ကလင်ဒါကျ နိုင်ငံရေးအောက်လမ်းနည်းများ


{  ၁  }လွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်း အဖမ်းခံခဲ့ရခြင်း

၂၀၁၉ခုနှစ်  နိုဝင်ဘာလ ( ၃ ) ရက်နေ့က လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ  ရခိုင်လက်နက်ကိုင် ( AA ) ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ် ။အဲ့ဒီအချိန်က ( ကာ/လုံ )ခေါ်  .. (ကာ/လုံ)ခေါ်နဲ့ ခဏခဏ အော်ကောင်းနေခဲ့တဲ့အချိန်ပေါ့ ။  

၂၀၀၈ ခုနှစ် မြန်မာ့အခြေခံဥပဒေ ၊ အခန်း ( ၁၁ ) အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ၊
ပုဒ်မ ( ၄၃၂)  ပြဌာန်းချက်မှာ " အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ ထားစဉ်ကာလအတွင်းတွင် နိုင်ငံတော်သမ္မတ ကိုယ်စားဖြစ်စေ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ ၊ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကို ကျင့် သုံးနေသည့်ကာလအတွင်းဖြစ်စေ လုံခြုံရေး ၊ တည်ငြိမ်ရေး ၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ အမြန် ပြန်လည်ရောက်ရှိစေခြင်းငှာလိုအပ်သည့် အရေးယူဆောင်ရွက်မှုပြုနိုင်ရန် လုပ်ပိုင်ခွင့်နှင့် တာဝန်များပေးအပ်ခြင်းခံရသည့် အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ် ၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦး ၊ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ် ၊ ယင်း အဖွဲ့အစည်းဝင်တစ်ဦးဦး ၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ရပ်ရပ် ၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦး ၏ တရားဝင်ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည် ။ ယင်းတရားဝင် ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက်တရားစွဲဆိုခွင့်မရှိစေရ "လို့ ပါရှိပါတယ်။ 

အကယ်၍ သမ္မတကသာ ရခိုင်ကို ကာလုံခေါ်ခဲ့ရင်  အရေးပေါ်ကာလအတွင်း ရခိုင်မှာဖြစ်သမျှ ကိစ္စတိုင်းအတွက်  တပ်ကိုသော်လည်းကောင်း ၊ တပ်က စေခိုင်းခြင်းခံရသူကိုသော်လည်းကောင်း တရားစွဲဆိုခွင့်မရှိပါဘူး ။နောက်တစ်ခုက ကာချုပ်ကို အပြစ်ပေးလို့ရတဲ့ ဥပဒေ ​၂၀၀၈ အခြေခံဥပဒေမှာ မပါရှိပါဘူး ။

အဲ့ဒီတော့  ရခိုင်မှာ လူသတ်မှု ၊ စစ်ရာဇဝတ်မှု စသည့် အလုံးစုံကိစ္စအရပ်ရပ်ကို  သမ္မတကြီး ( သို့) ပြည်သူ့အစိုးရက တာဝန်ယူ၊တာဝန်ခံရမှာ  ဖြစ်ပါတယ် ။ သမ္မတ ( သို့ ) ပြည်သူ့အစိုးရဆိုတာ ပြည်သူကိုကိုယ်စားပြုတာကြောင့် ပြည်သူက တာဝန်ယူ ၊တာဝန်ခံရမယ်ဆိုတဲ့သဘော သက်ရောက်ပါတယ် ။
ကာ/လုံ ခေါ်ခြင်းဟာ သမ္မတကြီးအဖို့  ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်သကဲ့သို့ပါပဲ ။

အဲ့ဒီလို ပြည်သူက လုပ်တယ်ဆိုတဲ့သဘောသက်ရောက်မှုရှိတာကြောင့်  လက်ရှိ ICJ မှာ မြန်မာရင်ဆိုင်နေရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်မှာ  သမ္မတကြီးသာ ရခိုင်ကိုကာလုံခေါ်ခဲ့ရင်  မြန်မာနိုင်ငံဟာ အမှုရှုံးပြီးသားဖြစ်နေတယ်။

