သွေးမထွက်သော တတိယကမ္ဘာစစ်

အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲအကြောင်းကို  တွေးဆစဥ်းစားမည်ဆိုပါက အောက်ပါအချက်များကို မဖြစ်မနေ ထည့်သွင်းစဥ်းစားရမည်  ဖြစ်သည် ။ 

( ၁ ) ပိုးလမ်းမ (BRI or OBOR )
(  ၂ )ဟောင်ကောင်အရေးအခင်း
( ၃ )ထိုင်ဝမ်အရေး
( ၄ )မြန်မာ့ဒီမိုကရေစီအရေး ( အထူးသဖြင့် ရခိုင်အနောက်တံခါးပေါက်ပြဿနာ )
( ၅ )ဒစ်ဂျစ်တယ်ငွေကြေး( Block chain/Cryptocurrency)
( ၆ )ကုန်သွယ်ခွန်များ အားပြိုင်ခြင်း
( ၇ ) အနောက်အာရှနိုင်ငံများ နှင့် ဥရောပနိုင်ငံများ၌ အားပြိုင်မှု ( OIC / EU )
( ၈ )တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ
( ၉ )တောင်တရုတ်ပင်လယ်တွင်း အားပြိုင်မှု
( ၁၀ )အိန္ဒိယသမုဒ္ဒရာရေပိုင်နက်စိုးမိုးရေး 
( ၁၁ ) တရုတ်နိုင်ငံစင်းကျန်းဒေသရှိ ဝီဂါမူစလင်အရေး 
( ၁၂  )နိုင်ငံများ၏အားပြိုင်မှု ၊ အရွေ့ နှင့် မဟာဗျူဟာအခင်းအကျင်း 
( ၁၃ ) ရီပက်ပလစ်ကန် နှင့် ဒီမိုကရက်တစ် ပါတီတို့၏ အားပြိုင်မှုများ 
( ၁၄ ) ပြိုင်ဖက်မဟာမိတ်များ၏ စစ်ရေးမဟာဗျူဟာအခင်းအကျင်းများ တို့ပဲ  ဖြစ်ပါတယ်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံခေါင်းဆောင် ရှီကျင်းပင် သည် ၂၀၁၃ ခုနှစ်တွင်အင်ဒိုနီးရှားနှင့်ကာဇက်စတန်သို့အလည်အပတ်ခရီးစဉ်တွင် ပိုးလမ်းမသစ်( OBOR) ဗျူဟာကိုကြေငြာခဲ့ပါတယ်။

ထို့ကြောင့် ပိုးလမ်းမသစ်စတင်သော  ၂၀၁၃ ခုနှစ် ကနေ  တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲစတင်သော ၂၀၁၈ ခုနှစ်အထိ ၆ နှစ်တာကာလကြာသည်အထိ အမေရိကန်ဟာ  တရုတ်နိုင်ငံ၏ ဝင်ငွေ/ထွက်ငွေအား တစိုက်မက်မက် စောင့်ကြည့်လေ့လာခဲ့သည်ဟု ဆိုနိုင်ပါသည် ။အချိန်အတော်ကြာ စောင့်ကြည့်လာခဲ့ပြီးမှ  ဘင်္ဂလားဒေ့ရှ့် ၊ ပါကစ္စတန် ၊ သီရိလင်္ကာ ၊ တူရကီ ၊ အီရန်  ၊ အာဖရိကတိုက်  စသောကမ္ဘာ့နိုင်ငံအတော်များများ၌  တရုတ်၏ငွေများရင်းနှီးမြှုပ်နှံပြီးသည့်အချိန် ၊  ပိုးလမ်းမသစ်နှင့်ချိတ်ဆက်လုပ်ကိုင်မည့် ဒစ်ဂျစ်တယ်ငွေကြေး ( Block chain )စတင်မည့်အချိန်ကျမှ  တရုတ်နိုင်ငံ၏ နိုင်ငံကျောထောက်နောက်ခံပြု Huawei ကုမ္ပဏီအား နည်းပညာချိုးဖောက်မှုများရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စတင်ပိတ်ပင်ပြီး  ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်တင်လိုက်ခြင်းဟာ   ပိုးလမ်းမစီမံကိန်းကို ခါးလည်မှ ဖြတ်ရိုက်လိုက်ခြင်းဖြစ်သလို ၊ ခေါင်းပြူလာသည့် တရုတ်ဒစ်ဂျစ်တယ်ငွေကြေးစီမံကိန်းကို ထုနှက်လိုက်သလိုလည်း  ဖြစ်သွားခဲ့ရပါတယ် ။ 

တကယ့်တကယ်တွင်လည်း ၂၀၁၇  ခုနှစ်ကာလ မတိုင်မီကတည်းက တရုတ်ဟာ ဉာဏပိုင်းဆိုင်ရာ ရပိုင်ခွင့် အခွင့်အရေးကို  ချိုးဖောက်ခိုးယူမှုတွေ  တစိုက်မတ်မတ်လုပ်လာခဲ့တာ ဖြစ်ပါတယ် ။ ဥပမာ -  apple  ဖုန်း ၊ ဆမ်ဆောင်းဖုန်း ၊ မာစီဒီးကါး ၊ အမေရိကန် စစ်လေယာဥ်  design တွေအထိ  ပေါ်တင်ပုံတူကူးပြီး  ဉာဏပိုင်းဆိုင်ရာ ရပိုင်ခွင့်အခွင့်အရေးကို  ချိုးဖောက်ခဲ့တာပါ ။ 

အောင်မြင်တဲ့  design ၊နည်းပညာတစ်ခုရဖို့ အချိန်အားဖြင့် ၁၀ နှစ်တန်သည် ၊  နှစ် ၃၀ တန်သည်   အချိန်ယူရပြီး  သုတေသနလုပ်ငန်းအတွက် ငွေကြေးများစွာသုံးပြီး လုပ်ရတာမျိုးပါ ။
အဲ့လို အချိန်တွေ ၊ငွေတွေ ရင်းနှီးမြှုပ်နှံပြီးမှ ရလာတဲ့ အသီးအပွင့်ကို ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ခိုးယူခြင်းဟာ ကိုယ်ကျင့်သိက္ခာချိုးဖောက်ခြင်းဟု ဆိုနိုင်ပါတယ်။

