ဘက်မလိုက် ကြားနေယောင်ဆောင် ထားတဲ့ မျက်နှာဖုံးများ

ဘက်မလိုက် ကြားနေယောင်ဆောင် ထားတဲ့ မျက်နှာဖုံးတွေ ရွေးကောက်ပွဲနီးလာတော့ သိသာစွာ ခွါချလာနေကြပါပြီ။

"မိမိတို့ ကြေငြာထားသောမူဝါဒလမ်းစဉ် နဲ့ ရွေးကောက်ပွဲ ကိုဝင်ရောက်စွက်ဖက်ခြင်း" ဆိုတဲ့ခေါင်းစဉ်ပါ ကြားနာပွဲသို့ Twitter CEO Jack Dorseh နဲ့ Facebook CEO Mark Zuckerberg တို့ နှစ်ဦးကို 🇺🇸 US အထက်လွှတ်တော်အမတ် သုံးဦးက ဆီးနိတ် တရားစီရင်ရေးဆိုင်ရာ ကော်မီတီခွဲ (Senate Judiciary Subcommittee) သို့ လာရောက်ဖြေရှင်းရန် တရားဝင် ဖိတ်ကြားလိုက်ပါတယ်။

ယမန်နေ့က Joe Biden နဲ့ Hunter Biden တို့ သားအဖနှစ်ယောက်နဲ့ပါတ် သက်ပြီး New York Post ကသတင်းတစ်ပုဒ်တင်လိုက်ပါတယ်။ သတင်းဘယ်လိုဖြစ်လာတယ်ဆိုတာ အစကနေတင်ပြပါမယ်။

2019 April လထဲမှာ ကွန်ပျူတာပြင်တဲ့ဆိုင်တစ်ခုကို ရေစိုနေတဲ့ laptop သုံးလုံးကို ပြင်ရန် လူတစ်ယောက်ကလာပို့သွားပါတယ်။ နှစ်လုံးက လုံးဝပြင်မရတော့ပါ။ ကျန်တစ်လုံးကိုပြင်ဆင်နေစဉ် hard drive ထဲတွင် တိုင်းပြည်အတွက်အလွန်အရေးကြီးသော Email များနှင့်အတူ ဖော်ပြရန်မသင့်သော ဓါတ်ပုံနှင့် ဗီဒီယိုအချို့ကို ကွန်ပျူတာပြင်သူက တွေ့ရှိခဲ့ရပါတယ်။ Laptop ကိုလာယူရန်ပိုင်ရှင်အားဆက်သွယ်ခဲ့သော်လည်း ရက်ပေါင်း ကိုးဆယ်ကျော် အထိ လာရောက် ရွေးယူခြင်းမရှိပါ။ laptop ထဲတွင်ပါဝင်သော အချက်အလက်များသည် အလွန်အရေးကြီးသည့်အတွက်၎င်း၊ သူ့အတွက်အန္တရာယ်ဖြစ်လာနိုင်သည်ဟုထင်မြင်သဖြင့်၎င်း ကွန်ပျူတာပြင်သူက စိတ်ချရသော မိတ်ဆွေတစ်ယောက်နှင့်တိုင်ပင်ကာ FBI လက်ထဲသို့အပ်လိုက်ပါတယ်။ သို့သော်လည်း အရေးယူဆောင်ရွက်ခြင်း၊ မည်သည့်ထူးခြားချက်မှဖြစ်ပေါ်လာတာမတွေ့ရပါ။ ဒီနေရာမှာ FBI နဲ့ သက်ဆိုင်ရာတရားရေးဋ္ဌာနက မသိလိုက်တဲ့အချက်က ကွန်ပျူတာပြင်သူက hard drive ထဲပါသောအချက်အလက်များကို ကော်ပီယူထားလိုက်ခြင်းဖြစ်ပါတယ်။


