မဟာဗျူဟာဉာဏ်ရည်ကစားပွဲ

ရခိုင်အနောက်တံခါးပြဿနာဆိုသည်မှာ   မြန်မာ့အချုပ်အခြာခိုင်မာရေး ၊ မြန်မာ့အခြေခံဥပဒေပြင်ဆင်ရေး ၊ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ၏ အားပြိုင်မှု ၊ အိန္ဒိယသမုဒ္ဓရာရေပိုင်နက်စိုးမိုးရေး ၊ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအောင်မြင်ရေး ၊ တရုတ်ပိုးလမ်းမစီမံကိန်း နှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ စသည့်အရာများစွာ၏ ကြိုးဆက်ထုံး( သို့ ) ဆုံချက် ဟု   "နိုင်ငံများ၏အားပြိုင်မှု ( သို့ ) နိုင်ငံများ၏ဆုံချက် မြန်မာ" post တွင်  ကောက်ချက်ဆွဲ၍  ရေးသားခဲ့ပြီးဖြစ်ပါသည် ။

ယခု post အားမဖတ်ရှု့ခင်  "နိုင်ငံများ၏အားပြိုင်မှု ( သို့ )နိုင်ငံများ၏ဆုံချက် မြန်မာ" post ကို  အရင်ဖတ်ပေးစေလိုပါတယ် ။အကယ်၍ မဖတ်ရသေးဘူးဆိုလျှင် အောက်က လင့်ခ်ကို နှိပ်ပြီးဖတ်ပေးစေလိုပါတယ် 

လက်နက်အင်အား( သို့ ) စစ်အင်အားပြိုင်ခြင်းမျိုးမဟုတ်ဘဲ  နိုင်ငံရေးမဟာဗျူဟာအခင်းအကျင်းအကွက်ရွေ့ကစားပွဲ ဖြစ်သောကြောင့် ဘယ်နိုင်ငံတွေက ဘယ်နိုင်ငံတွေနဲ့ အသင်းအပင်းဖွဲ့ ကာ အားပြိုင်နေကြသည်ကို ထင်သာမြင်သာမရှိလှပေ ။ နှစ်နိုင်ငံ သံကင်းတမန်ကင်း ဆံဆက်မှုများ ၊ ကူညီထောက်ပံ့မှုများ ၊ရင်းနှီးမြှုပ်နှံမှုများ ၊ နိုင်ငံရေးအရ ဘက်လိုက်ရပ်တည်ပေးမှုများ၊ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများ ကြည့်၍  ဖြစ်နိုင်၏/မဖြစ်နိုင်၏ကို  ကောက်ချက်ဆွဲ၍သာ  ရနိုင်သည် ။

ဤသို့ဆိုလျှင်  မည်သည့်နိုင်ငံတွေက မည်သည့်နိုင်ငံတွေနဲ့   အသင်းအပင်းဖွဲ့ကာ နိုင်ငံရေးအားပြိုင်မှုများပြုလုပ်နေကြသည်ကို  တချက်လေ့ကြည့်ကြပါစို့ ။

မဟာဗျူဟာဉာဏ်ရည်ကစားပွဲမှာ  တေ့ဆိုင်အားပြိုင်နိုင်ငံများကတော့  တရုတ် နှင့် မြန်မာ ပဲဖြစ်ပါတယ် ။ အကြမ်းအားဖြင့်  မြန်မာဖက်မှာတော့ အိန္ဒိယ ၊ အမေရိကန် ၊ ဂျပန် ၊တောင်ကိုရီယား စသည့်နိုင်များပါဝင်ပြီး  တရုတ်ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ် နှင့်  ၎င်းနှင့် ဆက်စပ်သော OIC နိုင်ငံများ ၊ မြောက်ကိုရီယား အစရှိသည့်နိုင်ငံများပါဝင်ပါတယ် ။အဲ့ဒီထဲမှာ နိုင်ငံများရဲ့ အားပြိုင်မှုနဲ့အတူ ကြားနေနိုင်ငံများ ၊ ဘက်လိုက်အဖွဲ့အစည်းများလည်း ပါရှိပါတယ် ။အားပြိုင်မှုတွေရဲ့   ထုံးစံအတိုင်း ထိုသူတို့ရဲ့ မိတ်ဖက် နိုင်ငံတွေဆိုတာလည်း ပါဝင်ပါတယ် ။မိတ်ဖက်ဆိုတာကတော့  ရည်ရွယ်ချက်မတူသော်ငြားလည်း  လမ်းကြောင်းတူရင်  ပေါင်းလုပ်ကြတဲ့  သဘောမျိုးပါ ။လမ်းကြောင်းမတူတဲ့အခါ လမ်းခွဲကြတယ်ပေါ့ ။ ဒါကြောင့် နိုင်ငံရေးမှာ အမြဲတမ်း ရန်သူ ၊ အမြဲတမ်း မိတ်ဆွေရယ် မရှိဘူးလို့  ဆိုလိုပုံရပါတယ် ။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီအရေးနဲ့ပက်သက်ပြီး ဂမ်ဘီယာနိုင်ငံက တရားလိုပြုပြီး ICJ မှာတရားစွဲဆိုထားတဲ့ ကိစ္စမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ICJမှာ ဘင်္ဂလီ ပြဿနာအရေး သွားရောက်ဖြေရှင်းမှာဖြစ်ကြောင်းကို  နိုင်ငံတော်အတိုင်ပင်ခံရုံးက  ထုတ်ပြန်ပြီးဖြစ်လို့  အားလုံးသိပြီးသားဖြစ်မှာပါ ။ မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း  ICJ မှာ မြန်မာ အရေးသာပါ့မလား ၊ အခြေအနေမလှ ဖြစ်မလားဆိုတာ  အရမ်းပဲအာရုံစိုက်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ် ။  

ICJ  မှာ -  
မြန်မာ ရှုံးရင် ဘာဖြစ်မှာလဲ ??
မြန်မာ နိုင်ရင်  ဘာဖြစ်မှာလဲ ?? 

