လူ့အခွင့်အရေးမျက်နှာဖုံးများအား ဆွဲခွာခြင်း

ပထမဆုံးပြောချင်တာကတော့ အမေရိကန်ရွေးကောက်ပွဲသတင်းကို အမေရိကန်မီဒီယာကြီးတွေက ဖုံးဖိထားတာပါ ။ ဒါကြောင့် ဟိုဟာယုံရနိုး ၊ ဒီဟာယုံရနိုးနဲ့ ကမ္ဘာ့သူကမ္ဘာသားတွေ ဖြစ်နေကြတာပါ။ အမေရိကန်ရဲ့စတုတ္ထမဏ္ဍိုင်က ပြိုဆင်းနေတာ အထင်းသားဖြစ်နေပါတယ် ။ 

ABC, NYT , NBA , NBC, CBS , CNN , Microsoft , Hollywood, Apple , Nike , Walt Disney အပြင် အခြားမီဒီယာများစွာဟာ  အမေရိကန်ရဲ့သတင်းဖြစ်ရပ်အမှန်ကို အမှောင်ချထားတာ ဖြစ်ပါတယ် ။ facebook ကိုယ်တိုင် သူ့ရဲ့ community standard ကို ချိုးဖောက်နေတာ ဖြစ်ပါတယ် ။ 

တလောက ဟန်တာဘိုက်ဒန်ရဲ့ hard disk ထဲက ကိစ္စ ပေါက်ကြားလာတော့ facebook က လုံးဝ ပိတ်ပင်ဟန့်တားထားပါတယ် ။ အဲ့ဒီသတင်းနဲ့ပက်သက်တဲ့သက်သေ မှန်သမျှကို ဖြုတ်ချပါတယ်။ 

ကျနောလည်း အဲ့ဒီ hard disk ထဲက သက်သေ၊သက်ကာရတွေတင်ဖူးပါတယ်။ တစ်စုံတစ်ယောက်ရဲ့ကိုယ်ရေးအချက်အလက်ကို ဖော်ပြခွင့်မရှိဘူးလို့  facebook က သတိပေးပြီး ဖြုတ်ချပါတယ် ။ 

အဲ့ဒီတော့  ကျနော်က facebook team ကို ပြန်မေးပါတယ် ။ facebook က မြန်မာ့စစ်တပ်ရဲ့ ကိုယ်ရေးအချက်အလက်ကို ကုလသမဂ္ဂကိုပေးတာကရော ကိုယ်တိုင်ချမှတ်ထားတဲ့ community standard ချိုးဖောက်ရာရောက်နေကြောင်းပြောပြပါတယ် ။
ဒီနေ့ထိ  facebookဟာ လုံးဝ စကားမပြန်ပါ ။ 

တရားဝင်လမ်းကြောင်းအရ  အဖြေရှင်းရှင်းလင်းလင်းမသိရသေးခင် ဘိုက်ဒန်နိုင်တယ်ဆိုပြီး တဖက်သက်လုပ်နေတာက အမေရိကန် မီဒီယာတွေပါ ။ အဲ့ဒါကို အခွင့်ကောင်းယူပြီး  အခန့်သားနိုင်တယ်လုပ်နေတာကလည်း ဒီမိုကရက်အုပ်စုဖြစ်ပါတယ် ။ အမေရိကန်မီဒီယာတွေက သူတို့လိုချင်တဲ့လမ်းကြောင်းမှာ အမေရိကန်ပြည်သူနှင့်ကမ္ဘာ့သူကမ္ဘာသားတွေပါလာအောင် အတင်းတွန်းပို့ပါတယ် ။အမေရိကန်ရွေးကောက်ပွဲနှင့်ဆိုင်တဲ့သတင်းတင်ရင်ကို facebook ဟာ သူတဖက်သတ်အနိုင်ပေးထားတဲ့ ရလဒ်ကြီးကို အဲ့ဒီ post အောက်ကနေ ထိုးထိုးပြနေတယ် ။ သဘောက အမေရိကန်အနိုင်ရသမ္မတဟာ ဂျိုးဘိုက်ဒန်ဆိုတာကို အတင်းဖိအားပေး ကြည့်ခိုင်းတဲ့သဘောသက်ရောက်နေတယ် ။ တစ်စုံတစ်ခုကို အတင်းတွန်းအားပေးတာမျိုး မလုပ်ရဘူးလို့ facebook community standard မှာပါရှိတဲ့အချက်ကို သွယ်ဝိုက်ချိုးဖောက်ရာရောက်ပါတယ် ။ အမေရိကန်ဒီမိုကရက်တွေရဲ့သတင်းတင်ရင်  boost  unaviable ဆိုတာကပါသေး ။ facebook က ဒီမိုကရက်တွေ မကောင်းကြောင်း တော်တော်ပြန့်မှာ ကြောက်နေဟန်ရှိတယ် ။

