ယုတ်ဖော် ယုတ်ဖက် ၊ သေဖော် သေဖက်
အစဦးတုန်းကတော့ တရုတ်ပြည်မကြီးဟာ သူထိန်းချုပ်လုပ်သမျှ အကြမ်းဖက်စစ်ကောင်စီကို နင်းချပြီး ရှောင်နိုင်ပေမဲ့ လက်ရှိမှာတော့ ကုလသမဂ္ဂ ၊ အာစီယံအဖွဲ့အစည်းမှာ ပေါ်ပေါ်ထင်ထင် ပါဝင်နေခြင်းကြောင့် ဘယ်လိုမှ ပြန်ဖြည်ချလို့မရတော့ဘူးဆိုတာပါပဲ...
ဤသည်က ဥပဒေလမ်းကြောင်းကို ချိန်ဆကြည့်ခြင်းပါ ...
သက်သေဆိုတဲ့အပိုင်းမှာ တရုတ်ပြည်မကြီးဟာ ကုလသမဂ္ဂ ၊ အာစီယံအဖွဲ့အစည်းထဲကို တရားဝင် ကမ္ဘာသိပြောဆိုနေမှုက ကမ္ဘာသက်သေထဲဝင်သွားပြီ ။ ရှင်းရှင်းပြောလျှင် မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်းမို့ ကူညီသလိုဖန်တီးပြသော်လည်း တရုတ်ပြည်မကြီးဟာ တကယ်တမ်း အကြမ်းဖက်စစ်ကောင်စီကိုသာ အကာအကွယ်ပေးနေကြောင်း၊ ထိန်းချုပ်နေကြောင်း ကမ္ဘာသိပေါ်တင်ဖြစ်စေခဲ့ပါတယ် ။
ဒါ့အပြင် မြန်မာ့နိုင်ငံအရေးတွင် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံသားများအပေါ်လုပ်ရပ်ဟာ ဘယ်လိုမှ မဖုံးနိုင်၊မဖိနိုင်အောင် ကမ္ဘာကျော်နေခြင်းကြောင့် တရုတ်ပြည်မကြီးဖက်မှ အကြမ်းဖက်စစ်ကောင်စီကို ထိန်းချုပ်ထားမှု ၊ အကြမ်းဖက်စစ်ကောင်စီ၏လုပ်သမျှလုပ်ရပ်နှင့်လူထုအပေါ်နှိပ်စက်ညှဥ်းပန်းမှုတို့တွင် မည်သို့မျှပြောဆို မထားခြင်းသည်လည်း အကြမ်းဖက်စစ်ကောင်စီကိုထိန်းချုပ်သော တရုတ်ပြည်မကြီး၏ပံ့ပိုးမှုအမြင်အား ကမ္ဘာကိုရှု့မြင်စေပြီ။
အဲ့သည်တော့ တရုတ်ပြည်မကြီး၏အရှိန်အဝါဟာ ကမ္ဘာကြီးကိုဘယ်လောက်ထိ ဖီဆန်နိုင်မလဲဆိုတဲ့အနေအထားပဲ ကျန်ပါတော့တယ်။
တရုတ်ပြည်မကြီးနှင့်အကြမ်းဖက်စစ်ကောင်စီဟာ တကျင်းတည်းပဲသွားမည့် သဘောပါပဲ။
ဆိုလိုရင်းကိုနားလည်ကြမယ်ထင်ပါတယ် 😊
Credit : Su Thamee