ကုလားတန်မြစ်ဝှမ်းစီမံကိန်း ( သို့ ) မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုရောက်လာမဲ့ မြစ်တစ်စင်း

စစ်တွေမြို့ဆိုတာရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တယ်။စစ်တွေမြို့တောင်ဘက်ကနေမြစ်တစ်စင်းပင်လယ်ထဲကို စီးဆင်းနေပါတယ်။အဲဒီမြစ်ဟာ မြစ်ဖျားခံရာက ပင်လယ်ဝအထိကီလိုမီတာ ၄၅၀ လောက်ရှည်ပါတယ်။ရန်ကုန်အမြန်လမ်းထိပ်ကနေ မိတ္ထီလာ ၂၈၅မိုင်လမ်းခွဲအထိလောက်ရှည်ပါတယ်။ဟာ ဘာမြစ်ပါလိမ့် ???


ကစ္စပနဒီ လို့ခေါ်တဲ့ ကုလားတန်မြစ်ပါ။
အဲဒီမြစ်ကြီးဟာတစ်စက္ကန့်ကို ရေချိုတန်ချိန် ၃၄၆၈တန် ပင်လယ်ထဲကို စီးဝင်နေတဲ့ မြစ်ဖြစ်ပါသတယ်။ပြီးတော့ ဆည်တွေကြောင့် ရေတိမ်နစ်သွားရှာတဲ့ မြစ်ကြီးမြစ်ဟောင်းတွေကိုဖယ်လိုက်ရင် ကမ္ဘာမှာ နံပါတ် ၅နေရာရှိတဲ့ မြစ်ဖြစ်ပါတယ် ။အဲဒီမြစ်ကြီး
ဘယ်မှာ မြစ်ဖျားခံခဲ့သလဲဆိုတော့ ပေ( ၈၅၀၀ )လောက်မြင့်တဲ့ချင်းတောင်တန်းတွေမှာ မြစ်ဖျားခံခဲ့ပါသတဲ့။

နေပါအုံး.. အဲဒီမြစ်နဲ့ မြန်မာ့နိုင်ငံရေးဆိုတာက  ဘယ်လိုပက်သက်နေလို့လဲ  ..???
ဟုတ်ပါတယ်။မြန်မာရဲ့အနောက်ဖက် အင်အားကြီး
ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာ အခရာကျနေတဲ့ မြစ်ဖြစ်ပါတယ်။ဘာ ဘယ်လို ??

မြန်မာနိုင်ငံရဲ့မြစ်တစ်စင်းဟာ
အိန္ဒိယနိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့က ..???
ဒါက ဒီလိုပါ ။ဖြေးဖြေးနားထောင်ပါ ။

မြန်မာအနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ ဆိုပြီးနယ်နိမိတ်ထိစပ်နေတဲ့နှစ်နိုင်ငံရှိရာမှာမြန်မာ နဲ့ ဘင်္ဂလားဒေ့ရ်ှက ၂၇၁ ကီလိုမီတာသာ ထိစပ်နေတာဖြစ်ပြီးမြန်မာ နဲ့ အိန္ဒိယက ၁၆၄၃ ကီလိုမီတာ ထိစပ်နေပါတယ်။အိန္ဒိယ နိုင်ငံရဲ့ အရှေ့ဘက်မြန်မာနဲ့ ထိစပ်နေတဲ့အပိုင်းမှာ ညီအစ်မ ခုနစ်ဖော်လို့ခေါ်ကြတဲ့ပြည်နယ်ကြီး ၇ခုရှိပါတယ်။


