ကမ္ဘာ့နိုင်ငံရေးအား ပျားရည်ဖြင့် ဝမ်းချခြင်း

ဒေါ်နယ်ထရန့်ကိုပေးမယ်ဆိုတဲ့နိုဗယ်ဆုက   ၂၀၂၀ခုနှစ် သြဂုတ်လ ၂၈ နေ့က နော်ဝေးနှင့်ဝမ်ယိ တွေ့ဆုံအပြီး ထွက်လာတဲ့ ချွေးသိပ်မှုတစ်များ ဖြစ်နေလေမလား ။နောက်တစ်ခုက မြန်မာ့ ICJ အရေးကိစ္စမှာ နယ်သာလန် ၊ ကနေဒါပါလာကတည်းက သဘောပေါက်လိုက်ပြီ ၊ သင်းတို့တွေ  ဆင်ကြံတွေ ကြံနေပြီဆိုတာကိုပေါ့ ။ 

အကြောင်းက ဝမ်ယိရဲ့ဥရောပခရီးစဥ်မှာ အနောက်နိုင်ငံခေါင်းဆောင်တွေနဲ့ဆွေးနွေးတယ် ။ အမေရိကန်-တရုတ် အားပြိုင်မှုမှာ အမေရိကန်ဖက်က မရပ်တည်ဖို့ ၊ ကိုယ်နဲ့မဆိုင်ရင်ဝင်မပါဖို့လောက်တော့  လမ်းကြောင်းဆွေးနွေးခဲ့တာ တွေ့ရပါတယ် ။ ၂၀၂၀ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ တရုတ်သမ္မတရှီကျင်းပင်ရဲ့အထူးကိုယ်စားလှယ် ယမ်ကျိချိ မြန်မာပြည်ကို လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကို  ယွမ် သန်း (  ၂၀၀ ) နဲ့  ချွေးသိပ်တယ် ။မကြာဘူး ၊ ဘာတေးလင့်တနာရဲ့ တရုတ်က ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကို တက်စေလိုကြောင်း   ဂျင်းဆောင်းပါးက အခန့်သား ပေါ်လာတယ်။ အဲ့ဒီနောက်  ၂၀၂၀ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့မှာ တရုတ်ကာကွယ်ရေးဝန်ကြီးက ဘရူးနိုင်း ၊ ဖိလစ်ပိုင်စသည်တို့ကိုသွားပြီး စည်းရုံးရေးဆင်းတယ် ။တရုတ်-အမေရိကန်အားပြိုင်မှုမှာ  အမေရိကန်ဖက်က နိုင်ငံတွေက မရပ်တည်တော့ရင်  ဒေါ်နယ်ထရန့်တစ်ယောက်ထင်ရာဆိုင်းနေတယ်ဆိုပြီး  အမေရိကန်ပြည်တွင်းဒီမိုကရက်တွေက  ဝင်ကြပ်မယ် ၊ ထရန့်အာရုံတွေများမယ် ။ ကလင်ဒါကျတွေက အဲ့လိုတွေပဲ လာမဲ့သဘောပါပဲ ။ 

တရုတ်က ထရန့်ကိုသာ နိုဗယ်ဆုပေးဖို့  မကန့်ကွက်တာပါ ။ နော်ဝေးက  ဟောင်ကောင်သားတစ်ယောက်ယောက်ကို  နိုဗယ်ဆုပေးမှာမျိုးကျ လက်မခံ၊လုံးဝဆန့်ကျင်ပါသတဲ့။ဟောင်အရေးအတွက်  ဟောင်ကောင်သားတစ်ဦးဦးကိုသာ နိုဗယ်ဆုပေးခဲ့ရင်   ဟောင်ကောင်အရေးကိုင်တွယ်ရ  ကြပ်သွားမှာမျိုးတွေရှိတဲ့အတွက်  ဖြစ်ပါတယ် ။

နိုင်ငံရေးကစားကွက်အရ  နော်ဝေးဖက်က ဒေါ်နယ်ထရန့်ကို နိုဗယ်ဆုပေးဖို့အကြံပြုတာဆိုတော့ ဒေါ်နယ်ထရန့်ကို ချွေးသိပ်ဖို့ အရှေ့ကနေ လူအဖွဲ့တစ်စုက ကစားလိုက်ပြီဆိုတာကို မြင်တတ်သူတွေ မြင်ကြပါလိမ့်မယ် ။ ဒါပေမယ့်လည်းထရန့်အနေနဲ့ဘယ်သူဘာပေးပေးသူ့ရည်ရွယ်အတိုင်းအလုပ်လုပ်မယ်လို့ပဲမြင်မိပါတယ် ။ စာရေးသူ ကျနော်တောင်မြင်ရင် ထရန့်မမြင်ပဲ နေမလားလေ ။


နိုင်ငံရေးကစားတာမှာ တရုတ်တော်ပါတယ် ။တရုတ်ကျရှုံးအရေးနိမ့်စေတာက သူတို့အခြေခံယူထားတဲ့ အထိုင်က မဖွယ်မရာဖြစ်နေလို့သာ အရေးနိမ့်တာသာ ဖြစ်ပါတယ် ။ 

