မြန်မာပြည်သူတွေအတွက် ရွေးကောက်ပွဲက ဘယ်လောက်အထိအရေးကြီးလဲ ??

မြန်မာပြည်ကစစ်အာဏာရှင်တွေရဲ့   ၂၀၂၀  ရွေးကောက်ပွဲထိဆွဲဆန့်နိုင်ရေး ရည်မှန်းချက်( ဒေါ်အောင်ဆန်းစုကြည်ဖြုတ်ချရေး) နှင့် တရုတ်၏ အမေရိကန်နောက်ရွေးကောက်ပွဲထိ ဆွဲဆန့်နိုင်ရေးရည်မှန်းချက်( သမ္မတဒေါ်နယ်ထရန့်ဖြုတ်ချရေး )ဟာ သူတို့ဖျက်ကိန်းရဲ့ အနှစ်သာရဟု ယခင်ဆောင်းပါးတွေထဲမှာ မကြာမကြာထည့်ရေးဖူးပါတယ် ။

ရွေးကောက်ပွဲအချိန်ကို ကိုဗစ်-၁၉ နဲ့ ချိန်ကိုက် ညှိကစားတယ် ။ အာဏာရှင်တွေနှင့်တရုတ်တို့ လက်ဝါးချင်းရိုက်ပြီး  မြန်မာတင်မက ကမ္ဘာပတ်ပြီး ဗိုင်းရပ်စ်ပိုးနဲ့ ယုတ်ပတ်တဲ့ သဘောပါ ။

ယနေ့  ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးက ရပ်တည်ပေးကြရန်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်း တက်လာပါတယ် ။

တချို့တွေလည်း ကျန်းမာရေးကပိုအရေးကြီးတယ် ၊ ရွေးကောက်ပွဲနောက်ရွေ့သင့်တယ် ၊ အာဏာမက်တယ် စသည်ဖြင့် ဝေဖန်ကြတယ် ။ အဲ့ဒီလိုပြောဆိုလာအောင်လည်း အဘလော်ဘီတွေက  မီဒီယာတွေရဲ့ကွန့်မန့်အောက်မှာ လမ်းကြောင်းပေးနေကြတယ် ။ ထားတော့...အဲ့ဒီအပိုင်းကို ။

ကိုဗစ်ကပ်ရောဂါအတွင်းမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပသွားနိုင်တဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ် ။အာစီယံနိုင်ငံတွေထဲမှာဆို  ကိုဗစ်-၁၉ကြောင့် မြန်မာထက်သေပျောက်ကူးစက်နှုန်းများတဲ့စင်္ကာပူမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပသွားနိုင်ခဲ့ပါတယ် ။ ကိုဗစ်-၁၉ ကြောင့် အသေအပျောက် ၂ သိန်း ရှိတဲ့  အမေရိကန်မှာလည်း  ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်းပဲ ကျင်းပဖို့လုပ်နေကြပါတယ် ။ မြန်မာပြည်မှာလည်း စနစ်တကျ Mask တပ် ၊ လက်ဆေး ၊ စနစ်တကျ တန်းစီမဲပေးရင်  ရပါတယ် ။ ပြည်သူ့အစိုးရကလည်း  ပြည်သူတွေ အန္တရာယ်ကင်ကင်းမဲပေးလို့ရအောင် ပံ့ပိုးပေးဖို့လိုပါတယ် ။ 

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေအတွက် အခြေအနေမဟန်နိုင်တာကို သိလာတဲ့အခါမှာ  ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကိုဖျက်ဖို့  စတင်ကြံစည်လာနေပါတယ် ။  

ပထမဆုံးစတင်ကြံစည်လာတာ အနီနှင့်အစိမ်းအတူတူဘဲဆိုတဲ့  အတွေးအခေါ်  ပြည်သူတွေကို  ရိုက်သွင်းတာမျိုးပါ ။ ဒုတိယခြေလှမ်းက  No Vote Campaign ပါ ။ ပြည်သူတွေကို မဲမထည့်ဖို့ဆွယ်တရားဟောလာတယ် ။ အဲ့ဒီနောက်တော့ ရွေးကောက်ပွဲကော်မရှင်ကို ပြဿနာရှာတယ် ၊ ရွေးကောက်ပွဲရက်ကို ရွေ့ဆိုင်းပေးဖို့ သမ္မတကိုအိတ်ဖွင့်ပေးစာပေးသည်အထိ ပြဿနာရှာတယ် ။ ထိုသူတို့ရဲ့ အဓိကရည်မှန်းချက်ကတော့ ရွေးကောက်ပွဲရက်ကို နောက်ရွေ့ချင်တယ် ။ ဖြစ်နိုင်ရင် ရွေးကောက်ပွဲကြီး မဖြစ်မြောက်တော့ရင် သူတို့ ပိုကြိုက်တယ် ။


စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ဗျူဟာကို တစိုက်မတ်မတ်ကို  ဖော်ဆောင်လာတဲ့အနေအထား ရောက်လာပြီလို့ ဆိုရမှာ ဖြစ်ပါတယ် ။ မြန်မာပြည်သူတွေ သတိရှိပါ ။ သူတို့တွေဟာ အသားလိုလို့  အရိုးတောင်းနေတယ်ဆိုတာ သဘောပေါက်ကြစေချင်ပါတယ် ။ 

