အာဏာရှင်တို့၏ နောက်ဆုံးထွက်သက်
တခြားကမ္ဘာ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုကို တားဆီးဖို့ ဆက်ကြိုးစားရုန်းကန်နေကြချိန်မှာ ဝူဟန်မြို့ကတော့ ကပ်ဘေးအန္တရာယ်ကြီးကနေ ကင်းလွတ်သွားခဲ့ပြီလို့ ယူဆရပြီး ဝူဟန်မြို့မာယာကမ်းခြေ အပန်းဖြေပန်းခြံထဲက ပုံတွေဟာ လူတွေအကြား တမဟုတ်ချင်း ပျံ့သွားခဲ့ပါတယ်ဆိုတဲ့သတင်းနှင့် ပက်သက်၍ ကမ္ဘာ/မြန်မာအရေးအား အနည်းအကျဉ်းမျှ ဝေဖန်သုံးသပ်မှု ပြုပါရစေ ။
၎င်းတို့ ပြုလုပ်ခဲ့သော ရေပါတီ link 👇
နဂိုကတည်းကလည်း ဒီယူဆချက်တွေကို ရေးသားခဲ့ပြီး ဖြစ်ပါတယ် ။ သို့သော် ထပ်နွှေးကြအုံးစို့ ။
ပထမအချက် -
စဥ်းစားစရာက ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဝူဟန်မှာ ရောဂါဖြစ်တယ်ဆိုတဲ့ ပုံရိပ်တချို့ကို ပြပြီး ကမ္ဘာကို တပတ်ရိုက် ပိုးဖြန့်ခဲ့တာလားဆိုတာပါပဲ ။ဘာဖြစ်လို့လဲဆိုရင် ကွန်မြူနစ်အာဏာရှင်နိုင်ငံ ဖြစ်လို့ သတင်းထိန်းချုပ်မှုအပိုင်းမှာ တခြားဒီမိုကရေစီနိုင်ငံတွေထက် ပိုထိန်းချုပ်နိုင်စွမ်း ရှိတာကြောင့်ဖြစ်ပါတယ် ။
ဒုတိယအချက်-
ဖြေဆေးရပြီးမှာ ကမ္ဘာ့ကို ရောဂါပိုးဖြန့်ခဲ့လေသလား ။အဲ့လိုဆိုရင် ဆက်တွေးစရာရှိပါတယ် ။ ကိုဗစ်-၁၉ ဇီဝလက်နက်နဲ့ ကမ္ဘာကို တိုက်ခိုက်ဖို့ နဂိုကတည်း ချထားတဲ့ စီမံကိန်းကို အသုံးပြုခဲ့ခြင်းလား ။
ပိုးလမ်းမစီမံကိန်းချေးငွေတွေနဲ့ ကမ္ဘာနိုင်ငံတွေကို အကြွေးပတ်ချပြီး ပြန်မဆပ်နိုင်အောင် ဗိုင်းရပ်စ်ပိုး ဖြန့်ဖို့ နဂိုစီမံကိန်း ရှိနှင့်ပြီး ဖြစ်ခဲ့လေသလားဆိုတာပါ ။
(နောက်တစ်ခုရှိပါသေးတယ် ။
ခုပြောမဲ့ဟာကတော့ ကျနော်ရဲ့ စိုးရမ်သံသယ သက်သက်ဖြစ်ပါတယ် ။ မြန်မာပြည်က စစ်အာဏာရှင်တွေကို တရုတ်က Sy-400 တွေရောင်းပေးလိုက်တယ်။
Sy- 400 ဟာ ထိပ်ဖူးလဲလို့ရတယ်ဆိုတယ်။Sy-400 ရောင်းပေးမယ်ဆိုတဲ့သတင်းထွက်လာတဲ့ နောက်မှာ တရုတ်ဆေးပညာရှင်တွေ မြန်မာပြည်ကို ၄ ကြိမ်ထက်မနည်း လာရောက်ခဲ့ပါတယ် ။ တပ်ကပဲ အဲ့ဒီအဖွဲ့တွေကို ခရီးဦးကြိုပြုခဲ့သလို ၊ တပ်ကပဲ ပစ္စည်းတွေ လက်ခံရယူခဲ့ပါတယ်။ တရုတ်ဆေးပညာရှင်တွေ လာရောက်တဲ့ ခေါင်းစဥ်ကတော့ " ကိုဗစ်-၁၉ အတွက်လာရောက်ခြင်း ၊၎င်းနှင့်ဆက်စပ်သော ပစ္စည်းများ လှူတန်းခြင်း "ဆိုတဲ့ ခေါင်းစဥ်နဲ့ပါ ။ စိုးရိမ်သံသယဖြစ်မိတာက Sy - 400 ကို လဲလို့ရတဲ့ ထိပ်ဖူးဟာ ဇီဝလက်နက် ထိပ်ဖူး ဖြစ်နေမှာလားဆိုတာကိုပါ ။)
