ဘာကြောင့် တရုတ်ကြီးသည် ကတ်ရှ်မီးယားအရေး ဆီထိုးမီးမွေးရသလဲ ( သို့ )တရုတ်၊ ပါကစ်စတန် ၊ကတ်ရှမီယား ပိုးလမ်းမအပိုင်း

အိန္ဒိယနှင့်ပါကစ်စတန်ဟာ ကတ်ရှ်မီးယားဒေသကို  ၂ ဖက်အပြိုင်အသည်းအသန်ဖြစ်လျက်ရှိခဲ့ကြပါတယ် ။ 


အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်သည့် ဆိုနေကြသည့် ကတ်ရှ်မီးယားအရေးမှာ နှစ် ၆၀ ကျော် ပေါက်ကွဲလုအခြေအနေမျိုးဖြင့် ရှိနေခဲ့သည့် ဒေသဖြစ်သည်။

ကတ်ရှ်မီးယားဒေသဟာ  ပါကစ်စတန် ထိန်းချုပ်ဒေသနှင့်အိန္ဒိယထိန်းချုပ်ဒေသဆိုပြီး  ၂  ပိုင်းကွဲနေခဲ့တာပါ ။ ကတ်ရှ်မီးယားဒေသဟာ  တရုတ်ရဲ့   ခေတ်သစ်ပိုးလမ်းမစီမံကိန်းအတွက်  အရမ်းအရေးပါလှတဲ့နေရာလည်း  ဖြစ်ပါတယ် ။
ဘာကြောင့်အရေးပါသလဲ ??


တရုတ်အနောက်ပိုင်းဒေကနေ  ပါကစ်စတန်နိုင်ငံ ဂွါဒါဆိပ်ကမ်းကို  ဆက်သွယ်ဖောက်လုပ်မဲ့ ပိုးလမ်းမ စီမံကိန်းကြောင့်  ဖြစ်ပါတယ်။ အရှည်အားဖြင့်  ၁၇၅၀  မိုင်ခန့်ရှည်လျားပါတယ် ။
ပါကစ်စတန်ဂွါဒါဆိပ်ကမ်းကနေ  အနောက်ဖက်  ဟောမုတ်ရေလက်ကြားကိုဖြတ်သန်းပြီး ပါရှန်းပင်လယ်အတွင်းရှိ ဆက်စပ်နိုင်ငံများဖစ်တဲ့  အီရန် ၊ အီရက် ၊ ဆော်ဒီအော်ရေဗီးယား ၊ ယူအေအီး ၊ အာဖကန်နစ်စတန် ၊ အိုမန် နိုင်ငံများနှင့်  ကုန်သွယ်နိုင်မှာ ဖြစ်ပါတယ် ။

ဂွါဒါဆိပ်ကမ်းဟာဆိုရင် ဘလော့ချီစတန်ဆိပ်ကမ်းမြို့ ၊ ပါကစ်စတန်နိုင်ငံမှာ  တည်ရှိသော  ရေနက်ဆိပ်ကမ်းတစ်ခုလည်း ဖြစ်ပါတယ် ။ China Oversea Port Holding Company ကနေ  တာဝန်ယူတည်ဆောက်နေတာလည်း ဖြစ်ပါတယ် ။ ၂၀၁၆  ကနေစတင်တည်ဆောက်ခဲ့တာ  ၂၀၅၄ မှာ ပြီးစီးမယ်လို့  သိရပါတယ် ။တနှစ်ကို ကုန်တန်ချိန်ပေါင်း သန်း ၃၀ အတင်အချလုပ်နိုင်မယ်လို့ ခန့်မှန်းထားတဲ့  ဆိပ်ကမ်းလည်း ဖြစ်ပါတယ် ။

တရုတ်အနေနဲ့ သူ့နိုင်ငံစီးပွားရေးအတွက် အလွန်လိုအပ်လျက်ရှိတဲ့ အရှေ့အလယ်ပိုင်းကရေနံတွေကို မလက်ကာရေလက်ကြားက သယ်ယူနေခဲ့ရတာပါ။ အခြေအနေအမျိုးမျိုးကြောင့် အမေရိကန်နဲ့တရုတ် ဆက်ဆံရေးတင်းမာလာရင် ရေတပ်အင်အားကြီးတဲ့ အမေရိကန်က မလက်ကာရေကြောင်းလမ်းကို ပိတ်ဆို့ထားတာမျိုးလုပ်နိုင်ပါတယ်။ ထိုအတွက် တရုတ်အဖို့ အရှေ့ အလယ်ပိုင်းကရေနံတွေသယ်ယူပို့ဆောင်ဖို့ ပင်လယ်ထွက်ပေါက်နောက်တခုအဖြစ် ဂွါဒါဆိပ်ကမ်းကို ၁၉၉၀ ခုနှစ်များက တည်းက စပြီးတည်ဆောက်နေခဲ့တာပါ။