သို့သော်  သမ္မတ ( သို့ ) ပြည်သူ့အစိုးရက ရခိုင်မှာ ကာ/လုံ မခေါ်ခဲ့တာကြောင့်   ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့  စစ်ရာဇဝတ်မှုတွေ ၊ လူမျိုးတုံးသတ်ဖြတ်မှု၊စွပ်စွဲမှုတွေဟာ  ပြည်သူနှင့်ပြည်သူ့အစိုးရအပေါ် သက်ရောက်ခြင်း မရှိပါဘူး ။ ကာ/လုံ ခေါ်ထားခဲ့ခြင်းမရှိသည့်အတွက် ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက်  ရခိုင်ပြည်သူတွေအနေနဲ့  တရားစွဲနိုင်တဲ့အခွင့်အရေး ရနေသေးတာဖြစ်ပါတယ် ။ 

သို့သော်ငြား တပ်နှင့်ပက်သက်သောအမှုကိစ္စများအတွက် ကာချုပ်ရဲ့အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်သည်လို့  ဆိုထားပြန်တော့  ပြည်တွင်းကဥပဒေနဲ့တော့ အလုပ်မဖြစ်တာ သေချာပါတယ် ။ အချုပ်ပြောရရင်  နိုင်ငံတကာဥပဒေကြောင်းအရ ရှင်းရပြီဆိုရင်  ကာကွယ်ရေးဦးစီးချုပ်က တာဝန်ယူ ၊ တာဝန်ခံရမှာ  ဖြစ်ပါတယ် ။ 

အဲ့လိုအရှုပ်ထုပ်တွေကို  ပြည်သူ့အစိုးရခေါင်းပေါ်လွှဲချလိုတဲ့အတွက်  ကာ/လုံခေါ်လိုတာ ဖြစ်ပါတယ် ။

ထိုနည်းတူစွာ တရုတ်သည်လည်း ကုလားတန်မြစ်ဝှမ်းစီမံကိန်းကိုတားဖို့အတွက် နှင့် ရခိုင်ဒေသကို  ဆုပ်ကိုင်ထားဖို့အတွက်   ရခိုင်ဒေသကို ကာလုံခေါ်ရေးလိုလားမှာ အမှန်ပါ ။

အဲ့ဒီအချိန်က အတည်မပြုနိုင်တဲ့ သတင်းတွေအရ ရခိုင်လက်နက်ကိုင်အဖွဲ့ ( AA)ကလည်း  ဦးအေးမောင်နဲ့လဲမလား .. သိန်း  ( ၃၀၀၀)  ပေးမလားဆိုတဲ့သတင်းတွေပါ Facebook တခွင် ပြန့်နှံ့ခဲ့ပါတယ်။  

အစိုးရက အဖက်မလုပ်တော့  တပ်ဖက်က မျှော်မှန်းတဲ့အတိုင်း တက်မလာတော့   စိတ်ပျက်တဲ့အသံထွက်လာခဲ့ပါတယ် ။ တကယ်က မြန်မာပြည်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးအတွက် တာဝန်ယူထားတာက  စစ်တပ်ပါ။ အဲ့ဒီတုန်းကလည်း တပ်ဟာ တပ်ရဲ့တာဝန်ကို မကျေပွန်ခဲ့ပါ ။ ချင်းအမတ်ကို ကယ်ဆယ်ဖို့မလုပ်ခဲ့ဘဲ ၊ လက်နက်ကိုင်ကိုချေမှုန်းဖို့မလုပ်ခဲ့ဘဲ  .. ဝေဖန်၍သာ နေခဲ့ပါတယ် ။


ဒုတိယအကြိမ် ပြည်ထောင်စုလွတ်တော် ( ၁၄ )ကြိမ်မြောက်အစည်းအဝေးမှာ ဦးဝှေ့တင်းအဖမ်းခံရမှုနဲ့ပက်သက်လို့ ရှုံ့ချကြောင်း အဆိုတင်ရာတွင် ထောက်ခံမဲပေးသူ (၃၇၆)ဦး၊ကန့်ကွက်သူ ( ၇ )ဦး၊ကြားနေ( ၃ )ဦး၊မဲမပေးသူ (၁၉၀)ဦး ရှိခဲ့သည်ကိုလည်း တွေ့ခဲ့ရပါတယ်။ တပ်ဟာ ပြည်သူ့အစိုးရကို ဘယ်အဖွဲ့အစည်းက ဘာလုပ်လုပ်  သူတို့နှင့်မဆိုင်သလိုနေခဲ့ကြသည်က လွှတ်တော်မှာပင်သက်သေတည်၏ ။


လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအဖမ်းမခံရသေးခင်က   ရခိုင်လက်နက်ကိုင်အဖွဲ့( AA)ရဲ့ ဝါးရင်းတုတ်နဲ့ရိုက်သတ်တဲ့ Vedio Fileကို  Facebook မှာ အရင်ကြိုဖြန့်ခဲ့ပါတယ် ။

အင်းဒင် နှင့် ဂူတာပြင်က ဘင်္ဂလီကိစ္စကိုလည်း  ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က  သတ်တာပါလို့  ဝါဒဖြန့်ခဲ့ချင်ပုံရပါတယ်။နိုင်ငံတော်ကို ပုန်ကန်သူအစစ်ဟာ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ပါဆိုတဲ့ Message ကို ပြည်သူတွေသိအောင်ပေးပြီး တပ်ရဲ့ စစ်ရာဇဝတ်မှုကို ဆွဲဖုံးချင်ခဲ့ပုံရပါတယ်။ပြည်ပကသိအောင်တော့ အိန္ဒိယသားတွေကိုပါဖမ်းပြီး  Message ပေးခဲ့ချင်ပေမဲ့ ဘယ်လိုမှ ဖုံးကွယ်လိုမရတော့ဘဲ သက်သေနဲ့တကွ ဖော်ထုတ်လာတာကြောင့်  ၂၀၁၉ ခုနှစ်  နိုဝင်ဘာ( ၂၆ ) ရက်နေ့မှာ ဂူတာပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား တပ်မှ  အပြစ်ပေးခဲ့ရပါတော့တယ်  ။(ဦးဝှေ့တင်းပြန်ပေးဆွဲခံရမှုမှာ အိန္ဒိယသားတစ်ယောက်သေခဲ့ပါတယ် ။ အိန္ဒိယဝန်ကြီးချုပ်မိုဒီက မြန်မာအစိုးရအားငဲ့ညှာသောအားဖြင့် ထိုသူမှာ နဂိုနှစ်လုံးရောဂါအခံကြောင့်သေရတယ်ဆိုပြီး  သတင်းကို ဆွဲဖုံးသွားခဲ့ပါတယ်။ )   

35th ASEAN SUMMIT အပြီးမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီက " မြန်မာနိုင်ငံဟာ ကျွန်ုပ်တို့အရှေ့နှင့်ထိတွေ့ဆက်ဆံရေးမူဝါဒတွင် အဓိကကျသည်"ဟု သူ့ရဲ့ တွစ်တာမှာရေးသားခဲ့ပါတယ် ။သူ့တွစ်တာမှာ မြန်မာလို/အင်္ဂလိပ်လိုရေးပြီး မြန်မာနိုင်ငံနဲ့ဘယ်လောက်ချစ်ကြည်ကြောင်း၊ မဟာဗျူဟာအရ ဘယ်လောက်အရေးပါကြောင်း ပြောခဲ့တာကြောင့်  တရုတ်ကြီးမနေနိုင်တော့ပဲ ၂၀၁၉ခုနှစ်  ဒီဇင်ဘာ( ၉ )ရက်နေ့မှာ  စွန်ဂေါ်ရှန်း ဆင်းလာပြီး ငြိမ်းချမ်းရေးအတွက် တရုတ်ကိုအားကိုးလို့ရပါတယ်ဆိုပြီး  ခြိမ်းခြောက်သလိုလိုလာပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ်  ဒီဇင်ဘာ(၁၀) ရက်မှာ ICJ မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အဖွဲ့ဟာ အာဖရိကနိုင်ငံငယ် ဂမ်ဘီယာမှ လူမျိုးတုံးသတ်မှု စွပ်စွဲချက်ကို သွားရောက်ရင်ဆိုင်ချေပခဲ့ပါတယ်  ။ မြန်မာဖက်မှ အမှုအားကျေလည်စွာ ရင်ဆိုင်ချေပနိုင်ခဲ့ပါတယ်။ ICJ မှအပြန်  ဒေါ်အောင်ဆန်းစုကြည်ရဲ့အပြန်ခရီးကို ပြည်သူသိန်းချီ၍ ခရီးဦးကြိုပြုခဲ့ကြတဲ့အတွက်  ဂျပန်မီဒီယာတွေကတောင်  တအံ့တသြရေးယူခဲ့ရတဲ့အထိပါ ။

