မိစ္ဆာသတ်ပွဲ( သို့ ) အောင်မြေနင်းခြင်း

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့်  ကမ္ဘာ့နိုင်ငံတွေ ရတက်မအေးရချိန်မှာ တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံးဟာ တရုတ်ပိုင်ဖြစ်တယ်ဆိုပြီး ရေမိုင်ကျော်၍ ရေနံတူးခြင်း ၊ ကျူးကျော်ငါးဖမ်းခြင်း ၊ အိမ်နီးချင်းနိုင်ငံရဲ့ ငါးဖမ်းလှေတွေကို  ပစ်ခတ်ခြင်းတွေ လုပ်လာခဲ့ပါတယ် ။ ဘယ်ကထွက်လာမှန်းမသိတဲ့ သက်သေခိုင်ခိုင်မာမာမပြနိုင်တဲ့ nine_dash_line မြေပုံအရ  တောင်တရုတ်ပင်လယ်ပင်တစ်ခုလုံးဟာ တရုတ်ပိုင်ဆိုပြီး  ကြေငြာလာတာကြောင့် တောင်တရုတ်ပင်လယ်နှင့်ထိစပ်လျက်ရှိသော နိုင်ငံတွေအဖို့ အတော်ခံပြင်းဒေါသထွက်စရာလည်း  ဖြစ်ပါတယ် ။ ရေပိုင်နက်အငြင်းပွားမှုတွေနဲ့ပက်သက်လို့  အနုညာတခုံရုံးဆုံးဖြတ်ကို တရုတ်နိုင်ငံဖက်က  မထီမဲ့မြင်ပြုတာမျိုးတွေလည်း  ရှိပါတယ် ။ စပရက်တလေကျွန်းစု ၊ ပါရာဆဲလ်ကျွန်းစုတွေဟာ ယနေ့တိုင် ပိုင်ဆိုင်မှု အငြင်းပွားဆဲဖြစ်ပါတယ် ။ နိုင်ငံတကာစစ်သင်္ဘော ၊ ကုန်သွယ်ရေးသင်္ဘော ၊ အပြည်ပြည်ဆိုင်ရာရေပိုင်နက်ကို အဓိကခြိမ်းခြောက်လာတာက တောင်တရုတ်ပင်လယ်အတွင်းရှိ ရေတိမ်ပိုင်းတွေမှာ လူလုပ်ကျွန်းစစ်အခြေစိုက်စခန်းတွေကို တိုးချဲ့တည်ဆောက်လာတာကြောင့် ဖြစ်ပါတယ် ။


အမေရိကန်က သူ့မဟာမိတ်တွေ နှင့် သူငယ်ချင်းနိုင်ငံတွေကို ကူညီဖို့ခေါင်းစဥ်နဲ့  စစ်သုံးစရိတ် ဒေါ်လာ ၂၀ ဘီလီယံတောင်းခံထားတာ ရသွားခဲ့ပြီးသည့်နောက်  ဇူလိုင်လအစောပိုင်းမှာ လေယာဥ်တင်သင်္ဘော ( ၂ ) စီးဖြစ်တဲ့  ရောနယ်ရေဂင်နှင့် နီမစ်တို့ကို တခြားအခြံအရံသင်္ဘောတပ်ကြီးဖြင့် တောင်တရုတ်ပင်လယ်သို့ ချီတက်ခဲ့ကြပါတယ် ။

အဲ့ဒီနောက်မှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပန်ပီယိုက တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေကြောင်းတောင်းဆိုမှု အများစုကို တရားဝင်ငြင်းပယ်ကြောင်း ကြေငြာခဲ့ပါတယ် ။


၂၀၂၀ ခုနှစ် ဇူလိုင်လအစောပိုင်းတွင်  တောင်တရုတ်ပင်လယ်တွင်းစစ်ရေးလေ့ကျင့်မှုမှာ  ဗြိတိန် နှင့် ဂျပန်ပါဝင်လာပြီးနောက်  အမေရိကန်နှင့်ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း  သတင်းတက်လာခဲ့ပါတယ် ။အဲ့ဒီနောက်မှာ  သြစတေးလျပါ ပါဝင်လာခဲ့ပါတယ် ။( သြစတေးလျဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ဆန့်ကျင်ရေးစစ်ရေးလေ့ကျင့်မှုအတွက် ဒေါ်လာ ထွီလီယံချီသုံးနေသလို  အမေရိကန်စစ်လက်လက်ကုမ္ပဏီကြီး လော့ခ်ဟိမာတင်ကလည်း သြစတေးလျကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး  လုပ်သား ၂၀၀၀ အတွက် အလုပ်ပေးနိုင်ဖို့ ကျိုးစားနေပါတယ် ။)