၂၀၁၅ ခေတ်သစ်ပိုးလမ်းစီမံကိန်းထွက်လာတော့ တရုတ် - ပါကစ္စတန်စင်္ကြန်လမ်း (China Pakistan Economic Corridor. C-PEC) နဲ့ ဂွါဒါဆိပ်ကမ်းကို ဆက်စပ်နိုင်ခဲ့ပါတယ်။ တရုတ်ပြည် စင်ကျန်းကက်ရှ်ကာမြို့နဲ့ ပါကစ္စတန်က ဂွါဒါဆိပ်ကမ်းထိ ဆက်စပ်လိုက်နိုင်မှုက တရုတ်အတွက် အာဖရိကနှင့်အရှေ့အလယ်ပိုင်းက ရေနံနှင့်သဘာဝဓာတ်ငွေ့  သယ်ယူရာခရီးလမ်းကို အများ ကြီးတိုသွားစေခဲ့ပါတယ်။ အကုန်အကျလည်း သက်သာသွားစေတာမျိုးပါ။ ဒါ့အပြင် ဒီဆိပ်ကမ်းရဲ့ပထဝီအနေအထားအရ ကုန်းတွင်းပိတ်နိုင်ငံအချို့နှင့်တရုတ်ပြည်၏ကုန်းတွင်းပိတ်ပြည်နယ်များအတွက်လည်း ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုနိုင်တဲ့အတွက်  တရုတ်ပြည်အတွက်အများကြီး အကျိုးရှိသွားစေတာမျိုးပါ ။ အီရန်နဲ့ရော အိုမင်နဲ့ရော နီးကပ်နေမှုကလည်း ပိုအဆင်ပြေစေခဲ့ပါတယ်။


၂၀၁၆ ခုမှာတော့ တရုတ်ကို ၄၃ နှစ်လုပ်ကိုင်ခွင့်ချပေးလိုက်ရပြီး ၂၀၁၅ ခုနှစ်ကတည်းကစလို့ တရုတ်က သူရဲ့အကြွေးကို အတိုးမဲ့ချေးငွေအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် တရုတ် - ပါကစ္စတန် စီးပွားရေးစင်္ကြန်လမ်းစီမံကိန်းနဲ့ ဆက်စပ်ပြီးနောက် တရုတ်က ထပ်မံရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၄၆) ဘီလီယံထပ်ထည့်ပြီး အထူးစီးပွားရေးဇုံနယ်အဖြစ် ဘက်စုံကတည်ဆောက်လျက်ရှိပါတယ်။ စက်ရုံတွေ၊ ကုန်လှောင်ရုံတွေ၊ လမ်းတွေ၊ စွမ်းအင်စီမံကိန်းတွေ စသည်ဖြင့်ပါဝင်ပါတယ်။ ဒီစီမံကိန်းတွေဟာ ပါကစ္စတန်အစိုးရရဲ့“ပါကစ္စတန် ၂၀၂၅ အမြင်” ဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရေရှည်စီမံကိန်းကြီးနဲ့လည်း ဆက်စပ်ထားတာဖြစ်လို့ စွမ်းအင်ဆိုင်ရာ စီမံကိန်းအမျိုးမျိုးကို (ကျောက်မီး၊ သွေး၊ ရေအား၊ လေအား ၊ နေစွမ်းအင်၊ အနုမြူ ) လုပ်ဆောင်လျက်ရှိသည်ဟုဆိုပါတယ်။ 

ယခုအခါ ပါကစ္စတန်ဟာ တရုတ်ကြွေးမြီထောက်ချောက်အတွင်းမှာ သက်ဆင်းသွားမဲ့အရေးကို စိုးရိမ်နေရပြီဟု  ဆိုပါတယ် ၊ လာမယ့်ဆယ်စုနှစ်နှစ်ခုအတွင်းတရုတ်ကိုအကြွေးပြန်ဆပ်ဖို့နဲ့အမြတ်ငွေအမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကို ပါကစ္စတန်က ပေးနိုင်မယ်လို့မျှော်လင့်ရပါတယ် ။

