မြန်မာပြည်ကဒုတိယကိုဗစ်လှိုင်းနှင့် ၎င်း၏ကောက်ကြောင်း

မြန်မာပြည်ကပထမကိုဗစ်-၁၉ လှိုင်းတုန်းက တရုတ်ပြည်မကြီးက အဲ့လောက်မစိုးရိမ်ပေမဲ့ မြန်မာပြည်ကဒုတိယကိုဗစ်လှိုင်းကို  တရုတ်ပြည်မကြီးက အထူးစိုးရိမ်ပုံရတယ် ။ နယ်စပ်စောင့်ကြည့်ရေးကင်းစခန်း  ( ၅၀၀ ) ကျော်တောင် ဆောက်ပစ်တာဆိုတော့ စဥ်းစားကြည့်ပေါ့ဗျာ။


မြန်မာပြည်က ဒုတိယလှိုင်းကိုဗစ်ရဲ့  ကူးနိုင်စွမ်းနှင့်ပြင်းအားကို  တရုတ်က ကြိုသိထားပုံပါပဲ ။ ကြိုသိလို့လည်း အဲ့လိုနယ်စပ်စောင့်ကြည့်ရေးကင်းစခန်း ( ၅၀၀) ကျော်ဆောက်တာပေါ့ဗျာ ။ တရုတ်နှင့် မြန်မာပြည်က စစ်အာဏာရှင်တွေပေါင်းပြီး  ခင်းတဲ့ဇာတ်ဆိုတော့လည်း  တရုတ်ကောင်းကောင်းသိတာပေါ့လေ ။ တရုတ်မှာ  လင်းနို့နဲ့ပက်သက်တဲ့  ပိုးပေါင်း  ၁၅၀၀ ကျော်ကို  ဝူဟန်ဓာတ်ခွဲခန်းမှာ ကိုင်ထားတာပါ ။ 

လက်ရှိမြန်မာပြည်က ကိုဗစ်ပိုးဟာ ဘာအမျိုးစားလဲဆိုတာတောင်  သိနေလောက်ပါတယ် ။ ကြိုသိနေလို့လည်း  သူ့နယ်စပ်ကို ကြိုကာတယ် ။ မြန်မာပြည်ထဲ  ကိုဗစ်ထည့်ပြီး  သူ့နိုင်ငံကို  မကူးအောင် ကြိုကာသတဲ့ ။ လုပ်ဇာတ်တွေ ... တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်/ကုသဆေးထုတ်နေပြီဆိုဗျ ၊ အဲ့လောက်ကြောက်နေစရာလိုလား 😂 သဘောက မြန်မာပြည်က ကိုဗစ်ပိုးအတွက် တရုတ်မှာ ဖြေဆေးမထုတ်ရသေးပုံပဲ ။ မြန်မာပြည်က ကိုဗစ်ပိုးနှင့် တရုတ်ပြည်မကြီးမှာ ဖြစ်တဲ့ ကိုဗစ်ပိုးက မတူဘူးဆိုတဲ့ သဘောပဲ ။

အဲ့တော့ စဥ်းစားစရာ ကွင်းဆက်တစ်ခုရလာတယ် ။ တရုတ်ပြည်မထဲက  ကိုရိုနာဗိုင်းရပ်စ်ပိုးဆိုတာ အားပျော့တဲ့ ဗိုင်းရပ်ပိုးဖြစ်ပြီး တရုတ်ပြည်မကြီးရဲ့ပြင်ပ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်တဲ့ဗိုင်းရပ်ပိုးဟာ ပိုပြီးကူးစက်နှုန်းမြင့်တယ် ၊ ရောဂါပိုပြင်းတယ်ဆိုတာ ချိတ်ဆက်စဥ်းစားလို့ရလာတယ် ။ တရုတ်ပြည်မထဲက ကိုရိုနာပိုးဆိုတာ ဂျင်းပြုတ်ရည်လိုလို ၊ ရေနွေးသောက်ရင် ပျောက်သလိုလိုနဲ့ရချင်ရလိမ့်မယ် တရုတ်ပြည်မကြီးရဲ့ပြင်ပက ပိုးက ဂျင်းပြုတ်ရည် ၊ ရေနွေးတို့နဲ့  မရတဲ့သဘောပဲ ။