၎င်းကာလနောက်ပိုင်းမှာ တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန်လေယာဥ်တင်သင်္ဘော ရော်နယ်ရေဂင်ကိုလည်းကောင်း ၊ အိန္ဒိယသမုဒ္ဒရာထဲမှာ အမေရိကန်လေယာဥ်တင်သင်္ဘော နီမစ်ကိုလည်းကောင်း ခွဲချထားပြီး စစ်ရေးလေ့ကျင့်လို့နေပါတယ် ။ တောင်တရုတ်ပင်လယ်ထဲမှာ ဗြိတိန် ၊ ဂျပန် ၊ အမေရိကန် ၊ သြစတေးလျ တို့အပြင် အာစီယံနိုင်တွေ ဖြစ်တဲ့ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင်တို့ပါ ပါဝင်စစ်ရေးလေ့ကျင့်လျက်ရှိပါတယ် ။ စစ်ဖြစ်ရင် တောင်ကိုရီယား ၊ ထိုင်ဝမ်တို့ကလည်း အမေရိကန်ဖက်က ပါဝင်လာမည့် သဘောတွေ ရှိပါတယ်။(လက်တလောသတင်းအရ အိန္ဒိယတပ်မတော်ဟာ တရုတ်နဲ့အငြင်းပွားနေတဲ့နယ်စပ်တလျောက်ကို  စစ်သည် ၃၅၀၀၀ တပ်ဖြန့်ထားဖို့ စေလွှတ်နေပါတယ် )


၎င်းအပြင်  ၂၀၂၀ခုနှစ်  ဇူလိုင်လ (၁၀)ရက်ဝန်းကျင်က  အမေရိကန်-ထိုင်း စစ်ဘက်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရေး သဘောတူလတ်မှတ်ရေးထိုးခဲ့တာကလည်း အထင်အရှား ဖြစ်ပါတယ် ။

အိန္ဒိယသမုဒ္ဒရာထဲမှာ အိန္ဒိယ ၊ အမေရိကန် နှစ်နိုင်ငံပေါင်းပြီး စစ်ရေးလေ့ကျင့်လျက်ရှိပါတယ်  ။ အက်ဒမန်ကျွန်းပေါ်မှာ အိန္ဒိယရေတပ်အခြေစိုက်စခန်း ရှိပါတယ် ။ 

အမေရိကန်လေယာဥ်တင်သင်္ဘောနီမစ်ကို အိန္ဒိယသမုဒ္ဒရာထဲကို စေလွှတ်ပြီး  အိန္ဒိယနှင့်အတူစစ်ရေးလေ့ကျင့်ခြင်း လုပ်ရတဲ့ရည်ရွယ်ချက်ကတော့  ဂျဘူတီမှာရှိတဲ့ တရုတ်ရဲ့စစ်အခြေစိုက်စခန်း ၊ တရုတ်ရဲ့လက်တံဖြစ်တဲ့  အီရန် ၊ မော်လဒိုက်မှာရှိတဲ့ တရုတ်၏လူလုပ်ကျွန်း ဖဲဒိုးဖင်နိုလူကျွန်း ၊ ပါကစ္စတန် ၊ ဘင်္ဂလားဒက်ရှ် ၊ ကျောက်ဖြူ ၊ ကိုကိုးကျွန်း တို့အား ထိန်းချုပ်ရန် ဖြစ်ပါတယ် ။ ( အဲ့ဒီမှာ ထူးခြားတာက  မဒေးကျွန်းတဝိုက်ကို အိန္ဒိယဖက်က တရုတ်ရေတပ်အခြေစိုက်စခန်းအဖြစ် ပြထားပြီး ၊ wekipedia ကတော့ ကိုကိုးကျွန်းကို  တရုတ်စစ်အခြေစိုက်စခန်းအဖြစ် ပြထားတာကို တွေ့ရပါတယ်။ မြန်မာစစ်အာဏာရှင်တွေဟာ  အခြေခံဥပဒေကိုကျော်ပြီး  မြန်မာပြည်သူတွေ မသိအောင်  လက်သိပ်ထိုးလုပ်ထားတဲ့ ကိစ္စတွေ ဘယ်လောက်များများ  ရှိနေမလဲ ?? ရေဒါထိန်းပစ်ခတ်လို့ရတဲ့ ထိပ်ဖူးလဲ Sy-400 တွေကရော အခြေအနေဘယ်လိုရှိလဲ ?? )