5 G  နည်းပညာနဲ့  ဟွဝေးဖုန်းကို  ကမ္ဘာ့စျေးကွက်ထဲကို  ဖြန့်ချိတော့မယ်ဆိုတော့မှ ဉာဏပိုင်းဆိုင်ရာအခွင့်အရေးတွေ ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  အမေရိကန်ရဲ့   ရိုက်ချမှုကို  ခံရပါတော့တယ် ။ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီတွေရဲ့    နည်းပညာပိုင်းဆိုင်ရာ သုံးစွဲခွင့်ပေးထားတဲ့  အခွင့်အရေးကို  ရုပ်သိမ်းခဲ့တာကြောင့်  5 G နည်းပညာ နှင့်အတူ Huawei ဖုန်းဟာ ကျရှုံးသွားရတဲ့  အခြေအနေဆိုက်ရောက်သွားရပါတော့တယ် ။ 

တရုတ်နိုင်ငံက ကျင့်သုံးမည့် ဒစ်ဂျစ်တယ်ငွေကြေး ( Block Chain/Cryptocurrency )ဆိုတာဟာလည်း ခေတ်သစ်ပိုးလမ်းမစီမံကိန်းနဲ့ တွဲဖက်မဲ့ အရာသာဖြစ်ပါတယ် ။ကမ္ဘာ့ငွေကြေးကို ထိန်းကြောင်းကစားမဲ့ တရုတ်နိုင်ငံရဲ့ကမ္ဘာကိုအုပ်စိုးဖို့ကြံတဲ့ အကြံအစည်ထဲက တစ်ခုလည်း ဖြစ်ပါတယ် ။

Blockchain စီမံကိန်းပေါင်း ၅၀၀ ကျော်ကို China Cyber ​​Administration တွင်မှတ်ပုံတင်ခဲ့ပြီး Tencent မှ Huawei အထိ တရုတ်နိုင်ငံ၏အကြီးဆုံးအင်တာနက်ကုမ္ပဏီများသည်စီမံကိန်းများကို မှတ်ပုံတင်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်က ဒစ်ဂျစ်တယ်ငွေကြေးစီမံကိန်းမှာ လှုပ်ရှားမဲ့ခေါင်ဖြစ်တဲ့  Huawei ကုမ္ပဏီကို ထိုးနှက်ရခြင်း  ဖြစ်ပါတယ် ။

တရုတ် ဒစ်ဂျစ်တယ်ငွေကြေး ( Block Chain ) အားမသိသေး၍ ဖတ်ရှု့လိုလျှင် 👇

၂၀၁၈  ခုနှစ်က စလို့  ကုန်သွယ်ရေးစစ်ပွဲကို အစပြုခဲ့တာ   ၂၀၁၉  နှစ်ကုန်ပိုင်းမှာ  အရှိန်အဟုန်မြင့်မြင့်ဖြင့် အပြန်အလှန်ထိုးနှက်မှုတွေ  ဖြစ်ပွားလို့  နေပါတယ် ။ တဖက်နဲ့တဖက် သွင်းကုန်ပစ္စည်းများအပေါ် အခွန်အကောက်များ အပြန်အလှန်တိုးမြင့် ကောက်ခံခဲ့ကြပါတယ် ။ တရုတ်ရဲ့  ရှယ်ရာတွေ  အမေရိကန် stock ကနေထုတ်ပယ်တာမျိုးတွေ အမေရိကန်ဖက်က လုပ်ခဲ့သလို ၊ ကုန်သွယ်ရေး ၂ ဖက်သဘောတူညီမှုတွေအပေါ်   ဒေါ်လာစျေးကစားတာ ၊  တရုတ်က ရွှေဝယ်စုလို့   ရွှေစျေးတွေ ထိုးတက်လာတာ အဲ့လိုဖြစ်စဥ်တွေဟာ ကုန်သွယ်စစ်ပွဲကြောင့်  ကြုံလာရတဲ့ ရလဒ်တွေပဲ  ဖြစ်ပါတယ် ။တရုတ်အစိုးရရဲ့  ရွှေဝယ်စုရတဲ့ ပေါ်လစီကတော့ တရုတ်ဟာ သူ့နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုကို  ကာကွယ်ရန်အတွက်ဖြစ်ပါတယ် ။ 

ကုန်သွယ်မှုအပေါ်  အပြန်အလှန် ထိုးစစ်ဆင်ခြင်းအားဖြင့်    တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသော ဂျာမဏီ ကုမ္ပဏီများအထိနာခဲ့ရသလို ၊ တရုတ်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံနေသော ကုမ္ပဏီတချို့ဟာ အိမ်နီးချင်းနိုင်ငံသို့ ပြောင်းရွေ့ခြင်း  ၊ အိမ်နီးချင်း နိုင်ငံများမှတဆင့်  အမေရိကန်နိုင်ငံသို့  ကုန်ပစ္စည်းများ  တဖက်လှည့်တင်သွင်းခြင်း ၊ တရုတ်ဘဏ်များ ပြိုလဲခြင်း ၊ အမေရိကန် တောင်သူများ စီးပွားရေးထိခိုက်ခြင်းများ ဆက်တိုက်ဆိုသလိုကြုံတွေ့ ဖြစ်ပျက်ခဲ့ကြရပါတယ် ။ အမေရိကန်ကတော့ သူ့နိုင်ငံမှ တောင်သူများအား  ငွေကြေးဖြင့် ထောက်ကန်ထားမည်ဟု  ဆိုသည်။ပြီးခဲ့တဲ့လပိုင်းလောက်က  တရုတ်ရဲ့ အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Sino Greatwall ဒေဝါလီခံသွားခဲ့ပါတယ် ။ ( တရုတ်ရဲ့ အဆင့်( ၄ ) ဆောက်လုပ်ရေးလုပ်ငန်း Sino Greatwall ဟာ ရန်ကုန်ဘူတာကြီးကို ဆောက်ဖို့ ကန်ထရိုက်ရခဲ့တဲ့ ကုမ္ပဏီပါ ၊ ခု ဒေဝါလီခံရတော့  ဂျပန်ကုမ္ပဏီဝင်ရောက် လုပ်ကိုင်မည် ဖြစ်သည် )

