ဂျိုးဘိုက်ဒန်နှင့် ( ၈ )လတာ ခရီး...

ဂျိုးဘိုက်ဒန်လက်ထက်ကျမှ တရုတ်ကိုမနိုင် ၊ အာစီယံလည်း ကြောက်ရ ၊ ကုလသမဂ္ဂလည်း ထိန်းမနိုင် ၊ ဥရောပနဲ့ မိတ်ပျက် ၊ ကိုဗစ်နဲ့လည်း အသေအပျောက်များနေပါပေါ့လား ။

ဒေါ်နယ်ထရန့်လက်ထက်မှာ ကိုဗစ်ကို ကိုင်တွယ်မှုညံ့ဖျင်းလို့  အမေရိကန်ပြည်သူတစ်သိန်းသေကြေခဲ့ရတယ်လို့  အပြစ်ဖို့ကြတဲ့ အမေရိကန် Main Stream Media တွေလည်း  ဂျိုးဘိုက်ဒန်လက်ထက်  လူ ( ၆ )သိန်းသေသွားတာကြတော့  ဖာသိဖာသာနေနေကြလေရဲ့ ။ သြော် .. နိုင်ငံရေးဆိုတာ လိုရင်တမျိုး ၊ မလိုရင်တမျိုးတွေ ထင်ပါရဲ့ ။


ဒေါ်နယ်ထရန့်ကို တောပြောတောင်ပြောရှောက်ပြောတဲ့အရူးကြီးလို့  သတ်မှတ်ထားကြရင်  ဂျိုးဘိုက်ဒန်ဟာလည်း သတိခဏခဏမေ့တတ်တဲ့ယောင်နနအဘိုးကြီးဖြစ်နေတာကိုလည်း လက်ခံပေးရမှာ ဖြစ်ပါတယ်။

အာဖကန်နစ္စတန်က တပ်ပြန်ဆုတ်တာတောင်  ချောချောမွေ့မွေ့မဆုတ်နိုင်ရှာဘူး။ ကုန်ကျစရိတ်များနေလို့ ၊ အချိန်လုံလောက်စွာပြန်လည်ထူထောင်ရေး လုပ်ပြီးခဲ့ပြီမို့  တပ်ပြန်ဆုတ်တာ လက်ခံပါတယ်။ သို့သော် တပ်ပြန်ဆုတ်တဲ့ဗျူဟာအမှားကြောင့် ဗုံးခွဲခံရလို့  အမေရိကန်စစ်သား ၁၃ ယောက်သေခဲ့ရတာတော့ အပြစ်ပြောစရာဖြစ်ပါတယ်။ အဲ့လိုဗုံးခွဲခံရတဲ့ကိစ္စအပေါ်မှာ အမေရိကန်ပြည်သူတွေကို ချွေးသိပ်ဖို့ အပိုင်ပဲဆိုပြီး  hell  fire missile နဲ့ အကြမ်းဖက်ခေါင်းဆောင်ကို ပြန်ထုတာ  မဆိုင်တဲ့ပြည်သူတွေ သေပါရောလား ။ အဲ့ဒီမှာလွဲတာပဲ ။

ဒီကြားထဲ AUKUS စာချုပ်ကြောင့်  စိတ်ကောက်သွားတဲ့ "ပြင်သစ်"ကို လိုက်ချော့ရတာက အမောပဲ ။ 

အခြားတဖက်မှာ သစ္စာဖောက်ဗိုလ်ချုပ် Milley ကို ကာကွယ်ပေးရတဲ့အတွက် နာမည်ကလည်း ပျက်နေပြန်သေးတယ် ။
 
ဥရောပကိုယ်ပိုင်ကာကွယ်ရေးမဟာမိတ်ထူထောင်မယ်ဆိုလို့  ကန် - ဥရောပမဟာမိတ် ပြန်လည်ရှင်သန်ရေးတောင်  ကြိုးပမ်းနေရတယ် ။ ရှိပြီးသားဆက်ဆံရေးတောင်  ပျက်ပြားနေရတဲ့အဆင့်ပါပဲ။ဒေါ်နယ်ထရန့်လက်ထပ်မှာ အမေရိကန် - ဥရောပမဟာမိတ်ဆက်ဆံရေးကျဆင်းသွားရတယ်ဆိုပြီး ဝိုင်းအာခဲ့တဲ့ အမေရိကန် Main Stream Media တွေလည်း ခုလို မဟာမိတ်ဆက်ဆံရေး လျော့တာတင်မဟုတ်ဘဲ  ပျက်ပြားတာကြတော့  အပြစ်တင်သူမရှိပါပဲလား ။


အမေရိကန်နယ်စပ်ခြံစည်းကျော်ဝင်ရောက်လာသူတွေများလွန်းလို့ သြချယူရတဲ့အပြင်  ပြည်တွင်းအကြမ်းဖက်မှုတွေတောင်  မြင့်တက်လာတယ် ။


အဆိုးဆုံးကတော့  မြန်မာ့ဒီမိုကရေစီအရေးမှာ  ဘာမှဖြစ်မြောက်အောင် မလုပ်နိုင်တာပါ။တကယ်တမ်းသာ မြန်မာ့ဒီမိုကရေစီအရေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင်ကိုနှိပ်ကွက်ပြီး မြန်မာပြည်သူတွေလိုလားချက်သာ ဖြည့်ဆည်းပေးနိုင်ခဲ့ရင်  ဂျိုးဘိုက်ဒန်ရဲ့ ပွဲဦးထွက်က အရမ်းလှပနေခဲ့မှာပါ။ခုတော့  တရုတ်ပြည်လည်း ကြည့်ရ ၊ အာစီယံလည်း ကြောက်ရ ၊ ကုလသမဂ္ဂလည်း ထိန်းမနိုင်နဲ့  ပွဲဦးထွက်အမှတ်ရဖို့ဝေးစွ  အပြစ်တင်မခံရအောင် ရှောင်တိမ်းနေရတဲ့အဖြစ် ဖြစ်နေပါပေါ့လား ။

ဒါတောင် အာဏာယူတာ တစ်နှစ်မပြည့်သေးဘူး ၊ ချာလပတ်ရမ်းထွက်နေတယ် ၊( ၄ )နှစ်အပြည့်အာဏာယူမယ်ဆိုရင်  ဘယ်လောက်ဖြစ်နေမလဲ မသိဘူး ။

မှန်တာတွေရေးပြလို့  နာနေကြရင်လည်း မိမိအနေနဲ့စိတ်မကောင်းပါဘူး ။

myanmar society🇲🇲


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း