တရုတ်ရေငုပ်သင်္ဘောများဟာ မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန်နှင့်သီရိလင်္ကာနိုင်ငံတို့တွင်ဆိပ်ကမ်းကပ်မှုများ ပြုလုပ်ခဲ့ပါတယ် ။

ငြိမ်းချမ်းရေးကာလအတွင်းမှာတော့  တရုတ်ရေငုပ်သင်္ဘောများဟာ မလက္ကာရေလက်ကြားမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ၀င်ရောက်လိမ့်မည်ဟု မျှော်လင့်ရပါတယ် ။ တရုတ်ရေငုပ်သင်္ဘောများဟာ ၎င်းတို့၏တည်ရှိမှုကို ဖုံးကွယ်လိုသည့်လုပ်ငန်းလည်ပတ်မှုအခြေအနေတွင်  ရှိပါတယ်။

စစ်အတွင်းမှာတော့ တရုတ်ရေငုပ်သင်္ဘောများသည်  ဆူဒန်ရေလက်ကြား (သို့မဟုတ်) လမ်ဘောက်ရေလက်ကြားကို အသုံးပြုကောင်းပြုနိုင်ပါတယ်။  ဤအရွေ့ကား ပစိဖိတ်နှင့်အိန္ဒိယသမုဒ္ဒရာခွဲခြား
အင်ဒိုနီးရှား၏ ကွင်းဆက်လမ်းကြောင်းလည်း ဖြစ်ပါတယ်။  စင်ကာပူကို ဖြတ်ကျော်သွားရသော မလက္ကာရေလက်ကြား၏ အားသာချက်တစ်ခုမှာရေငုပ်သင်္ဘောများအား အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းသို့ ပို့ဆောင်နိုင်ခြင်းဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းသည် ၎င်းတို့အား ပစ်မှတ်မှ လျော့နည်းစေနိုင်သည့်လမ်းကြောင်း  ဖြစ်နိုင်ပါတယ် ။

ဆူဒန်ရေလက်ကြားသည် အတိုဆုံးလမ်းကြောင်းဖြစ်သော်လည်း အရှေ့ဘက်အဆုံး၌  ရေတိမ်ပိုင်း ဖြစ်၍ လမ်ဘောက်ရေလက်ကြားက ပိုမိုနက်ရှိုင်းသည်။ထိုကြောင့် တရုတ်ရေတပ်သည် ပိုမိုနက်ရှိုင်းသောရေကြောင်းခရီးများကို အသုံးပြုနိုင်သည်ဟု ယူဆဖွယ်ဖြစ်တယ်။


အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိရေး နှင့် အိန္ဒိယသမုဒ္ဒရာအားကြီးစိုးနိုင်ရေးအား အမြဲစဥ်းစားနေသော တရုတ်ဟာ ကီလိုမီတာ ၁၂၀ ရှည်တဲ့ ခရာတူးမြောင်းကို  ထိုင်းနိုင်ငံနှင့်ပူးပေါင်းကာ ဖောက်နိုင်ခြေလည်းရှိပါတယ် ။ အဲဒါသာ အလုပ်ဖြစ်ရင် အဲဒီကနေ တရုတ်စစ်သင်္ဘောတွေ ထိုင်းပင်လယ်ကွေ့ကိုဖြတ်လို့ အက်ဒမန်ပင်လယ်ပြင်ထဲ သွားဖို့ ချောမွေ့သွားလိမ့်မှာလည်း ဖြစ်ပါတယ် ။၎င်း အဆိုပြုထားတဲ့ စီမံကိန်း ဖြစ်သွားမလား ၊ မဖြစ်သေးဘူးလားကတော့ မသိရသေးပါ ။