၂၀၂၀ ခုနှစ်  ဇန်နဝါရီ  (၁၁) ရက်နေ့မှာ စွန်းဂေါ်ရှန်း မြောက်ပိုင်း ( ၄ )  ဖွဲ့ဆီသွား၍ အပစ်အခတ်ရပ်နားထားရန် ပြောကြားခဲ့ပါတယ်  ။အကြောင်းကတော့ တရုတ်သမ္မတရှီကျင်းပင်  မြန်မာပြည်လာရောက်မည့်ခရီးစဥ်ကြောင့်လို့ ယူဆနိုင်ဖွယ်ရာပါ ။

၂၀၂၀ ခုနှစ်  ဇန်နဝါရီ ( ၁၇ ၊ ၁၈ ) မှာ  တရုတ်သမ္မတရှီကျင်းပင်  မြန်မာသို့လာရောက်ခဲ့ပြီး သမ္မတဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့အပြင် ကာကွယ်ရေဦးစီးချုပ်နဲ့ပါတွေ့ဆုံခဲ့ပါတယ်။ ၂၀၂၀ ဇန်နဝါရီ (၁၇)  ရက်နေ့ တရုတ်သမ္မတရှီရဲ့  မြန်မာနိုင်ငံခရီးစဥ်အတွင်းမှာ မြန်မာအစိုးရ နှင့် တရုတ်နိုင်ငံအကြားမှာ  ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် တချို့လုပ်ခဲ့သလို  တိုင်းရင်းသားလက်နက်ကိုင်များအား လက်နက်ခဲယမ်းထောက်ပံ့ခြင်းအကြောင်း သတိပေးပြောကြားခဲ့ပါတယ် ။ သူတင် -ကိုယ်တင်အနေအထားတစ်ခုကို မြန်မာအစိုးရမှ  ရယူနိုင်ခဲ့ပါတယ် ။ ချို့ယွင်းချက်အနေဖြင့် ဦးသိန်းအစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစာချုပ်တွေ၊ကန်ပိုက်တီးစီမံကိန်းစာချုပ်တွေမှာတော့ မြန်မာဖက်က မတတ်သာလို့ လိုက်လျော့ခဲ့ရတာတွေ ရှိခဲ့ပါတယ် ။

( ဝူဟန်ဗိုင်းရပ်စ်ဖြစ်နေတာက ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ထဲမှာကတည်းကပါ ။တရုတ်နိုင်ငံ၏အထက်တန်းလွှာဗဟိုကျောင်း၏ ပါမောက္ခ Cai Xia က  ၂၀၂၀ခုနှစ်  ဇန်နဝါရီ( ၇ ) ရက်နေ့မှာ  ရှီကျင်းပင်  စသိခဲ့တယ်လို့  ဖွင့်ချခဲ့တယ် ။ ဒါပေမဲ့  ဗိုင်းရပ်စ် ပြန့်ကြောင်းကို  ၂၀ ရက်နေ့မှ  ထုတ်ပြန်ခဲ့တယ်လည်း အတိအကျပြောခဲ့တာပါ ။ မြန်မာပြည်ကို  ၂၀၂၀ ခုနှစ်  ဇန်နဝါရီ  (၁၇ ၊ ၁၈ ) နေ့က တရုတ်သမ္မတရှီကျင်းပင် လာခဲ့တယ် ။မြန်မာပြည်က ပြန်သွားပြီး (  ၂၀ ) ရက်နေ့ကျမှ ဗိုင်းရပ်စ်ပြန့်နှံ့ကြောင်း ထုတ်ပြန်ခဲ့တာ  ဖြစ်ပါတယ် ။ ဆိုလိုတဲ့သဘောက  ရှီကျင်းပင်ဟာ  မြန်မာပြည်ကို မလာခင်ကတည်းက ဗိုင်းရပ်ပြန့်နှံနေကြောင်းကို  သိနေခဲ့ပြီ ။ မြန်မာ့အခြေခံဥပဒေ ပြင်ခါနီးအချိန်လည်း ဖြစ်တယ် ။ တရုတ်ကကုန်သွယ်ရေးစစ်ပွဲနဲ့မရှု့မလှ ဖြစ်နေချိန် ၊ အဘတွေအတွက်လည်း အခြေအနေသိပ်မလှတဲ့အချိန်လည်း ဖြစ်တယ် ။ အဲ့ဒီမှာ ကိုရိုနာဗိုင်းရပ်စ်အား စဖြန့်ခဲ့တယ်ဆိုပါတော့ ။ ခုဆိုရင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ( ၂၀) ရက်နေ့ကတည်းကနေ ဝူဟန်ဗိုင်းရပ်စ်နဲ့အပင်းခံပြီး ရွေးကောက်ပွဲအထိ အချိန်ကာလကို ဆွဲဆန့်လာခဲ့တာ   ရွေးကောက်ပွဲ ရောက်ဖို့   ၁ လလောက်တောင် မလိုတော့ပါဘူး ။ ဝူဟန်ဗိုင်းရပ်စ်ဟာ ခုထိအလုပ်ဖြစ်နေသေးတယ် ဆိုရမလားပဲ။ )