အချိန်ကြာလာသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသည့်အ တွက် ကူးယူထားသော ကော်ပီကို သမတ Trump ၏ ပါစင်နယ် ရှေ့နေ လက်ထဲထည့်လိုက်ပါတော့တယ်။ အဲဒီရှေ့နေမှတဆင့် New York Post သတင်းစာတိုက်ကို ပေးလိုက်ပါတယ်။ New York Post ဆိုတာ Trump ကိုသတင်းမှားတွေနဲ့ တိုက်ခိုက်လေ့ရှိတဲ့ New York Times မဟုတ်တာကိုသတိပြုစေချင်ပါတယ်။


New York Post ကဖြန့်လိုက်တဲ့ email တွေဟာ သမတအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မယ့် Joe Biden အတွက် အလွန်ထိခိုက်နိုင်တဲ့ သတင်းဖြစ်နေတာကြောင့် သမ္မတ Trump ကအစ လူတွေအတော်များများက twitter နဲ့ FB မှာပြန် ရှယ်ကြ ပါတယ်။ ဒီလို ပြန်ရှယ်တဲ့ အကောင့်တွေနဲ့ မူရင်းသတင်းတင်တဲ့ New York Post အကောင့်တွေကိုပါ Twitter နဲ့ FB က လိုက်လံ ပိတ်နေတာကိုတွေ့ရပါတယ်။ ထုံးစံအတိုင်ပေါ့။ သူတို့ပေါ်လစီနဲ့ မကိုက်ညီဘူး။ အချက်အလက် တိုက်ဆိုင်စစ်ဆေးလို့မရဘူး။ စတဲ့ အကြောင်းပြချက်တွေပေးပြီး ဒီ သတင်းကိုမပြန့်အောင်ရည်ရွယ်ချက်ရှိရှိလိုက် ပိတ်နေတာတွေ့ရပါတယ်။ အထူးသဖြင့် နာမည်ကြီး လူသိများတဲ့ Republican အကောင့်တွေဆိုရင် ရပ်ဆိုင်းတဲ့အထိ အရေးယူလာပါတယ်။ 

ဒီလိုလုပ်ခြင်းဟာ လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို ပိတ်ပင်သလိုဖြစ်နေပါတယ်။ နောက်တစ်ချက်က Joe Biden ကိုထိခိုက်တဲ့သတင်းကို လိုက်လံပိတ်ဆို့နေတာဖြစ်တဲ့အတွက် ဘက်လိုက် သလိုဖြစ်နေပြီး ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ အများကယူဆပါတယ်။ ဒါကြောင့် ဆီးနိတ် မှာဆင့်ခေါ် ကြားနာမှာဖြစ်ပါတယ်။

Facebook , Twitter, Youtube, Google စတဲ့ နည်းပညာဘီလူးကြီးတွေဟာကမ္ဘာနဲ့အဝှမ်း အသုံးပြုသူများလာတာနဲ့အမျှ သူတို့ရဲ့ အရှိန်ပါဝါဟာလည်း ထိမ်းမနိုင်သိမ်းမရ ကြီးမားလာပါတယ်။ ဒါကိုအခွင့်အရေးယူပြီး လစ်ဘရယ် ဒီမိုကရက်တွေကို အကာအကွယ် ပေးပြီး၊ ကွန်ဆာဗေးတစ် တွေကို တိုက်ခိုက်လေ့ရှိပါတယ်။ထိုသူတို့အား ဆီးနိတ်ကိုဆင့်ခေါ်ပြီး ဘယ်လိုအရေးယူမယ်ဆိုတာ စောင့်ကြည့်ရပါမယ်။

သတင်းတွေဆင်ဆာလုပ်၊ မကြိုက်ရင်ဖြုတ်ချ၊ အကောင့်တွေပိတ်  နဲ့ အနိုင်ကျင့်နေတဲ့ online media ကြီးတွေကို ဆုံးမချိန်တန်နေပြီဖြစ်ပါတယ်။

ဖတ်ရှု့ပေးတဲ့အတွက်ကျေးဇူး~~
Thein Lwin
(15,Oct,2020)