တရုတ်ဘဏ်များ ပြိုလဲခြင်းနှင့်ပက်သက်၍ နည်းနည်းလောက်ပြောရရင်   Hengfeng ၊ Jinzhou နှင့် Baoshang ဘဏ် သုံးခု ပြိုလဲသွားခဲ့ရတယ် ။
အဲ့ဘဏ်သုံးခုရဲ့ ဂယက်ဟာ ဒေါ်လာထရီလျံ ၄၀ လောက်အထိ  ကမောက်ကမ ဖြစ်သွားခဲ့သလို
တခြားဘဏ်တွေကိုလည်း ဂယက်ရိုက်ကုန်တယ်လို့  ဆိုပါတယ် ။ Hengfeng ဘဏ်ကို တရုတ်က 
လွယ်လွယ်အပြိုခံခဲ့တာတော့ မဟုတ်ပေဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကမှ  ယွမ် ၁၁ ဘီလျံကျော်အထိ Capital မြှင့်ပြီးလည်ပတ်ခွင့်ပေးခဲ့ပေမဲ့   သူတို့မကယ်နိုင်တော့တဲ့အဆုံးမှာ ပြိုလဲသွားရတယ်လို့ ဆိုပါတယ် ။ 

ကုန်သွယ်ခွန်များ အားပြိုင်ခြင်းအား အနှစ်ချုပ်ပြောရရင်  တရုတ်အထိနာရင် တရုတ်နှင့်ဆက်စပ်နေသော နိုင်ငံများ အထိနာမှာ ဖြစ်သလို  ၊ အမေရိကန်အထိနာလျှင် အမေရိကန်နှင့် ဆက်စပ်နေသော နိုင်ငံများ အထိနာမှာ ဖြစ်ပါတယ် ။
ဥပမာ - စင်္ကာပူနိုင်ငံဟာ တရုတ်နဲ့ ကုန်သွယ်ရေးကို လုံးဝ မှီခိုအားထားတဲ့ နိုင်ငံတခု ဖြစ်တာမို့ အထိအနာဆုံး နိုင်ငံ ဖြစ်လိမ့်မယ်လို့ အရှေ့တောင် အာရှမှာ အကြီးဆုံး ဘဏ်ကြီးဖြစ်တဲ့ DBS စင်္ကာပူ ဖွံ့ဖြိုးရေး ဘဏ်ကြီးက သုံးသပ်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့   အမေရိကန်သည်သာ ပထမဖြစ်ရမယ်( America First ) ဆိုတဲ့  ရည်မှန်းချက် နှင့် ကမ္ဘာ့နံပတ်( ၁ )နေရာကို ရယူလိုတဲ့ တရုတ်ရဲ့ အိပ်မက်တွေကြောင့်  ထိတွေ့မှုဖြစ်ပြီး  အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲဟာ  တဖက်ဖက်က အရေးမနိမ့်မခြင်း  ရပ်တန့်ဖွယ်ရာမရှိဘူးလို့ သုံးသပ်မိပါတယ် ။

တရုတ်နိုင်ငံရဲ့အိပ်မက်ဖြစ်တဲ့   ကမ္ဘာ့နံပတ် ( ၁ )နေရာကို ရည်မှန်းပြီး  နိုင်ငံငယ်တွေအပေါ် အကြွေးထောင်ချောက်ပိစေပြီး  တရုတ်ရဲ့ခေတ်သစ်ပိုလမ်းမစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ကာ  ကမ္ဘာကို အုပ်စိုးဖို့ အစီအစဥ်ကို စွန့်လွှတ်ရန်အကြောင်းမရှိတာကြောင့်  ကုန်သွယ်ရေးစစ်ပွဲဟာလည်း ပိုပိုပြီး ပြင်းထန်လာတာကို တွေ့ရပါတယ် ။

တရုတ်ရဲ့ နိုင်ငံငယ်များအပေါ်ကျင့်သုံးတဲ့မဟာဗျူဟာများထဲက တစ်ခုကတော့  နိုင်ငံတစ်နိုင်ငံရဲ့   ပြည်တွင်းလာဘ်စားမှု ၊ လူမျိုးရေး နှင့် ဘာသာရေး ပဋိပက္ခ အပေါ် သွေးထိုးလှုံဆော်ခြင်း ၊တိုင်းရင်းသားလက်နက်ကိုင်များအား လက်နက်ထောက်ပံ့ပေးခြင်း ၊ အကြွေးထောင်ချောက်ဆင်ကာ  အဲ့ဒီနိုင်ငံကို လှုပ်မရအောင်ချည်တုပ်ခြင်း ၊ နိုင်ငံရဲ့  အရေးပါအချက်အခြာကျတဲ့နေရာကို  ရယူခြင်း နှင့် သံယံဇာတနှိုက်ထုတ်ခြင်းတို့ပဲ  ဖြစ်ပါတယ်  ။