တရုတ်သမ္မတမြန်မာပြည်သို့ခရီးစဥ်အပြီး  ၂၀၂၀ ခုနှစ် ဇန်နဝါရီ ( ၂၁ ) ရက်နေ့မှာ  အဖမ်းခံရသော လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ဖာသိဖာသာပဲ ပြန်လည်လွှတ်ပေးခဲ့ပါတယ် ။

ရခိုင်လက်နက်ကိုင်အဖွဲ့(AA) မှ လွှတ်တော်ကိုယ်စားဦးဝှေ့တင်းအား ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်မှာ ရခိုင်ပြည်နယ်အား ကာ/လုံခေါ်ဆိုအောင်ဖိအားပေးခြင်း ၊ အင်းဒင်နှင့်ဂူတာပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုအားလမ်းကြောင်း လွှဲလိုခြင်း ၊ ကုလားတန်မြစ်ဝှမ်းစီမံကိန်းအား နှောက်ယှက်ဖျက်ဆီးလိုခြင်း ၊ အိန္ဒိယနှင့်မြန်မာတို့၏ မဟာဗျူဟာမြောက်ဆက်ဆံရေးအား မနှစ်မြို့ခြင်း ၊ မြန်မာ့ငြိမ်းချမ်းရေးနဲ့ တရုတ်ပြည်မကြီး၏လိုအင်တို့ဖြင့် အလဲအထပ်ပြုလုပ်လိုခြင်း ( မြန်မာ့ပထဝီနိုင်ငံရေးအား ကုတ်စီးလိုခြင်း) ၊ ICJ သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိအားပေးလိုခြင်း၊ သမ္မတရှီကျင်းပင်၏ မြန်မာပြည်ခရီးစဥ်၌ တရုတ်ပြည်မကြီးမှ အလိုရှိသောစာချုပ်များအား လိုက်လျောချုပ်ဆိုနိုင်စေရေးအတွက်  လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ခေတ္တဖမ်းဆီးထိန်းသိမ်းထားရခြင်းဟု  သုံးသပ်လို့ရပေသည် ။

______=====______=====________

{  ၂  } ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ အဖမ်းခံခဲ့ရခြင်း

၂၀၂၀ ခုနှစ်  အောက်တိုဘာလ( ၅ )ရက်နေ့က အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့် စစ်ဦးစီးချုပ်တို့  မြန်မာနိုင်ငံသို့ လာရောက်စဉ်   အိန္ဒိယနိုင်ငံက သန်လျင်တွင် ဒေါ်လာ​ ( ၆ )ဘီလီယံတန် ရေနံချက် စက်ရုံတည်ဆောက်ရန် နှင့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်တွေဆိပ်ကမ်းအား လည်ပတ်နိုင်ရန် မြန်မာအစိုးရထံ အဆိုပြုတင်ပြခဲ့ကြောင်း  ထည့်သွင်းဆွေးနွေးခဲ့တယ်လို့  သိရပါတယ် ။
 ၂၀၁၂ ခုနှစ်၊ မေလအတွင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ ခရီးစဉ်အတွင်း အိန္ဒိယ-မြန်မာ  နယ်ခြားဒေသ ဖွံဖြိုးမှု နားလည်မှုစာချွန်လွှာတရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း အကောင်အထည်ဖေါ်မည့် ဖွံဖြိုးရေး စီမံချက်ပေါင်း (၁၄၀) အတွက် အိန္ဒိယမှ နှစ်စဉ် ဒေါ်လာ( ၅ )သန်း ထောက်ပံ့သွားရန် ရှိနေသည်ကို ယခုအခါ ၂၀၂၂ ခုနှစ်အထိ သက်တမ်း တိုးမြှင့်လိုက်ကြောင်းလည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းတွင်လည်း အိန္ဒိယမှ ဖွံ့ဖြိုးရေး စီမံချက်များ အကောင်အထည် ဖေါ်သွားရန် ရှိနေပြီး လုပ်ငန်းခွင်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အမှိုက် မီးရှို့စက်၊ ဆိုလာစွမ်းအင်ပရိုဂျက်များ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ခေတ်မီတိုးတက်ရေး နှင့် လမ်းဖေါက်လုပ်ရေးများအပါအဝင် ပရိုဂျက်(၁၂ )ခု ပါဝင်သည်ဟု သိရပါတယ်။
ထိုင်း-မြန်မာ-အိန္ဒိယ အဝေးပြေးလမ်းမ ဖေါက်လုပ်ရေးများလည်း ပါဝင်ပါတယ်။အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ပမာဏအားဖြင့် ဒေါ်လာ ၁.၅ ဘီလီယံ ရှိနေခဲ့တာပါ။

၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၃)ရက်နေ့မတိုင်ခင်ကတရုတ်-ဘင်္ဂလားဒေ့ရှ်-မြန်မာတို့ ပါ၀င်သော ( ၃ )နိုင်ငံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးကို ကျင်းပရန် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျင်ပင်က အဆိုပြုလိုက်ခြင်းဖြစ်ပြီး၊ ပေကျင်းမြို့တွင် ကျင်းပမည်ဟု ထင်မှတ်ရကြောင်း၊ထိုကဲ့သို့သောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါမှဖြစ်မည်ဖြစ်ကြောင်းကို ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအေကေအဗ္ဗဒူမိုမင်က ဆိုပါတယ်။(ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမင်ဆိုတာ  မြန်မာကို စီးပွားရေးပိတ်ဆို့အရေးယူဖို့  စပိန် နှင့် EU ကို ၂၀၂၀ခုနှစ် ဇူလိုင်လ ၂၀ရက်ဝန်းကျင်က တိုက်တွန်းခဲ့တဲ့ သူပေါ့ ။ အဲ့ဒီတုန်းက မြန်မာဖက်က  ဘင်္ဂလားဒေ့ရှ်သံအမတ်ကိုတောင် ခေါ်ယူကန့်ကွက်ခဲ့ပါသေးတယ် ။အဲ့တုန်းကကိစ္စပြန်ဖတ်လိုလျှင် 👇

ခု မြန်မာကို ခေါ်ဆွေးနွေးဖို့လိုလားတယ်ဆိုတာကလည်း  ထိုနည်းလည်းကောင်းပါပဲ ။ တရုတ်အားကိုးနဲ့  ခြိမ်းခြောက်ချင်တဲ့သဘောပါ ။ အဓိကကတော့  ဘင်္ဂလားဒေ့ရှ်နှင့်တရုတ်   နှစ်ကိုယ်ကြား ဇာတ်တိုက်ပြီးမှ  မြန်မာကို  အချဥ်ဖမ်းဖို့  ဇာတ်လမ်းရှာနေတာဖြစ်ပါတယ် ။ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်  တက်မှရမယ် ဘာညာနဲ့ .. ထွက်လာတဲ့လေသံကကို  မူမမှန်ဘူး ။အဓိကကတော့  တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ယူတွေ့ဆုံဆွေးနွေးချင်တာသာ ဖြစ်ပါတယ် ။ မြန်မာမြေကို လောလောလက်လက်ခိုးထားတဲ့  တရုတ်က ဒီပွဲမှာ ဒိုင်လုပ်ရလောက်တဲ့အရည်အချင်းမရှိပါဘူး။)

၂၀၂၀ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၃ )ဦးဖြစ်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ရခိုင်လက်နက်ကိုင် ( AA )အဖွဲ့က ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ် ။


