ပထဝီနိုင်ငံရေးကျရှုံးမှု၏အဖြေ ကျွန်သက်ရှည်

မြန်မာ့ ပင်လယ်ထွက်ပေါက်မှာ စစ်တွေ ၊ ကျောက်ဖြူ ၊ သံတွဲ ၊  ပုသိမ် ၊ ရန်ကုန် ၊ မော်လမြိုင် ၊ ထားဝယ် ၊ မြိတ် ၊ကော့သောင်း ဆိုပြီး ဆိပ်ကမ်းတွေတည်ဆောက်ထား ရှိပါတယ် ။ 


အဲ့ဒီထဲကမှ  ကျောက်ဖြူ ၊မော်လမြိုင်၊ ထားဝယ်  ဆိပ်ကမ်းတွေကတော့  ဆောက်လက်စ အဖြစ်ပဲ  ရှိပါသေးတယ် ။

ဆိပ်ကမ်းတွေ အားလုံးထဲကမှ လက်ရှိအနေအထားအရ  မဟာဗျူဟာအကျဆုံး ဆိပ်ကမ်းတွေကတော့  ကျောက်ဖြူ ၊ သီလဝါ ၊မော်လမြိုင် ၊ ထားဝယ်  ရေနက်ဆိပ်ကမ်းတို့ပဲ  ဖြစ်ပါတယ် ။


တရုတ်နိုင်ငံဖက်ကနေဖော်ဆောင်လျက်ရှိတဲ့ ခေတ်သစ်ပိုးလမ်းမ BRI /OBOR လမ်းကြောင်းဖြစ်သော ကျောက်ဖြူ-မန္တလေး-ကူမင်    လမ်းကြောင်းကလည်း  👉မန္တလေး👈က ဖြတ်ပါတယ် ။  

ဘင်္ဂလားဒေ့ရှ် ၊တရုတ်၊အိန္ဒိယ၊မြန်မာ့ စီးပွားရေးစင်္ကြန်လမ်းBCIM- EC ကလည်း 👉 မန္တလေး👈က ဖြတ်ပါတယ် ။

ဧရာဝတီမြစ်ဝှမ်းစီမံကိန်းဖြစ်တဲ့  ဧရာဝတီမြစ်ကြောင်းတစ်လျောက်ကနေ ကုန်သွယ်မဲ့လမ်းကြောင်း ရန်ကုန်-မန္တလေး-မြစ်ကြီးနား-ကူမင်ကလည်း  👉မန္တလေး👈က ဖြတ်ပါတယ် ။

ဒါကြောင့်  ၎င်းကုန်သွယ်ရေးလမ်းကြောင်းတို့၏ ဆုံချက်ဖြစ်တဲ့ 👉မန္တလေးမြို့👈အနီးမှာ " မြို့သာစီမံကိန်း ၊ အမရပူရစီမံကိန်း"တို့ဟာ  မြန်မာ- တရုတ် စီးပွားရေးစင်္ကြန်လမ်း CMEC -EC အတွက် တည်ဆောက်ဖို့  တရုတ်ဖက်က ရည်စူးတာဖြစ်ပါတယ် ။ 

နောက်တစ်ခုက  ရန်ကုန်မြို့သစ်စီမံကိန်းရှိမယ် ၊ မြစ်ကြီးနားစီးပွားရေးဇုံ စီမံကိန်းတွေ ရှိမယ်ပေါ့ ။ 
သံလွင်မြစ်အရှေ့ခြမ်းစီမံကိန်းတွေကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း - ကူမင်  ကူသန်းလမ်းကြောင်းနဲ့  ချိတ်ဖို့ ရည်ရွယ်ပါတယ် ။


အချက်အခြာကျတဲ့ ကျောက်ဖြူ ၊ ရန်ကုန် နှင့် မန္တလေးကို ချုပ်ကိုင်ထားနိုင်ရင် မြန်မာ့စီးပွားရေးတက်ခြင်းကျခြင်းတွေကိုပါ  ထိန်းချုပ်လို့  ရနေနိုင်ပါပြီ။