အကယ်၍ မြန်မာသာ  ICJ မှာ အရေးနိမ့်ခဲ့လျှင်  တရုတ်နိုင်ငံ စင်ကျန်းဒေသရှိ ဝီဂါမူစလင်အရေးဟာလည်း ရှိရင်းစွဲထက်  ပိုမိုပြင်းထန်ပါလိမ့်မယ် ။  မြန်မာနိုင်ငံ၏ မဟာမိတ်တွေက တဖန်ပြန်ဖိထောင်းကြပါလိမ့်မယ် ။အဲ့လိုဆိုရင်  ICJ  နဲ့ ပက်သက်လို့ မြန်မာအပေါ်ကို တရုတ်က လျော့ကစားမယ်ဆိုရင်လည်း  စင်ကျန်းဒေသရှိ ဝီဂါမူစလင်အရေးကို  မြန်မာနိုင်ငံ၏ မဟာမိတ်တွေက လျော့ကစားမလား/မကစားဘူးလားဆိုတာကလည်း  ယတိပြတ်ပြော၍မ​ရနိုင်ပေ ။ 
ထို့ကြောင့် တရုတ်နိုင်ငံဖက်ကို တင်သွင်းသော မြန်မာဆန်များကို အခွန် ၆၅ ရာခိုင်နှုန်းထိ တိုးကောက်ခြင်းဖြင့်  ပုံရှိုးကွယ်ရှိုးအနေအထားမှ ပေါ်ထင်တိုက်ခိုက်မှုကို  အစပျိုးထားပြီ  ဖြစ်ပါတယ် ။


* သို့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ  ICJ  ကို မသွားခင် ရက်ပိုင်းအလိုမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီကို ဖိတ်ခေါ်ပြီး သီးသန့်ဆွေးနွေးမှု ပြုလုပ်ခဲ့တာကို  ထောက်ရှု့ခြင်းအားဖြင့်  မြန်မာဟာမဟာမိတ်တွေရဲ့   လိုတုန်းခဏ အသုံးချခံမဟုတ်ဘူးဆိုတာကိုသိအောင် တန်ပြန်ထားခဲ့ခြင်း ဖြစ်ပါတယ် ၊ ရှဥ့်လည်းရှောက်သာ ပျားလည်းစွဲသာ အနေအထားကို  ဖန်တီးထားခြင်းဖြစ်သလို  အကင်းပါးမှုကိုလည်း  ထင်ဟတ်စေပါတယ်။*

ပိုးလမ်းမ လမ်းကြောင်းကိုက  တရုတ်နဲ့  အနောက်ကမ္ဘာ ကုန်သွယ်ဖို့  လုပ်တာပါ ၊ မြန်မာကိုကုန်သွယ်ရေးပိတ်ဆို့မယ်ဆိုရင်  ပိုးလမ်းမ ဖြစ်မြောက်ရေးက ပို၍သာဝေးဖို့ ရှိပါတယ် ။

အကယ်၍ တရုတ်က မြန်မာအားပြန်လည်ချုပ်ကိုင်လိုလျှင်  ( ၁ ) အရင်လို စစ်တပ်နှင့်နွယ်သော အစိုးရပြန်အုပ်ချုပ်မှရပါမည် ( ၂ ) ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အစိုးရကို ပြုတ်ကျအောင် လုပ်နိုင်မှ  ရမည် ။၎င်းအချက် (  ၂ )ချက်ဖြစ်မြောက်အောင်လုပ်ရန်မှာ  အတော်ကို အလှမ်းဝေးလွန်းသော ကိစ္စသာ ဖြစ်ပေသည် ။ ဒေါ်အောင်ဆန်းစုကြည်ကို  နိုင်ငံရေးစင်မြင့်ကနေ ဖြုတ်ချဖို့ ( စစ်တပ် ၊ တရုတ် ၊ ဘင်္ဂလားဒက်ရှ် ၊ OICနိုင်ငံတို့ ) ပူးပေါင်းပြီး ကြံစည်ခဲ့ကြလို့လည်း  ယခုလို ICJ ဆိုတာ ဖြစ်လာခဲ့ရတာပါ ။


အကြံအစည်အောင်မြင်ဖို့နေနေသာသာ  ပြောင်းပြန်အချိုးကျပြီး  ကိုယ်မလုပ်ခဲ့တဲ့  ကိစ္စတစ်ခုအတွက် သွားဖြေရှင်းရမဲ့ အမယ်အိုကြီးကို  တပြည်လုံးကဝိုင်းပြီး သနားဂရုသက်ကာ  အချစ်ပိုတဲ့ အထိ ဖြစ်သွားခဲ့ရပါတယ် ။ ကိုယ့်နိုင်ငံကိုတရားစွဲခံရတာ ဖြစ်တဲ့အတွက်  ပိုပြီးစည်းလုံးသွားတယ် ၊ နောက်တစ်ချက်က နိုင်ငံကို ထိခိုက်လာတာမို့  ကာကွယ်ဖို့  အားစိုက်နေချိန်မှာ ဘယ်သူတွေဟာ  နိုင်ငံအကျိုး ၊ ပြည်သူအကျိုးကိုတောင်မငဲ့ကွက်နိုင်ပဲ  ကဖျက်ယဖျက်လုပ်နေတယ်ဆိုတာ  လယ်ပြင်မှာ ဆင်သွားလို  ထီးထီးကြီးတွေ ဖြစ်ကုန်ကြတယ် ။နိုင်ငံရေးသိပ်နားမလည်ကြတဲ့ ဝေဝါးဝါးဖြစ်နေတဲ့  ပြည်သူတွေပါ  သိကုန်ကြတယ် ။ ဒါကြောင့်  ICJ  ကိစ္စနှင့်ပက်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည်ကို  ထောက်ခံပွဲလုပ်တာဟာ  တချို့တွေဝေဖန်နေသလိုမျိုး  မဟာဗျူဟာအရ  မမှားခဲ့ဘူးလို့  စာရေးသူအနေနဲ့ သုံးသပ်ကောက်ချက်ဆွဲပါရစေ ။