တတိယအချက်-
စတင်ဖြစ်ပွားရာ ဝူဟန်မှာ ရောဂါအရှင်းပျောက်တဲ့အနေအထားလို့ ပြောလို့ရပါတယ် ။ လူစုလူဝေး လုပ်တယ် ၊ ပျော်ပွဲလုပ်တယ်ဆိုတာ အစိုးရရဲ့ခွင့်ပြုချက် မရဘဲ လုံးဝလုပ်လို့မရပါဘူး ။ အစိုးရက တရားဝင် ခွင့်ပြုလိုက်လို့ လုပ်လို့ရတာပါ ။
ဘာကြောင့်ခွင့်ပြုရသလဲ ဆိုတာ စမ်းစစ်ကြည့်ရအောင်ပါ ။
( ၁ )အချက် - ဝူဟန်မှာ ရေကြီးနေလို့ ဖြစ်ပါတယ် ။ ရေကြီးမှုအပေါ် အာရုံကျနေတဲ့ လူထုရဲ့ အာရုံကို လွှဲဖို့ ခွင့်ပြုမိန့် ချပေးခြင်းဖြစ်တယ် ။
( ၂ )အချက် - အဲ့လို အာရုံလွှဲဖို့လုပ်ခဲ့တယ်ဆိုရင်တောင် ကိုဗစ်-၁၉ ကပ်ရောဂါအနေအထားဟာ လုံးဝပြန်မဖြစ်နိုင်ဘူးဆိုတဲ့ ယုံကြည်ချက် တရုတ်အစိုးရမှာအခိုင်အမာ ရှိလို့ ။ တနည်း သူတို့ရဲ့ကုသဆေးဟာ ပြန်ဖြစ်စရာအကြောင်း လုံးဝမရှိဘူးဆိုတာ အကြွင်းမဲ့ယုံကြည်လို့ ဖြစ်တယ် ။ သဘောကတော့ ရောဂါကိုအကြွင်းမဲ့ ပျောက်ကင်းစေတဲ့ဆေး သူတို့ပိုင်ဆိုင်ထားပြီးဖြစ်လို့ ဖြစ်တယ် ။
ဒါဆိုရင် ဆက်စဥ်းစားစရာက...
ရေကြီးတယ်ဆိုတာဟာ တမင်တကာ အပေါ်ရေတားတွေကို ချိုးချခဲ့ပြီး ဝူဟန်ပိုးကို ဖုံးကွယ်ချင်လို့ ၊ တောင်တရုတ်ပင်လယ်စစ်ရေးတင်းမာမှုကို လျော့ချဖို့ တမင်တကာရေတံခါးဖွင့်ချခဲ့လေသလားကိုပါ ထပ်တွေးဖို့ လိုလာပါတယ် ။
ရေဘေးသင့်နေတဲ့လူထုရဲ့အာရုံကို လွှဲဖို့ ပျော်ပွဲရွှင်ပွဲ လုပ်ပေးလိုက်တာက သူတို့ဗျူဟာရဲ့ လစ်ဟာမှု ဖော်ထုတ်သလို ဖြစ်သွားစေပါတယ် ။
စတုတ္ထအချက်-
ဒီသတင်းကို တမင်ဖြန့်ခဲ့လေသလား ??( သို့မဟုတ် )အဲ့လို သတင်းပြန့်အောင် တမင်ဖန်တီးသလားဆိုတာပါ ။
ရုရှားဆိုတာ ဘာနဲ့ နာမည်ရတာလဲ ၊ ဘာနဲ့ကမ္ဘာကျော်ဖြစ်နေတာလဲ တချက်တွေးကြစို့ ။
ရုရှားဆိုတာ လက်နက်ထုတ်လုပ်မှုနဲ့ နာမည်ရနေတဲ့တိုင်းပြည် ၊ လက်နက်နှင့်ရေနံရောင်းစားပြီး ချမ်းသာနေတဲ့နိုင်ငံလည်း ဖြစ်တယ် ၊ ရုရှားရဲ့ အဓိက ထုတ်ကုန်ကလည်း ရေနံ နှင့် လက်နက်ပဲ ၊ ဒါကို တကမ္ဘာလုံးက သိတယ် ။
အဲ့ဒါကို ဇီဝဗေဒပညာ နှင့် ဆေးပညာမှာ ( ၁ )ပြေးပြီး ဆေးထုတ်နိုင်တယ်ဆိုတော့ ။သေချာတယ် အပင်းတွေ မကင်းဘူးလို့ ဆိုနိုင်တယ် ။
