လိုရင်တိုး ပိုရင်လျော့
လူသတ်၊လူ့အခွင့်ရေးနှင့်ရာဇဝတ်မှုပေါင်းများစွာကိုချိုးဖောက် ရက်စက်နေတဲ့အကြမ်းဖက်စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံတွေက မျက်စိမှိတ်ထောက်ခံဖို့ဆိုတာကလည်း တော်တော်မလွယ်တဲ့ကိစ္စတစ်ရပ်ပါ။
ဘယ်ကမ္ဘာ့နိုင်ငံက ထောက်ခံသည်ဖြစ်စေ/မထောက်ခံသည်ဖြစ်စေ အသေထွက်ထွက်မည့်ဝါဒကို စစ်ကောင်စီနှင့်သူရဲ့တပ်ကဆုပ်ကိုင်ထားတာပါ။ဒါကြောင့် "စေ့စပ်၊နားချ၊သတိပေး၊အကြပ်ကိုင်၊ဖျောင်းဖျ" ဘာတစ်ခုကမှ အသုံးဝင်မှာ မဟုတ်ပါဘူး။ကမ္ဘာ့နိုင်ငံတွေက Sanction ဝိုင်းချပေးတာကိုက နွေဦးတော်လှန်ရေးအောင်မြင်ဖို့ ၅၀ ရာခိုင်နှုန်းလောက်ရှိတဲ့အခွင့်အရေးကို ရစေတာ ဖြစ်ပါတယ်။
နောက်တစ်ခုက ကမ္ဘာ့နိုင်ငံတွေဟာ NUG အစိုးရကို အထောက်ခံကြီးထောက်ခံပြီးမှ ဘာမှမဟုတ်တဲ့အစိုးရတစ်ရပ်အဖြစ် ဖြစ်သွားမှာလည်း စိုးရိမ်ပုံရတယ်။လက်ရှိအခြေအနေထက် ပိုဆိုးသွားမှာကို စိုးပုံရတယ်။ပြောရရင် NUG အစိုးရရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝအယုံအကြည်မရှိတာ၊ပြည်သူပြည်သားတွေနှင့်တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် မှာလည်း အပြည့်အဝ အယုံအကြည်မရှိတာက ထင်ရှားတယ်။
NUG အစိုးရနှင့်ပြည်သူတွေဟာ ပြည်တွင်းနိုင်ငံရေး၊စစ်ရေးအခြေအနေကို ပြောင်းပြန်လှန်မပစ်နိုင်မချင်း ကမ္ဘာ့နိုင်ငံတွေရဲ့ တခဲနက်ထောက်ခံမှုကို ရရှိနိုင်ဖို့မလွယ်သလို မြန်မာ့အရေးကလည်း မအီမလည်ဖြစ်နေအုံးမှာ ဆိုတာကတော့ သေချာသလောက်ပါပဲ။
ယခုဆိုရင် တော်လှန်ရေးကာလဟာ ( ၆ )လရှိလာပါပြီ။အကောင်းဆုံးဖြစ်နိုင်မည့်နည်းတွေချည်း အစိုးရရော၊ပြည်သူရော ရွေးလုပ်ခဲ့ကြတာပါပဲ။၎င်းအပေါ်မှာ အပြစ်တင်စရာ မရှိပါ ။သို့သော် ပိုမိုထိရောက်ဖို့ လိုတိုးပိုလျော့ အလုပ်တွေ လုပ်ဖို့ လိုလာပြီလို့တော့ မိမိမြင်ပါတယ် ။
( တစ်ခုတော့ရှိတာပေါ့လေ သဘောတွေအရမ်းကောင်းပြီး နိုင်ငံကြီးတစ်ခုခုက အကြမ်းဖက်စစ်ကောင်စီကို လာဆော်သွားရင်တော့ မပြောတတ်ဘူး၊ အဲ့ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲကြီးပါ )
myanmar society🇲🇲