အကြမ်းအားဖြင့်ပြောရရင်  ခေတ်သစ်ပိုးလမ်းမစီမံကိန်းဆိုတာ   တရုတ်နိုင်ငံ ကူမင်ကနေ မြန်မာနိုင်ငံ ရခိုင်ကမ်းမြောင်ဒေသကိုဖြတ်ကာ  ဘင်္ဂလားဒေ့ရှ် ၊ပါကစ်စတန် ၊ သီရိလင်္ကာ ၊ အနောက်အာရှနိုင်ငံများ၊အာဖရိက နှင့်  ဥရောပနိုင်ငံများသို့ ဖြန့်ကျက်မဲ့  စီပွားရေး ကူးသန်းလမ်းကြောင်းပဲ  ဖြစ်ပါတယ် ။အဲ့ဒီဖြန့်ကျက်မှုလမ်းကြောင်းမှာ ရခိုင်ကမ်းမြှောင်ဒေသဟာ အဓိက ကျလို့နေပါတယ် ။ မြန်မာနိုင်ငံကို မဖြတ်ဘဲ စင်္ကာပူ မလကာရေလက်ကြားကို ဖြတ်ပြီး ကုန်စည်သယ်ယူပို့ဆောင်မယ်ဆိုရင်  မြန်မာနိုင်ငံကိုဖြတ်ပြီး ကုန်စည်သယ်ယူပို့ဆောင်တာထက် ကုန်ကျစရိတ် (  ၂ )ဆ ကျသင့်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။ ဒါကြောင့် ပိုးလမ်းမစီမံကိန်းမှာ  ခရာလည်းကျ အနောက်ဖက်အင်အားကြီးနိုင်ငံဖြစ်သော အိန္ဒိယနယ်မြေတွေကို ဖြတ်သန်းပြီး ပိုးလမ်းမတည်ဆောက်ရေးထက် ပိုမိုချုပ်ကိုင်ရလွယ်သော မြန်မာနိုင်ငံ၏ ရခိုင်ကမ်းမြှောင်ဒေသကို အာသာငမ်းငမ်းလိုချင်နေတာပဲ  ဖြစ်ပါတယ် ။

တရုတ်ရဲ့  ဖိထောင်းမှုကို ခံရတဲ့ နိုင်ငံငယ်တွေထဲမှာ  မြန်မာနိုင်ငံဟာလည်း  အပါအဝင်ပဲ ဖြစ်ပါတယ် ။အရင့်အရင်အစိုးရလက်ထက်တွေတုန်းက  တရုတ်ဟာ အာဏာပိုင်များနှင့် ပေါင်းကာ  မြန်မာနိုင်ငံရဲ့  မြေပေါ်မြေအောက်သယံဇာတများကို  စိတ်ထင်တိုင်းတူးဖော်ခဲ့ကြသလို ၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အရေးပါတဲ့ နေရာတွေမှာ သူရဲ့ အထိုင်အဆောက်အဦးတွေကို ချထားတာမျိုးတွေထိ လုပ်လာခဲ့ပါတယ် ။

ပြည်သူ့အစိုးရတက်လာတဲ့ အချိန်မှာ တရုတ်ဟာ မြန်မာနိုင်ငံအပေါ် သူတို့ထင်သလိုချယ်လှယ်လို့မရနိုင်တော့တာ သိလာတာကြောင့် အရင်စစ်အစိုးရနဲ့ ကူးလူးဆက်ဆံခဲ့သော  လိုသလိုထင်ရာစိုင်းလို့ရခဲ့တဲ့ခေတ်ကို ပြန်တောင်းတ လာကြပါတော့တယ် ။ ဒါကြောင့်  ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပြည်သူအစိုးရ ပြုတ်ကျရေး ၊ တရုတ်ခေတ်သစ်ပိုးလမ်းမအတွက် အချက်အချာကျတဲ့  ရခိုင်ကမ်းမြှောင်ဒေသရရှိရေး ၊ အိန္ဒိယသမုဒ္ဒရာပိုင်စိုးရေး ၊ ဘင်္ဂလီကို  ရိုတိုင်းရင်းသားအဖြစ် မွေးဖွားပေးရေးကို  ( စစ်အာဏာရှင် ၊ ဘင်္ဂလားဒေ့ရှ် ၊ တရုတ် ) ပေါင်းကာ ကောက်ကျစ်ယုတ်မာပက်စက်စွာ  ရခိုင်အနောက်တစ်ခါးပေါက်ပြဿနာကို  ဆီထိုးမီးမွေးလိုက်ကြပါတော့တယ် ။
ထိုသူတို့ ဘာကြောင့် ရခိုင်ဒေသအားဆီထိုးမီးမွေးခဲ့ကြရသလဲ ??

ရခိုင်အနောက်တံခါးပေါက်အရေးအား မဖတ်ရသေး၍ ဖတ်ရှု့လိုလျှင် 👇



ရခိုင်ဒေသအရေးအခင်းကို သုံးသပ်ကြည့်ရမယ်ဆိုလျှင် အရင်ခေတ်အဆက်ဆက်က ၎င်းပြဿနာကို မရှင်းဘဲ မျက်နှာလွဲခဲပစ်လုပ်ခဲ့ကြခြင်း ၊ USDP ပါတီရဲ့   မိမိပါတီအနိုင်ရလိုမှုကြောင့်  White Cards များအဆင်အချင်မဲ့ ထုတ်ပေးခဲ့ခြင်း ၊ ရခိုင်လူမျိုးအများစု ပညာရေး နိမ့်ပါးခြင်း ၊ ယခင်အစိုးရများလက်ထက်က ဗမာတိုင်းရင်းသားမဟုတ်သော ကျန်တိုင်းရင်းသားဒေသများအား ထိတွေ့ဆက်ဆံ စောင့်ရှောက်မှု အားနည်းခဲ့ခြင်း ၊ ခိုးဝင်ဘင်္ဂလီများ၏ ရခိုင်တိုင်းရင်းသားနေရာကို အစားထိုးဝင်ရောက်ကာ မြန်မာတိုင်းရင်းသားဖြစ်လိုခြင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်မြေကျူးကျော်လိုခြင်း ၊ တရုတ်နိုင်ငံသည် မြန်မာ့သယံမြေပေါ်မြေအောက် သယံဇာတသာမက ပထဝီနိုင်ငံရေး အချက်အခြာကျသောနေရာများ ရယူအသုံးချလိုခြင်း ၊ စစ်အာဏာရှင် နှင့် လူတစုက  ရခိုင်မြေအားထိုးကြွေးကာ ပြည်သူ့အစိုးရအား ဖြုတ်ချလိုခြင်း စသည့် အချက်အလက်များ​ပေါင်းစုံခဲ့သောကြောင့်  ရခိုင်အရေးအား အလွယ်တကူ ဆီထိုးမီးမွေး၍ ရခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဤအချက်များကို  ကောင်းကောင်းသိသော တရုတ်သည် ရခိုင်တိုင်းရင်သားခေါင်းဆောင်တချို့အား ငွေ ၊ လက်နက်ထောက်ပံ့ကာ   ရခိုင်အဖနိုင်ငံတော် အိပ်မက်ကို ပေး၍ မက်ခဲ့သည် ၊ မြန်မာအခက် ရခိုင်၏ဟာကွက်ကို မြင်သော " ရို"အမည်ခံ ဘင်္ဂလီတို့သည်  ရိုတိုင်းရင်သားတရပ်ကမ္ဘာမှာပေါ်လာစေရေးအတွက် ဝင်၍ စျေးဗန်းခင်းခဲ့ကြသည် ။ ပြည်သူ့အစိုးရကပါးရည်နပ်ရည်ရှိကာ ကြိုတင်မျှော်မြင်နိုင်၍သာ ရခိုင်ဒေသအား မဆုံးရှုံးခဲ့ရခြင်းဖြစ်သည် ။