အဲဒီပြည်နယ်ကြီး ၇ခုနဲ့အိန္ဒိယရဲ့ ပြည်မကိုဆက်သွယ်ရာမှာကုန်းလမ်းထက် ရေလမ်းကပိုပြီး အခရာကျနေတာကိုတွေ့ရပါတယ်။ရေလမ်းဆိုတာကတော့အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်ဆုံးပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကိုလကတ်တားမြို့ကနေ ရေကြောင်းအတိုင်း စစ်တွေမြို့ကိုဆက်သွယ်မယ်။စစ်တွေမြို့မှာ ပင်လယ်ဆိပ်ကမ်းကြီးတစ်ခုတည်ဆောက်ထားရှိမယ်။အဲဒီစစ်တွေဆိပ်ကမ်းကနေ ကစ္စပနဒီမြစ်ကြောင်းအတိုင်းဆန်ပြီး ချင်းပြည်နယ် ပလက်ဝမြို့အထိ ကုန်ပစ္စည်းတွေကိုသယ်ယူမယ် ။ပလက်ဝမြို့ကနေ ကားလမ်းနဲ့ အိန္ဒိယနယ်စပ်အထိဆက်သွားမယ် ။အဲဒီ ရေကြောင်းကုန်းကြောင်းလမ်းဟာ အိန္ဒိယပြည်တွင်းကုန်းကြောင်းလမ်းထက် ထက်ဝက်ခရီးတာတိုသွားပါတယ်။ရေကြောင်းလမ်းပါ ပါနေတာကြောင့် အချို့ကုန်စည်များအတွက် စရိတ်ပိုသက်သာစေပါတယ်။ဒါဆို သိပ်ကောင်းတဲ့ အစီအစဉ်ပဲပေါ့ ။ 
ဟုတ်ပါတယ် သိပ်ကောင်းတဲ့အစီအစဉ်ပါ။

ဒီနေရာမှာ  ပထဝီနိုင်ငံရေး( Geo-politic )နှင့် စစ်ရေးဗျူဟာအကြောင်း နည်းနည်းပြောချင်ပါတယ် ။

ကုလားတန်မြစ်ရဲ့   ရည်ရွယ်ချက်က  ဘင်္ဂလားဒက်ရှ် ၊တရုတ် ၊ အိန္ဒိယ ၊ မြန်မာ စီးပွားရေး စင်္ကြန်လမ်း ( BCIM - EC ) ကို  တန်ပြန်တဲ့   ဗျူဟာပါ ၊ အိန္ဒိယအရှေ့ပိုင်းမြန်မာနဲ့ထိစပ်နယ်မြေကုန်တွင်းပိုင်းဒေသများ( မဏိပူရ ၊ အာသံ နှင့် တခြားဒေသများ ) ကို တိုက်တက်ရေး ဖော်ဆောင်လမ်းစဥ်ပါ ။

ဒါကြောင့်လည်း  ဒုတိယအကြိမ်ကျင်းပဖြစ်ခဲ့သော နိုင်ငံများနှင့်ပိုးလမ်းမ အစည်းအဝေးကို အိန္ဒိယကတက်ရောက်ခြင်း မပြုခဲ့ပါဘူး ။ တရုတ်က အထီးကျန်နေတဲ့ အိန္ဒိယအရှေ့ပိုင်းကုန်းတွင်းပိတ်ဒေသများတိုးတက်ရေးဆိုပြီး  အကြောင်းပြပြီး  BCIM - EC  ကို  ဖော်ဆောင်ဖို့ အိန္ဒိယကိုတိုက်တွန်းနေပေမဲ့လည်း  အင်္ဂလန်မှာအခြေစိုက်တဲ့ အဝေးရောက်  အာသံအစိုးရအဖွဲ့  ဖွဲ့စည်းတာမျိုးတွေ ဖြစ်လာနေတာဟာ  ရိုးသားမှုရှိရဲ့လား။(တရုတ်ပြည်မကြီးရဲ့စနက်ရော ကင်းရဲ့လား)

