ပုံတူကူး၍မရနိုင်သော တော်လှန်ရေး
အာဖကန်နစ္စတန်နဲ့ပက်သက်တဲ့ ယူဆချက်နည်းနည်းလောက်ပြောရရင် -
အမေရိကန်တပ်တွေ အာဖကန်နစ္စတန်ကနေ ဘာလို့ ဆုတ်ခွာရသလဲ ??
အဲ့ဒီလိုဆုတ်ခွာဖို့ ဘယ်အဖွဲ့က အကြံပေးခဲ့သလဲ??
နောက်ကွယ်မှာ ဘယ်လိုအဖွဲ့တွေ လှုပ်ရှားကြိုးကိုင်နေကြသလဲ ??
ဆုတ်ခွာပြီးရင် နောက်ထပ်ပုံဖော်မည့် နိုင်ငံရေးကစားကွက်က ဘာလဲ??
ဆုတ်ခွာရတဲ့ရည်ရွယ်ချက်ဟာ ဘာလဲ??
မဆုတ်ခွာခင် အမေရိကန်နှင့်တာလီဘန်ခေါင်းဆောင်တွေကြားမှာ အပေးအယူ ရှိခဲ့သလား??
အာဖကန်နစ္စတန်က ဆုတ်ခွာဖို့ အမေရိကန်နှင့်တရုတ်ပြည်ကြား အပေးအယူတွေ ရှိခဲ့သလား??
တကယ်လို့ အပေးအယူရှိခဲ့တယ်ဆိုရင် နိုင်ငံရေးကစားကွက် အတိုးအလျော့က ဘယ်ကိုသက်ရောက်စေချင်တာလဲ ??
အကယ်၍ အပေးအယူမရှိခဲ့ဘူးဆိုလျှင် ဆုတ်ခွာရတဲ့ နိုင်ငံရေးကစားကွက်အတိုးအလျော့က ဘယ်ကို သက်ရောက်စေချင်တာလဲ ??
ဆုတ်ခွာရတဲ့နိုင်ငံရေးရွေ့ကွက်ရဲ့အဆုံးသတ်က ဘာလဲ ??
မေးခွန်းတွေအရမ်းများလို့ ထွေပြားသွားနိုင်စရာ ရှိပါတယ်။ The most simplest to the most complex ဆိုသည့်အတိုင်း ပြဿနာတစ်ခုကို ဖြေရှင်းမယ်ဆိုရင် အရိုးရှင်းဆုံးအပိုင်းကနေ စသွားတာပိုကောင်းမယ် ထင်ပါတယ်။
ဘယ်သူက တာလီဘန်ကို ကြိုးဖြည်ပေးလိုက်တာလဲ??
ဘယ်သူက တာလီဘန်ကို ကြိုးချည်ခဲ့တာလဲ??
ယေဘုယအားဖြင့် ကြိုးချည်ခဲ့တဲ့သူတွေကပဲ ကြိုးဖြည်ပေးလိုက်တာလို့ ကောက်ချက်ဆွဲလို့ရမယ် ထင်ပါတယ်။ သူတို့ကိုယ်ကျိုးအတွက် တာလီဘန်ကို ကြိုးချည်ခဲ့ကြသလို သူတို့ကိုယ်ကျိုးအတွက်ပဲ တာလီဘန်ကို ကြိုးဖြည်ပေးခဲ့ကြပြန်တယ်လို့ တွက်ဆ ယူလို့ရနိုင်မယ် ထင်ပါတယ်။ ကြိုးချည်ခြင်း ၊ ဖြည်ခြင်းက ရလဒ်မဟုတ်ဘဲ ကြိုးချည်ခြင်း၊ဖြည်ခြင်းအပေါ်က ရရှိလာမဲ့ရလဒ်အကျိုးကြောင့် ချည်ခြင်း၊ဖြည်ခြင်းလုပ်ကြတာလို့ တွက်ဆရမဲ့သဘောပါ။
ဘာအတွက်လဲ မေးရင် ကမ္ဘာကိုပတ်မွှေဖို့နှင့်ကမ္ဘာ့နိုင်ငံရေးကိုမျှခြေ ဖန်တီးဖို့ပါပဲ။အနောက်ဥရောပနှင့်အမေရိကန်တကြောကို မွှေချင်လည်း မွှေမယ်။အဲ့ဒီအပိုင်းက မြန်မာနဲ့ဝေးတယ် ..အဲ့ဒီတော့ အဲ့ဒီအပိုင်းကို ခဏထားလိုက်ကြစို့။