ထိုနည်းတူ မြန်မာရဲ့  ပထဝီနိုင်ငံရေးအရေးပါမှုကို  ကျန်တဲ့နိုင်ငံတွေက  တရုတ်နိုင်ငံတစ်ဦးတည်းက မောင်ပိုင်စီးသွားမည်ကို  လက်ပိုက်ကြည့်နေကြမှာတော့ မဟုတ်ပေ ။ မလာပါနဲ့တားရင်တောင်  ပိုးလမ်းမအား ချိန်ခွင်ရှာညှိဖို့ အတင်းဝင်ပြီး ရင်းနှီးမြှုပ်နှံကြမှာဖြစ်ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အင်တာဗျူးတွေကနေ မြန်မာရဲ့ပထဝီနိုင်ငံရေး အရေးပါမှုကို  ကမ္ဘာကသိသွားတာကြောင့်ပါ ၊ စီးပွားရေး ပိတ်ပိတ် /ဖွင့်ဖွင့်  မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေက သံခင်းတမန်ခင်း နှင့် ရင်းနှီးမြှုပ်နှံမှုဗျူဟာကို  ကစားနိုင်ရင်  ရပြီလို့  ကျနော်ကတော့  အဲ့လို  သုံးသပ်ချင်မိတယ် ။ လုံးဝအရေးနိမ့်ခဲ့သည့်တိုင်  စီရင်ချက်ချဖို့  အနည်းဆုံး ( ၃ ) နှစ်လောက်ကြာသွားမှာ ဖြစ်တဲ့အတွက်  လက်ရှိ တရုတ်ရင်ဆိုင်နေရတဲ့ ကုန်သွယ်ရေးစစ်ပွဲက ( ၃ ) နှစ်ကြာအောင်  အစောင့်ခံနိုင်ပါ့မလားဆိုတာကလည်း  စဥ်းစားချိန်ဆစရာ ဖြစ်ပါတယ် ။
အကယ်၍ ICJ  မှာ မြန်မာသာ အသာရခဲ့မည်ဆိုလျှင်တော့ အတိုင်းထက်အလွန်ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ ။

အရင့်အရင်အစိုးရလက်မှာ  မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရေးပါမှုကို သိနေခဲ့သော်လည်း  အစွမ်းဖော်ခွင့် ၊ ထုတ်ဖော်အသုံးချနိုင်ခြင်း အလျင်းမရှိခဲ့ ။နိုင်ငံရဲ့ စီမံကိန်းအတော်များများဟာလည်း တရုတ်အကြိုက်လိုက်ကာ ဖော်ဆောင်ခဲ့တာတွေက များပြီး တရုတ်ရဲ့အကျိုးဖြစ်ထွန်းမှုကသာ ပိုများခဲ့ပါတယ် ။နာမည်ပျက်တပွေ့တပိုက်ဖြင့် အာဏာကို ဖက်တွယ်ထားသောကြောင့် ပထဝီနိုင်ငံရေးအားသာမှုကို အသုံးချနိုင်ခြင်း မရှိခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့  ပြည်သူ့အစိုးရလက်ထက်ကျမှ မြန်မာနိုင်ငံ၏ပထဝီနိုင်ငံအရေးပါမှုကို ထိထိမိမိ စတင်အကောင်အထည်ဖော်ဆောင် အသုံးချနိုင်ခဲ့ခြင်းဖြစ်ပါတယ် ။


ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ပြည်သူ့အစိုးရတက်လာတော့ အမေရိကန်-တရုတ်အကြပ်အတည်းကို အသုံးချပြီး ရခိုင်ဆိပ်ကမ်းကို ချေးငွေနဲ့ တည်ဆောက်မဲ့  ၇.၅ ဘီလီယံကို  ၁.၃ ဘီလီယံထိ လျော့ချ ပြီး   တည်ဆောက်မှု အဆင့်တဆင့်အကြွေးကျေမှ  တဆင့်သွားမယ်ဆိုပြီး   ပြန်ပြောင်းချုပ်ဆိုလိုက်ခဲ့တဲ့အတွက်  ရခိုင်ဆိပ်ကမ်းကို အကြွေးနဲ့သိမ်းမဲ့  တရုတ်ရဲ့ အိပ်မက်ပျက်ပြားသွားခဲ့ရတယ် ။ဒါဟာလည်း ပြည်သူ့အစိုးရရဲ့  လုပ်ဆောင်ချက်တွေထဲက မှတ်ချက်ပြုလောက်တဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ် ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းဆိုတာကတော့ ကူမင် - ကျောက်ဖြူပိုးလမ်းမ လမ်းပိုင်းအတွက်  အဓိကကျတဲ့ ရေနက်ဆိပ်ကမ်းတစ်ခုလည်း  ဖြစ်ပါတယ် ။