တစ်ချိန်ကလို  အိန္ဒိယသမုဒ္ဒရာထဲကိုရောက်သွားတဲ့တရုတ်ရေငုပ်သင်္ဘောတွေအား တရုတ်ပြည်သို့ ပြန်စရာမလိုဘဲ ပြန်လည်တပ်ဆင်နိုင်၊ ပြန်လည်ဖြည့်တင်းနိုင်နေပါပြီ ။အဘယ့်ကြောင့်ဆိုသော်  တရုတ်ရေတပ်သည် အာဖရိကရှိ ဂျီဘူတီတွင် အခြေစိုက်ပြီး ဖြစ်သည်။သူတို့ကိုယ်သူတို့ ဆိပ်ကမ်းသို့ မ၀င်လျှင်သော်မှ သင်္ဘောများသည် ပင်လယ်ပြင်၌ပင် ပြန်လည်ဖြည့်တင်း၍ လည်ပတ်နိုင်နေပြီ ဖြစ်ပါတယ်။

ပါကစ္စတန်ရှိ ဂွါဒါတွင်လည်း နောက်ထပ်တရုတ်ဆိပ်ကမ်းတစ်ခုတည်ဆောက်နေပါတယ်။ တရုတ်ရေတပ်အခြေစိုက်စခန်းတစ်ခုပါ၀င်နိုင်သည့် ထိုဆိပ်ကမ်းကို တိုးချဲ့ရန်လုပ်ဆောင်ခြင်းသည်
ရှိရင်းစွဲဖြင့်မလောက်တော့သည့် ပုံရသည်။ဂွါဒါဆိပ်ကမ်းတွင် အားသာချက်တစ်ခုရှိပြီး ၎င်းကိုကုန်းလမ်းဖြင့် တရုတ်နိုင်ငံနှင့်ချိတ်ဆက်ထားခြင်းကြောင့် ထောက်ပံ့ရေးပစ္စည်းများသည် ပင်လယ်ပြင်ဖြင့် သွားစရာမလိုတော့ပေ။

အကယ်၍ တရုတ်က အမြဲတမ်းအိန္ဒိယသမုဒ္ဒရာတပ်ဖွဲ့ကိုဖန်တီးမည်ဆိုပါက ၎င်း၏အခြေစိုက်စခန်းများမှာ ဂွါဒါနှင့်ဂျီဘူတီသာ ဖြစ်ဖွယ်ရှိပါတယ် ။တရုတ်နိုင်ငံ၏အပန်းဖြေစခန်းအဖြစ် ဖွံ့ဖြိုးဆဲဖြစ်သော မော်လ်ဒိုက်ကျွန်းရှိ ဖဲဒိုးဖင်နိုလူကျွန်းငယ်လည်း ရှိသည်။ အချို့သောအခြေအနေများတွင် ၎င်းသည် ထောက်ပံ့ရေးအခြေစိုက်စခန်း (သို့မဟုတ်) စောင့်ကြည့်ရေးစခန်းအဖြစ် ဆောင်ရွက်နိုင်ဖွယ်ရာ ရှိပါတယ် ။ 

အိန္ဒိယရေတပ်ဟာ ၎င်း၏စွမ်းဆောင်ရည်ကို တိုးမြှင့်ခြင်းနှင့်ခြိမ်းခြောက်မှုကိုတန်ပြန်ရန် ၎င်း၏လည်ပတ်မှုပုံစံများကို ပြုပြင်ခြင်းများပြုလုပ်လျက်ပါတယ် ။  Andaman နှင့် Nicobar ကျွန်းများသို့ ရေငုပ်သင်္ဘောများစေလွှတ်ရန် ၎င်း၏စွမ်းရည်ကို စမ်းသပ်နေကြောင်းအထောက်အထားတချို့တော့ ရှိသည် ။ ၎င်းသည် မလက္ကာရေလက်ကြားရှိ ရေငုပ်သင်္ဘောလှုပ်ရှားမှုများကို စောင့်ကြည့်ရန်သော့ချက် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်  အိန္ဒိယရေတပ်ရဲ့အမေရိကန်ပြည်ထောင်စုထောက်ပံ့ P-8I Neptune လေယာဉ်များသည် အိန္ဒိယသမုဒ္ဒရာနှင့်အာရေဗျပင်လယ်၌ အိန္ဒိယ၏ရေငုပ်သင်္ဘောဆန့်ကျင်ရေးအတွက် လက်လှမ်းမှီရန် အဆင့်မြှင့်တင် နေကြသည်။ထို့ကြောင့်  တရုတ်ရေငုပ်သင်္ဘောလှုပ်ရှားမှုများကိုခြေရာခံရန် မျှော်လင့်နိုင်သည်ဟု ယူဆဖွယ်ဖြစ်ပါတယ် ။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံက ဒေါ်လာ ၈.၇ ဘီလီယံဖြင့် Rafale တိုက်လေယာဉ် ၃၆ စင်းကို မှာယူခဲ့တာပါ ။  အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi နှင့် ပြင်သစ်သမ္မတ Francois Hollande  တို့ဟာ အော်ဒါမှာယူမှု အတွက်  ၂ နိုင်ငံသဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ် ။ အဆိုပါ မှာယူထားတဲ့ တိုက်လေယာဥ် ၃၆ စီးကိုတော့  ၂၀၂၂ မှာ ပြီးစီးမှာ အပြီးသတ် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ် ။
(လက်ရှိအချိန်မှာ စစ်ရေးတင်းမာမှုတွေ ရှိတာကြောင့်  ရသမျှသော Rafale တိုက်လေယာဥ်တွေကို အိန္ဒိယက ပြီးစီးသလောက် ရယူနေတာဖြစ်ပါတယ် ။ သတင်းအရ -  ၅  စင်း ရယူ )