ထို့ကြောင့် ပူးပေါင်းလုပ်ကြံကာ ရခိုင်အရေးအား ICJ သို့ရောက်အောင် ထိုးတင်ခဲ့ကြသည် ။ထိုသူတို့ ICJ ဖန်တီးရခြင်းရည်ရွယ်ချက်က ICJ  နိုင်နိုင် ၊ ရှုံးရှုံး   မြန်မာမြေပေါ်မှာ" ရို" တိုင်းသားမွေးဖွားဖို့ ကမ္ဘာကြီးကို တိုင်တည်ခြင်းဖြစ်သည် ။ မြန်မာမြေပေါ်မှာ " ရို"တိုင်းရင်းသား မွေးဖွားမှ  အရေးအခင်းပြဿနာ ကြာရှည်မီးမွေးထားနိုင်မည်ဖြစ်သည် ။ ထိုသို့အရေးအခင်းကြာရှည်မှလည်း  တရုတ်လက်သပ်မွေးထားသော AA လိုတိုင်းရင်းသားလက်နက်ကိုင်က ခွဲထွက်ရေး ရခိုင်အဖနိုင်ငံတော် အိပ်မက်ကို ဆက်မက်ခွင့်ရပေလိမ့်မည် ။ တနည်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နောက်ရွေးကောက်ပွဲ နှင့် NLD  အစိုးရ၏ နောက်ရွေးကောက်ပွဲ အခြေအနေရောက်သည်အထိ ဆွဲဆန့်ထားနိုင်ပေလိမ့်မည် ။

တရုတ်ဟာ ဘင်္ဂလားဒေ့ရှ် ၊ တရုတ်နှင့်ဆက်နွယ်သော OIC နိုင်ငံများကို  အသုံးချကာ ICJ အကွက်ဖြင့်  ဒေါ်အောင်ဆန်းစုကြည်ကို ထောက်သောအကွက်ဖြစ်သည်ဟု  ယခင် post များတွင် တင့်စားကာ စာရေးသူကျွန်ုပ်မှ ဆိုခဲ့ဖူးသည် ။
လတ်တလော သတင်းများအရ  မဟာသီယာက မူစလင်ခေါင်းဆောင်များကို ခေါ်ယူကာတွေ့ဆုံဆွေးနွေးပွဲ လုပ်သည်ဟု ဆိုသည် ။ရထားလမ်းစီမံကိန်းဖြင့် မဟာသီယာကို တရုတ်က ချုပ်ကိုင်စေခိုင်းပုံရသည်။မလေးရှားနိုင်ငံက စာချုပ်ဖျက်ရင် ပေးရမည့်လျော်ကြေးငွေကလည်း မနည်းလှပေ ။ထို့ကြောင့် တရုတ်ဖြစ်စေချင်သည်များကို လုပ်ပေးရသည့် သဘောရှိသည် ။ မူစလင်ခေါင်းဆောင်များ တွေ့ဆုံရခြင်းရည်ရွယ်ချက်က ( ဝီဂါမူစလင်အရေး ၊ ကတ်ရှမီးယားအရေး ၊ ရခိုင်ဘင်္ဂလီအရေး )ကို အကြောင်းပြထားသော်လည်း   ရခိုင်အနောက်တံခါးပေါက် ဘင်္ဂလီအရေးကိုသာ ဦးတည်နေသည်ကို တွေ့ရသည် ။

မလေးရှားနိုင်ငံ၌ မူစလင်ထိပ်သီးနိုင်ငံများတွေ့ဆုံပွဲတွင်  စာမျက်နှာ ၉၄ မျက်နှာပါရှိသော ရိုတိုင်းရင်းသားအစီရင်ခံစာအား ဝေငှမယ်ဆိုတဲ့ သတင်းဟာ   တရုတ်သည် သူနှင့်ပက်သက်သောမူစလင်နိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်အား ဆွဲကပ်ကာ  မြန်မာနိုင်ငံအား ပူးသပ်ဖို့ ရည်ရွယ်ခြင်းဖြစ်သည် ။ရိုတိုင်းရင်သားမြန်မာပြည်တွင် မွေးဖွားရေးကို အားစိုက်ကာလုပ်ဆောင်ရန် တာစူလာခြင်းလည်းဖြစ်သည်။ အာစီယံအသိုင်းအဝိုင်းအတွင်း ခလောက်ဆန်ရန်ရွယ်ခြင်းဖြင့် လုပ်သည်ဆိုလျှင်တော့ သိပ်မဖြစ်နိုင်ဟု မိမိယူဆမိသည် ။ ထိုင်း ၊ ဗီယက်နမ် ၊ လာအို ၊ စင်္ကာပူ နှင့် တခြားသောနိုင်ငံတို့သည် မြန်မာဖက်၌ ရှိသည် ။ အဘယ့်ကြောင်ဆိုသော် အနာဂတ်အကျိုးစီးပွားနှင့် အများကြီးသက်ဆိုင်သောကြောင့်  ဖြစ်သည် ။