တကယ်တမ်းမှာတော့ အိန္ဒိယအရှေ့ပိုင်းကုန်းတွင်းပိတ်နယ်မြေကို  အိန္ဒိယကနေ ခွဲထုတ်ချင်နေတဲ့  ရည်ရွယ်ချက်တွေ အများကြီး ရှိနေတယ်ဆိုတာ  သိနိုင်ပါတယ် ။ ထို့အတူ မြန်မာပြည်အထက်ပိုင်း ၊ အရှေ့ပိုင်းပြည်နယ်များကိုလည်း မြန်မာပြည်ကနေခွဲထုတ်ဖို့  ရည်ရွယ်ချက်တွေအများကြီးနဲ့  အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့  လက်သည်ဟာ တရုတ်ကြီးပါ ။ ယခုလက်ရှိ ပြည်သူ့အစိုးရတက်လာခါမှ AA  ကို ဖန်တီးပြီး  မကောင်းဆိုးဝါးတစ်ကောင်လို  ရခိုင်ပြည်နယ်ကိုမွှေနေတာမျိုးက  အကောင်းဆုံး သက်သေတွေပါ ။ ခုနောက်ပိုင်း  အမွှေဇယားတွေက ချင်းပြည်နယ် ပလက်ဝထိတောင် ရောက်လာပါပြီ ။  မြန်မာပြည်မှာ  ဖော်ဆောင်တဲ့ တရုတ်စီမံကိန်းတွေကလွဲရင်  တခြားစီမံကိန်းတွေမှာ အနှောက်အယှက်ဖြစ်နေရတာဟာ တရုတ်နိုင်ငံအတွက် မြန်မာက ငြိမ်းချမ်းပြီး  မြန်မာပြည်သူတွေအတွက် မြန်မာပြည်က မငြိမ်းချမ်းဘူးဖြစ်နေလေရဲ့ ။


မြန်မာနိုင်ငံအတွက်လည်း  BCIM-EC  လမ်းကြောင်းထက်စာရင်  ကုလားတန်မြစ်ဝှမ်းစီမံကိန်းက နိုင်ငံကထိန်းချုပ်လို့ရတဲ့အနေအထားရှိသည့်အပြင် မြန်မာပြည်အတွက်  ပိုအကျိုးရှိခြင်းကြောင့် ပူပေါင်းဖော်ဆောင်ခြင်းပါ ။ကုလားတန်မြစ်ဝှမ်းစီမံကိန်း ပူးပေါင်းဆောင်ရွက်တဲ့ အိမ်ရှင်မြန်မာကတော့  အကောက်ခွန်နဲ့  ရင်းနှီးမြှုပ်နှံတာတွေကနေ  အကျိုးအမြတ်ရမယ်ပေါ့ ။ ဖြတ်သန်းခံရတဲ့  ပြည်နယ်တွေ တိုးတက်လာမယ်    ။ တရုတ်ပိုးလမ်းမကို  ခွင့်ပြုထားပေမဲ့ စီးပွားစင်္ကြန်လမ်းကိုတော့   ဖြတ်သန်းခံရတဲ့  နိုင်ငံတွေက စိတ်ကြိုက်ရေးဆွဲတဲ့  ပုံစံအနေအထားဖြစ်ပါတယ် ။ အရင်  BCIM - EC လမ်းကြောင်းက တရုတ်ကို  ပိုအကျိုးဖြစ်ထွန်းစေမဲ့ လမ်းကြောင်းမျိုးပါ ။

တနည်း ပိုးလမ်းမကို  ဖြတ်သန်းခံရတဲ့ နိုင်ငံတွေက စီးပွားရေးစင်္ကြန်လမ်းကို  ကိုယ်စိတ်တိုင်းကျရေးဆွဲခဲ့ခြင်းက  ပိုးလမ်းမကို  တန်ပြန်သက်ရောက်မှုအဖြစ်  မျှခြေအနေအထားတစ်ခုထိရောက်အောင် ချိန်ခွင်ရှာညှိတဲ့ သဘောသက်ရောက်ပါတယ် ။မြန်မာအပေါ်ကျရောက်နေတဲ့ တရုတ်ရဲ့ သြဇာကိုလျော့ခြင်းလို့လည်း ပြောလို့ရပါတယ် ။