အမေရိကန်ဟာ အဖက်ဖက်က စစ်ရေးအင်အား ပြန်လည်မြင့်တင်လာတာတွေအပြင်  တူရကီဆီက F35s  တွေ ပြန်ဝယ်တာ အရမ်းထူးခြားတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ် ။ ဂျပန်အတွက် တဆင့်ခံပြန်ဝယ်ပေးတာလား စဥ်းစားစရာပါ ။ ဂျပန်ကလည်း သူ့ရဲ့ရဟတ်ယာဥ်တင်သင်္ဘောကို ရှင်းပြီး  F35s တွေတင်နေပါတယ် ။ နောက်ပြီး ဂျပန်နိုင်ငံဟာလည်း စစ်သုံးစရိတ်မြင့်ထားပါတယ် ။ အမေရိကန်ဟာ ဂျပန်အပေါ်မှာ  စစ်ရေးဖြေလျော့မှုတွေ အတော်များများ  လုပ်ခဲ့တာကို  မြင်ရမှာ ဖြစ်ပါတယ် ။ ၎င်းအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ  ဘယ်လိုသဘောတူညီချက်ကတိကဝတ်တွေ ရှိနိုင်မယ်တော့  မသိနိုင်ဘူး ။

အရှေ့အလယ်ပိုင်းကို  အမေရိကန် -အစ္စရေး စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပြင် စစ်ဖြစ်ခဲ့ရင်  ဆော်ဒီ ၊ တူရကီတို့လို နိုင်ငံတွေက အမေရိကန်ဖက်က ပါကြမှာပါ  ။ ( ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၅ ရက်ဝန်းကျင်က အီရန်နိုင်ငံရှိသင်္ဘောဆိပ်ကမ်းမှာ သင်္ဘော ( ၇ ) စီး မီးလောင်ခဲ့သလို ၊  ၂၀၂၀ ခုနှစ် ဇူလိုင်လ  ၂၀ ရက်မှာ အီရန်ရေနံပိုက်လိုင်း ဖောက်ခွဲခံခဲ့ရပါတယ် ၊ အဲ့ဒါတွေရဲ့  တရားခံဟာ အစ္စရေးဆိုပြီး  အီရန်က စွပ်စွဲထားပါတယ် ။ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၂ ရက်ဝန်းကျင်မှာ  ဆီရီယားမှာ ရှိတဲ့ အီရန်၏လက်နက်များသိုလှောင်ထားသည်ဟု ယူဆရသော အခြေစိုက်စခန်းတွေကို  အစ္စရေးက လေကြောင်းလိုင်းမှ ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ် ။)

ဥရောပမှာ မဟာမိတ်နေတိုးတပ်ဖွဲ့အပြင်  အမေရိကန်စစ်ရေးအင်အား ဖြန့်ကျက်ထားလျက် ရှိပါတယ်  ။

စစ်ဖြစ်တာနဲ့  အမေရိကန်ရဲ့ ကုမ္ပဏီအတော်များများက  လက်နက်စက်ရုံအဖြစ်ချက်ချင်းပြောင်းနိုင်စွမ်းရှိသလို ၊ ကန်တပ်တွေက ကမ္ဘာရဲ့ ဘယ်နေရာမဆို  ၂၄ နာရီအတွင်း ရွေ့နိုင်စွမ်းတယ်ဆိုပါတယ်။ စစ်ရေးချုပ်ပွိုင့်နေရာတွေကို ကျော်လွှားသွားနိုင်သည့် အာကာသတပ် ၊ အာကာသနည်းပညာ နှင့် ၎င်းနှင့်ပက်သက်သော လက်နက်ဆန်းများအား ထည့်မတွက်ရသေးပေ ။ (  ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ သမ္မတဒေါ်နယ်ထရန့်ဟာ အာကာသတပ်ဖွဲ့စည်းရေးအတွက် ဒေါ်လာ ၇၃၈ ဘီလီယံ သုံးပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ် )