ပါကစ္စတန်နဲ့ အိန္ဒိယကြားအငြင်းပွားနေတဲ့ ဒေသဖြစ်တဲ့ ကတ်ရှ်မီးယားကြောင့် မကြာခဏဆိုသလို ပါကစ္စတန်နဲ့ အိန္ဒိယကြား စစ်ဖြစ်လုနီးပါးအခြေအနေက မကြာခဏပါဘဲ ။ မကြာမီကအိန္ဒိယသမ္မတ ရုံးအမိန့်ထုတ်ပြန်ချက်တစ်ရပ်နဲ့ ကက်ရှမီးယားဒေသ၏ နှစ် ( ၇၀ ) ကြာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ် ။ အိန္ဒိယ၏ တစ်ခုတည်းသော မွတ်စလင်လူများစု ပြည်နယ်ဖြစ် တဲ့ ကက်ရှ်မီးယားဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သတ်မှတ်ချက်အရ ကက်ရှမီးယား သ ည် ကိုယ်ပိုင် အခြေခံဥပဒေ ၊ သီးခြားအလံနှင့် ဥပဒေပြု ခွင့်များ ရရှိထားခဲ့ပေမယ့် နှစ်ဆန်းပိုင်းက အိန္ဒိယလုံခြုံ ရေး ကွန်ဗွိုင်းကို ပါကစ္စတန်ထောက်ခံတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေက ကားဗုံးခွဲလို့ အမြောက်အများသေဆုံးခဲ့ ရပါတယ် ။ ဒီကနေစတင်ကာ ပါကစ္စတန် နဲ့ အိန္ဒိယကြား စစ်ဖြစ်လုနီးပါးဖြစ်ခဲ့ကာ လေကြောင်း တိုက်ခိုက်မှုတွေအထိဖြစ်ခဲ့ပါတယ် ။

ယခုအဆိုပါဒေသကို အိန္ဒိယအစိုးရက ကိုယ်ပိုင်အုပ်ချု ပ်ခွင့်ရဒေသအဖြစ်ကနေပယ်ဖျက်ကာ အိန္ဒိယ အစိုးရ အုပ်ချုပ်မှုအောက်ထဲ ပြန်ထည့်ခဲ့တာပါ ။ ဒီအတွက် ပါက စ္စတန်က ကုလသမဂ္ဂမှာ အဆိုတင်မှာဖြစ်ပြီး တရုတ်က လည်း ဒီလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ကနေပါ ယ်ဖျက်တာကိုရှုတ်ချကန့်ကွက်ခဲ့ပါ တယ် ။ ပါကစ္စတန်  ဘက်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့်အတန်းကို အိန္ဒိယနိုင်ငံက ရုပ်သိမ်းခဲ့ခြင်းအပေါ် ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်မှာ ဆန္ဒပြမှုတွေ လုပ်ခဲ့သလို ပါကစ္စတန်စစ်တပ်က လည်း ကတ်ရှမီးယားဒေသခံတွေ နဲ့ တစ်သားတည်းဆိုတာပြသမယ်လို့ ပြောခဲ့ပါတယ် ။ 