ကုလားတန်မြစ်ဝှမ်းစီမံကိန်း နှင့် အိန္ဒိယနှင့် ကျောချင်းကပ်အနေအထားရယူမှုရဲ့  ပထဝီနိုင်ငံရေးနှင့် စစ်ရေးဗျူဟာအကြောင်းကို ပြောရရင်  ကုလားတန်မြစ်ရဲ့   ရည်ရွယ်ချက်က  ဘင်္ဂလားဒက်ရှ် ၊တရုတ် ၊ အိန္ဒိယ ၊ မြန်မာ စီးပွားရေး စင်္ကြန်လမ်း ( BCIM - EC ) ကို  တန်ပြန်တဲ့   ဗျူဟာပါ ၊ အိန္ဒိယအရှေ့ပိုင်းမြန်မာနဲ့ထိစပ်နယ်မြေကုန်တွင်းပိုင်းဒေသများ( မဏိပူရ ၊ အာသံ နှင့် တခြားဒေသများ ) ကို တိုးတက်ရေး ဖော်ဆောင်လမ်းစဥ်ပါ ။
ဒါကြောင့်လည်း  ဒုတိယအကြိမ်ကျင်းပဖြစ်ခဲ့သော နိုင်ငံများနှင့်ပိုးလမ်းမ အစည်းအဝေးကို အိန္ဒိယကတက်ရောက်ခြင်း မပြုခဲ့ပါဘူး ။ တရုတ်က အထီးကျန်နေတဲ့ အိန္ဒိယအရှေ့ပိုင်းကုန်းတွင်းပိတ်ဒေသများတိုးတက်ရေးဆိုပြီး  အကြောင်းပြပြီး  BCIM - EC  ကို  ဖော်ဆောင်ဖို့ အိန္ဒိယကိုတိုက်တွန်းနေပေမဲ့လည်း  အင်္ဂလန်မှာအခြေစိုက်တဲ့ အဝေးရောက်  အာသံအစိုးရအဖွဲ့  ဖွဲ့စည်းတာမျိုးတွေ  ဖြစ်လာနေတာဟာ  ရိုးသားမှုရှိရဲ့လား ။


တကယ်တမ်းမှာတော့ အိန္ဒိယအရှေ့ပိုင်းကုန်းတွင်းပိတ်နယ်မြေကို  အိန္ဒိယကနေ ခွဲထုတ်ချင်နေတဲ့  ရည်ရွယ်ချက်တွေ အများကြီး ရှိနေတယ်ဆိုတာ  သိနိုင်ပါတယ် ။ခွဲထုတ်ချင်ရတဲ့ ရည်ရွယ်ချက်က ဒီလိုပါ ။
တရုတ်က  နီပေါနိုင်ငံမှာ  ရင်းနှီးမြှပ်နှံပြီး ပိုးလမ်းမလမ်းကြောင်း ဖော်ဆောင်ရေးကို  ပြီးခဲ့တဲ့  ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ အစပိုင်းလောက်က ဆွေးနွေးခဲ့တယ်ဆိုပါတယ် ။ လမ်းကြောင်းသွားမဲ့ အစီအစဥ်က တရုတ်နိုင်ငံအလယ်ပိုင်း ပေကျင်းကနေအစပြုကာ တိဘက်ကိုဖြတ်ပြီး  နီပေါနိုင်ငံကိုဖြတ်ကာ  အိန္ဒိယအရှေ့ပိုင်းနယ်မြေကိုဖြတ်သန်းပြီး  ဘင်္ဂလာဒေ့ရှ်နိုင်ငံ  စစ်တကောင်းရေနက်ဆိပ်ကမ်း နှင့် ဆိုနေတာရေနက်ဆိပ်ကမ်းတွေမှာ  အဆုံးသတ်တဲ့  ပိုးလမ်းမ လမ်းပိုင်းဖြစ်ပါတယ် ။ 

အဆိုပါ လမ်းကြောင်းဟာလည်း အိန္ဒိယနိုင်ငံရဲ့သဘောတူညီမှု မရရင်  အခက်အခဲရှိတဲ့  ပိုးလမ်းမကြီးရဲ့  လမ်းပိုင်းဖြစ်ပါတယ်။အိန္ဒိယက ၎င်းပိုးလမ်းမအပိုင်းကို သဘောတူရင်ပဲ ဖြစ်ဖြစ် ၊သို့မဟုတ် အိန္ဒိယအရှေ့ပိုင်းကို ကုန်းတွင်းပိတ်ဒေသအား အိန္ဒိယကနေ ခွဲထုတ်နိုင်ရင်ပဲဖြစ်ဖြစ်  ၎င်းဖက်ကနေဖြတ်မဲ့ ပိုးလမ်းမလမ်းကြောင်းဟာ အခွင့်အရေးရလာမှာ ဖြစ်ပါတယ် ။

OBOR  ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ  အိန္ဒိယက မတက်ခဲ့တော့  အိန္ဒိယနဲ့အတိုင်အဖောက် မကိုက်လို့  နီပေါဖက်လှည့်ပြီး   တရုတ်ကြီး ကြံတယ်ထင်ပါတယ် ။နီပေါလို  ကုန်တွင်းပိတ်နိုင်ငံက တရုတ်အနင်းခံခဲ့ရရင်  ပြန်ထဖို့မလွယ်ဘူး ။နီပေါအနေနဲ့  တရုတ်နဲ့ပေါင်းလုပ်မယ်ဆိုလည်း  အရမ်းကို သတိကြီးကြီးထားလုပ်ရမဲ့  အခြေအနေမျိုးပါ ။နီပေါသမ္မတကလည်း  ဒေါ်အောင်ဆန်းစုကြည်ကို  လာတွေ့ခဲ့တယ် ။ အကြံဉာဏ်လာယူတာဖြစ်ဖို့  သေချာသလောက်ပါပဲ။🙂

