မြန်မာ့ရွေးကောက်ပွဲနှင့်အလားအလာ
ကြိုတင်မဲကိစ္စနဲ့ပက်သက်လို့ ပြည်သူတွေအားမရတာ ၊ မကျေမနပ်ဖြစ်ရတာမျိုးတွေ နေရာအများအပြားမှာ တွေ့ရပါတယ် ။ကြိုတင်မဲကိစ္စနဲ့ပက်သက်လို့လည်း အရမ်းမစိုးရိမ်ကြပါနဲ့။ဘာမှစိတ်ပျက်စိတ်အားငယ်စရာမလိုပါဘူး ။ ပြည်သူတွေ လက်တွဲညီညီနဲ့ မဲဝိုင်းထည့်ကြဖို့ပဲ လိုပါတယ် ။ မြန်မာပြည်သူတွေအတွက် မဲက အဓိကပါ ။
မြန်မာတင်မက ကမ္ဘာနိုင်ငံရေးထိပ်တန်းခေါင်းဆောင်တွေပါ USရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီးမှဆုံးဖြတ်ချက်ချမဲ့ သဘောရှိပါတယ်။
USရွေးကောက်ပွဲက နိုဝင်ဘာ( ၃ )ရက်နေ့ဆိုတော့ မြန်မာ့နိုင်ငံရေးထိပ်တန်းခေါင်းဆောင်တွေဟာ အဲ့ဒီရလဒ်အပေါ်မူတည်ပြီး အတိုးအလျော့လုပ်ကြလိမ့်မယ်လို့ မှန်းပါတယ် ။တပ်ဖက်၊အရပ်ဖက်( ၂ ) ရပ်လုံးက US ရွေးကောက်ပွဲရလဒ်အပေါ်မူတည်ပြီး အတိုးအလျော့ လုပ်ကြပါလိမ့်မယ် ။
အောက်တိုဘာ( ၄ )ရက်နေ့နှင့်နောက်ပိုင်းမှာ မြန်မာ့ထိပ်တန်းခေါင်းဆောင်တွေဖက်က သင့်မြတ်တဲ့ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ထွက်လာမယ် မှန်းပါတယ် ။
ဒေါ်နယ်ထရန့်ရှုံးသွားရင် စစ်အာဏာရှင်တွေဖက်က လက်ရှိထက်အဖျက်ကြမ်းတာကို ပြည်သူတွေကြုံရမှာ ဖြစ်ပါတယ် ။ အစိုးရနှင့်ပြည်သူတွေဟာ လိုအပ်တာထက်ပိုပြီး ရုန်းကန်ကြိုးစားရမည့် အခြေအနေရောက်နိုင်ပါတယ်။
ဒေါ်နယ်ထရန့်ရှုံးသွားရင်တော့ လက်ရှိအာဏာရအမေရိကန်သမ္မတရဲ့စိတ်နေစိတ်ထားရယ် ၊ အမေရိကန်ပြည်ထောင်စုရဲ့ယိမ်းယိုင်နေတဲ့အနေအထားနဲ့ဆိုရင် အမေရိကန်-တရုတ် စစ်ဖြစ်နိုင်ခြေရာခိုင်နှုန်း( ၈၀ )ကျော်ရှိတယ်လို့ မှန်းရပါတယ် ။
ဒေါ်နယ်ထရန့်မနိုင်ရင် အကူးအပြောင်းကာလမှာ အမိအရဆော်သွားလိမ့်မယ် မှန်းပါတယ် ။စစ် (သို့မဟုတ်)ဖျက်အားပြင်းတာ တစ်ခုခုပေါ့။
ဒေါ်နယ်ထရန့်နိုင်သွားရင်တော့ တရုတ်ပြည်မကြီးဟာ မြန်မာပြည်က စစ်အာဏာရှင်တွေရော ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ( AA ) ရော ၊ ARSA ရော လွတ်ချပြီး သူပြည်မကြီးကနေ ပြည်နယ်တွေကွဲထွက်မသွားစေရေးကို ကြိုးစားကာကွယ်ဖို့ ခြေလှမ်းပြင်ဆင်မှာ ဖြစ်ပါတယ် ။
ပြောချင်တာက 'အဘ'အနေနဲ့ ရွေးကောက်ပွဲကော်မရှင်နှင့်ပြည်သူ့အစိုးရကို အပြစ်တင်ဝေဖန်တာဟာ တဆိတ်စောလွန်းတယ်လို့ ထင်မိပါတယ် ။
ကမ္ဘာ့အရေးမှာလည်း ကမ္ဘာ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့်အမေရိကန်ရွေးကောက်ပွဲဆိုတော့လည်း အကြိတ်အနယ်ပဲနေမှာပါ ။ အမေရိကန်ပြည်တွင်းရေးကို ဝင်နှောက်ယှက်နိုင်ဖို့ တရုတ်ဟာငွေတွေ ဘယ်လောက်တောင်သုံးထားလည်း မသိနိုင်ဘူး။ ဒေါ်နယ်ထရန့်သာနိုင်သွားရင် တရုတ်ကို ထူးပြီးနှိပ်ကွက်စရာမလိုဘဲ ပြိုလဲတော့မည့် အနေအထားပါပဲ ။
တရုတ်ပြည်မကြီးအကြိုက် ဂျိုးဘိုက်ဒန်နိုင်သွားရင်တော့ နိုင်ငံငယ်တွေအတွက် မချောင်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ တရုတ်က သူသုံးခဲ့ရတဲ့အဖျက်စရိတ်ကိုကာမိအောင် နိုင်ငံငယ်တွေအပေါ်ကနေ ပြန်ရှာမှာမို့လိုပါပဲ ။
အမေရိကန်ရဲ့ ရလဒ်ဘယ်လိုပဲ ရှိနေပစေ ကိုယ့်နိုင်ငံအတွက် ကိုယ်အစွမ်းရှိသလောက်တော့ ကြိုးစားယူရမှာပေါ့ဗျာ ။ မျှော်မှန်းထားသလို ဖြစ်လာတောလည်း ကံပေါ့ ။ လောကမှာ အစိုးရတဲ့အရာ မရှိသေးပါဘူး ။
myanmar society🇲🇲