စစ်ရေးအရလည်း  အိန္ဒိယ-မြန်မာ ကျောချင်းကပ်အနေအထားက အားသာချက်တွေကို  အများကြီးဖြစ်စေတာမျိုးပါ ။အကြမ်းအားဖြင့် အိန္ဒိယ-မြန်မာ ကျောချင်းကပ်အနေအထားဟာ အိန္ဒိယသမုဒ္ဓရာစိုးမိုးထားနိုင်ပါတယ် ။ဒါကြောင့်လည်း  အိန္ဒိယဝန်ကြီးချုပ်မိုဒီက မြန်မာ့ကာကွယ်ရေး စစ်ဦးစီးချုပ်ကိုခေါ်တွေ့တာတွေ လုပ်ခဲ့တာပါ ။ Kilo Class  ရေငုပ်သင်္ဘောကို ရောင်းချပေး ( ဘင်္ဂလားဒက်ရှ်သတင်းများအရ လက်ဆောင်ပေး ) ခဲ့ပြီး ရေငုပ်သင်္ဘောတပ်ဖွဲ့စည်းပေးမဲ့အစီအစဥ်တွေ ၊ နည်းပညာလွှဲပြောင်းသင်ကြားပေးရေး နှင့် ရေကြောင်းစစ်ဆင်ရေးလေ့ကျင့်ခြင်းမှာ ကူညီပေးမယ် ဟု ကတိပြုခဲ့တာမျိုးတွေ ရှိပါတယ် ။ အဲ့ဒီလို ကတိပြုပြီးနောက်ပိုင်းမှာ  မြောက်ပိုင်း ( ၃  ) ဖွဲ့က  ပြင်ဦးလွင်ကိုဝင်တိုက်ရခြင်းက  တိုက်ဆိုင်လွန်းလှပါသည် ။နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးဟု  ဆိုတယ်မို့လားဗျာ ။

အဲလိုအစီအစဉ်ကြောင့် မြန်မာ့ပင်လယ်ပင်ရေပိုင်နက်၊ ဘင်္ဂလားဒက်ရှ်ရေပိုင်နက် ၊ ပါကစ်စတန်ရေပိုင်နက်တို့ကို အိန္ဒိယကနေ ခွဲထုတ်သွားနိုင်ခဲ့ရင်  အိန္ဒိယလိုစတုတ္ထအင်အားကြီးနိုင်ငံကို တရုတ်က  အနိုင်ပိုင်းထားနိုင်ပြီပေါ့ ။အခုတော့  လက်ဝါးကြီးအုပ်ချင်နေတဲ့ တရုတ်အတွက် အတော့်ကိုကသိကအောက်ဖြစ်စေတဲ့ အစီအစဉ်ဖြစ်နေပါတယ်။ဒါ့အပြင်  ကိုးကတ်တား နဲ့ စစ်တွေ လမ်းကြောင်းကဘင်္ဂလားဒေ့ရ်ှနိုင်ငံအရှေ့ကနေ ရှိနေတာမို့ စစ်ရေးအရ ဘင်္ဂလားဒေ့ရ်ှကိုရောင်းပေးထားတဲ့ တရုတ် ရေငုပ်သင်္ဘောတွေအတွက်ပါ ကသိကအောက်ဖြစ်စေပါတယ် ။ ပါကစတန်မှာလည်းတရုတ်ထုတ် အဆင့်မြင့်ရေငုပ်သင်္ဘောတွေနဲ့တိုက်ရေယာဉ်တွေလည်းရှိနေပါတယ် ။စစ်တွေမြို့ဟာ တရုတ်ဆိပ်ကမ်းဆောက်ထားတဲ့ ကျောက်ဖြူဒေသက မဒေကျွန်းနဲ့အဖြောင့်တိုင်းရင် ၁၁၅ ကီလိုမီတာပဲ ဝေးပါတယ်။ စစ်ရေးမဟာဗျူဟာပိုင်း ၊ စီးပွားရေးမဟာဗျူဟာပိုင်းမှာ  ကုလားတန်မြစ်ဝှမ်းဖက်စုံသုံးစီမံကိန်းဟာ မဟာဗျူဟာကျတဲ့  ဖော်ဆောင်ချက်တစ်ခုဆိုတာ  သိနိုင်လောက်ပါတယ် ။


ကုလားတန်မြစ်နဲ့ ပက်သက်တဲ့ အချက်အလက်အပြည့်အစုံကိုတော့ .. ပုံမှာကြည့်နိုင်ပါတယ် ။👇👇