တရုတ်  OBOR စီမံကိန်းရဲ့   plan (  B ) က  နီပေါက ဖြတ်မှ  ဖြစ်မှာမို့လို့  ဒေသတွင်းသြဇာကြီးတဲ့  အိန္ဒိယဆီကလည်း  အကြံမယူချင်ဘူး ၊ လာရောက်ရင်းနှီးမြှုပ်နှံမဲ့   တရုတ်ကြီးဆီကလည်း  အကြံမယူချင်ဘူး  ၊ အဲ့တော့  တတိယနိုင်ငံဖြစ်ပြီး  OBOR  စီမံကိန်းနဲ့လည်း  ဆက်စပ်မှုရှိတဲ့  မြန်မာကို  လာရောက်မေးမြန်းခြင်းဖြစ်ပါတယ်၊မြန်မာနိုင်ငံကို နီပေါသမ္မတလာရခြင်းရဲ့ အဖြေက ရှင်းပါတယ် ၊ အဲ့ဒါပါပဲ ။

ထို့အတူ မြန်မာပြည်အထက်ပိုင်း ၊ အရှေ့ပိုင်းပြည်နယ်များကိုလည်း မြန်မာပြည်ကနေခွဲထုတ်ဖို့  ရည်ရွယ်ချက်တွေအများကြီးနဲ့အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့  လက်သည်ဟာ တရုတ်ကြီးပါ ။ ယခုလက်ရှိ ပြည်သူ့အစိုးရတက်လာခါမှ AA  ကို ဖန်တီးပြီး  မကောင်းဆိုးဝါးတစ်ကောင်လို  ရခိုင်ပြည်နယ်ကိုမွှေနေတာမျိုးက  အကောင်းဆုံး သက်သေတွေပါ ။
ခုနောက်ပိုင်း  အမွှေဇယားတွေက ချင်းပြည်နယ် ပလက်ဝထိတောင် ရောက်လာပါပြီ ။ ချင်းပြည်နယ်လွှတ်တော်အမတ်ကိုဖမ်းထားသည့်အထိကို မွှေခဲ့ပါတယ် ။ မြန်မာပြည်မှာ  ဖော်ဆောင်တဲ့ တရုတ်စီမံကိန်းတွေကလွဲရင်  တခြားစီမံကိန်းတွေမှာ အနှောက်အယှက်ဖြစ်နေရတာဟာ တရုတ်နိုင်ငံအတွက် မြန်မာက ငြိမ်းချမ်းပြီး  မြန်မာပြည်သူတွေအတွက် မြန်မာပြည်က မငြိမ်းချမ်းဘူးဖြစ်နေတာက လက်သည်ဟာ တရုတ်ဆိုတာ ထူးပြောဖို့မလိုတော့ပြီ။ 

မြန်မာနိုင်ငံအတွက်လည်း  BCIM-EC  လမ်းကြောင်းထက်စာရင်  ကုလားတန်မြစ်ဝှမ်းစီမံကိန်းက နိုင်ငံကထိန်းချုပ်လို့ရတဲ့အနေအထားရှိသည့်အပြင် မြန်မာပြည်အတွက် ( အထူးသဖြင့် ရခိုင် နှင့် ချင်းပြည်နယ် ) ပိုအကျိုးရှိခြင်းကြောင့် ပူပေါင်းဖော်ဆောင်ခြင်းပါ ။ကုလားတန်မြစ်ဝှမ်းစီမံကိန်း ပူးပေါင်းဆောင်ရွက်တဲ့ အိမ်ရှင်မြန်မာကတော့  အကောက်ခွန်နဲ့  ရင်းနှီးမြှုပ်နှံတာတွေကနေ  အကျိုးအမြတ်ရမယ်ပေါ့ ။ ဖြတ်သန်းခံရတဲ့  ပြည်နယ်တွေ တိုးတက်လာမယ်    ။ တရုတ်ပိုးလမ်းမကို  ခွင့်ပြုထားပေမဲ့ စီးပွားစင်္ကြန်လမ်းကိုတော့   ဖြတ်သန်းခံရတဲ့  နိုင်ငံတွေက စိတ်ကြိုက်ရေးဆွဲတဲ့  ပုံစံအနေအထားဖြစ်ပါတယ် ။ အရင်  BCIM - EC လမ်းကြောင်းက တရုတ်ကို  ပိုအကျိုးဖြစ်ထွန်းစေမဲ့ လမ်းကြောင်းမျိုးပါ ။


တနည်း ပိုးလမ်းမကို  ဖြတ်သန်းခံရတဲ့ နိုင်ငံတွေက စီးပွားရေးစင်္ကြန်လမ်းကို  ကိုယ်စိတ်တိုင်းကျရေးဆွဲခဲ့ခြင်းက  ပိုးလမ်းမကို  တန်ပြန်သက်ရောက်မှုအဖြစ်  မျှခြေအနေအထားတစ်ခုထိရောက်အောင် ချိန်ခွင်ရှာညှိတဲ့ သဘောသက်ရောက်ပါတယ် ။မြန်မာအပေါ်ကျရောက်နေတဲ့ တရုတ်ရဲ့ သြဇာကိုလျော့ခြင်းလို့လည်း ပြောလို့ရပါတယ် ။ စစ်ရေးအရလည်း  အိန္ဒိယ-မြန်မာ ကျောချင်းကပ်အနေအထားက အားသာချက်တွေကို  အများကြီးဖြစ်စေတာမျိုးပါ ။အကြမ်းအားဖြင့် အိန္ဒိယ-မြန်မာ ကျောချင်းကပ်အနေအထားဟာ အိန္ဒိယသမုဒ္ဓရာစိုးမိုးထားနိုင်ပါတယ် ။ဒါကြောင့်လည်း  အိန္ဒိယဝန်ကြီးချုပ်မိုဒီက မြန်မာ့ကာကွယ်ရေး စစ်ဦးစီးချုပ်ကိုခေါ်တွေ့တာတွေ လုပ်ခဲ့တာပါ ။ Kilo Class  ရေငုပ်သင်္ဘောကို ရောင်းချပေး ( ဘင်္ဂလားဒက်ရှ်သတင်းများအရ လက်ဆောင်ပေး ) ခဲ့ပြီး ရေငုပ်သင်္ဘောတပ်ဖွဲ့စည်းပေးမဲ့အစီအစဥ် နှင့်ရေကြောင်းစစ်ဆင်ရေးလေ့ကျင့်ခြင်းမှာ ကူညီပေးမယ် ဟု ကတိပြုခဲ့တာမျိုးတွေ ရှိပါတယ် ။ အဲ့ဒီလို ကတိပြုပြီးနောက်ပိုင်းမှာ  မြောက်ပိုင်း ( ၃  ) ဖွဲ့က  ပြင်ဦးလွင်ကိုဝင်တိုက်ရခြင်းက  တိုက်ဆိုင်လွန်းလှပါသည် ။နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးဟု  ဆိုတယ်မို့လားဗျာ ။