မြန်မာ့ရွေးကောက်ပွဲရက်ဟာ အမေရိကန်ရွေးကောက်ပွဲရက်နဲ့ ချိတ်ထားတာပါ ။ ချိတ်ထားရတဲ့ အကြောင်းက ကမ္ဘာ့နိုင်ငံရေးကို ချိတ်ပြီး  မြန်မာနိုင်ငံရေး အလိုက်သင့်မျှောပြီး  ထိန်းကြောင်းနိုင်ဖို့  ဖြစ်ပါတယ် ။ မြန်မာ့နိုင်ငံရေးသက်သက်ချည်းထိန်းကြောင်းယုံနဲ့ စစ်အာဏာရှင်တွေရဲ့ ရန်က ဘယ်လိုမှမဟန့်တားနိုင်ပါဘူး ။ ဒါကြောင့် မြန်မာ့နိုင်ငံရေးကို ကမ္ဘာ့နိုင်ငံရေးနဲ့ ချိတ်ဆက် ဟန်ချက်ညှိပြီး ထိန်းကြောင်းရခြင်းဖြစ်ပါတယ် ။ ဒါကို  သူတို့က  သူတို့အကျိုးအမြတ်အတွက် ခွာဖို့ကြိုးစားနေတာပါ ။

ရွေးကောက်ပွဲရက် နောက်ရွေ့လိုက်ခြင်းဟာ စစ်အာဏာရှင်တွေအတွက်  အားသာချက်တစ်ရပ်ကို ဖြစ်စေပါတယ် ။ ကိုယ်ရဲ့တစ်လှမ်းစောပြီးသားခြေလှမ်းကို  ခြေကန့်လန့်ထိုးဖို့  သူတို့ကြိုးစားနေတာ ဖြစ်ပါတယ် ။

ရွေးကောက်ပွဲအချိန်ကို  နောက်ကိုဆွဲမယ် ။ ဒေါ်နယ်ထရန့်မဲရှုံးခဲ့ရင်  မြန်မာကို စိတ်ကြိုက်မွှေမယ် ။ ဒေါ်နယ်ထရန့်ရွေးကောက်ပွဲရှုံးသွားတဲ့အချိန်ထိ မြန်မာပြည်မှာ ရွေးကောက်ပွဲမကျင်းပရသေးရင် သင်းတို့အကြိုက် မြန်မာ့နိုင်ငံရေးကို အလိုရှိသလို ကစားမယ် ။မြန်မာ့ရွေးကောက်ပွဲကော်မရှင်ကို ပြဿနာရှာမယ် ။ အစိုးရသက်တမ်းကုန်အောင် လုပ်မယ် ။ အဲ့ဒီအချိန်  တိုင်းရင်းသားလက်နက်ကိုင်လိုဟာမျိုးနဲ့  နေပြည်တော်ထိ  တက်ပြီး စစ်ထိုးမယ် ။ သက်တမ်းကုန်နေတဲ့  သမ္မတကြီးကို  ကာလုံ မခေါ်/ခေါ်အောင်  ဖိအားပေးမယ် ။ အစိုးရသက်တမ်းကုန်သွားရင် လုပ်ကြံမှုတွေမရှိဘူးလို့  ဘယ်သူမှ အာမ မခံနိုင်ပါဘူး ။ မြောက်ပိုင်း ( ၃ )ဖွဲ့  ပြင်ဦးလွင်ထိ  စစ်ထိုးသွားတာက အကောင်းဆုံးသာဓကပါ ။ စစ်တိုက်တာ/မတိုက်တာကို  သမ္မတကြီးက အမိန့်ပေးလို့မရပါဘူး ။ ယုတ်စွအဆုံးပြောရရင်  ဗစ်တိုးရီးယားလေး အဓမ္မပြုကျင့်ခံရမှုမှာ လက်သည်သိသိနဲ့ အစိုးရအဖွဲ့က အရေးယူလို့ မရခဲ့ပါဘူး ။ အဲ့ဒါအစိုးရသက်တမ်းမကုန်သေးပါဘူး။ အစိုးရသက်တမ်းသာကုန်သွားရင်  ဖြစ်လာမဲ့ အလားအလာနဲ့အနာဂတ်ကို စဥ်းစားကြည့်၊တွေးကြည့်လို့  ရပါတယ် ။

တရုတ်နှင့်စစ်အာဏာရှင်တွေ လက်ဝါးချင်းရိုက်ပြီး  ပြည်သိမ်းစီမံကိန်းကြီးကို အကောင်အထည်ဖော်နေကြခြင်း ဖြစ်ပါတယ် ။ ကလင်ဒါကျတွေဆက်တိုက် ဖြစ်လာနေတာကို  သတိထားကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်  ။

မြန်မာပြည်သူတွေအားလုံးရဲ့အနာဂတ်နဲ့သက်ဆိုင်တဲ့ ကိစ္စရပ်မို့  အသက်တမျှ အရေးပါလှပါတယ် ။ ထပ်ဆင့် ထပ်ဆင့် မျှဝေပေးကြပါလို့  မေတ္တာရပ်ခံအပ်ပါတယ် 🙏🙏 Please 🙇‍♀️🙇‍♂️

myanmar society🇲🇲


မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေ ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