မြန်မာပြည်ကစစ်အာဏာရှင်တွေရဲ့   ၂၀၂၀  ရွေးကောက်ပွဲထိဆွဲဆန့်နိုင်ရေး ရည်မှန်းချက်( ဒေါ်အောင်ဆန်းစုကြည်ဖြုတ်ချရေး) နှင့် တရုတ်၏ အမေရိကန်နောက်ရွေးကောက်ပွဲထိ ဆွဲဆန့်နိုင်ရေးရည်မှန်းချက်( သမ္မတဒေါ်နယ်ထရန့်ဖြုတ်ချရေး )ဟာ သူတို့ရဲ့ ဖျက်ကိန်းရဲ့ အနှစ်သာရဆိုတာ ဟိုအရင်ကတည်းက  စာရေးသူပြောပြီး ဖြစ်ပါတယ် ။ အဲ့ဒါကိုလည်း  မြန်မာစစ်အာဏာရှင်တွေနှင့်တရုတ်ဟာ အချိန်ကိုက်ပြီး ကစားနေကြတာဟာ အရင် မမြင်သာလို့  မသိကြရင်တောင်  ခုလိုချိန်မှာ  မြင်သာလာလို့  စာဖတ်သူအနေနဲ့ ကောင်းစွာသဘောပေါက်နားလည်မည်ဟု မိမိယူဆပါတယ် ။

အမေရိကန်နောက်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်အရွေးမခံရတာနဲ့  မြန်မာ့နိုင်ငံရေးကို  စစ်အာဏာရှင်နှင့်တရုတ်ပေါင်းပြီး စိတ်ကြိုက်မွှေဖို့ ရည်ရွယ်ဟန်တူပါတယ် ။ ဒါကြောင့်  မြန်မာ့ရွေးကောက်ပွဲကို အချိန်ကြာအောင် ၊ နောက်ကိုဆွဲနိုင်သမျှ ဆွဲလို့ရအောင်  တဖက်ကမွှေနေတယ် ၊ တဖက်က ပျားရည်နဲ့ဝမ်းချနေတယ် ။

မည်သို့ပင်ဆိုစောမူ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အားလုံးဟာ သမ္မတရဲ့ ဆင်ချင်တုံတရားပေါ်မှာပဲ မူတည်သလို 👉  ဒီမိုကရေစီစနစ်မှာ အများစုသောပြည်သူ့အလိုဆန္ဒဟာ  ဥပဒေတစ်ရပ် ဖြစ်ပေါ်လာဖို့  လုံလောက်ပါတယ် ၊ အဲ့ဒီအချက်ကို ပြည်သူတင်ထားတဲ့အစိုးရက ကောင်းမွန်စွာ အသုံးချနိုင်ဖို့  လိုပါတယ် ။

ထိုကဲ့သို့ အချိန်ဆွဲပြီးသူ့တို့အတွက်မျက်နှာသာပေးမည့်အချိန်ကာလ ရောက်သည်အထိ ဝူဟန်ဗိုင်းရပ်စ်ပိုးနဲ့တကမ္ဘာလုံးကိုပတ်ပြီး သတ်နိုင်ခဲ့ပါတယ်။လက်ရှိအ​အနေအထားက အဲဒီလိုဖြစ်ခဲ့တယ်၊ အဲ့ဒီပဲဖြစ်နေပါတယ်။ တရုတ်ဖော်ထားတဲ့နိုင်ငံရေးကစားကွက်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့နှမ်းဖြူးပြီး လူတွေရဲ့ဇီဝိန်ကိုခြွေချတာမသိရင် ရေရှည်မှာ ကမ္ဘာကြီးဟာကွန်မြူနစ်စားခြင်းကို ခံရပါမယ်။

ဘာကြောင့်ပြောရသလဲဆိုရင် စစ်ရေးကနေအသွင်ယူပြီး  တရုတ်ဟာ လိုတိုးပိုလျော့ ကစားရာကနေ တရုတ်ဟာ သူ့ဂွင်ဖန်ထားတဲ့နိုင်ငံရေးထဲကို အမေရိကန်ဝင်လာစေရန်အတွက်  ဝမ်ယိရဲ့နော်ဝေနဲ့တွေ့ဆုံအပြီး ဒေါ်နယ်ထရန့်အား နိုဗယ်ဆုပေးဖို့ ကြံစည်လိုက်ခြင်းက တောင်တရုတ်ပင်လယ်စစ်ရေးတင်းမာမှုကို  ပြန်ထိန်းတဲ့သဘောတရားကိုဖော် ဆောင်ခြင်းလို့  ယူဆရဖွယ်ပါ ။ 