သို့သော် မြန်မာကို ICJ ပို့၍ အမေရိသမ္မတဒေါ်နယ်ထရန့်အား  ဒီမိုကရက်တစ်ပါတီက တရားစွဲစေခြင်းတို့ကို တချိန်တည်းမှာ  အကြပ်ဆိုက်အောင် လုပ်နိုင်ခြင်းကား တရုတ်၏ မနည်းသောစွမ်းဆောင်ရည်ဖြစ်သည် ဟု မှတ်ချက်ပြုလိုသည်။

အမေရိကန်သမ္မတသက်တမ်းတစ်လျှောက်(၂၇၃နှစ်အတွင်း) တတိယမြောက်တရားစွဲခံရတဲ့သမ္မတဆိုပေမဲ့ အထက်လွှတ်တော်မှာ ရီဗက်ဗလစ်ကန်တွေလွှမ်းမိုးထားတဲ့အတွက်ကြောင့် မပြုတ်နိုင်ပါဘူး ။ဒေါ်နယ်ထရန့်ဟာ နောက်သက်တမ်း( ၄ )နှစ်ပါ  ထပ်နိုင်ရင်တော့  တရုတ်ကို အပြုတ်ဆော်လို့ ဖြစ်နိုင်ပါတယ် ။အကယ်၍  ၂၀၂၀မှာ ဒီမိုကရက်တစ်ပါတီဖက်က အနိုင်ရခဲ့ရင်  အမေရိကန်နိုင်ဟာ ကျရှုံးသွားနိုင်ပါတယ် ။ ဒီမိုကရက်တွေရဲ့ မူဝါဒလမ်းစဥ်ဖြင့်  တရုတ်ကို အနိုင်တိုက်၍ မဖြစ်နိုင်သောကြောင့်ဖြစ်သည် ။ ဒီမိုကရက်တစ်ပါတီအတွင်း၌ တရုတ်လက်တံဖြန့်ကျက်မှုကလည်း အတော်ကိုကျယ်ပြန့်တဲ့အနေအထားတစ်ရပ် ဖြစ်နေသည်ဆိုပါကလည်း မမှားပေ ။

ဟောင်ကောင်လူ့အခွင့်ရေး ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုသည့် ကိစ္စ ၊ ထိုင်ဝမ်အား အမေရိကန် စစ်သုံးလေယာဥ်တွေ မရောင်းချဖို့ အရေးတွေက အမေရိကန် နှင့်တရုတ် အကြား လွန်ဆွဲမှုတွေ ရှိနေခဲ့သော်လည်း အမေရိကန်အတွက် ထိုးနှက်တိုက်ခိုက်အနိုင်ယူနိုင်လောက်သည့်  အခင်းအကျင်းမျိုးမဟုတ်ပေ ။ ဟောင်ကောင်အရေးအခင်းကြောင့် ဆုံးရှုံးပျက်စီးမှု ဘီလီယံချီ ရှိပေမဲ့  ဟောင်ကောင်အား ဒီမိုကရေစီပေးဖို့အရေးကို  တရုတ်က အသက်ဖြင့်ရင်း၍ ကာကွယ်လိမ့်မည် ။

ဟောင်ကောင်နှင့် ထိုင်ဝမ်အရေးဟာ တရုတ်နှင့်အမေရိကန်ကြားက  proxy war အဖြစ်ရောက်ဖို့ကတော့  လက်ရှိအခင်းအကျင်းထက် ပိုမိုဆက်တိုးမှသာ  ဖြစ်နိုင်မည် ၊ ဆိုလိုချင်တာက အဲ့ဒီအနေအထားရောက်ပြီဆိုလျှင်လည်း  အမေရိကန်-တရုတ် စစ်ဖြစ်ခါနီးအခြေအနေအထားတစ်ခု ရောက်နေပြီဟု ဆိုရမည်ဖြစ်သည် ။

တရုတ်နိုင်ငံ၌ ဝီဂါမွတ်စလင်တိုင်းရင်းသားများအား နှိပ်စက်ညှဉ်းပန်းမှု၊ ဖမ်းဆီးချုပ်နှောင်မှုများကို ရပ်ဆိုင်းရန်နှင့် တရုတ်အစိုးရအရာရှိများအပေါ် ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုသည့် ဥပဒေကြမ်းတစ်ခုကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၃ ရက်တွင် အတည်ပြုခဲ့ပါတယ်။ထို့အတူ အကျဥ်းစခန်း၌ထိန်းသိန်းထားသော ဝီဂါမူစလင်တိုင်းရင်သားများ လွှတ်ပေးဖို့ ပြင်နိုင်ငံ၏ တောင်းဆိုမှုကလည်း ရှိသည် ။ ကမ္ဘာကျော်ဘောလုံးသမား အိုဇေး၏  ဝီဂါမူစလင်အပေါ် ပေးသောမှတ်ချက်ကြောင့်  အုံအုံကြွတ်ကြွတ်အနေအထားတစ်ခုကို အစပျိုးနေပြီဟု ဆိုနိုင်သည် ။ တရုတ်နိုင်ငံ၏ ဝီဂါမူစလင်များအပေါ် အကြမ်းဖက်သောကြောင့်ထိန်းသိမ်းထားရသည်ဆိုသောအကြောင်းပြချက်ကို  မူစလင်အသိုင်းအဝိုင်းက ဒေါသထွက်ခဲ့ကြသည်။

တရုတ်နိုင်ငံရှိ ဝီဂါတိုင်းရင်သားများ၏ သမိုင်းကြောင်းအား မသိရှိသေး၍ ဖတ်ရှု့လိုလျှင် 

