ဝီဂါသံယံဇာတစစ်ပွဲ
တရုပ်ကွန်မြူနစ်အစိုးရဟာသူမပိုင်သောနိူင်ငံတစ်ခုကိုသံယံဇာတကြောင့်သိမ်းပိုက်ခဲ့သည်။ဝီဂါတို့သည်ဥရောပနှင့်အာရှအလယ်ပိုင်းသားတွေဖြစ်ကြသောတာတာနှင့်ကာဇက်အနွယ်ဝင်တွေဖြစ်ကြသည်။တာကစ်ဘာသာစကားကိုပြောဆိုကြပြီးယဉ်ကျေးမူ၊စာပေ၊ဂီတတို့ထွန်းကားသည်။စီးပွားရေးကောင်းသောပိုးလမ်းမကြီးပေါ်၌တည်ရှိသည်။တရုပ်မန်ချုးအင်ပါယာနှင့်တာကစ်စတန်တို့ကြားတွင်ရှစ်နှစ်ကြာစစ်ဖြစ်ခဲ့ပြီးဝီဂါတို့ရှုံးနှိမ့်ခဲ့သည်။တရုပ်မန်ချူအင်ပါယာကြီးအတွင်းကဒေသတစ်ခုဖြစ်သွားခဲ့သည်။မန်ချူးဘုရင်တွေကတော့ဘာသာရေးဖိနှိပ်မူတော့မလုပ်ခဲ့ပေ။မန်ချူးအစိုးရသည်တာကစ်စတန်နိူင်ငံကို 1759မှ1864ထိ'ဇီးချန်း-Xinjiang' အမည်ဖြင့်အုပ်ချုပ်ခဲ့သည်။1865တွင်ဝီဂါတို့ကမန်ချူးအစိုးရကိုပြန်လည်တိုက်ထုတ်နိူင်ခဲ့သည်။လွတ်လပ်သော Kashgaria kingdom ခေါ်Yettishar (English: "country of seven cities")ဟူ၍ဝီဂါတို့နာမည်ပေးခဲ့သည်။
ဝီဂါတို့သည် 1933တွင်တစ်ကြိမ်၊1944တွင်တစ်ကြိမ်တရုပ်ပြည်တွင်းစစ်ကိုအခွင့်အရေးယူကာလွတ်လပ်ရေးယူခဲ့ကြသည်။တရုပ်ကွန်မြူနစ်များသည်ဆိုဗီယက်ကွန်မြူနစ်နိူင်ငံ၏အကူအညီဖြင့် 1949တွင်စစ်တပ်ဖြစ်ဝင်သိမ်းခဲ့သည်။1955တွင်နဂိုအမည်ဖြစ်သော'အရှေ့တာကစ်စတန်'ဟူသောအမည်ကိုပြောင်း၍ 'ဇီးချန်း-Xinjiang'ဟုအမည်ပြန်ပေးခဲ့သည်။
ဝီဂါနယ်သည်သံယံဇာတကြွယ်ဝသောဒေသဖြစ်သည်။ရေနံ၊ဓာတ်ငွေ့၊ရွှေ၊ယူရေနီယံတို့ထွက်ရှိသည်။ယခုအခါ'တာကစ်စတန်-ဇီးချန်း'တွင်လူဦးရေ၏ 45%ခန့်မှာပြည်မကြီးမှလာသောဟန်တရုပ်များဖြစ်ကြသည်။တရုပ်အစိုးရကတော့ ဝီဂါတို့ဖွင့်ဖြိုးတိုးတက်အောင်လုပ်ပေးနေကြောင်းပြောကြားသော်လည်းဝီဂါအများစုမှာတရုပ်ပြည်မကြီးမှလာသောဟန်တရုပ်တို့ထက်ဆင်းရဲနေကြသည်။စီးပွားရေးလုပ်ငန်းများနှင့်အုပ်ချုပ်ရေးပိုင်းသည်ဟန်တရုပ်များ၏လွှမ်းမိုးမူလက်တွင်ရှိနေသည်။အစ္စလာမ်ဘာသာကိုးကွယ်မူကိုဖိနှိပ်ခြင်း၊အာရဗီစာသုံးဝီဂါစာပေအစားတရုပ်စာပေကိုအစားထိုးသင်ကြားခြင်း၊တရုပ်ယဉ်ကျေးမူကိုအစားထိုးခြင်းနှင့်ဘုရားမဲ့ကွန်မြူနစ်အတွေးအခေါ်များဖြင့်ဦးနှောက်ဆေးကြောခြင်းလုပ်ငန်းများကိုဆယ်စုနှစ်များစွာလုပ်ဆောင်လာခဲ့ကြသည်။
ယနေ့တွင်ဝီဂါတို့၏တရုပ်အစိုးရအပေါ်တော်လှန်ပုန်ကန်မူများကို 'အစွန်းရောက်အကြမ်းသမား'များဟူ၍အမည်တပ်ထားသည်။အစ္စလာမ်ဘာသာဝင်တစ်ဦးကို'အစွန်းရောက်အကြမ်းသမား'လို့သာခေါင်းစဉ်တပ်လိုက်ကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့သီအိုရီကိုအစိုးရအဖွဲ့တော်တော်များများနိူင်ငံရေးရိုက်စားလုပ်ခဲ့ကြတာကြာပြီဖြစ်သည်။အများစုကဤအကြောင်းကိုမသိကြသောအခါတရုပ်၏ဒဏ်ကိုခံစားနေသော သူတို့၏ဒုက္ခကိုကိုယ်ချင်းမစာတက်ကြပေ။
Ref : Wekipedia
ဆက်လက်ဖန်ရှု့ရန် 👇
_________×______________×_________
( မူရင်းဘာသာပြန်သူ၏နာမည်အား မသိရှိသေးသောကြောင့် ထည့်ပေးနိုင်ခြင်းမရှိသေးပါ )