တရုတ်၏ရထားလမ်းစီမံကိန်းကြောင့် အင်ဒိုနီးရှား အကြွေးတင်
တရုတ်၏ ဂျကာတာ-ဘန်ဒေါင်းအမြန်ရထားလမ်းစီမံကိန်းဆိုင်ရာ သတ်မှတ်ကုန်ကျစရိတ် ကျော်လွန်မှုကို ရင်ဆိုင်နေရသော အင်ဒိုနီးရှားအစိုးရသည် ဆောက်လုပ်ရေးနှောင့်နှေးမှုများနှင့် မြေယာ သိမ်းဆည်းမှုပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသည့် စီမံကိန်းများအတွက် နိုင်ငံတော်ဘတ်ဂျက်ထဲမှ ထုတ်ယူသုံးစွဲရန် အခက်အခဲ ကြုံတွေ့နေရသည်။
အရှည် ၁၄၃ ကီလိုမီတာရှိသည့် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၇ ဘီလီယံမှ ၈ ဘီလီယံကျော်အထိမြင့်တက်လာပြီးသတ်မှတ်ချိန်ထက် ၂ နှစ် နောက်ကျသော၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ပြီးစီးရန် လျာထားသည်ဟုAsia Times က ဖော်ပြသည်။
၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည့် ထိုစီမံကိန်းသည် အင်ဒိုနီးရှားနှင့် အခြားနိုင်ငံအများအပြားအား မမြင်နိုင်သောအကြွေးတောင်ပုံရာပုံဖြစ်စေသည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော ခါးပတ်လမ်းစီမံကိန်း (BRI) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းAidDataသုတေသနအရသိရသည်။
တရုတ်နိုင်ငံသည် တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) သို့မဟုတ် အခြားတရားဝင်စီးဆင်းမှု (OOF) ပုံစံဖြင့် ၂၀၀၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အင်ဒိုနီးရှားအတွက် ဘဏ္ဍာရေးအကူအညီ အမေရိကန်ဒေါ်လာ ၃၄ဒသမ၉ ဘီလီယံကျော် ပေးမည်ဟု ကတိပြုခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြချက်ကို Asia Times သတင်းတွင် ဖော်ပြထားသည်။
သုတေသီများ၏အဆိုအရ အင်ဒိုနီးရှားအစိုးရသည် တရုတ်အပေါ် အစိုးရကြွေးမြီအမေရိကန်ဒေါ်လာ ၄ ဒသမ ၉၅ ဘီလီယံတင်နေပြီး ဖုံးကွယ်ထားသောပြည်သူ့ကြွေးမြီက အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၂၈ ဘီလီယံရှိသည်။ ထိုကြွေးမြီများသည် အစိုးရအာမခံချက်များမပါရှိသော နိုင်ငံပိုင်ကုမ္ပဏီများသို့မဟုတ် အခြားသောအစိုးရအဖွဲ့အစည်းများမှ ကျသင့်ခံရသည်ဟုAsia Timesကဖော်ပြသည်။
ထို့ပြင် နိုင်ငံအသီးသီးက တရုတ်နိုင်ငံကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၈၅ ဘီလီယံ ကြွေးတင်နေကာ ထိုချေးငွေများသည်ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့သော နိုင်ငံတကာ ငွေချေးငှားသူများ၏ စိစစ်မှုကိုလည်းကျော်လွှားခဲ့ကြောင်းအစောပိုင်းအစီရင်ခံများအရသိရသည်။
