ကမ္ဘာ့ခေါင်းဆောင် ၂ ယောက် လက်ဝါးချင်းရိုက်၍ ကြိတ်ကြံနေပြီလား ??
၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ရက်မှာ အမေရိကန်သမ္မတဂျိုးဘိုက်ဒန်က တရုတ်သမ္မတ ရှီကျင်းပင်ဆီဖုန်းဆက်စကားပြောခဲ့တယ်လို့ သိရပါတယ်။ ဥရောပမှာ ခြေရှုပ်လို့ မရတော့လို့ ကျန်နေသေးတဲ့ သူတို့ရဲ့နောက်ဆုံးလက်ကျန်ကွန်ယက် အာရှမှာ ခြေရှုပ်ဖို့ ကြိုးစားလာနေတာလားကတော့ စိုးရိမ်စရာပါ။
ရှီကျင်းပင်နှင့်ဂျိုးဘိုက်ဒန်တို့ ဖုန်းဆက်ပြီး ဘာတွေဆွေးနွေးခဲ့သလဲဆိုတာ ကုလသမဂ္ဂ Credential Committee မှာ မြန်မာပြည်သူလုထုအတွက်ဘယ်လိုရလဒ်ထွက်သလဲက ယေဘုယအားဖြင့်အဖြေပေးလိမ့်မယ် ထင်မိတယ်။
တရုတ်ပြည်မကြီးရဲ့ကမ္ဘာ့သိမ်းစီမံကိန်း - ၂၀၇၆ ကလည်း မိမိတို့ရေးပြပြီးလို့ မြန်မာပြည်သူပြည်သားတွေအနေနဲ့ ထိုက်သင့်သလောက် သိပြီး ဖြစ်ပါလိမ့်မယ်။ကမ္ဘာသူကမ္ဘာသား အတော်များများကလည်း သိနေကြပါပြီ။ဒါကြောင့် အဲ့ဒီလမ်းကြောင်းအတိုင်းလိုက်ပြီး ဇွတ်တိုးပုံဖော်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နည်းပါးနေပြီ ဖြစ်ပါတယ်။ပြောရရင် တရုတ်ပြည်ရဲ့ကမ္ဘာသိမ်းစီမံကိန်းက ပျက်ပြားသွားပြီလို့ ဆိုလို့ရပါတယ် ။
နောက်တစ်ခုက ဒီမိုကရက်အရာရှိတချို့ ၊ ပါတီဝင်တချို့နှင့်တရုတ်ပြည်ရဲ့ ချိတ်တွေဟာ ဘူးပေါ်သလိုပေါ်လာနေတဲ့ကိစ္စတွေရယ် ၊ ဒီမိုကရက်အရာရှိတချို့နောက်ကနေ ထိန်းကြောင်းနေတဲ့ Deep State ကိစ္စတွေကို ကမ္ဘာသူကမ္ဘာသားတွေ ရိပ်မိသဘောပေါက်နေကြလို့ Deep State ရဲ့ကမ္ဘာသူကမ္ဘာသားတွေကိုကျွန်ပြုရေးစီမံကိန်းကြီးဟာလည်း ပျက်ပြားသလောက် ဖြစ်နေပါပြီ ။
အဲ့လိုအနေအထားမှာ မာန်မလျော့နိုင်ဘဲ ဆက်တိုးကြရင်ဖြင့် အဖမ်းခံရတာ ( သို့ ) ပြည်ပျက်တာတွေအထိ ပေါ်ပေါက်လာနိုင်စရာ အကြောင်းရှိပါတယ်။
ခုဆိုရင် တရုတ်ပြည်ရဲ့တိုးတက်နှုန်းဟာ နောက်ကိုပြန်ခုန်မယ်လို့တောင် ခန့်မှန်းနေကြပါပြီ။
myanmar society🇲🇲