Google ကုမ္ပဏီအား 
အမေရိကန်အစိုးရ တရားစွဲ 👇

_______=====________======_______

ဒီသတင်းအပေါ်မှာ မိမိတို့ရဲ့ သဘောထားအမြင်ကို ပြောရရင် -
ပထမအချက်က  ဒီလောက်အရေးကြီးတဲ့သတင်းအချက်အလက်ပါတဲ့ Hard Drive ကို မည်သူမှ ပြင်ဆရာဆီ မပို့ပါ ။ တကယ်ပျက်သွားခဲ့လို့ လိုအပ်လို့ပြင်ရမယ်ဆိုရင်တောင် သီးသန့်ပြင်ဆရာခေါ်ပြီး မိမိရှေ့မှာတင် ပြင်စေမှာဖြစ်ပါတယ် ။ ရက်ပေါင်း  ၉၀ ကျော်သည်အထိ လာမယူဘူးဆိုတဲ့ အချက်က အဲ့ဒီသတင်းကို လူထုကြား ရည်ရွယ်ချက်ရှိရှိ ထိုးထည့်တယ်ဆိုတာ သိသာစေပါတယ် ။ ဒီသတင်းမှာ  ရီပက်ဗလစ်ကန်တွေဟာ သူတို့သိရှိပြီးသားသတင်းကို လူထုကြား တဖက်လှည့်နဲ့ထိုးထည့်တာ ဖြစ်နိုင်ချေ ရှိပါတယ် ။ တနည်း အဲ့ဒီပြင်ဆရာကနေ  FBI ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ စမ်းသပ်ခဲ့ပုံရပါတယ် ။ FBI ကို ၎င်းသတင်းအားခေါ်ယူပြခဲ့တာတောင် FBIက အရေးယူမှု မလုပ်ခဲ့ဘူးပေါ့ ။ FBI ဟာ ကိုယ်ရည်ကိုယ်သွေးစမ်းသပ်မှုမှာ မအောင်မြင်တဲ့သဘောပါပဲ ။ အဲ့ဒီလို ဖြစ်ခဲ့တဲ့သတင်းကို  FB, Twitter , YouTube , Google တို့က  ၎င်းသတင်း Link URL ကိုပါ  ban တယ်ဆိုတော့  မီးခိုးကြွက်လျှောက် အကုန်ပေါ်လာတဲ့သဘောပါ ။

အားလုံးကို ခြုံပြောရရင် အဲ့ဒီလျှို့ဝှက်ချက်ကို ရီပက်ဗလစ်ကန်တွေကိုယ်တိုင် တိုက်ရိုက်ဖွင့်ချလို့ရပေမဲ့ ဘယ်သူဟာ ရန်သူမှန်းသိလိုတာကြောင့် ရန်သူရှာတဲ့ဗျူဟာ သုံးလိုက်တဲ့ သဘောမျိုးပါ ။ ဒီမိုကရက်နှင့်သူ့အပေါင်းအပါတွေဟာ  ရီပက်ဗလစ်ကန်တွေရဲ့ရန်သူရှာတဲ့ဗျူဟာအောက်မှာ အတုံးအရုံး ကျရှုံးသွားတဲ့ သဘောပါပဲ ။

ဆက်စဥ်းစားရရင်   ရခိုင်အနောက်တံခါးပြဿနာမှာ တပ်မတော်ရဲ့လုပ်ရပ်အပေါ်  ဂမ်ဘီယာရဲ့တောင်းဆိုမှုကြောင့် facebook ရဲ့  Data ကို  IIMM ကို ပေးမည့်အရေးမှာ ဘယ်လောက်  ဘက်လိုက်မှုရှိမလဲဆိုတာက သံသယဖြစ်ဖွယ်ပါ ။ 

FB က ဘက်လိုက်မှု ရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့  တလောက ဒီမိုကရက်နှင့်တရုတ်ဆက်ပုံ ဖော်ကျူးတဲ့ ဆောင်းပါးတိုကို အတင်မခံဘဲ go against community standard လုပ်နေလို့ ( ၃ )ခါပြန် လှည့်ပတ်တင်ယူရပါတယ် ။

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