အမှန်တရားတွင် ခွန်အားရှိသည်
၂၀၂၁ ခုနှစ် ဂျွန်လ ၃၀ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ကျော်လွှတ်ပေးခဲ့ပါတယ် ။သို့သော် CDM ဝန်ထမ်းတွေ နှင့် NLD ပါတီဝင်များကို ချန်လှပ်ထားတယ်လို့ သတင်းတက်လာတယ်။ပြန်လည်လွတ်မြောက်လာသူတွေရဲ့နောက်ကနေ နောက်ယောင်ခံလိုက်လာနိုင်တဲ့ စိုးရိမ်စရာတစ်ချက်တော့ ရှိပါတယ် ။သူ့လူကိုယ်ဖက်သားအယောင်ဆောင်တွေ ရောလွှတ်ပေးလိုက်တာတွေလည်း ရှိနိုင်သလို အထဲရောက်မှ ဦးနှောက်ဆေးခံရတာ ၊ မိသားစုအသက်နဲ့ခြိမ်းခြောက်စေခိုင်းခံရလို့ မဖြစ်သာလို့ လုပ်ရမဲ့သူတွေလည်း ပါလာနိုင်ပါတယ် ။သတိကြီးကြီးထားဖို့ လိုပါတယ်။
သူတို့ဖက်က တထစ်လျော့ပြီး အာစီယံရဲ့ထုတ်ပြန်ချက် မူ ( ၅ ) ချက်ကို စတင်လိုက်နာနေပါပြီဆိုပြီး လုပ်ချင်ပုံရပါတယ် ။ ရုရှားလည်း ပြေးဖား ၊ တရုတ်လည်းပြေးဖား၊အာစီယံအဖွဲ့အစည်းရဲ့ထုတ်ပြန်ချက် ( ၅ )ချက်နဲ့အချိုသတ်ပြီး အာဏာသိမ်းသက်တမ်းကို တတ်နိုင်သမျှ ဆွဲဆန့်ထားချင်ပုံပါပဲ ။
ခုတလော တရုတ်လော်ဘီတွေကလည်း ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ် PDF ဖွဲ့ပြီး တော်လှန်တာတောင် ရာဇဝတ်မှုမြောက်သလိုလို နိုင်ငံရေးဝေဖန်ရေးဆရာတချို့ရေးထားတဲ့ စာတမ်းတချို့ကို ချောင်ဂလောင်ကနှိုက်ပြီး PDF ကိုတောင် အပြစ်တင်သလိုလို တောမတင်တောင်မကျ အရေးအသားတွေ တွေ့လာရတယ် ။
တရုတ်လော်ဘီတွေနှင့်စစ်လော်ဘီတွေဆီကထွက်လာတဲ့စကားကို အကဲခတ်ရင် ပြည်တွင်းစစ်ဆိုတဲ့အရာနဲ့အကာအကွယ်ယူပြီး မဟုတ်မဟတ်လုပ်ဖို့ တာဆူနေတာ ဧပြီလအစကတည်းကပါပဲ ။
မြန်မာပြည်သူတွေ " ကယ်ပါ ၊ ယူပါ " တစာစာအော်နေချိန်တုန်းက ပြည်သူ ရာဂဏာန်းတောင် မသေသေးပါဘူး ။ ကုလကောင်စီ နှင့် အာစီယံသာ ဖိဖိစီးစီး သူတို့လုပ်ရမည့်အလုပ်ကို လုပ်ခဲ့ရင် ခုလို လူ (၉၀၀) ကျော်တောင် သေခဲ့မှာ မဟုတ်ပါဘူး ။ ခုမှ PDF က အကြမ်းဖက်အပြုအမူလုပ်သယောင်ယောင် ၊ မြန်မာကလက်ခံပေမဲ့ ကမ္ဘာက လက်မခံနိုင်ဘူး အပြောမျိုးက ခေါင်းရှောင်လို့ ကောင်းအောင် နိဒါန်းပျိုးနေတဲ့ သဘောသာသာပဲ ရှိပါတယ် ။ လအလိုက်၊ရက်အလိုက် ၊ နေ့စွဲအလိုက် မှတ်တမ်းတွေ ရှိပြီးသားဖြစ်လို့ လုံးဝခေါင်းရှောင်မရပါဘူး ။ လူသားမျိုးနွယ်အပေါ် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ထားတဲ့ သက်သေပေါင်း ( ၄ ) သိန်းကျော် ရရှိထားပြီး ဖြစ်တယ်ဆိုတာ သတိချပ်ပါ။
ယနေ့ဖတ်ရတဲ့သတင်းတစ်ပုဒ်အရ ဗြိတိန်အခြေစိုက်အဖွဲ့တစ်ခုက ကုလသမဂ္ဂရဲ့တာဝန်ပျက်ကွက်မှုကို စတင်ဝေဖန်လာတာတော့ တွေ့ရပါတယ် ။
မြန်မာ့အာဏာသိမ်းမှု ပက်သက်လို့ တာဝန်အရှိဆုံး အာစီယံနှင့်ကုလသမဂ္ဂ အပါအဝင် တရုတ်ပြည်မကြီးရဲ့လုပ်ရပ်ကို အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံကြီးတွေက ခုချိန်ထိ မဝေဖန်၊မထိတို့သေးတာ အကြောင်းရှိပါလိမ့်မယ် 🙂 ။
လုပ်ငန်းကြီးကြီးလုပ်ရင် စိတ်တော့ရှည်ရစမြဲပါ။
myanmar society🇲🇲