ဒါ့အပြင် ကက်ရှ်မီးယားအရေးမှာ ပိုင်ဆိုင်မှု အငြင်းပွား နေတဲ့ ရန်ဖက် ပါကစ္စတန်နိုင်ငံက အိန္ဒိယရဲ့ လုပ်ရပ်ကို ဒေါသတကြီး တုံ့ပြန်ပြီး အိန္ဒိယသံအမတ်ကို ပြည်နှင်ခဲ့သလို ပါကစ္စတန်အစိုးရက အိန္ဒိယ နိုင်ငံရှိ ၎င်း၏သံအမတ်ကို ပြန်လည်ခေါ်ယူဖို့နဲ့ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ရပ်ဆိုင်းဖို့ ဩဂုတ် ၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ် ။ အိန္ဒိယရဲ့ ထုတ်ပြန်ချက်နောက်ပိုင်း ကက်ရှ်မီးယားဒေသ မှာ ကန့်ကွက် ဆန္ဒပြတာတွေ ဖြစ်ပွားပေါ်ပေါက်နေသလို အိန္ဒိယဘက်ကို ခုတ်မောင်းပြေးဆွဲနေ တဲ့ ရထားပြေးဆွဲမှုကိုလည်း ပါကစ္စတန် ဘက်က ရပ်ဆိုင်းခဲ့ပါတယ် ။ ပါကစ္စတန်ဘက်က ဒီလိုပဲ ဆောင်ရွက်တာနဲ့ပြီးမှာမဟုတ်သလို ထပ်မံလုပ်ဆောင်တာတွေ မြင်တွေ့ရဖို့ရှိနေပါ တယ် ။ အိန္ဒိယဘက်ကလည်း ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေကြောင့် အထိနာ ခဲ့ရ တာတွေ ရှိတဲ့ အ တွက် ဒီတစ်ခါလက်ဦးမှုရယူဖို့ ရှိနေပါတယ် ။ ဒီအရေးက ကုလသမ္မဂဆီထိရောက်ရှိခဲ့ပြီး အဆုံးအဖြတ်ခံယူခဲ့ရာမှာ  ပါကစ်စတန်ဖက်က တရုတ်နိုင်ငံကသာ ရပ်တည်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရပါတယ် ။ လတ်တလောမှာတော့   ကတ်ရှ်မီးယားမှာ ပါကစ်စတန်သောင်းကြမ်းသူတွေနဲ့ အိန္ဒိယကြားမှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိခဲ့ပေမဲ့  များမကြာမီမှာ  ကတ်ရှ်မီးယားဒေသကို အိန္ဒိယက ထိန်းချုပ်နိုင်လိမ့်မယ်လို့   အိန္ဒိယက  ဆိုပါတယ် ။

___///ဘင်္ဂလာဒေ့ရှ် ၊ တရုတ် ၊ အိန္ဒိယ ၊ မြန်မာ ဒေသတွင်းစီးပွားရေး ကူးသန်းလမ်းကြောင်း ( BCIM )

BCIM ဒေသအတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏အယူအဆကို Rehman Sobhan ကပထမဆုံးတီထွင်ခဲ့ပါသည်။ သူသည်ဘက်စုံသယ်ယူပို့ဆောင်ရေးဆက်သွယ်မှုနှင့်အခြားလုပ်ဆောင်ချက်များနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုများကထောက်ပံ့ခြင်းဖြင့်ငွေပေးငွေယူကုန်ကျစရိတ်ကိုသိသိသာသာလျှော့ချနိုင်မည် ၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကိုလှုံ့ဆော်နိုင်ပြီးထိုကြောင့်တိုးတက်မှုနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်မည်ဟု ဆိုပါတယ်။ 


 Sobhan ၏ရှေ့ဆောင်အတွေးအခေါ်များသည်နောက်ဆုံးတွင် Kunming Initiative ကူမင်အစပြုခြင်းဟု လူသိများလာသည့် ၁၉၉၀ ပြည့်နှစ်များတွင်စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့ရပါသည်။  ပထမအကြိမ်အစည်းအဝေးကို ၁၉၉၉ ခုနှစ်တွင်ကူမင်းတွင်ကျင်းပခဲ့ပါသည်။  ဘင်္ဂလားဒေ့ရ်ှမှပေါ်လစီတွေ့ဆုံဆွေးနွေးရေးစင်တာ (CPD)၊ အိန္ဒိယမှပေါ်လစီသုတေသနဌာန (CPR) နှင့်ယူနန်လူမှုသိပ္ပံအကယ်ဒမီတို့မှကိုယ်စားလှယ်အဖွဲ့အစည်းများက ဦး ဆောင်ခဲ့ပါသည်။  

BCIM ကုန်သွယ်ရေးလမ်းကြောင်း၏စီးပွားရေးအားသာချက်များမှာသိသိသာသာများပြားပါသည်။ အထူးသဖြင့် အရှေ့တောင်အာရှရှိစျေးကွက်အများအပြားသို့သွားခြင်း၊ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများတိုးတက်ခြင်းနှင့်စက်မှုဇုန်များတည်ဆောက်ခြင်းတို့ဖြစ်ပါသည်။