စစ်ရေးတင်းမာမှုအနေအထား အမြင့်ဆုံးရောက်လာချိန်မှာ  ရုရှားက  တရုတ်ကို S-400 ရောင်းချမှုကို  ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ် ။ စစ်မီးသူဆီအကူးမခံနိုင်ဘူးဆိုတဲ့ သဘောတရားကို  ပြဆိုလိုက်ခြင်း ဖြစ်ပါတယ် ။ 

ထိုကဲ့သို့  စစ်ရေးအခြေအနေတင်းမာမှု အမြင့်ဆုံးမြင့်တက်နေချိန်မှာ  စစ်ဖြစ်နိုင်မလား ??

တချို့သုံးသပ်သူတွေက  ဒီအခြေအနေထိမြင့်တက်လာခြင်းဟာ ပြန်လမ်းမရှိတော့ဘူး ၊ စစ်ဖြစ်တော့မယ်လို့  သုံးသပ်သူတွေ  ရှိသလို ၊ စစ်မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေလည်း  ရှိပါတယ် ။

မိမိအမြင်အားဖြင့် သုံးသပ်ရလျှင် -

"မဟာမိတ်နိုင်ငံတွေကို  ကူညီဖို့"ဆိုတဲ့ ခေါင်းစဉ်နဲ့  လွှတ်တော်ကနေ  အမေရိကန်စစ်တပ်ဟာ ဒေါ်လာ ဘီလီယံ  ၂၀ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ် ။ ဒါကြောင့်  အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုဟာ အဲ့ဒီ ခေါင်းစဉ်အောက်ကနေ  ထွက်သွားလို့မရပါဘူး ။ တကယ်လို့  လွှတ်တော်က ခေါ်ယူမေးမြန်းလာရင်  တာဝန်ခံ ဖြေရှင်းရမှာ  ဖြစ်တဲ့အတွက်  ဖြစ်ပါတယ် ။ 

သို့အတွက်ကြောင့် ဖြစ်နိုင်ခြေများကို  ထုတ်ယူဆင်ချင်ကြည့်ရလျှင်  
( ၁ ) ကိုဗစ်- ၁၉ ရဲ့ လက်သည်ကို  ဖော်ထုတ်တော့မှာမို့ဖြစ်နိုင်ပါတယ် ။ တိကျခိုင်မာတဲ့ သက်သေတွေ ဆုပ်ကိုင်ထားနိုင်ပြီ ဖြစ်လို့  တဆင့်တိုးထိန်းချုပ်ခြင်း ဖြစ်ပါတယ် ။ တရုတ်သာ ကိုရိုနာဗိုင်းရပ်ရဲ့ လက်သည်အစစ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေကို ကူးစက်စေခဲ့တဲ့  နိုင်ငံဆိုခဲ့လျှင်  အန္တရာယ်များလွန်းလှတဲ့ နိုင်ငံတစ်ခု ဖြစ်မယ်ဆိုတာ ထွေထူးရှင်းပြစရာ လိုမယ် မထင်ပါဘူး ။ ၎င်းကိစ္စအားဖိအားပေးလျှင်   သူ့ဆီမှာရှိတဲ့ ဇီဝလက်နက်နဲ့ တောပစ်တောင်ပစ် ပစ်မှာစိုးလို့  မဖော်ထုတ်ခင် အကြိုပတ်ပြီးချုပ်ထားတာ ဖြစ်နိုင်ပါတယ် ။ ဘေးပတ်ပတ်လည် ဝိုင်းပြီး ချုပ်မိပြီဆိုမှ လျော်ကြေးတောင်းခြင်းက ပိုအဆင်ပြေနိုင်မှာ  မို့လို့ပါ ။

အဲ့လိုအနေအထားမှာ  တရုတ်က 
လျော်ကြေး မပေးခဲ့လျှင်   ???
ခြေမှုန်းမယ် !!
အဲ့ဒါက  ဖြစ်နိုင်တဲ့  နည်းလမ်းထဲက တစ်ခုပါ ။

(  ၂  )နောက်ဖြစ်နိုင်ခြေ တစ်ခုကတော့  မဟာမိတ်နိုင်ငံတစ်ခုက  တရုတ်ကို စစ်​ထိုးစေပြီး  သူတို့ချင်းအခြေအတင်ဖြစ်ခဲ့ရင်  အမေရိကန်က ဝင်ကူမယ် ။ခြေမှုန်းမယ် !!