ဒီဖက် အရှေ့အာရှတကြောကို ဝင်လာနိုင်တာမျိုးလည်း ရှိနိုင်တယ်။ အရှေ့အာရှဆိုပြီး ကြည့်လိုက်တော့ လက်ရှိတရုတ်ပြည်ရဲ့ခေါင်းဆောင်တွေက Deep State နဲ့မကင်းသလို ၊ လက်ရှိအာစီယံခေါင်းဆောင်အများစုကလည်း တရုတ်ပြည်နဲ့မကင်းတာကများတယ်။ အရင်းဖြတ်၊အဖျားဖြတ်တွေချည်းပဲ။Deep State ၏သစ္စာတော်ခံများ၏သစ္စာတော်ခံများသာ ဖြစ်ကြပါတယ်။မြန်မာ့ဒီမိုကရေစီတော်လှန်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ရပ်တည်ချက်ကို ကြည့်မယ်ဆိုရင်လည်း အားရစရာ မကောင်းလှပါ။ဒါကြောင့်အရှေ့အာရှတကြောမှာ တာလီဘန်နဲ့ပက်သက်လို့ ပွဲဖြစ်လာပြီဆိုရင် လုပ်ပွဲကျင်းပတာလို့ ယေဘုယအားဖြင့် သတ်မှတ်နိုင်ပါတယ်။
တာလီဘန်တွေ အာဖကန်နစ္စတန်ကို သိမ်းပိုက်နိုင်လို့လည်း ဘာမှအားကျစရာတော့ မရှိပါ။မြန်မာ့နွေဦးတော်လှန်ရေးက ဖက်ဒရယ်ဒီမိုကရေစီစနစ်ပြောင်းဖို့ တော်လှန်တာဖြစ်ပြီး သူတို့က သူတို့အာဏာရ ကြီးစိုးဖို့ တိုက်ယူကြတာဖြစ်ပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးနောက်ခံချင်းလည်း မတူညီကျသလို ၊ ပထဝီနိုင်ငံရေး၊ ယဥ်ကျေးမှု ၊ ထုံးတမ်းစဉ်လာ ၊ ပတ်ဝန်းကျင် ၊ လူ့သဘောသဘာဝ ၊ အမျိုးသားရေးစိတ်ဓာတ်သိပ်သည်းဆနှင့်အယူဝါဒချင်းလည်း မတူညီကြပါဘူး။
မြန်မာ့နွေဦးတော်လှန်ရေးက တခြားတော်လှန်ရေးတွေကို ပုံတူကူးချပြီး မအောင်မြင်နိုင်ပါဘူး။ ကိုယ်ပိုင်တွေးခေါ်မှုစွမ်းအားဖြင့်ထိုးဖောက်မှသာအောင်မြင်နိုင်ပါတယ်။ဘာလို့ အဲ့ဒီလိုပြောရသလဲဆိုရင် မြန်မာ့နွေဦးတော်လှန်ရေးဟာ စနစ်ကိုဖြိုဖျက်မှုအပိုင်းရော၊စနစ်ကိုတည်ဆောက်ရေးအပိုင်းပါ တပါတည်းသွားနေရတာဖြစ်လို့ ဆိုချင်းဖြစ်ပါတယ်။မလိုချင်တဲ့စနစ်ကိုဖြိုဖျက်ပြီးတဲ့နောက်မှ လိုလားတဲ့စနစ်ကိုတည်ဆောက်ယူမယ်ဆိုပြီးလုပ်ဖို့ မြန်မာ့နိုင်ငံရေးနောက်ခံက အဲ့လောက်အခွင့်အရေးပေးမနေတာကြောင့်လည်း ပါပါတယ်။ နွေဦးတော်လှန်ရေးရဲ့အခန်းကဏ္ဍမှာ မလိုချင်တဲ့စနစ်ဖြိုချမှုအပိုင်းပြီးသွားတဲ့အချိန်မှာ လိုလားတဲ့စနစ်တည်ဆောက်မှုအပိုင်းဟာ အတိုင်းအတာတစ်ခုထိ ပြီးစီးနေမှ အဆင်ပြေမှာ ဖြစ်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်သွားလည်း လိုလားတဲ့စနစ်တည်ဆောက်ရေးတိုက်ပွဲက ပြီးသွားမှာ မဟုတ်ပါဘူး။ကိုယ်ပိုင်တွေးခေါ်မှု အယူအဆနဲ့အစပျိုးထားမှ ရေရှည်ခရီးကို ချီတက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
myanmar society🇲🇲
မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာ၊ချမ်းသာကြပါစေလို့ မေတ္တာပို့သလျှက် ~~