 စက်မှုဇုန်များတည်ဆောက်ခြင်းသည်အကျိုးကျေးဇူးနှစ်ဆရှိစေမည်ဟုဆိုပါတယ်။  ပထမဦးစွာထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်မှုနှင့်ကူးသန်းရောင်းဝယ်ရေးထောက်ပံ့ပို့ဆောင်ရေးစသည့်စက်မှုလုပ်ငန်းများလွှဲပြောင်းခြင်းကို  ဦးတည်စေမည်။  ဒုတိယအချက်မှာ တရုတ်နိုင်ငံတွင်အလုပ်သမားကုန်ကျစရိတ်များမြင့်တက်လာသည်နှင့်အမျှ အထည်အလိပ်နှင့်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သောလုပ်သားအင်အားကြီးသောစက်မှုလုပ်ငန်းများသည် နောက်ဆုံးတွင်တရုတ်နိုင်ငံမှဖယ်ရှားခံရမှာဖြစ်ပြီး  ဤစက်မှုလုပ်ငန်းများသည်လုပ်ခကုန်ကျစရိတ်နည်းသောဒေသများသို့ပြောင်းရွှေ့ကုန်မယ်ဆိုပါတယ်။  တရုတ်နိုင်ငံတွင်လုပ်ငန်းများလုပ်ကိုင်နေသောကုမ္ပဏီများသည်၎င်း၏အခြေခံအဆောက်အဦးများ၊ ထောက်ပံ့ပို့ဆောင်ရေးတိုးတက်ကောင်းမွန်ခြင်းနှင့်လွယ်ကူစွာသွားလာနိုင်ခြင်းတို့ကြောင့်ကုန်သွယ်ရေးစင်္ကြံဒေသကို ဦးစားပေးလိမ့်မည်ဟု  ဆိုပြန်ပါတယ်။

 အိန္ဒိယ၏အထီးကျန်ဖြစ်သော အရှေ့ပိုင်းနှင့်အရှေ့မြောက်ပြည်နယ်များသည် တရုတ်နှင့်အခြားအာရှနိုင်ငံများနှင့်ကုန်သွယ်မှုနှင့်ပိုမိုမြင့်မားသောဆက်သွယ်မှုကြောင့်အမြတ်အစွန်းရရှိမယ်ဆိုပါတယ်။

OBOR  ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ  အိန္ဒိယက မတက်တော့  
အိန္ဒိယ - တရုတ်   စီးပွားရေးစင်္ကြန်လမ်း  လုပ်မဲ့အစီးအစဥ်က  ရပ်ဆိုင်းသွားခဲ့ရတယ် ။
BCIM ဒေသတွင်းစီးပွားရေးကူးသန်းလမ်းကြောင်းဟာ တရုတ်နိုင်ငံ ကူမင်မြို့ကနေ အစပြုပြီး  မြန်မာနိုင်ငံ အပေါ်ပိုင်း မန္တလေးမြို့ကို ဖြတ်ခါ အိန္ဒိယအရှေ့ပိုင်းဒေသကို  ဖြတ်ကာ ဘင်္ဂလာဒေ့ရှ် အလယ်ပိုင်းကို ဖြတ်သန်းပြီး  အိန္ဒိယနိုင်ငံ ကိုးကတ္တားမှာ  ဆုံးပါတယ် ။  

_____/// ကူမင် - စင်္ကာပူ ကူသန်းဆက်သွယ်ရေးမီးရထားလမ်း နှင့်  ပိုးလမ်းမ 

Pan-Asia မီးရထားကွန်ယက် [4] ဟုခေါ်ဆိုသောကူမင်း - စင်ကာပူမီးရထားသည်တရုတ်၊ စင်ကာပူနှင့်အရှေ့တောင်အာရှ၏ပြည်မကြီးများကိုဆက်သွယ်မည့်စီမံကိန်းသို့မဟုတ်ဆောက်လုပ်ဆဲရထားလမ်းကွန်ယက်ဖြစ်သည်။  အယူအဆသည်ဗြိတိသျှနှင့်ပြင်သစ်နယ်ချဲ့ဝါဒီများနှင့်စတင်ခဲ့ခြင်းဖြစ်သည်။ သူတို့သည်တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ အင်ဒိုချိုင်းနားနှင့်မာလာယာတွင်တည်ဆောက်ခဲ့သည့်ရထားလမ်းများကိုချိတ်ဆက်ရန်ကြိုးစားသော်လည်း ၂၀ ရာစုအတွင်းအပြည်ပြည်ဆိုင်ရာပဋိပက္ခများကြောင့်ဒေသတွင်းရထားလမ်းများပြိုကွဲခဲ့သည်။  ၂၀၀၈ ခုနှစ်အောက်တိုဘာလတွင်အာရှနှင့် Eurasian နိုင်ငံ ၁၈ ခုသည် Trans-Asian မီးရထားကွန်ယက်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး၊ ကူမင်း - စင်ကာပူရထားလမ်းသည်အာရှ - အာရှရထားလမ်းများစွာအနက်မှတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။