ဒါကြောင့်  တရုတ်ပြည်မကြီးထဲက ပိုးက ရောင်ပြပိုးဖြစ်ပြီး တရုတ်ပြည်မကြီးရဲ့ပြင်ပက ပိုးက တကယ်အားပြင်းတဲ့ ပိုးဖြစ်တယ်ဆိုတာ ထင်ရှားလာတယ် ။

ခုလိုချိန်မှာ ကမ္ဘာ့နိုင်ငံတွေဟာ ကိုဗစ်-၁၉ ကုသဆေး ၊ ကာကွယ်ဆေး နေ့မနား၊ညမနား ရှာဖွေဖော်ထုတ်နေကြပါတယ် ။ တရုတ်ပြည်မကြီးက ပြန့်နှံလာတဲ့ပိုးဟာ တရုတ်ပြည်မကြီးကို ဒုက္ခမပေးဘဲ ကမ္ဘာ့နိုင်ငံတွေကို ဒုက္ခပေးနေတဲ့သဘောပါပဲ ။

တရုတ်ပြည်မကြီးမှာ  ဖြေဆေးရထားလို့  ရေသဘင်ဂီတပွဲတွေတောင် လုပ်နေတာ ထင်ထင်ရှားရှားမြင်နိုင်ပါတယ် ။ တကယ်က ကမ္ဘာ့နိုင်ငံတစ်ခုချင်းဆီက ကိုဗစ်ပိုးတစ်ခုချင်းဆီကို ရောဂါပိုးစတင်ပြန့်နှံ့လာတဲ့တရုတ်ပြည်မကြီးဆီကို ပြန်ပို့လိုက်ရင်  အဖြေတစ်ခုတော့ ထွက်လာမှာ သေချာပါတယ် ။ ဖြေဆေးသော်လည်းကောင်း ထွက်လာနိုင်တယ် ၊ တရုတ်ပြည်မကြီးထဲက ရောဂါပိုးနှင့် ကမ္ဘာ့နိုင်ငံတွေမှာ ကူးနေတဲ့ ရောဂါပိုးတူ/မတူ သိသွားနိုင်တယ်ပေါ့ ။

တစ်ခါတလေ တဖက်သားက ထုတ်လာတဲ့မေးခွန်းကို  မလိုအပ်ဘဲ အချိန်ကုန်၊လူပန်းခံပြီး ဖြေဆိုနေတာထက် မေးခွန်းထုတ်တဲ့သူဆီ အဲ့ဒီမေးခွန်း ပြန်ပို့လိုက်တာ နည်းတကာ့နည်းထဲက နည်းလမ်းတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ် ။

ဖြစ်နိုင်ရင် မြန်မာပြည်က ကိုဗစ်ပြင်းထန်တဲ့သူတွေဟာ  တရုတ်ပြည်မကြီးထဲသွားပြီး ချောင်းတောင် ဆိုးပစ်သင့်ပါတယ်😛 ။ ( ဇီဝလက်နက်ဆိုတာ ဒုံးကျည်ထဲထည့်ပြီး  ပြိုင်ဖက်နိုင်ငံထဲကို "ဗုံးခနဲ ၊ အုံးခနဲ" ပစ်ထည့်လိုက်မှ  ဇီဝလက်နက်မဟုတ်ဘူးဆိုတာ သိစေချင်လို့ပါ ၊ ဘေးနားက လူကို လက်ညှိုးနဲ့ထိတို့လိုက်တာကလည်း ဇီဝလက်နက် ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် 🙂)

myanmar society🇲🇲


မြန်မာပြည်သူပြည်သားတွေ ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေ ၊ ကိုဗစ်ကူးစက်ခံထားရသူတွေလည်း ရောဂါဘေးကြီးက လွန်မြောက်နိုင်ကြပါစေ ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