အနာနှင့်ဆေး တည့်ဖို့လို

ဂျိုးဘိုက်ဒန်ရဲ့ပေါ်လစီအရ   အာစီယံဒေသတွင်းမှာလည်း  စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာရသလို  ဥရောပမဟာမိတ်တွေကြားမှာ  စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်လာရတယ်။ အမေရိကန်ပြည်တွင်းမှာလည်း  ပြည်တွင်းအကြမ်းဖက်မှုတွေ မြင့်တက်လာတယ်လို့  တက်လာတဲ့သတင်းတွေအရ  ကောက်ချက်ဆွဲလို့ရပါတယ် ။ ဂျိုးဘိုက်ဒန်အစရှိသော ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အပြောနဲ့​ပကတိမြေပြင်အရှိတရားဟာ ခြားနားနေတာ ၊ မယောင်ရာဆီလူးနေတာ ၊ လိုရင်းမရောက်နိုင်တာ ၊ လုံးဝဆန့်ကျင်ဖက်ဖြစ်နေတာကို  သိနိုင်ပါတယ်။ 

NUG အစိုးရအနေနဲ့ ကုလသမဂ္ဂစာမျက်နှာမှာပဲဖြစ်ဖြစ် ၊ ကမ္ဘာ့စာမျက်နှာပဲဖြစ်ဖြစ် ၊ ပြည်တွင်းစာမျက်နှာပါပဲဖြစ်ဖြစ်  ကိုယ်ထူကိုယ်ထ ကိုယ်လမ်းကြောင်းကိုဖောက်ပြီး  တူရာတူရာတွေစုပြီး  သွားမှ  ပိုအဆင်ပြေပါလိမ့်မယ်။ သူများအပြောမှာ မျှောလိုက်နေရင်  ရေမျောကမ်းတင်ဖြစ်သွားလိမ့်မယ်။

မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားဖို့ ၊ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ အင်အားကြီးမားတဲ့ပြည်သူ့ကိုယ်စားပြုတပ်မတော်တစ်ခု ဖန်တီးဖို့လည်း မရှိမဖြစ်လိုကိုလိုပါတယ်။၎င်းအချင်းအရာဟာ ရေတိုအတွက်လည်း လိုတယ် ၊ ရေရှည်အတွက်လည်း လိုပါတယ်။ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးတဲ့  နိုင်ငံသားတိုင်း စစ်ပညာမသင်မနေရ လုပ်ထုံးလုပ်နည်းနဲ့လည်း  ကိုက်ညီတယ် ။

ပြဿနာတစ်ခုဟာ မကြာသင့်ဘဲ ကြာနေရတာဟာ  အနာရောဂါနှင့်ဆေး မတည့်သေးလို့ပါပဲ။အနာရောဂါနှင့်ဆေးတည့်သွားရင်  အချိန်တိုတွင်း မုချပျောက်ကင်းပါတယ်။စိန်ခေါ်မှုတစ်ခု (သို့ ) ပြဿနာတစ်ခုကို အဖြေရှာတဲ့နေရာမှာ အကြောင်းတရားနှင့်အကျိုးတရားကို ရှင်းလင်းစွာသဘောပေါက်ရင်  အနာရောဂါအတွက်လိုအပ်တဲ့ဆေးကို ရှာဖို့ခက်မယ်မထင်ဘူး။ တချို့ အနာရောဂါတွေက ဆေးကုလို့မပျောက်နိုင်ပါဘူး ၊ အနာရောဂါဖြစ်လာရခြင်း  အကြောင်းတရားကို ပယ်မှ အနာပျောက်ကင်းပါတယ်။

ဒီအကြောင်းတွေကို အရင်ကလည်း အကြိမ်ကြိမ်သတိပေးခဲ့ပြီးသားဖြစ်ပါတယ်။ခုလည်း ထပ်မံနှိုးဆော်ပေးတဲ့သဘောပါ။

myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