အဲလိုအစီအစဉ်ကြောင့် မြန်မာ့ပင်လယ်ပင်ရေပိုင်နက်၊ ဘင်္ဂလားဒက်ရှ်ရေပိုင်နက် ၊ ပါကစ်စတန်ရေပိုင်နက်တို့ကို အိန္ဒိယကနေ ခွဲထုတ်သွားနိုင်ခဲ့ရင်  အိန္ဒိယလိုစတုတ္ထအင်အားကြီးနိုင်ငံကို တရုတ်က  အနိုင်ပိုင်းထားနိုင်ပြီပေါ့ ။အခုတော့  လက်ဝါးကြီးအုပ်ချင်နေတဲ့ တရုတ်အတွက် အတော့်ကိုကသိကအောက်ဖြစ်စေတဲ့ အစီအစဉ်ဖြစ်နေပါတယ်။ဒါ့အပြင်  ကိုးကတ်တား နဲ့ စစ်တွေ လမ်းကြောင်းကဘင်္ဂလားဒေ့ရ်ှနိုင်ငံအရှေ့ကနေ ရှိနေတာမို့ စစ်ရေးအရ ဘင်္ဂလားဒေ့ရ်ှကိုရောင်းပေးထားတဲ့ တရုတ် ရေငုပ်သင်္ဘောတွေအတွက်ပါ ကသိကအောက်ဖြစ်စေပါတယ် ။ ပါကစတန်မှာလည်းတရုတ်ထုတ် အဆင့်မြင့်ရေငုပ်သင်္ဘောတွေနဲ့တိုက်ရေယာဉ်တွေလည်းရှိနေပါတယ် ။စစ်တွေမြို့ဟာ တရုတ်ဆိပ်ကမ်းဆောက်ထားတဲ့ ကျောက်ဖြူဒေသက မဒေကျွန်းနဲ့အဖြောင့်တိုင်းရင် ၁၁၅ ကီလိုမီတာပဲ ဝေးပါတယ်။ စစ်ရေးမဟာဗျူဟာပိုင်း ၊ စီးပွားရေးမဟာဗျူဟာပိုင်းမှာ  ကုလားတန်မြစ်ဝှမ်းဖက်စုံသုံးစီမံကိန်းဟာ မဟာဗျူဟာကျတဲ့  ဖော်ဆောင်ချက်တစ်ခုဆိုတာ  သိနိုင်လောက်ပါတယ် ။

ဒါကြောင့်လည်း  35th ASEAN SUMMIT အပြီးမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီက " မြန်မာနိုင်ငံဟာ ကျွန်ုပ်တို့အရှေ့နှင့်ထိတွေ့ဆက်ဆံရေးမူဝါဒတွင် အဓိကကျသည်"ဟု သူ့ရဲ့ တွစ်တာမှာရေးသားခဲ့ခြင်း ဖြစ်ပါတယ် ။

ယခုနောက်ပိုင်းမှာ Lockheed Martin နှင့် Tata ကုမ္ပဏီတို့ဟာ  အိန္ဒိယလေတပ်အတွက် အတွင်းအပြင် မတူကွဲပြားတဲ့ပုံစံဖြင့် F-21တိုက်လေယာဥ်တွေ ကို ပူးပေါင်းထုတ်လုပ်ကြဖို့  လုပ်ဆောင်နေကြပါတယ် ။အိန္ဒိယ- မြန်မာ ကျောချင်းကပ်အနေအထားသာ ဆက်လက်တည်မြဲနေမယ်ဆိုရင် မြန်မာ့လေတပ်အင်အားကို ဖြည့်တင်းဖို့  အခွင့်အလမ်းကောင်းတွေ ရလာနိုင်ပါတယ် ။


နောက်တစ်ခုက ထားဝယ်ရေနက်ဆိပ်ကမ်းပါ ။ရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၆၄ ဘီလျံကနေ ဒေါ်လာ ၇၀ ဘီလျံ အထိ ခန့်မှန်းထားတာပါ ။ အရှေ့အနောက်စီးပွားရေး စင်္ကြန်လမ်း ပါဝင်ပါတယ် ။ မြန်မာ ၊ ထိုင်း ၊ ကမ္ဘောဒီးယား၊လာအို ၊ ဗီယက်နာမ် စသည့် ( ၅ )နိုင်ငံနဲ့ ချိတ်ဆက်ထားတာပါ ။


ထားဝယ် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းမှာ ပါဝင်မယ့် အစိတ်အပိုင်းတွေကတော့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအပြင်၊ သံမဏိစက်ရုံ၊ ဓါတ်မြေသြဇာ စက်ရုံ၊ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေး စက်ရုံ အပါအဝင် တခြား အကြီးစား စက်မှုလုပ်ငန်းတွေ ပါဝင်မယ့် စက်မှုဇုံလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ကန်ချနာ့ဘူရီ ပြည်နယ်နဲ့ မြန်မာနိုင်ငံ တနင်းသာရီတိုင်းကို ဆက်သွယ်ဖောက်လုပ်မယ့် မီးရထားလမ်းနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေလည်းပါဝင်ပါမယ်။ နိုင်ငံခြား ခရီးသွားလုပ်ငန်းနဲ့ အပန်းဖြေအနားယူစခန်းတွေတည်ဆောက်မယ့် အစီအစဉ်တွေလည်းပါဝင်ပါတယ်။