လတ်တလောမှာ မြန်မာရင်ဆိုင်နေရတဲ့ ICJ အမှုအား ICC သို့ လွှဲပြောင်းပေးရေးအတွက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အသံတွေ ဆူညံလျက်ရှိပါတယ်။
လူ့အခွင့်အရေးအဖွဲ့ကသူအတော်များများကလည်း တရုတ်နှင့်ဒီမိုကရက်လက်ပါးစေတွေ များပါတယ် ။(တရုတ်နှင့်ဒီမိုကရက်တွေဟာ မြန်မာကို သူတို့ခွင်ထဲ  ဆွဲသွင်းဖို့ကြံနေပုံရပါတယ် ။တရုတ်ဟာ ဘင်္ဂလီအရေးနဲ့  ရခိုင်မှာ မီးမွေး ၊ အဘတွေကိုအရေးယူဖို့  ပြည်သူ့အစိုးရက ICC ကိုသွား ၊အဲ့ဒီလို့တွက်ထားခဲ့ပုံရပါတယ် ။ICC ဆိုတာဟာ  မူစလင်နိုင်ငံတွေရဲ့ပိုင်နက် ၊ မူစလင်နိုင်ငံတွေကို  တရုတ်ကချုပ်ထားပါတယ်။ ဘယ်လောက်တောင်  ပီသလဲဆိုရင်   တရုတ်က  ဝိဂါမူစလင်ကိစ္စကို မူစလင်နိုင်ငံတွေ  တရုတ်ကို စေ့စေ့ကြည့်ပြီး  မပြောရဲပါဘူး ။ တကယ်ရောက်သွားတာက ICJ ဆိုတော့  သူတို့ဆင်သလို  မဟုတ်တော့  ဂမ်ဘီယာနိုင်ငံအပြင် ထပ်ဆင့်အနေဖြင့် မော်လဒိုက် ၊ ကနေဒါ ၊ နယ်သာလန်နိုင်ငံတွေပါ  ထပ်တရားစွဲနေတာဟာဖြင့်   မြင်မကောင်းပါပဲ ။သူတို့လိုချင်တဲ့အဖြေ မဟုတ်လို့ အဲ့လိုအဆင်တွေ ခင်းလာတာ သိသာပါတယ် ။လုပ်ဇာတ်တွေက  တအားသိသာလွန်းနေတယ် ။ 
မြန်မာ- ဘင်္ဂလားဒေ့ရှ်  ( ၂ ) နိုင်ငံကြားမှာ  ၁၉၉၃  ပြန်လည်လက်ခံရေးဥပဒေ နှင့် ၁၉၈၂  နိုင်ငံသားဖြစ်ရေးဥပဒေအရ   ဘင်္ဂလီကိစ္စဆောင်ရွက်မယ်လို့  သဘောတူခဲ့တာပါ ။အဲ့ဒီမူအတိုင်းသွားရင် ဘင်္ဂလီကို ပြန်လည်လက်ခံခဲ့ရရင်တောင်  သောင်းဂဏာန်းပါပဲ ။
သူတို့ရည်ရွယ်ထားတာက  မြန်မာဟာ ကမ္ဘာမှာ အဖတ်ဆယ်မရအောင်သိက္ခာကျ ၊ပြည်သူ့အစိုးရကလည်း တရုတ်အောက်ပြန်ကျို့ ၊ တရုတ်က စီးမိသွားတာနဲ့ နောက်ဘယ်အစိုးရပဲတက်တက် ပြန်လှန်ဖို့မလွယ်တဲ့အနေအထားပါ ၊ ကော့ဘဇာဒုက္ခသည်စခန်းကဘင်္ဂလီတွေအားလုံးကို ရခိုင်မြေပေါ် အကုန်ထိုးထည့် ၊ အဲ့ကောင်တွေကို တရုတ်က လက်နက်တပ်ပေး ၊ အဖွဲ့ဖွဲ့ပေး ၊ တရုတ်စီးပွားရေးကလွဲရင်  ကျန်တဲ့နိုင်ငံမလာအောင်လုပ်၊သောင်းကျန်းသူကြီးစိုးတဲ့နယ်မြေဖြစ် နှစ်ပါသွားရဖို့ ကြံစည်နေတာဖြစ်ပါတယ် ။
👉မြန်မာပြည်ရဲ့အနောက်တံခါးနှင့်မြောက်တံခါးကို ထိန်းချုပ်နိုင်ရင် ဘယ်အစိုးရတက်တက် တရုတ်ဟာ သူတို့အလိုရှိတိုင်းမီးမွှေးပြီး မြန်မာပြည်အစိုးရကို ချုပ်ကိုင်ထားဖို့ရည်ရွယ်တာပါ 👈။
ဒါကြောင့်  ယခုလို ဘင်္ဂလီကိစ္စမှာအသံကျယ်ကျယ်ပြန်ထွက်လာတာဟာ နောက်ကွယ်က တရုတ်နှင့်ဒီမိုကရက်တွေရဲ့စေ့ဆော်မှုကြောင့်   ပြန်ထွက်လာတာလို့  ယူဆနိုင်ပါတယ် ။သူတို့  လောနေပြီလို့ဆိုနိုင်တယ်။မအောင့်နိုင်တော့ပါဘူး။ ဒါကြောင့်ပါ ။
နောက်တစ်ခုပြောချင်တာက ဘင်္ဂလားဒေ့ရှ်ဖက်က  တရုတ်လိုက်ပြောပေးလို့  အဘတွေကို  နှပ်ချတယ်လို့ယူဆနေတာဟာ မဟုတ်ဘူးလို့ပဲ   ပြောချင်ပါတယ် ။ အပေါ်ယံကြည့်ရင်  အဲ့ဒီလိုပေမဲ့   ICJ မှာ ဒေါ်အောင်ဆန်းစုကြည်ရှုံးပါစေ ဆုတောင်းနေတာ အဘတွေ ထိပ်ဆုံးက ပါဝင်တယ် ။ ဒါကြောင့်လည်း  ဒေါ်အောင်ဆန်းစုကြည် ICJ မှာသွားရောက်ဖြေရှင်းတာတောင်  အဘတွေဟာ အမျိုးမျိုးနှောက်ယှက်နေတာ ထင်ထင်ရှားရှားမြင်နိုင်တယ် ။ 
အဘတွေရဲ့နောက်ဆုံးအကွက်က  တရုတ်ပြည်ထဲပြေးပြီး ဝပ်ကျင်းလုပ်ဖို့ အသင့်ပြင်ထားလို့  ဒီလောက်ရဲတင်းနေကြတာဖြစ်ဖွယ်ရှိတယ်လို့  ယူဆရပါတယ် ။)