အကယ်၍ မလေးရှားနိုင်ငံ မူစလင်ခေါင်းဆောင်များ၏ အရွေ့ကို  ဝီဂါမူစလင်တိုင်းရင်သားအရေးဖက် လမ်းကြောင်းတည့်ပေးနိုင်ခဲ့မည်ဆိုလျှင် 
ဟောင်ကောင်အရေး ၊ ထိုင်ဝမ်အရေးထက်စာရင် ဝီဂါမူစလင်အရေးသည် တရုတ် နှင့်  မူစလင်နိုင်ငံများအကြား တင်းမာမှုများမြင့်တက်နိုင်သလို ၊ ကမ္ဘာ၏ ပြစ်တင်ဝေဖန်လက်ညှိုးထိုး ခံရနိုင်သော ပြဿနာဟု  ဆိုနိုင်သည် ။ ဟောင်ကောင်အရေး ၊ ဝီဂါမူစလင်အရေးတို့ကြောင့်  အခန့်မသင့်လျှင် နိုင်ငံရေးစင်မြင့်ထက်မှ  ပြုတ်ကျသွားနိုင်သော အလားအလာ ရှိသည် ။ ထို့ကြောင့် ထိုအရေးတို့သည် တရုတ်နိုင်ငံအဖို့ သတိကြီးကြီးနဲ့  ကိုင်တွယ်ရမည့် ပြဿနာများလည်း  ဖြစ်သည် ။


ကုန်သွယ်ရေးစစ်ပွဲနှင့် သက်ဆိုင်သော နောက်အကြောင်းအရာတစ်ခုကတော့  ၂၀၁၉ ခုနှစ်  ဒီဇင်ဘာ ၂၀ ရက်ဝန်းကျင်က  Tesla မူပိုင်ခွင့်အားလုံးကို  ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့အတွက် ရည်ရွယ်၍ သူဌေးကြီး  အီလွတ်မာစ့်က ရုပ်သိမ်းပေးဆိုသည့် သတင်းတက်လာခဲ့ခြင်းဖြစ်သည် ။ 


သူဌေးကြီး အီလွန်မာ့စ်က နေရောင်ခြည်စွမ်းအင်သုံး၍ မောင်းနှင်နိုင်သောကားများကို တည်ထွင်သည့်နည်းပညာ မူပိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းကလည်း  ထူးခြားပေသည် ။ ကမ္ဘာလူသားများကို  ကယ်တင်နိုင်ရန်ဟုဆိုကာ  သူ့မူပိုင်ခွင့်ကို ရုပ်သိမ်းပေးခြင်းဖြင့်  ကမ္ဘာ့ရှိကျန်နိုင်ငံများက သူ့နည်းပညာကိုသုံး၍  နေရောင်ခြည်စွမ်းအင်သုံးကားနည်းပညာများကို အတုယူကာ  နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ကားများ ထုတ်လုပ်လာနိုင်မည် ဖြစ်သည် ။

တနည်းအားဖြင့် တွေးဆရလျှင်  ရေနံအများအပြားထုတ်နေသော နိုင်ငံများ နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ကားအများအပြားထုတ်လုပ်ရန် ကြံစည်နေသော တရုတ်နိုင်ငံ၏ အိပ်မက်တို့အား ထိုးနှက်ချက်လည်း  ဖြစ်ကောင်းဖြစ်နေနိုင်သေးသည် ။ လျှပ်စစ်ကားထုတ်လုပ်မှုနည်းပညာအား အများသုံးခွင့်ကြေငြာပေးခဲ့ပေမဲ့ လျှပ်စစ်ကား ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်လွန်းမှုကြောင့်  အခြေခံလူတန်းစားများ သုံးလို့ ရနိုင်သည်အထိ  လျှပ်စစ်ကားနည်းပညာများကို  လက်ရှိထက်ပိုမိုကောင်းလာစေရန်  အချိန်  ၁၀ နှစ်တန်သည်  အနှစ်  ၂၀ တန်သည်  ယူ၍ လုပ်ဆောင်ရအုံးမည်ဟု  ယူဆမိပါတယ် ။

ကုန်သွယ်ရေးစစ်ပွဲနှင့်အတူ တပါတည်းချဥ်းကပ်လာနေသော စစ်ရေးဗျူဟာအကြောင်း အနည်းငယ်လောက် ပြောရရင် -
မြောက်ကိုးရီးယား၏ ဒုံးကျည်စမ်းသပ်ချက်များနှင့် ပစ်ခတ်မှုများ၏ အန္တရာယ်ရန်မှ ကာကွယ်ရန်အကြောင်းပြချက်ဖြင့်  တောင်ကိုရီယားနိုင်ငံတွင်  အမေရိကန်လုပ် ဒုံးခွန်းဒုံးများ  တပ်ဆင်အခြေချမှု ၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ဂျပန်နိုင်ငံသို့(  ၄ )ရက်တာ ခရီးစဥ်အတွင်း ဂျပန်နိုင်ငံအား F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၁၀၅ စီး ရောင်းပေးခြင်း ၊  ခုနောက်ပိုင်း အမေရိကန်ဟာ F21 တိုက်လေယာဥ်တွေ အိန္ဒိယမှာ ထုတ်ဖို့ နှင့် လေကြောင်းကာကွယ်စနစ်မြှင့်တင်ဖို့အထိ လုပ်ဆောင်နေခြင်း ၊ အိန္ဒိယ နှင့် အမေရိကန်တို့၏ မဟာဗျူဟာဆွေးနွေး လုပ်ဆောင်မှုများ ၊အမေရိကန်၏ ပထမဆုံးအာကာသတပ်ဖွဲ့စည်းရေးကို  ၂၀၁၉ ခုနှစ်  ဒီဇင်ဘာ ၂၀ ရက်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ လတ်မှတ်ရေးထိုးပေးခဲ့ခြင်း  စသည့်အကြောင်းအရာ များကို  ထောက်ရှု့လျှင်  အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကို  အမေရိကန်ဖက်က စီပွားရေးမဟာဗျူဟာနည်းဖြင့်တိုက်ခိုက်ခြင်းသာမက  စစ်ရေးအခင်းအကျင်းဖြင့်ပါ  တပြိုင်တည်း ချဥ်းကပ်လာနေသည်ကို  ထောက်ရှု့မိသည် ။ကုန်သွယ်ရေး စစ်ပွဲမှသည်  လက်နက်များအားပြိုင်သည့် စစ်ပွဲဖက်သို့ ကူးပြောင်းနိုင်မှု ဖြစ်နိုင်ခြေရှိခြင်းကြောင့် ကြိုတင်ပြင်ဆင်ထားဟန်တူသည် ။