စင်ကာပူ မလက္ကာရေလက်ကြားလို အရှေ့အနောက်ဆက်သွယ်မည့်အရေးကြီးတဲ့ တံခါးပေါက် ဖြစ်လာမှာပါ။(မြန်မာဟာ စင်္ကာပူကို ကျော်တက်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဟာ ယုတ္တိတန်တယ်ဆိုတာ ခုလောက်ရေးပြရင် သိလောက်ပါပြီ ၊ ဒါတောင် မဟာဗျူဟာအခင်းအကျင်းကို အပြည့်အဝအကောင်အထည်မဖော်ရသေးပါဘူး ၊စင်္ကာပူကို ဒီတိုင်းတော့ မကျော်နိုင်ဘူးပေါ့  အားစိုက်ပြီးတော့ ရုန်းမှဖြစ်ပါမယ် )

မြန်မာအနေဖြင့် ပိုးလမ်းမစီမံကိန်းကို အားစိုက်မလုပ်ဘဲ  တခြားမဟာဗျူဟာကျတဲ့ စီမံကိန်းတွေကို ဘာကြောင့် အားစိုက်လုပ်နေရသလဲ  မေးစရာရှိပါတယ် ။ ကူမင် -မန္တလေး -ကျောက်ဖြူ လမ်းပိုင်းဟာ ဘယ်ချိန်လုပ်လုပ်ရနေလို့  ချန်လှပ်ထားပြီး ပိုးလမ်းမကို ချိန်ခွင်ရှာညှိပြီး တရုတ်၏ နိုင်ငံရေးသြဇာကို လျော့ချနေခြင်းသာဖြစ်ပါတယ် ။ တနည်းပြောရရင်  failure state ဖြစ်နေတဲ့  မြန်မာကို ပြန်လည်ဆွဲတင်နေခြင်းဖြစ်ပါတယ် ။

မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်မဖြစ်ဘဲ  ပိုးလမ်းမစီမံကိန်းအတွင်းသို့ ဝင်ရောက်ခဲ့လျှင်   မိမိနိုင်ငံအကျိုးကျေးဇူးထက်  တရုတ်နိုင်ငံအကျိုးကျေးဇူးက ပိုများမည်ဖြစ်သောကြောင့်  အဆင့်သင့်ဖြစ်မနေပဲ  ပိုးလမ်းမစီမံကိန်းအတွင်းသို့ ဝင်ရောက်ခဲ့လျှင်  အသုံးချခံအဖြစ်သာ ဖြစ်ရန်ရှိတဲ့အတွက် တင်ကြိုချိန်ခွင်ရှာ ညှိခြင်းဖြစ်ပါတယ် ။

လတ်ရှိပြိုင်ဖက်၏ အခြေအနေအား Chess ကစားနည်းဖြင့်  ပုံဖော်ရလျှင် -
 
Bishop လိုင်း(  ၂  )လိုင်းရှိတာ (  ၂  )လိုင်းလုံး အစားခံလိုက်ရပြီ ။ Bishopလိုင်းအဖြူလိုင်းကတော့  မဘသ ဘုန်ကြီးတွေပေါ့ ၊ အမဲလိုင်းကတော့  အမျိုးသားရေးဝါဒီသမားအုပ်စု နှင့် မျက်နှာအုပ်ထားတဲ့စွမ်းအားရှင်အုပ်စုတွေ ။

Castel  လိုင်း  (  ၂  ) လိုင်းရှိတာ ။ အဖြူလိုင်းကတော့   စစ်တပ်ပေါ့ ၊ သူလည်းလှုပ်မရဘူး ၊ လှုပ်ရင်  ပိုဆိုးမယ် ။ Castel လိုင်း အမဲလိုင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ၊ သူတို့တွေလည်း အခြေအနေမကောင်းဘူး ၊ တအားလှုပ်ရင် ပစ်မှတ်မဟုတ်သော်လည်း  အဆစ်အနေအထားနဲ့  ပါသွားနိုင်တယ်။

Pawn နယ်ရုပ် ။တပ်သားနယ်ရုပ်တွေကတော့  ခုလက်ရှိခန့်မှန်းချက်တွေအရ   ၂၀၀၀  ကျော် ကျသွားပြီလို့  ဆိုပါတယ် ။

Khight  (  ၂  ) ကောင်ရှိပါတယ် ။ တစ်ကောင်က ဘင်္ဂလားဒေ့ရှ် ၊ တစ်ကောင်က  OIC ။ Khight  (  ၂  )ကောင်သုံးပြီး  ICJ  အကွက်နဲ့  ဘုရင်မကို ထောက်တဲ့အကွက်ပဲ  ဖြစ်ပါတယ် ။ 
ICJ အကွက်နဲ့ ဘုရင်မကို ထောက်ထားပေမဲ့လည်း ဘုရင်မလက်ထဲမှာ ဘယ်လိုအချက်တွေကိုင်ဆောင်ထားတယ်ဆိုတာကလည်း  မှန်းမရတဲ့ အနေအထားတစ်ခုပါပဲ ။

ပြိုင်ဖက်ဟာ အကွက်လည်းကုန် ၊ ထုတ်သုံးတဲ့  အကောင်လည်းစုံပြီ ။ ခုချိန်လောက်ဆို  သူ့ရဲ့  မဟာဗျူဟာ အမှားအတွက်  နောင်တရနေလောက်ရောပေါ့ ။ရခိုင်ကိုသိမ်းပိုက်မဲ့အကြံ လက်လွှက်ပြီး  Castel တွေ ချနင်းမလား ။ ကာဆယ်အမဲလိုင်းမှာ  ကစားနေတဲ့  AAခေါင်းဆောင်ရဲ့ ဇနီးအဖမ်းခံရတဲ့  ကိစ္စဟာလည်း ချုပ်ကွက် ၊ဖော်ကွက် တစ်ခုပဲ ဖြစ်ပါတယ် ။ ဖမ်းပေးတဲ့ထိုင်းနိုင်ငံရဲ့ နောက်ကွယ်မှာ ဘယ်သူရပ်တည်နေလဲ ??