( ၃  ) နောက်ဖြစ်နိုင်ခြေတစ်ခုကတော့  နှစ်ရှည်လများကြာအောင်  စစ်ရေး၊ စီးပွားရေးအား  ပတ်လည်ဝိုင်းထိန်းချုပ်ထားစေပြီး  တရုတ်အား အင်အားချည့်နဲ့ သွားစေမည့်  နည်းလမ်း ဖြစ်ပါတယ် ။ 

( ၄ )နောက်ဖြစ်နိုင်ခြေ တစ်ခုကတော့ မိမိဖက်ကမရေရာသေးသည့်အတွက် တရုတ်အားချုပ်နှောင်ထားပြီး  ထိုးနှက်နိုင်မည့်  အခွင့်အရေးအား စောင့်ဆိုင်းခြင်း ဖြစ်ပါတယ် ။ ဒီနည်းဟာ မဟာမိတ်နိုင်ငံတွေကို ကူညီပြီးသားရသလို မိမိအတွက် အခွင့်အရေးစောင့်ဆိုင်းမှုအား  ဆွဲဆန့်စေခြင်း ဖြစ်ပါတယ် ။

( ၅ )နောက်ဖြစ်နိုင်ခြေတစ်ခုကတော့ တရုတ်နိုင်ငံဖက်က ချုပ်နှောင်မှုအား သည်းမခံနိုင်တော့ဘဲ စပြီးပစ်ခတ်ရင်  စစ်ဖြစ်မယ် ။

( ၆ ) အပိုင်တွက်လို့ရတဲ့ ဖြစ်နိုင်ခြေကတော့ နောက်ရွေးကောက်ပွဲမှာ  ဒေါ်နယ်ထရန့်သာ ထပ်မံအနိုင်ရရှိခဲ့ရင်  တရုတ်ဟာ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရဖို့  ၁၀၀ ရာခိုင်နှုန်းသေချာပါတယ် ။

တရုတ်သမ္မတကို အတွင်းရေးမှူးအဆင့်လို့​  အမေရိကန်ဖက်က ပြောလိုက်ခြင်းက အဆွအပြောမျိုးဆိုပေမဲ့  အမေရိကန်ရဲ့ ဦးတည်ချက်က  CCP ကို ဦးတည်ဖြိုဖျက်မဲ့သဘောတရားလို့  သုံးသပ်လို့ရပါတယ် ။ 

အမေရိကန်-တရုတ် စစ်ရေးတင်းမာမှုမှာ တရုတ်ဟာ စစ်ရေးအခင်းအကျင်းကို ကြားခံနိုင်ငံတွေနဲ့အပင်းထည့်ကစားနိုင်မည့် ကုန်းတွင်းပိုင်းကို ဆွဲခေါ်နေပေမဲ့လို့  အမေရိကန်က စစ်ရေးအခင်းအကျင်းကို  ပင်လယ်ထဲဆွဲချပြီး  စိန်ခေါ်ပါတယ် ။

၂၀၂၀ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကတက်လာတဲ့ " အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ အမေရိကန်ရွေးကောက်ပွဲကို  နောက်ရွေ့ဖို့ အကြံပြုတယ်"ဆိုတဲ့သတင်းအရ   အမေရိကန်-တရုတ် တင်းမာမှုအခြေအနေကို အမြန်အဆုံးသတ်ဖွယ်ရာရှိတယ်လို့  ခန့်မှန်းမိတယ် ။
 
တဖန် မြန်မာ့အရေးနဲ့ ပက်သက်လို့  အနည်းငယ်ပြောရလျှင်   ၂၀၂၀ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က အမေရိကန်သံရုံးဟာ သူရဲ့ရပ်တည်ချက် နှင့်  သဘောထားထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံကို အမေရိကန်ရဲ့ Friendly Nation နိုင်ငံစာရင်းထဲကို ထည့်သွင်းလိုက်တာက ကျေနပ်စရာပါ ။ 