မနှစ်က ရုရှားဟာ ရွှေတွေတန်ချိန်ချီပြီး ရောင်းထုတ်ခဲ့တယ် ။ ရေနံထက်တောင် ဝင်ငွေပိုခဲ့တယ်ဆိုတော့ စဥ်းစားစရာ အရမ်းကောင်းပါတယ် ။ အမေရိကန်-တရုတ်ကုန်သွယ်စစ်တင်းမာမှုမှာ တရုတ်အကြပ်ရိုက်နေတာတောင် ဝယ်ယူစုဆောင်းထားတဲ့ရွှေချောင်းတွေ ထုတ်ရောင်းတာ မတွေ့တာနဲ့ ဆက်စပ်ရင် .....
ရုရှားဟာ တဖက်လှည်နဲ့ တရုတ်ရွှေထုတ်ပေးခဲ့သလား ?? အဲ့ဒါက တပိုင်း ။
အပေါ်က မေးခွန်းဖြစ်တဲ့ ဒီသတင်းကို တမင်ဖြန့်ခဲ့လေသလား ??( သို့မဟုတ် )အဲ့လို သတင်းပြန့်အောင် တမင်ဖန်တီးခဲ့သလားဆိုတာကို ပြန်ကောက်ကြစို့ဦးရဲ့ ...
အဲ့ဒီလို ပျော်ပွဲရွှင်ပွဲလုပ်လို့ ရောဂါပိုးတွေ ကူးကုန်တယ် ၊ အဲ့ဒါကြောင့် ရုရှားဆီက ကိုဗစ်ကာကွယ်ဆေးကို ဝယ်သုံးမယ် ။ တရုတ်နိုင်ငံသားတွေ ရောဂါပျောက်ကင်းကုန်ကြလိမ့်မယ် ။ရောဂါပျောက်ကင်းမှုကို ကမ္ဘာသားတွေ ယုံကြည်လာမယ် ။အဲ့ဒီမှာ ရောဂါပျောက်ကင်းတဲ့ဆေးကို ကမ္ဘာကို ဖြန့်မယ် ။
ရုရှား - တရုတ်ပေါင်းထုတ်တဲ့ ဆေးရောင်းဖို့ ဂွင်ဖန်လေသလားလို့ တွေးစရာလည်း ရှိပါတယ် ။
( တရုတ်ဆေးပညာရှင်တွေက ရုရှားရဲ့ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးမှာ ကူမယ်လို့သတင်းတက်လာတာကို ထောက်ရှု့သောအားဖြင့် )
စစ် ဖြစ်တော့မလား ??
မဖြစ်တောင် လားရာက ဘယ်လိုမှ မကောင်းနိုင်တော့ဘူး ။ လက်ရှိအခြေအနေက အမေရိကန်မှာ ဘယ်သူတက်တက် တရုတ်နဲ့ဘယ်လိုမှ ရင်ကြားစေ့လို့မရနိုင်တဲ့အနေအထား တစ်ရပ်ကို တွန်းပို့လိုက်သလို ဖြစ်သွားပြီ ။
အမေရိကန် ၊ တက္ကဆက်အထက်လွှတ်တော်အမတ် Ted Cruz သည် နှစ်နိုင်ငံနှင့်သူတို့၏မဟာမိတ်များအကြားပဋိပက္ခသည် လာမည့်ရာစုနှစ်အတွင်းဆက်လက်တည်ရှိနေနိုင်ကြောင်း သတိပေးပြောကြားထားတာမကြာသေးပါဘူး ။ နောက်ပြီးတော့ အထက်လွှတ်တော်အမတ် Cruz က“ တရုတ်နဲ့အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ပထဝီနိုင်ငံရေးအရအကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ် ။
ဒါကြောင့် လွယ်လွယ် ၊ ခပ်ပေါ့ပေါ့နဲ့ ပြီးသွားမဲ့ပွဲမဟုတ်ဘူးဆိုတာ သိနိုင်ပါတယ် ။
ပဉ္စမအချက်-
အမေရိကန်ဟာ တရုတ်ရဲ့ဇီဝလက်နက်ဆိုတာ သိရက်နဲ့ ဘာကြောင့် ချက်ချင်း မတုန့်ပြန်သလဲဆိုတာပါ ။
ဆိုကြပါစို့ ...
