အီတလီဟာ ဘာကြောင့် ကိုရိုနာဗိုင်းရပ်စ် ပြင်းပြင်းထန်ထန်ခံစားနေရသလဲ ??

ကိုရိုနာဗိုင်းရပ်စ်( covid-19 )ဆက်လက်ပြန့်ပွါးလာတာ​နဲ့အမျှ  အီတလီဟာ ဥရောပမှာ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာနေပါတယ်။ အထူးသဖြင့် အီတလီ မြောက်ပိုင်းမှာပေါ့။ ကူးစက်မှုအရေအတွက်မှာ ဒုတိယနေရာတွင်ရှိသော်လည်း  သေဆုံးအရေအတွက်ကတော့  တရားဝင်ထုတ်ပြန်ထားတဲ့အချက်အလက်အရ  တရုတ်နိုင်ငံ၏ သေဆုံးမှုအရေအတွက်ကိုပင် ကျော်သွားသွားခဲ့ပါပြီ ။


အီတလီအစိုးရမှ  ကူးစပ်နယ်မြေများကို ပိတ်ပင်ထားသည့်တိုင် အီတလီလူမျိုးတွေရဲ့နေ့စဥ်ဘဝမှာ ဝူဟန်ဗိုင်းရပ်စ်ဟာ ဆက်လက်တိုးပွားနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဥရောပမှာ အီတလီဟာ ဘာကြောင့် တခြားနိုင်ငံတွေထက်ကျော်ပြီး ပိုမိုဆိုးရွားစွာ ထိခိုက်ခံစားနေရသလဲဆိုတဲ့ မေးခွန်းကိုမေးစရာ ဖြစ်လာခဲ့ပါပြီ။

အီတလီနိုင်ငံသားတွေဟာ မြောက်ပိုင်းဒေသတွေက သူတို့ရဲ့ သားရေ နဲ့ ချည်မျှင်အထည်လိပ်လုပ်ငန်းကုမ္ပဏီတွေကို တရုတ်သို့ ရောင်းချခဲ့ကြပါတယ်။
အဲ့ဒီနောက် ဝူဟန်နဲ့ ဝမ်ဇူး မှ တရုတ်လူမျိုး အလုပ်သမား တစ်သိန်းလောက်ကိုလည်း အဲ့ဒီအထည်စက်ရုံကို လာရောက်လုပ်ကိုင်ဖို့ ခွင့်ပြုခဲ့ကြပါတယ်။ အဲဒီဒေသကနေ ဝူဟန်ကို တိုက်ရိုက် ပျံသန်းတဲ့လေယာဉ် ခရီးစဉ်ကလည်းရှိနေပါတယ်။

အဲ့ဒီအချက်တွေအရ မြောက်ပိုင်းအီတလီဟာ ဥရောပနိုင်ငံတွေကို ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွါးစေဖို့ ပင်မနေရာဖြစ်စေခဲ့ပြီလား???

လူတွေသိပ်မသိကြတဲ့ အဖြစ်မှန်တစ်ခုက အီတလီရှိ စက်ရုံတွေမှာ တရားမဝင် လာရောက်အလုပ်လုပ်နေခဲ့ကြတဲ့ တရုတ်နိုင်ငံသား အများအပြားကို EU က မသိ မမြင်ချင်ယောင်နေခဲ့တာဘဲ ဖြစ်ပါတယ်။ EU ရဲ့ "Open Borders" ပေါ်လစီက ဒီလိုဖြစ်ရပ်မျိုးကို မျက်ကွယ်ပြုနေခဲ့ပါတယ်။ တကယ်တော့ ရွေ့ပြောင်း ရောက်ရှိလာသော တရားမဝင်တရုတ်အလုပ်သမားသောင်းကျော်နဲ့  အီတာလျံ ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်း တွေကို တရုတ်မာဖီးယားတွေက ဦးစီးလုပ်ကိုင်လည်ပတ်နေကြတာဖြစ်ပါတယ် ။
၎င်းမှ ကုန်ချောများကို အီတလီနိုင်ငံထုတ် brand တွေဆိုပြီး တရုတ်ပြည်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို တင်ပို့နေခဲ့ကြတာပါ ။

တရုတ်မာဖီးယားတွေထံက လာဘ်ယူခြစားနေတဲ့ အီတလီနိုင်ငံသားတွေကို EU ကဘာကြောင့် အရေးမယူရသလဲ ဆိုတာမေးစရာပဲ ???

ဘာကြောင့်  ဥရောပမှာ ကိုရိုနာဗိုင်းရပ် ပြန့်နှံကူးစက်သွားရသလဲဆိုတာကို စုံစမ်းစစ်ဆေးမယ်ဆိုရင် အီတလီမြောက်ပိုင်းဒေသဟာ ပထမဦးဆုံး အဓိကထား စစ်ဆေးရမဲ့ဗဟိုချက်မဒေသဖြစ်တယ်ဆိုတာ တွေးကြည့်ယုံနဲ့ သိနိုင်တယ်။ ဒါပေမဲ့ လုပ်ကြမှာမဟုတ်ဘူးလို့ သံသယဖြစ်မိပါတယ်။

ဖြစ်ရပ်က ဘာကိုညွှန်ပြနေသလည်းဆိုတော့ အီတလီတွေရဲ့ Open Borders လုပ်ရပ်တွေကြောင့်  ဥရောပသမဂ္ဂအတွက် ကပ်ဘေးကြီးတစ်ခုဖြစ်နေခဲ့ပါပြီ ။ ဥရောပသမဂ္ဂမှာ စတုတ္ထမြောက်စီပွားရေးအင်အားကြီးဖြစ်တဲ့အီတလီမှာ လက်ရှိအခြေအနေတွေကြောင့် EU ရဲ့စီမံကိန်းတွေကို ပြိုလဲစေဖို့  တွန်းအားပေးသလိုဖြစ်နေပါတော့တယ်။

( ALTNEWSMEDIA.NET မှ Corona virus exclusive:Why ITALY  ? ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုသည် )

myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