___/// နီပေါနိုင်ငံ နှင့် ပိုးလမ်းမကြီး 

တရုတ်က  နီပေါနိုင်ငံမှာ  ရင်းနှီးမြှပ်နှံပြီး ပိုးလမ်းမလမ်းကြောင်း ဖော်ဆောင်ရေးကို  ပြီးခဲ့တဲ့အောက်တိုဘာလ အစပိုင်းလောက်က ဆွေးနွေးခဲ့တယ်ဆိုပါတယ် ။ လမ်းကြောင်းသွားမဲ့ အစီအစဥ်က တရုတ်နိုင်ငံအလယ်ပိုင်း ပေကျင်းကနေအစပြုကာ တိဘက်ကိုဖြတ်ပြီး  နီပေါနိုင်ငံကိုဖြတ်ကာ  အိန္ဒိယအရှေ့ပိုင်းနယ်မြေကိုဖြတ်သန်းပြီး  ဘင်္ဂလာဒေ့ရှ်နိုင်ငံ  စစ်တကောင်းရေနက်ဆိပ်ကမ်း နှင့် ဆိုနေတာရေနက်ဆိပ်ကမ်းတွေမှာ  အဆုံးသတ်တဲ့  ပိုးလမ်းမ လမ်းပိုင်းဖြစ်ပါတယ် ။ 
အဆိုပါ လမ်းကြောင်းဟာလည်း အိန္ဒိယနိုင်ငံရဲ့သဘောတူညီမှု မရရင်  အခက်အခဲရှိတဲ့  ပိုးလမ်းမကြီးရဲ့  လမ်းပိုင်းဖြစ်ပါတယ်။ 

OBOR  ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ  အိန္ဒိယက မတက်တော့  အိန္ဒိယနဲ့အတိုင်အဖောက် မကိုက်လို့  နီပေါဖက်လှည့်ပြီး   တရုတ်ကြီး ကြံတယ်ထင်ပါတယ် ။နီပေါလို  ကုန်တွင်းပိတ်နိုင်ငံက တရုတ်အနင်းခံရရင်  ပြန်ထဖို့မလွယ်ဘူး ။နီပေါအနေနဲ့  တရုတ်နဲ့ပေါင်းလုပ်မယ်ဆိုလည်း  အရမ်းကို သတိကြီးကြီးထားလုပ်ရမဲ့  အခြေအနေမျိုးပါ ။နီပေါသမ္မတကလည်း  ဒေါ်အောင်ဆန်းစုကြည်ကို  လာတွေ့တယ် ။ 
အကြံဉာဏ်လာယူတာဖြစ်ဖို့  သေချာသလောက်ပါပဲ။🙂
တရုတ်  OBOR စီမံကိန်းရဲ့   plan (  B ) က  နီပေါက ဖြတ်မှ  ဖြစ်မှာမို့လို့  
ဒေသတွင်းသြဇာကြီးတဲ့  အိန္ဒိယဆီကလည်း  အကြံမယူချင်ဘူး ၊ လာရောက်ရင်းနှီးမြှုပ်နှံမဲ့   တရုတ်ကြီးဆီကလည်း  အကြံမယူချင်ဘူး  ၊ အဲ့တော့  တတိယနိုင်ငံဖြစ်ပြီး  OBOR  စီမံကိန်းနဲ့လည်း  ဆက်စပ်မှုရှိတဲ့  မြန်မာကို  လာရောက်မေးမြန်းခြင်းဖြစ်ပါတယ်၊နီပေါသမ္မတလာရခြင်းရဲ့ အဖြေက ရှင်းပါတယ် ၊ အဲ့ဒါပါပဲ ။
....................

myanmar  society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