မည်သူနိုင်၍ မည်သူရှုံး


ကမ္ဘာသူ၊ကမ္ဘာသားတွေ အသိဉာဏ်နိမ့်ပါးစဥ်က  နေမဝင်အင်ပါရာအဖြစ် တခန်းတနားအုပ်စိုးခဲ့သော  ဗြိတိသျှအင်ပါယာကြီးဟာ  ဒုတိယကမ္ဘာစစ်ကြီးပြီးတော့  ပြိုဆင်းသွားခဲ့ရသော သာဓက ရှိပါသည် ။ 

ဟစ်တလာ၏ ကမ္ဘာကို အုပ်စိုးမည့်အကြံ ...
ဂျပန်၏ ကမ္ဘာသိမ်းမည့်အကြံ ...
ဆဒ္ဒန်ဟူစိန်၏ ကမ္ဘာသိမ်းမည့်အကြံ ...
အစပိုင်းတွင် အဆင်ပြေသယောင်ယောင် ရှိသော်လည်း အခြေတည်သော အခြေခံမဟာဗျူဟာအားနည်းချက်ကြောင့်  ပြိုဆင်းသွားခဲ့ရသည်ချည်းသာ ဖြစ်သည် ။

ယနေ့ခေတ်လို  သတင်းအချက်အလက်စီးကူးမြန်၍  အသိဉာဏ်မြင့်မားသောကမ္ဘာသူကမ္ဘာသားများအား  မတော်မတရားနည်းလမ်းဖြင့် အုပ်စိုးမည်ဟု  ကြံစည်ခြင်းက မိုက်မဲရာ ကျလွန်းသည် ။ 


အမေရိကန်ရွေးကောက်ပွဲတွင်  အမေရိကန်သမ္မတဒေါ်နယ်ထရန့် နိုင်သည်ဖြစ်စေ ၊ ရှုံးသည်ဖြစ်စေ တရုတ်၏ကမ္ဘာသိမ်းအိပ်မက်သည်  များမကြာမီတွင်  ပြိုကျဖို့ရာသာ ရှိသည်။ 

၂၀၁၅ - ၂၀၂၀  ခုနှစ် မြန်မာ့အရေး/ကမ္ဘာ့အရေးတွင်   တရုတ်အရှုံးကြီး ရှုံးသည်ဟုပင်  သမုတ်၍ရသည်။

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ၊ နိုင်ငံရေးအားပြိုင်မှု ၊ ရွေးကောက်ပွဲအားပြိုင်မှုများတွင် တရုတ်သည် နည်းဗျူဟာပိုင်းအရ အပင်းအထည့်ကောင်း၍  သာကောင်းသာနိုင်သည် ။ သို့သော် ထိုအဖြစ်ကား ကောက်ရိုးမီးသဖွယ်သာ ဖြစ်သည်။ အရှိန်ပြင်းပြင်းဖြင့်  မီးစာမကုန်သေး၍ ဟုန်းကနဲ့တောက်နေခြင်းသာ ဖြစ်သည်။ ထိုသို့ မီးရှိန်ပြင်းချိန်တွင်  ကမ္ဘာသူကမ္ဘာသားတွေ အပူဟတ်ခံနေရသောသဘော ရှိသည် ။

ထို့ကြောင့် လက်ရှိကမ္ဘာ့အရေးအားသုံးသပ်ကောက်ချက်ဆွဲရလျှင်  လက်တလောအဆင်ပြေရေးအားအသားပေးပုံဖော်နေသော တရုတ်အဖို့ ရေတိုမှာအားသာသော်လည်း ရေရှည်သွားမည့်မဟာဗျူဟာတွင်  ကျရှုံးခဲ့ပြီဟု  ဆိုရမည် ။ 

မဟာဗျူဟာရဲ့သဘောက  အုတ်မြစ်နဲ့ တူလှသည် ။ အုတ်မြစ်ကောင်းစွာ မချခဲ့လျှင်  အထပ်မြင့်ဆောက်၍ မရနိုင်ပေ ။ အထပ်မြင့်လာလေလေ ပြိုကျနိုင်သောအန္တရာယ်ကြီးလာလေလေ ဖြစ်သည် ။

အခြေခံအုတ်မြစ်ကောင်းစွာမချခဲ့သော တရုတ်အဖို့ အခြေခံအုတ်မြစ်၏ ထိန်းနိုင်စွမ်းနှင့်ဟန်ချက်ကို  ကျော်လွန်ပါက  ပြိုကျမည်သာ ဖြစ်သည်။

ထို့ကြောင့်  ထရန့်မရှုံး ၊ တရုတ်သာ ရှုံးသည် ။

မြန်မာ့အပေါ်သဘောထားသော တရုတ်၏မူဝါဒသည် ယနေ့ထိတိုင်မပြောင်းလဲသလို  ကမ္ဘာ့နိုင်ငံများအပေါ်ထားသော တရုတ်၏မူဝါဒသည်လည်း မပြောင်းလဲသေးပေ ။

တရုတ်သာဝရော ၊ မြန်မာသာဝရော   ယနေ့အချိန်ထိ နောင်တရကြသေးဟန်မတူပေ။ ရလိုဟန်လည်း မရှိကြသေး ။

myanmar society🇲🇲


မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာ ၊ ချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက် ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