အကယ်၍ အမေရိကန် - တရုတ်စစ်ဖြစ်ခဲ့လျှင်  တရုတ်နိုင်ငံနှင့်အတူ  မြောက်ကိုးရီးယားလည်းပါလာနိုင်သလို ကြားနေ ရုရှားနိုင်ငံအနေဖြင့်လည်း  စစ်လက်နက်များ တရုတ်ကို  ရောင်းချခြင်း ၊ ထောက်ပံ့ခြင်းများ  ပြုလုပ်နိုင်ဖွယ်ရှိသည် ။ 

ထို့ကြောင့်  အမေရိကန်ဖက်မှ  ကြားနေ ရုရှားအရေးကိုထောက်ရှု့တွေးကာ  အာကာသတပ်ဖွဲ့စည်းရေးကို လတ်မှတ်ထိုးပုံ ရသည် ။ သဘောက အာကာသထဲတွင် ပျံသန်းနေသော ကမ္ဘာ့နိုင်ငံများမှ လွှတ်တင်ထားသော ဂြိုလ်တုများအား  လိုအပ်ပါက ထိန်းချုပ်ဖျက်စီးနိုင်ရန် နှင့် အာကာသထဲကနေ  မိမိပစ်မှတ်ထားသော နိုင်ငံ ၊ နေရာ ၊ ဒေသအား လက်နက်မိုးများရွာချနိုင်ရန်အတွက် ဖြစ်သည် ။ 


စစ်ရေးမဟာဗျူဟာ အခင်းအကျင်းအား အကြမ်းအားဖြင့် သုံးသပ်မည်ဆိုပါကလည်း  အနောက်ဘက်တွင် အိန္ဒိယနိုင်ငံက တရုတ်အနောက်ပိုင်းဒေသများကို လွှမ်းမိုးထားနိုင်သလို  အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ ဖြန့်ကျက်ရန်  မလကာရေလက်ကြားကို  မဖြစ်မနေဖြတ်သန်းရမည် ၊ မလကာရေလက်ကြားကို ပိတ်ဆို့ထားယုံဖြင့်  တရုတ်နိုင်ငံ၏ ရေလမ်းကြောင်းသည် အနောက်ဖက်ကို ခရီးဆက်ရန် မဖြစ်နိုင်တော့ပေ ။ တရုတ်နိုင်ငံ၏ မိတ်ဖက်  OIC နိုင်ငံများမှ တရုတ်အား စစ်ကူပေးရန်လာခဲ့သည်ဆိုသည့်တိုင် အိန္ဒိယသမုဒ္ဒရာအားဖြတ်​ရန်အတွက်  အိန္ဒိယအား ရင်ဆိုင်ရပေအုံးမည် ။
( စကားချပ် ။  ။ ၎င်းကြောင့်လည်း အိန္ဒိယသမုဒ္ဒရာအတွင်း ဘင်္ဂလားပင်လယ်အော် ရေပိုင်နက်ကို ကျယ်ကျယ်ပြန့်ပြန့်ပိုင်ဆိုင်ထားသော ၊ ရေလမ်းကုန်သွယ်ရေးလမ်းကြောင်းအတွက် ခရီးချုံ့ပေးနိုင်သည့်  ပထဝီအနေအထားအား ပိုင်ဆိုင်ထားသော​ မြန်မာနိုင်အား တရုတ်က အသေရရ အရှင်ရရ လိုချင်နေခြင်း ဖြစ်သည် ။ )

ထို့ကြောင့်လည်း အမေရိကန်က လစ်ဟာနေသော တရုတ်နိုင်ငံအနောက်ပိုင်းအားထိန်းချုပ်ရန်  Lockheed Martin နှင့် TaTa ကုမ္ပဏီတို့  ပူးပေါင်းကာ အတွင်းအပြင်မတူသော ပုံစံဖြင့်  F21  တိုက်လေများထုတ်လုပ်ရန် နှင့် လေကာစနစ်အား တိုးမြှင့်ရန်  မဟာဗျူဟာချ၍ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည် ။


တဖန် တောင်တရုတ်ပင်လယ်တွင်း ကြည့်မည်ဆိုပါကလည်း ဂျပန် ၊ တောင်ကိုရီယား စသည့် မဟာမိတ်များ ရှိနေသည့်အပြင်   အမေရိကန်လေယာဥ်တင်သင်္ဘောများ​အခြေချထားခြင်းဖြင့် တရုတ်နိုင်ငံ  အရှေ့ပိုင်းအား ချည်တုပ်ထားပြန်သေးသည် ။ တခြား ကမ္ဘာ့အနှံအပြားတွင် စခန်းချထားသော အမေရိကန်စစ်စခန်းများကို  ထည့်၍ မတွက်ရသေးပေ ။ မည်သို့ဆိုစေ မဟာမိတ်များဖက်မှ  စစ်ရေးမဟာဗျူဟာအရ  သာလွန်မှု ရှိသည်ဆိုသည့်အချက်ကို  မငြင်းနိုင်ပေ ။

ယခုလောက်ဆို စာဖတ်သူများအနေနဲ့  လက်ရှိအနေအထားအရ  တရုတ်မပြိုလဲသေးသည့်တိုင် အတော်အထိနာနေပြီဆိုတာ  မှန်းလို့ ရနိုင်ကောင်းသလို ကုန်သွယ်ရေးစစ်ပွဲအပေါ်   ခြုံငုံ၍မြင်နိုင်မည်ဟု ယုံကြည်ပါသည် ။

myanmar society🇲🇲


မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလျက် ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