ကာဆယ်အဖြူလိုင်းမှာ  ကစားနေတဲ့  စစ်တပ်ကိုတော့  ဓာတုလက်နက်သုံးစွဲခဲ့မှုနှင့်  အမေရိကန်က စွပ်စွဲထားခဲ့တာကြောင့်  ချုပ်ကွက်မိတဲ့  အနေအထားပါပဲ ။ နောက်တစ်ခုက ကိုဖီအာနန်ရဲ့အစီရင်ခံစာကြောင့်  နိုင်ငံတစ်ခု ၊ အစိုးရ နှစ်ရပ်ဖြစ်နေတာကို  တချို့နိုင်ငံတွေ သိသွားခဲ့ရပါတယ် ။ ကိုဖီအာနန်ရဲ့ အစီရင်ခံစာကို ICJ မှာ ထပ်မံတင်သွင်းခွင့်ရခဲ့မယ်ဆိုရင်  စစ်တပ်အပေါ်မှာ ဖိအားတွေ ပိုမိုသက်ရောက်လာမှာပါ ။
အဲ့ဒါဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးက ဘယ်လိုဖြစ်လာမလဲ ဆိုတာ မှန်းကြည့်လို့ရနေပါပြီ .. ??

တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာအပေါ်ဆက်လက်ယုတ်မာနေအုံးမယ်ဆို နိုင်ငံရေးစင်မြင့်က ပြုတ်ကျသွားမှာက မြန်မာမဟုတ်ဘဲ  တရုတ်သာဖြစ်ပါလိမ့်မယ် ။

TNLA ဆီက တရုတ်လက်နက်တွေ တပုံတပင်ကြီး မိထားတဲ့ ကိစ္စ ??

နောက်ပြီး ဒေါ်လာ ( ၇ ) သိန်းအကုန်ခံပြီး ဂျပန်မှ ကျည်ကာကား ( ၆ )စီးဝယ်မဲ့ကိစ္စ ??

မြန်မာ့ဒီမိုကရေစီလမ်းစဥ်အောင်မြင်ရေး အမေရိကန်က ကူညီမယ် ပြောထားတဲ့ ကိစ္စ ??

အချုပ်အားဖြင့် ပြောရရင် အရှေ့တောင်အာရှဖက်ခြမ်း  နိုင်ငံများ၏အားပြိုင်မှုမှာ အဓိကမဟာဗျူဟာသော့ချက်ကတော့ -

မြန်မာ့ဒီမိုကရေစီလမ်းစဥ်အောင်မြင်ရင် မြန်မာနိုင်မှာ ဖြစ်ပြီး ၊ မြန်မာ့ဒီမိုကရေစီလမ်းစဥ်နောက်ပြန်လန်ကျရင်  တရုတ်နိုင်မှာ ဖြစ်ပါတယ် ။

တနည်း တောင်တရုတ်ပင်လယ်တွင်းအားပြိုင်မှု နှင့် ပိုးလမ်းမစီမံကိန်းဟာလာရောက်ချိတ်ဆက်နေတာဖြစ်လို့  မြန်မာ့ဒီမိုကရေစီလမ်းစဥ်အောင်မြင်ရင်  အမေရိကန်နိုင်တယ်လို့ပြောလို့ရသလို ၊ မြန်မာ့ဒီမိုကရေစီလမ်းစဥ်  နောက်ပြန်လန်ကျရင်  တရုတ်နိုင်ပြီလို့လည်း  ပြောလို့ရပါတယ် ။

မြန်မာပြည်ရဲ့ဒီမိုကရေစီလမ်းစဥ်အောင်မြင်ဖို့ဆိုတာ မြန်မာပြည်သူတွေလက်ထဲမှာပဲ  ရှိပါတယ် ။ ပါးပါးနပ်နပ်မဲပေးတတ်ဖို့ပဲ  လိုပါတယ် ။ 

မြန်မာ့ဒီမိုကရေစီလမ်းစဥ်ကို အကောင်းဆုံးကြိုးစားဖော်ဆောင်နေတာလဲ  NLD ပဲရှိပါတယ် ။

ပြည်သူတို့ရဲ့ မဲပေးရွေးချယ်မှုက  မြန်မာပြည်ရဲ့အနာဂတ်ကို ဆုံးဖြတ်မှာပဲဖြစ်ပါတယ် ။ထို့ကြောင့် စိုးရိမ်စရာအလျင်းမရှိဟု သုံးသပ်လိုက်ရပါတယ် ။

myanmar fb society🇲🇲


အချို့ကိစ္စလေးတွေ မရေးပဲချန်လှပ်ခဲ့တာကြောင့် စာဖတ်သူတို့အနေနဲ့  ဆက်စပ်မှုပိုင်းမှာ အခက်ရှိနေမယ်ဆိုရင်  တောင်းပန်ပါတယ် ။
မြန်မာပြည်သူပြည်သားအားလုံး  ကိုယ်စိတ်နှစ်ဖြာကျန်မာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျှက် ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