ထန်တလန်မြို့အား မီးရှို့မှု၏နောက်ကွယ်
အကြမ်းဖက်စစ်ကောင်စီဟာ အာစီယံထိပ်သီးဆွေးနွေးပွဲ တက်ခွင့်မရမှုနှင့်စစ်ကောင်စီထောက်တိုင်တွေ ဖြိုခွင်းခံရမှုတွေအပေါ် သူ့၏ဖက်တော်သား အကြမ်းဖက်စစ်ကောင်စီထောက်ခံအားပေးသူတွေနှင့်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေဟာ စိတ်ဓာတ်ကျဆင်းလာတာကို အာရုံလွှဲဖို့ ချင်းပြည်နယ်၊ထန်တလန်ကို မီးရှို့ဖျက်ဆီးအာရုံလွှဲတာ ဖြစ်တယ်လို့ ယေဘုယ သုံးသပ်လို့ရပါတယ် ။ သူ့ဖက်တော်သားတွေ သဘောခွေ့သွားအောင် ကြမ်းပြ၊ရမ်းပြတဲ့သဘောမျိုးပါ ။
ဆက်လက်လေ့လာကြည့်မယ်ဆိုရင်လည်း အာစီယံထိပ်သီးဆွေးနွေးပွဲတက်ခွင့်မရသည့်နောက်ပိုင်း ပျူစောထီးတွေကို စေခိုင်းပြီး ချိတ်ပိတ်ခံထားရတဲ့ NLD ပါတီရုံးတွေအား ဗုံးဖောက်ခွဲခဲ့တာတွေအပြင် တပ်မတော်ထောက်ခံရေးတွေပါ လုပ်လာနေတာကို တွေ့ရပါတယ်။၎င်းလုပ်ရပ်များဟာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသူတွေရဲ့ကျဆင်းနေသောစိတ်ဓာတ်ကို ပြန်ဆွဲတင်နေရတဲ့သဘောသက်ရောက်ပါတယ်။အာစီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ခွင့်မရခဲ့သည့်နောက်ပိုင်းမှ ၎င်းကိစ္စများကို ဖန်တီးခဲ့တာဖြစ်သည့်အတွက် သူ့၏ဖက်တော်သားတွေရဲ့ ကျဆင်းနေတဲ့စိတ်ဓာတ်ကို ပြန်လည်ဆွဲတင်ဖို့ ဦးတည်လုပ်ကြောင်း ထင်ရှားပါတယ်။
ယခု ရက်ပိုင်းအတွင်းမှာပဲ မြန်မာ - တရုတ်နယ်စပ်မှာ တရုတ်ဖက်က ခြံစည်းရိုး တိုးကာနေတာတွေ ဖြစ်ပွားနေသလို ရိုဟင်ဂျာလူမျိုးရေးသန့်စင်မှုကိစ္စမှာ အဓိကနယ်ရုပ်အဖြစ်ကစားခဲ့တဲ့ ARSA ဟာလည်း ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ပြန်လည်ခေါင်းထောင် စုဖွဲ့လာတာကို ပါတွေ့နေရပါတယ်။၎င်းအပြင် အကြမ်းဖက်စစ်ကောင်စီဟာ တရုတ်ပြည်နှင့်ရုရှားပြည်ခေါင်းဆောင်များနဲ့ တိတ်တဆိတ် ထိပ်တန်းလျှို့ဝှက်ချက်တွေ ဆွေးနွေးနေပုံလည်း ရပါတယ်။ ထိုထိုသောကိစ္စရပ်များအား ဖုံးကွယ်လို၍ ထန်တလန်မြို့ကို မီးရှို့အာရုံလွှဲ၍ ဖုံးကွယ်ထားချင်ပုံရပါတယ် ။
ခုလို လူသားမျိုးနွယ်စုအပေါ် ပြစ်မှုကျူးလွန်ပြီး ရွာတွေ ၊ မြို့တွေကို မီးရှို့တဲ့စစ်ကောင်စီနှင့်သူ့တပ်သားတွေအပြင် ၎င်းဖြစ်ရပ်အား သဘောကျထောက်ခံနေကြသော အကြမ်းဖက်စစ်ကောင်စီထောက်ခံအားပေးသူတွေရဲ့ စိတ်ဟာ ပုံမှန်အခြေအနေမဟုတ်တော့ဘဲ မိစ္ဆာတွေဖြစ်လာနေပြီဆိုတာပါ လေ့လာသုံးသပ်ရပါတယ် ။
myanmar society🇲🇲