ချင်းတောင်မှာ မြစ်ဖျားခံတဲ့  ကုလားတန်မြစ်ဟာ ဘာကြောင့်ကီလိုမီတာ ၄၅၀ ဖြစ်နေရတာလဲ ??
ဒါက ဒီလိုပါ ။ ချင်းတောင်မှာ မြစ်ဖျားခံတဲ့ 
ကုလားတန်မြစ်ဟာ တောင်ဘက်ကိုစီးလာရာကနေ
အနောက်ဖက်ကွေ့ပြီး အနောက်မြောက်ဖက်ကွေ့ပြီး အိန္ဒိယနယ်စပ်မျဉ်းအတိုင်းမြောက်ဖက်ကို ဆက်စီးပါတယ် ။ အဲဒီကမှ အိန္ဒိယထဲဝင်သွားပြီး တောင်ဘက်ပြန်စီးလာရာကနေ ချင်းပြည်နယ်ထဲ ပြန်ဝင်လာပါတယ် ။ နောက်တော့ ချင်းပြည်နယ်ကနေ
ရခိုင်ပြည်နယ်ကို စီးလာရာက စစ်တွေမြို့ရဲ့တောင်ဘက်ကနေ ပင်လယ်ထဲစီးဝင်သွားတာပါ ။
ဟားခါးမြို့ မြောက်ဖက် (k01) ..
ထန်တလန်နဲ့ ဖလမ်းအကြားမှာမြစ်ဖျားခံလာရနေ ..
တောင်ဘက်အတိုင်း အဖြောင့်တိုင်းရင် ..
၇၅ကီလိုမီတာလောက် စီးလာပါတယ် (k02) ..
ပြီးတော့ အနောက်ဖက်ကို ..
ကွေ့သွားပါတယ်(k03) ..
အဲဒီ(k03) ကနေ အနောက်မြောက်ဖက် ..
ဆက်စီးသွားပြီး မြန်မာ အိန္ဒိယနယ်စပ်ကို ..
(k04) နေရာမှာ ဆုံပါတယ် ..
အဲဒီ(k04)နေရာကနေ မြောက်ဘက်ကို ..
နယ်နိမိတ်မျဉ်းအတိုင်း (k05) အထိ ..
ဆက်စီးသွားပါတယ် ..
(k05) နေရာမှာ နိယ်နိမိတ်မျဉ်းကနေ ..
အိန္ဒိယနယ်မြေထဲကိုမြောက်ဖက်အတိုင်း ..
စီးဝင်သွားတာ (k06) နေရာအထိဖြစ်ပါတယ် ..
အဲဒီ (k06) နေရာကနေ ..
တောင်ဘက်ကို ပြန်စီးလာရာ (k07)နေရာမှာ ..
အခြားမြစ်လက်တက်တစ်ခုနဲ့ ပေါင်းစုံပါတယ် ..
ဆက်လက်ပြီး တောင်ဘက်ကို ..
ကွေ့ကာဝိုက်ကနဲ့ ဆက်စီလာရာမှာ ..
မြန်မာနယ်နိမိတ် ချင်းပြည်နယ်ထဲကို .. 
(k08) နေရာကနေ ပြန်ဝင်လာပါတယ် ..
အဲဒီကနေ 
တောင်ဘက်အတိုင်းဆက်စီးလာကာ 
(k09) ပလက်ဝမြို့နား (k10) ကျောက်တော်မြို့နား ..
စသဖြင့် ဆက်လက်စီးဆင်းပါတယ် ..
ထိုမှာတဆင့် ပုဏ္ဏားကျွန်း (k11)နားဖြတ်ပြီး  ..
စစ်တွေတောင်ဘက် (k12)မှ တဆင့် ..
ပင်လယ်ထဲစီးဝင်ပါတယ် ..

Author : Koyin Thaung Dan 
Review : myanmar society 

myanmar  society🇲🇲


Koyin Thaung Dan ၏ post  ကို  myanmar society မှ  ပြန်လည်ဖြည့်စွပ် review လုပ်ထားခြင်းသာ  ဖြစ်ပါတယ် ။ မူရင်း post  ရဲ့  အရသာမပျက်အောင် အတတ်နိုင်ဆုံး ပြန်လည်ဖြည့်စွပ်ရေးသားထားသော်ငြား  တစုံတရာအမှားဖြစ်ခဲ့ပါလျှင် အထူးတောင်းပန်ပါတယ် ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