကိုရှယ်ယာရောင်းဝယ်မှုဖြင့်ငှားရမ်းရန်အဆိုပြုခဲ့ရပါတယ်။ အစိုးရ - ပုဂ္ဂလိကလက်တွဲမှုဖြင့်ဆိပ်ကမ်းကိုပြန်လည်ရှင်သန်ရန်ဒေါ်လာ ၁.၁၂ ဘီလီယံ။ နောက်ပိုင်းတွင်သဘောတူညီမှုအရ CMPorts သည်၎င်း၏ရှယ်ယာ ၂၀% ကို သီရိလင်္ကာကုမ္ပဏီသို့ဆယ်နှစ်အတွင်းလွှဲပြောင်းပေးလိမ့်မည်ဟုဆုံးဖြတ်ခဲ့ပါတယ် ။ CMPort သည်ဆိပ်ကမ်းလုပ်ငန်းလည်ပတ်မှုသို့ရောက်ရန်အနည်းဆုံးအမေရိကန်ဒေါ်လာ သန်း ၇၀၀ မှ ၈၀၀ အထိ (သို့မဟုတ်) ထိုထက်မကသုံးစွဲရဦးမည်ဟု ဆိုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပြီး ကနဦးအဆိုပြုထားသော ၈၀% ထက် ဆိပ်ကမ်း၏ ၇၀% ကိုသာ CMPort သို့ (၉၉ ) နှစ်စာ ငှားရမ်းပေးခဲ့ရပါတော့တယ် ။
အဲ့ဒီမှာပဲ တရုတ်ရဲ့ကြွေးထောင်ချောက်ဇာတ်လမ်းတွေ ၊ ခေတ်သစ်ပိုးလမ်းမနှင့်အတူ ကပ်ပါလာသော တရုတ်အကြံဆိုးများဟာ သတင်းမီဒီယာများမှာပေါ်ထွက်လာပါတော့တယ်။
မှတ်ချက် ။ ။ ဒီနေရာမှာ စကားစပ်မိလို့ နည်းနည်းပြောပါရစေ ...မြန်မာနိုင်ငံ ၊ ရခိုင်ပြည်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာလည်း တရုတ်၏အကြွေးထောင်ချောက်မိနိုင်ကြောင်းကို သြစတေးလျနိုင်ငံသားအကြံပေး ရှောင်တာနဲလ်မှ သီရိလင်္ကာနိုင်ငံ ၊ ဟမ်ဘမ်တိုတာဆိပ်ကမ်းကို ပမာပြု၍ ထောက်ပြခဲ့ပါတယ် ။ ထို့အတွက်ကြောင့် ပြည်သူ့အစိုးရမှ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်၏အကြပ်အတည်းကို အသုံးချကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇.၅ ဘီလီယံကနေ ဒေါ်လာ ၁..၂ ဘီလီယံထိလျော့ချပြီး စာချုပ်ကို ပြန်ပြောင်းချုပ်ဆိုနိုင်ခဲ့ပါတယ် ။ လုပ်ငန်းဆောင်ရွက်မှုနှင့်အကြွေးပြန်ဆပ်မှု အပိုင်းတွင်လည်း အဆင့်တဆင့်အကြွေးကျေမှ နောက်အဆင့်တစ်ခုချင်းတစ်ခုချင်း တိုးသွားမှာ ဖြစ်တဲ့အတွက် အကြွေးထောင်ချောက်မိမှုမှ ကင်းဝေးခဲ့ရပါတယ် ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကို ရာထူးကဆင်းကာနီး တရုတ်နဲ့လက်ဝါးချင်းရိုက်ပြီး ကပြာကယာ စာချုပ်ချုပ်ဆိုသွားခဲ့သူကတော့ သမ္မတဟောင်းဦးသိန်းစိန်ပါပဲခင်ဗျား ၊ မြန်မာပြည်ရဲ့ အနာဂတ်ကို တရုတ်လက်အပ်သွားတဲ့ တရားခံတစ်ယောက်ဟု ဆိုလျှင်မမှားဘူး ။
Ref : Wekipedia
myanmar society🇲🇲