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ( ၈ )ရက်နေ့မှာ မြန်မာပြည်သူတွေအတွက် အသက်တမျှအရေးပါလှတဲ့ မြန်မာ့အထွေထွေရွေးကောက်ပွဲကြီးကလည်း ရှိနေပါတယ် ။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ အဖမ်းခံခဲ့ရတဲ့ နိုင်ငံရေးဖြစ်စဥ်တွေကို သုံးသပ်ရလျှင် လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအဖမ်းခံခဲ့ရတဲ့နိုင်ငံရေးဖြစ်စဥ်တွေနဲ့ ဆင်တူရိုးမှားလို့ ဆိုနိုင်ပါတယ် ။ 

အထူးသဖြင့် ကုလားတန်မြစ်ဝှမ်းဖက်စုံသုံးစီမံကိန်းအား နှောက်ယှက်ဖျက်ဆီးလိုခြင်း ၊ အိန္ဒိယနှင့်မြန်မာတို့၏ မဟာဗျူဟာမြောက်ဆက်ဆံရေးအား မနှစ်မြို့ခြင်း ၊ မြန်မာ့ငြိမ်းချမ်းရေးနဲ့ တရုတ်ပြည်မကြီး၏လိုအင်တို့အား အလဲအထပ်ပြုလုပ်လိုခြင်း ( မြန်မာ့ပထဝီနိုင်ငံရေးအား ကုတ်စီးလိုခြင်း) ၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ် ( ၃ )ပွင့်ဆိုင်ဆွေးနွေးရေးအတွက် ဖိအားပေးလိုခြင်း ၊ စစ်တပ်၏စစ်ရာဇဝတ်မှုများအား လမ်းကြောင်းလွှဲလိုခြင်း ၊ ရခိုင်ပြည်နယ်အား အမဲရောင်နယ်မြေအဖြစ်ဆက်လက်တည်ရှိစေလိုခြင်း၊အထွေထွေရွေးကောက်ပွဲကြီးအတွက် ၎င်းအမတ်နှင့်အမတ်လောင်းများပါဝင်စေခြင်းမရှိစေရန် ဖမ်းဆီးခြင်း၊ရခိုင်ပြည်နယ်တွင် NLDကလွဲလျှင် တခြားပါတီများကို အားသာစေလိုသော ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းလည်း  ဖြစ်ပါတယ် ။ဒါကြောင့် ဖမ်းဆီးခံခဲ့ရတဲ့အမတ်တွေဟာ မြန်မာ့အထွေထွေရွေးကောက်ပွဲကြီးပြီးလျှင် ပြန်လည်လွှတ်မြောက်လာနိုင်ဖွယ်ရှိတယ်လို့  သုံးသပ်ရပါတယ် ။

#ဖမ်းဆီးခံခဲ့ရတဲ့အမတ်တွေကိုမဲဝိုင်းပေးဖို့ဆော်သြပါရစေ

myanmar society🇲🇲


မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