မြန်မာ့နိုင်ငံရဲ့  ပထဝီနိုင်ငံရေး အချက်အခြာကျတဲ့နေရာတွေကို ဆုပ်ကိုင်ထားပြီး မြန်မာ့စီးပွားရေးကိုပါ  ချုပ်ကိုင်ထားလို့ရတဲ့  အနေအထားအခင်းအကျင်းဆိုတာ  မြင်ယုံနဲ့  သိသာပါတယ် ။


တနည်း မြန်မာ့ပထဝီနိုင်ငံရေးအချက်အခြာကျတဲ့နေရာကို ခြေကုပ်ယူထားပြီး စီးပွားရေးကို ချုပ်ကိုင်ထားနိုင်ရင်   ကျည်တချက်ဖောက်စရာမလိုဘဲ  မြန်မာပြည်ကို  သိမ်းပိုက်နိုင်ခြင်းပါပဲ ။

မြန်မာနိုင်ငံအပေါ်ကို စီးပိုးဖို့ ချမှတ်ထားတဲ့  တရုတ်ရဲ့ Plan A , B , C ဆိုရင်လည်း မမှားပါဘူး။လမ်းကြောင်းတစ်ခုမရရင် နောက်လမ်းကြောင်းတစ်ခုနဲ့သွားမဲ့ အကြံအစည်မျိုးပါ ။

အဆုံးစွန်ဆုံး တရုတ်ဟာ ကျောက်ဖြူကို လက်လွှတ်ရသည့်တိုင်အောင် ၊ ဧရာဝတီမြစ်ဝှမ်းစီမံကိန်း အကောင်အထည်ဖော်ခွင့်မရသည့်တိုင်အောင် ၊ ၎င်းတို့နှင့်ဆက်စပ်သော မြို့ပြစီမံကိန်းတွေ အကောင်အထည်ဖော်ခွင့်မရသည့်တိုင်အောင်  ထားဝယ်ရေနက်ဆိပ်ကမ်း မှ  ကူမင်ကို  ကုန်သွယ်လို့  ရပါတယ် ။


ဒါဆို ဘာလို့ တရုတ်ဟာ ​ကျောက်ဖြူတို့ ၊ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းတို့ ၊ ၎င်းတို့နှင့်ဆက်စပ်သော မြို့ပြစီမံကိန်းတွေအပေါ်မှာ အသည်းအသန်ဖြစ်နေရသလဲဆိုတာ  တချက်တွေးကြည့်ရအောင် ။

မလက္ကာ ရေလက်ကြားဟာလည်း စစ်ရေးအနေတင်းမာရင်  ပိတ်ဆို့သွားနိုင်သလို   လက်ရှိသွယ်တန်းထားတဲ့ ကျောက်ဖြူ- ကူမင်  လောင်စာပိုက်လိုင်းဟာလည်း အနေအထားတစ်ခု တင်းမာရင် ပိတ်ဆို့သွားနိုင်တာလည်း တရုတ်နိုင်ငံက တွက်ချက်ပြီးသားဖြစ်မှာပါ ။

ဒါကြောင့်  မြန်မာနိုင်ငံရဲ့  ပထဝီနိုင်ငံရေးအချက်အခြာကျတဲ့နေရာတွေကို  ခြေကုပ်ယူထားနိုင်ပြီး  မြန်မာ့စီးပွားရေးအပေါ်မှာ   ရာခိုင်နှုန်းအတော်များများလွှမ်းမိုးချုပ်ကိုင်ထားနိုင်ပါမှ  အိန္ဒိယသမုဒ္ဒရာရေပိုင်နက် စိုးမိုးရေးကို ထိန်းချုပ်ထားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပဲ  ဖြစ်ပါတယ် ။


ဒီအရေးတွေကို  ပြည်သူ့အစိုးရမှ  ကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု  မျှော်မှန်းရပါတယ်။
သတိကြီးကြီးထားပြီး ဆောင်ရွက်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ။

သို့မဟုတ်ရင်  မဟာဗျူဟာ တချက်ချတာ မှားတာနဲ့  ကျွန်သက်  ၁၀၀  ဆိုလည်း မမှားဘူး ။

myanmar  society🇲🇲


အမရပူရမြို့သစ်စီမံကိန်း



မြို့သာမြို့သစ်စီမံကိန်း


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