အမြင်ပန်းအရ အမေရိကန်ဖက်က နိုင်သလိုလိုရှိတာကို အဟုတ်မှတ်ပြီး အမေရိကန်ကသာ ဖော့ကစားလိုက်ရင်  အမေရိကန်ဟာ ကျရှုံးသွားနိုင်ချေတွေ ရှိတာကိုလည်း ထည့်စဥ်းစားစရာ ဖြစ်ပါတယ် ။ အမေရိကန်က ခြေတစ်လှမ်းသာတာမှန်ပေမဲ့   ၂ ဖက်လုံးအတွက်  အောင်မြင်မှုပန်းတိုင်ဟာ လက်တကမ်းအလိုပါ ။ ဘယ်သူမှ အောင်မြင်မှုဖလားကို မဆွတ်ခူးနိုင်သေးပါဘူး ။ တရုတ်အတွက် အောင်မြင်မှုက တရုတ်ဖက်ကရေရှည်အင်အားတောင့်ခံမှုအပေါ်မူတည်နေတယ်။တရုတ်ဖက်ကလည်း စွန့်ပြီးကစားနေတဲ့ အနေအထားမျိုးပါ။

အမေရိကန်ကို တရုတ်ဟာလှည့်ပတ်ကစားပြီး ကမ္ဘာကို ကိုဗစ်-၁၉ပိုးနဲ့ ဇီဝိန်ခြွေချပြီးလက်နက်အဖြစ်ရေရှည်တိုက်ပွဲတိုက်နေခဲ့တာပါ။ဒီလို ကိုရိုနာဗိုင်းရပ်စ်ပိုးကို အသုံးပြုပြီး လူ့အသက်သတ်မှုမှာ ကမ္ဘာကိုအင်အားချိနဲ့စေဖို့ရည်ရွယ်သော်လည်း ဒေါ်နယ်ထရန့်ဖက်က တရုတ်၏ဝမ်းစာလမ်းကြောင်းကို တအိအိဖောက်စားလာတာ အတော်လေးကိုတိုးဝင်နေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ် ။

သို့သော်လည်း တရုတ်ဖက်က အချိန်ဆွဲကစားနေပေမဲ့ တရုတ်ပြည်တွင်းဝမ်းစာလမ်းကြောင်း အခြေနေအင်အားတောင့်တင်းမှုနဲ့ချိန်ညှိ လုပ်နေရတဲ့သဘောမှာ  ရှိပါတယ် ။ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဖြင့် လူပေါင်းများစွာသေကြေပျက်စီးပြီး စီးပွားပျက်ကပ်ရောက်သည်အထိ တရုတ်ဖက်က သူ့ပြည်တွင်းရေးအားထိန်းချုပ်ခဲ့နိုင်မည်ဆိုလျှင် ကွန်မြူနစ်စနစ်ဟာခေါင်းထောင်ဖို့ရှိလာအုံးမှာပါ။

၎င်းနည်းအား အသုံးပြုတဲ့တရုတ်၏နိုင်ငံရေးကစားကွက်အရ ဒေါ်နယ်ထရန့်၏စစ်ဆင်ရေးလမ်းကြောင်းအား ကာကွယ်ရန်အတွက် နိုဗယ်ဆုဖြင့် ထရန့်ငြိမ်သွားအောင် ထိန်းချုပ်နိုင်ခဲ့ရင် တရုတ်ခေါင်းထောင်မည့်အစီအစဥ်ဟာ ၈၀% ရှိနိုင်ပါတယ် ။

စဥ်းစားစရာရှိတာက ဒေါ်နယ်ထရန့်အနေဖြင့် တရုတ်နိုင်ငံရေးလှည့်ကွက်ထဲ ဝင်သွားမလား ??

သို့တည်းမဟုတ် ...

ထပ်တိုးပြီး တရုတ်နိုင်ငံ၏ပြည်တွင်းရေးခြေနေအား ငတ်မွတ်စေပြီး တရုတ်ပြည်သူတွေက ရှီကျင်းပင်အား သတ်ချင်လာသည့် အရွေ့တစ်ခုအားတွန်းပို့နိုင်ရင် ဒေါ်နယ်ထရန့်နိုင်ပါမယ်။

ဒါကလည်း တရုတ်ပြည်တွင်းရေးဟာ ဒေါ်နယ်ထရန့်၏လက်တကမ်းအလိုမှာ ဖြစ်ပါတယ် ။ သေချာအောင်လုပ်နိုင်ဖို့က တရုတ်နိုင်ငံ၏ဧရိယာကိုဂြိုလ်တုနဲ့ချိန်ထားပြီးတရုတ်၏အတွင်းကလီစာတဆုံးအထိနှိုက်နိုင်မယ်ဆိုလျှင်တော့ ပွဲပြီးမှာပါ။

အခုလည်း ကိုဗစ်-၁၉ဗိုင်းရပ်စ်ပိုးကိုထိန်းချုပ်ပြီး တရုတ်၏ဝမ်းစာလမ်းကြောင်းကို လက်တဆုံးနှိုက်ဖို့ပြင်နေပြီလားဆိုတာဟာ ဒေါ်နယ်ထရန့်နှင့်ရှီကျင်းပင်တို့ တည့်ဆိုင်ထားတဲ့ နိုဗယ်ဆုနိုင်ငံရေးလှည့်ကွက်မှာ ဒေါ်နယ်ထရန့် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ကြပါစို့လို့  ....

Author : Su Thamee
myanmar society🇲🇲


မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျှက် ~~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