တရုတ်၏ ခါးပတ်လမ်းမ ကြွေးနွံတွင် ၄၂ နိုင်ငံက ပေးဆပ်ရမည့် ပမာဏ ဒေါ်လာ ၃၈၅ ဘီလီယံရှိနေ
တရုတ်အစိုးရက ထောက်ပံ့ငွေပေးခြင်းနှင့် ချေးငွေပေးခြင်းများဖြင့် လျှို့ဝှက်စွာ ဖုံးကွယ်ထားသောကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများက အမေရိကန်ဒေါ်လာ ၃၈၅ ဘီလီယံ ကြွေးမြီတင်ရှိနေသည်ကို ကမ္ဘာ့ဘဏ်နှင့် အစိုးရအဖွဲ့အစည်းများ မသိအောင် ဖုံးကွယ်ထားသည်။
နိုင်ငံပေါင်း ၄၂ နိုင်ငံက တရုတ်သို့ ပေးရမည့် အများပြည်သူဆိုင်ရာကြွေးမြီပမာဏသည် ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုက ဆိုသည်။
AidData အဖွဲ့၏ အဆိုအရ ခါးပတ်လမ်းစီမံကိန်းခေတ်မတိုင်မီက တရုတ်နှင့် အမေရိကန်တို့သည် ပြည်ပ အသုံးစရိတ်ပြိုင်ဘက်များဖြစ်ကြသည်။
သို့သော်လည်း ယခုအခါ တရုတ်သည် အမေရိကန်နှင့် အခြားအင်အားကြီးနိုင်ငံများထက် ၁ ဆ သို့မဟုတ် ၂ ဆ ပိုများနေပြီး ယင်း၏ ပြည်ပဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က တစ်နှစ်လျှင် ဒေါ်လာ ၈၅ ဘီလီယံခန့်နှင့် နှိုင်းယှဉ်ပါက အမေရိကန်က ဒေါ်လာ ၃၇ ဘီလီယံသာ ရှိသည်။
“ ခါးပတ်လမ်းစီမံကိန်း၏ ဘဏ်စနစ်” ဆိုသည့် အစီရင်ခံစာ ရေးသားသူများ၏ အဆိုအရ “ တရုတ်အစိုးရသည် နိုင်ငံတကာဖွံ့ဖြိုးရေးဘဏ္ဍာရေးဈေးကွက်တွင် သြဇာလွှမ်းမိုးနိုင်သော နေရာတစ်ခု ရရှိရေးအတွက် အကူအညီထက် ချေးငွေကို အသုံးပြုနေသည်” ဟု ၎င်းတို့၏ တွေ့ရှိချက်များက ဖော်ပြနေသည်။
ခါးပတ်လမ်းစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီးကတည်းက တရုတ်သည် ချေးငွေနှင့် ထောက်ပံ့ငွေများအတွက် ၃၁ -၁ အချိုးကို ထိန်းသိမ်းထားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ခါးပတ်လမ်းစီမံကိန်းကို မထုတ်ပြန်မီက နိုင်ငံ၏မူဝါဒဘဏ်များဖြစ်သော China Eximbank နှင့် China Development Bank တို့သည် ပြည်ပချေးငွေချဲ့ထွင်ရေးကို ဦးဆောင်ခဲ့သည်။
သို့သော် ၂၀၁၃ ခုနှစ်မှစ၍ တရုတ်ဘဏ်၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် နှင့် တရုတ်ဆောက်လုပ်ရေး ဘဏ်များ အပါအဝင် နိုင်ငံပိုင်စီးပွားရေးဘဏ်များသည် ယင်းတို့၏ ပထမ ၅နှစ်တာကာလအတွင်း ပြည်ပသို့ ငွေချေးခြင်းလုပ်ငန်းများ ၅ ဆတိုးလာသည်ကို တွေ့ရသည်။
ခါးပတ်လမ်းစီမံကိန်းများ လုပ်ဆောင်နေစဉ်အတွင်း ဒေါ်လာသန်း ၅၀ဝ နှင့်အထက်ချေးငွေဖြင့် ထောက်ပံ့ထားသော အကြီးစားစီမံကိန်းများ အရေအတွက်သည် နှစ်စဉ် ၃ ဆ မြင့်တက် လာခဲ့သည်။
( 08-Oct-2021)
Guardian သတင်းစာမှ
သတင်းအားဖတ်လိုလျှင် 👇
https://www.theguardian.com/world/2021/sep/30/42-nations-owe-china-hidden-debts-exceeding-10-of-gdp-says-report