အမေရိကန်ပြည်သူနှင့် ကမ္ဘာသူကမ္ဘာသားတွေပါလာရင်  အမေရိကန်နိုင်ငံရဲ့ Supreme Court ရဲ့ဆုံးဖြတ်ချက်အား အပြောင်းအလဲ ဖြစ်စေရန် လူထုအားနဲ့ ဖိအားပေးရန် ရည်ရွယ်ပါတယ် ။အမေရိကန်ပြည်တွင်း ဆူပူမှုမဖြစ်ဖို့  Supreme Court က မတတ်သာလို့ ဒီမိုကရက်ဖက် အနိုင်ပေးဆုံးဖြတ်လိုက်ရတဲ့ ဂွင်မျိုးဝင်အောင် အမေရိကန်မီဒီယာတွေက  လမ်းကြောင်းနေကြတာပါ ။( ၄ )နှစ်တာ ငြိမ်းချမ်းရေးနှင့် နှစ်( ၄၀ )စာ ကြေကွဲရမဲ့ဇာတ်ကို အမျှော်အမြင်မရှိဘဲ  ဘယ်တရားသူကြီးက ဆုံးဖြတ်ပါ့မလဲ ။ သမိုင်းတရားခံ ဘယ်သူမှ အဖြစ်မခံလောက်ဟု ယူဆရပါတယ်။

အဲ့ဒီလမ်းကြောင်းကို ဖြည်ချဖို့   ဒေါ်နယ်ထရန့်  နိုင်ငံရေးကစားကွက်တစ်ခုခုလုပ်ပြီး  ဖြည်ချလိမ့်မယ် မှန်းပါတယ် ။

တကယ်တော့လည်း ဂျိုးဘိုက်ဒန်ဆိုတာ ရုပ်သေးရုပ်ထက် မပိုပါဘူး ။ သူ့နောက်ကွယ်က ဟေလာရီကလင်တန် ၊ ဘိုးဘာမားတို့  ချုပ်ကိုင်နေတာပါ ။ အိုဘာမားလို အမေရိကန်ကို ( ၈ ) နှစ်သက်တမ်း အုပ်ချုပ်သွားတဲ့သမ္မတဟောင်းက ရှုံးမှာကြောက်ပြီး နေမထိထိုင်မသာ ပြိုင်ဖက်ကို အပုတ်ချမဲဆွဲပေးခဲ့တာ အတော်ကို ရုပ်ပျက်ပါတယ် ။ သမ္မတအိုဘားမားအုပ်ချုပ်တဲ့( ၈ )နှစ်သက်တမ်းအတွင်း  အမေရိကန်ဟာ ဒေါ်လာထွီလီယံ ( ၂၀)တောင် အကြွေးတင်သွားခဲ့ရပါတယ် ။ အိုဘားမား ဘယ်လောက်အဖြစ်ရှိလဲ ဆိုတာ အဲ့ဒါသာကြည့်တော့ ။  " မြန်မာပြည်က သမ္မတဟောင်း ဦးသိန်းစိန်က  အမိမြေအတွက်ဆို အသားပင် ဖဲ့ပေးရပါစေတော့ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက်မဲဆွယ်ပေးသည့် ပုံစံဖြစ်နေတယ် ။ ခုနောက်ပိုင်း ဂျော့ဒဗလျူဘုရှ်တောင်  ထွက်လာပြီး ဂျိုးဘိုက်ဒန်ကို ချီးကျူးဂုဏ်ပြုနေတာတွေ့ရပါတယ် ။ နောက်ကွယ်က ကလက်မဲကြီးတွေထွက်လာတဲ့သဘောပါ ။ ဒီလိုလက်မဲတွေ ထွက်လာအောင် ဒေါ်နယ်ထရန့်က နိုင်ငံရေးပရိယာယ်နဲ့ကစားနေတာ ဖြစ်လို့  ဒေါ်နယ်ထရန့်က  ကြိတ်ပြုံးနေလောက်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားလို " ဘယ်ရမလဲ သာဝရာ မင်းလောက်တော့ ငါပါးပါသေးတယ်"လို့  မပြောတာကံကောင်းတယ် မှတ်ရမည့်သဘောပါ။

ခုချိန်ထိ  ကမ္ဘာနိုင်ငံကြီးတွေရဲ့သမ္မတွေက ဂျိုးဘိုက်ဒန်ရဲ့အောင်မြင်မှုကို ဘယ်သူမှလက်မခံသေးပါဘူး။

နောက်ဆုံးသတင်းကတော့ U.S. Attorney General ရှေ့နေချုပ်က တရားရေးဋ္ဌာနအားလုံးက ဖြစ်ပေါ်နေတဲ့ မဲမသမာမှုတွေကို  နည်းလမ်းတကျ စုံစမ်းကြဖို့ မီးစိမ်းပြလိုက်ပါပြီ။

myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