တရုတ်နိုင်ငံပြည်ပချေးငွေများ၏ ၇၀ရာခိုင်နှုန်းနီးပါးသည် ဗဟိုအစိုးရအဖွဲ့အစည်းများဖြစ်သော အချုပ်အခြာအာဏာပိုင်ငွေချေးငှားသူများထက်ယခုအခါ လက်ခံနိုင်ငံများရှိနိုင်ငံပိုင်ကုမ္ပဏီများ၊ နိုင်ငံပိုင်ဘဏ်များ၊ သီးခြားလုပ်ငန်းရည်ရွယ်ချက်အတွက် ဖွဲ့စည်းထားသောကုမ္ပဏီ၊ ဖက်စပ်လုပ်ငန်းများနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများထံသို့ ဦးတည်ကြောင်းလေ့လာမှုတွင် ထည့်သွင်းဖော်ပြထားသည်။
_____///လာအို ရွာသားများ တရုတ်၏ ခါးပတ်လမ်း စီမံကိန်းမှ မြေလျော်ကြေး မရသေး
လာအိုတွင် တရုတ်၏ ကျည်ဆန်ရထားစီမံကိန်း မဖွင့်မီ ရက်သတ္တပတ်အနည်းငယ်အလို၌ အဆိုပါ စီမံကိန်းအတွက် မြေယာဆုံးရှုံးသွားသော ရွာသားများက ၎င်းတို့အား ကတိပြုထားသည့် လျော်ကြေးငွေကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။
အဆိုပါ ရထားလမ်းစီမံကိန်းသည် တရုတ်အစိုးရက မျှော်လင့်ချက်များစွာထားသည့် ခါးပတ်လမ်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လာမည့်သီတင်းပတ် ၆ ပတ်အတွင်း ရထားလမ်းကို ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း စီမံကိန်းအတွက် မြေယာများ လက်လွတ်ဆုံးရှုံးခဲ့ရသည့်ရွာသားများသည် လျော်ကြေးငွေကို စောင့်ဆိုင်းနေရဆဲဖြစ်ကာ လာအိုတွင် ကြီးမားသော စီမံကိန်းများစွာကို နှောင့်ယှက်နေသည့် ပြဿနာတစ်ခုဖြစ်ကြောင်း RFA က ဖော်ပြသည်။
“အခုအခက်ခဲဆုံးအချိန်ကိုရောက်နေပြီဖြစ်လို့ လျော်ကြေးငွေကိုအမြန်ဆုံးရချင်ပါတယ်။ တရုတ်အာဏာပိုင်တွေက ကျွန်တော်တို့ကိုညာတယ်။ စက်တင်ဘာလမှာပေးမယ်လို့ သူတို့ပြောခဲ့တာ” ဟုဒေသခံတစ်ဦးကဆိုသည်။
ဒေသခံများသည် အာဏာပိုင်များထံမှ ငွေပေးချေမှုနှင့်ပတ်သက်၍ တရားဝင်အကြောင်းကြားစာ တစ်စုံတစ်ရာမရရှိကြောင်းRFA သို့ ပြောည်။
“သူတို့က ကျွန်တော်တို့ကိုလျော်ကြေးငွေပေးမလားမပေးဘူးလားဆိုတာမသေချာပါဘူး။ ကျွန်တော်တို့ စောင့်နေတုန်းပဲ” ဟု ၎င်းကဆိုသည်။
၂၀၁၆ ခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သော လာအိုဥပဒေ အမိန့်အမှတ် ၈၄အရဖွံ့ဖြိုးရေးစီမံကိန်းများအတွက် မြေယာဆုံးရှုံးသွားသူများကို ဆုံးရှုံးသွားသော ဝင်ငွေ၊ မြေနှင့်အိမ်ရာ၊ သီးနှံများနှင့် အပင်များအတွက် လျော်ကြေးပေးရမည်ဟုပါရှိပြီး စီမံကိန်းမစတင်မီက ၎င်းတို့နေထိုင်ခဲ့သည့်အတိုင်းကောင်းမွန်သောသို့မဟုတ် ပို၍သာသောနေထိုင်မှုအခြေအနေများကို ရွှေ့ပြောင်းများအတွက် စီမံကိန်းလုပ်ဆောင်သူများက အာမခံပေးရန် လိုအပ်ကြောင်း RFA က ဖော်ပြသည်။
အဆိုပါ ရထားလမ်း စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင်စတင်ခဲ့ပြီး တရုတ်ပြည်မကြီးနှင့် အရှေ့တောင်အာရှသို့ ဆက်သွယ်ပေးမည့် ရထားလမ်းအရှည်၏ အစိတ်အပိုင်းဖြစ်သည်။
Credit - Mizzima