အရင်က US Military Defence Ring အတွင်းမှာ မြန်မာကို တရုတ်နှင့်ပေါင်းနိုင်တဲ့အန္တရာယ်ရှိတဲ့နိုင်ငံစာရင်းထဲမှာ သွတ်သွင်းထားရာကနေ  ဖြေလျော့ပြီး Friendly Nation နိုင်ငံစာရင်းထဲ ထည့်လိုက်တာက နိုင်ငံရေး ၊ စစ်ရေးကိစ္စတွေမှာ မြန်မာဟာ  အတိုင်းအတာတစ်ခုထိတော့ သက်သာခွင့် ၊ လွတ်လပ်ခွင့် ရရှိမှာ ဖြစ်ပါတယ် ။ လက်ရှိအနေအထားမှာ ကမ္ဘာ့အရေးဟာ စစ်ရေးကို  အသားပေးလာတာကို တွေ့နေရပါတယ် ။ 

တရုတ်သံအမတ် ဆွန်းဂေါ်ရှန်း ကလည်း UWSA(ဝ) ၊ AA ( ရခိုင် ) ၊ NDAA(မိုင်းလား)၊ SSPP(ရှမ်းပြည်တိုးတက်​ရေးပါတီ) ၊ MNDAA (ကိုးကန့်)၊ TNLA တအန်း(ပ​လောင်)အစရှိတဲ့ သူ့ရဲ့မွေးစားသား​တွေးကို​ တွေ့ဆုံခဲ့ပါတယ်။တွေ့ရတဲ့အကြောင်းအရင်း (  ၂ ) ချက်ပဲ ရှိပါတယ် ။ ငြိမ်ဖို့နဲ့ ၊ ဆူဖို့ပေါ့ ။ ငြိမ်ဖို့ဆိုရင် အရှည်ဆွဲကစားဖို့ ၊ ဆူဖို့ဆိုရင် ရွေးကောက်ပွဲ ပျက်ပြားအောင် ကြံဆောင်ဖို့ ။တကယ်ကတော့  အဲ့လောက်အချိန်မရတော့ပါဘူး ။ ကမ္ဘာ့အရေး မြန်မာ့အရေးကစားကွက်တွေကို ယှဥ်တွဲသုံးသပ်ရရင် အရမ်းနောက်ကျသွားပြီလို့  ဆိုနိုင်တယ် ။( မော်လမြိုင် စီးပွားရေးဇုံ ၊ ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် ၎င်းနဲ့ပက်သက်သော စီးပွားရေးဇုံတွေကို အကန်လုပ်ဖို့  ကရင်လက်နက်ကိုင်တွေကို အသုံးချလာနိုင်တာမျိုးတွေ  ဖြစ်လာ/မလာကတော့ စောင့်ကြည့် အကဲခတ်ရမှာ ဖြစ်ပါတယ် )

မြန်မာပြည်က စစ်အာဏာရှင်တွေ မမိုက်မဲဖို့ပဲ လိုပါတယ် ။မဟုတ်ရင် ဇာတ်သိမ်းဟာ ဘယ်လိုမှ မလှနိုင်ဘူး ။

နိုင်ငံများ၏အားပြိုင်မှုမှာ အထူးသဖြင့် နိုင်ငံခေါင်းဆောင်တွေနှင့်တကွ ပြည်သူပြည်သားတွေကပါ  ပါးနပ်ဖို့လိုပါတယ်။ ကျနော်မှန်းထားသလောက်  ဒီတစ်ပွဲမှာ  ဂျပန်ဟာ စစ်ရေးအရ လွပ်မြောက်မှုကို ရရှိမှာ ဖြစ်သလို ၊ မြန်မာဟာလည်း နိုင်ငံရေးအရ လွတ်မြောက်မှု ရရှိမှာ ဖြစ်ပါတယ် ။ သို့သော် မမိုက်မဲဖို့လိုတယ်။ 

myanmar society🇲🇲


ဒါကြောင့်  မြန်မာပြည်တွင်းက လက်နက်ကိုင်တွေအားလုံး  ( တပ်မတော်အပါအဝင် ) လိမ္မာကြပါ ။ မလိမ္မာရင်  မြန်မာပြည်ဟာ မဟာမိတ်တွေရဲ့ ထိန်းချုပ်ခံနယ်မြေအဖြစ်  နှစ်ပါးသွားရဖွယ်  ရှိပါတယ်လို့ပြောရင်း   ဆောင်းပါးကို ဒီနေရာမှာ အဆုံးသတ်ပါရစေ ~~

မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ☺️☺️

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