တရုတ်ဟာ ဇီဝလက်သုံးတဲ့ နိုင်ငံဆိုပါတော့ ။
ဒါဆိုမိတ်ဆွေလည်း သိပြီးသားဖြစ်ပါလိမ်မယ်၊ ဇီဝလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံဟာ ဘယ်လောက် အန္တရာယ် ကြီးတယ် ဆိုတာကိုပေါ့ ။
အဲ့လိုအနေအထားမှာ သိမ်မွေ့စွာ ကိုင်တွယ်နိုင်ဖို့လိုပါတယ် ။ စစ်ရေးမှာ တတိယအင်အားကြီးနိုင်ငံလည်း ဖြစ်တယ် ၊ ဇီဝလက်နက်လည်း ပိုင်ဆိုင်ထားတယ် ၊ လူစိတ်လည်း မရှိဘူးဆိုရင် အကြမ်းကိုင်တဲ့ နည်းကို ရှောင်ရမှာ ဖြစ်ပါတယ် ။
အကြမ်းကိုင်တဲ့နည်းဟာ ချောင်ပိတ်သလိုဖြစ်ပြီး သူ့ဆီမှာ ရှိတဲ့ ဇီဝလက်နက်တွေ ထုတ်သုံးပြီး ကမ္ဘာသူကမ္ဘာသားတွေရဲ့ အန္တရာယ်ကို ထပ်မံခြိမ်းခြောက်လာနိုင်တာမို့လို့ ဖြစ်ပါတယ် ။
ဒါကြောင့် တဖြည်းဖြည်းချင်း ဝိုင်းဝန်းပိတ်ဆို့တဲ့နည်းကို သုံးတာလည်း ဖြစ်ပါတယ် ။
ဒါကြောင့် ပထမဆုံးအနေနဲ့ အသိမ်မွေ့ဆုံးနည်း ဖြစ်တဲ့ လျော်ကြေးတောင်း အစီအစဥ်နဲ့ တရုတ်ရဲ့ သဘောထားကို တီးခေါက်ကြည့်တာလည်း ဖြစ်ပါတယ် ။တရုတ်ဟာ လျော်ကြေးတောင်းအစီအစဥ်ကို လုံးဝပယ်ချခဲ့တာကြောင့် သူရဲ့စိတ်အခံကို အမေရိကန်နှင့်သူ့ရဲ့မဟာမိတ်တွေဟာ မှန်းဆနိုင်ပြီ ဖြစ်ပါတယ် ။
အဲ့လိုမှန်းဆနိုင်ပြီ ဖြစ်တာကြောင့် နောက်တစ်ဆင့်ဖြစ်တဲ့ သိမ်မွေ့စွာ ချင်းကပ်ချင်းအပိုင်းကို သွားတာ ဖြစ်ပါတယ် ။
( ကျနော်မှန်းမိသလောက်ကတော့ အမေရိကန်နှင့်သူ့မဟာမိတ်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ တရုတ်ရဲ့ဇီဝလက်နက်ဆိုတာ အပိုင်သိပြီး ဖြစ်ပါလိမ့်မယ် ။ဒါကြောင့် တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှုမှာ အကြွင်းမဲ့ သံသယမရှိ ဒေါ်လာထွီလီယံချီသုံးဆွဲ၍ ပူးပေါင်းပါဝင်ခြင်းဖြစ်မယ်လို့ မှန်းတယ် )
ဆဌမအချက်-
၂၀၂၀ ခုနှစ် ဇွန်လတုန်းက ထရန့်က ခုလိုပြောခဲ့တယ် မင်းတို့ စမ်းသပ်မှုတွေ တအားလုပ်တော့ ရောဂါပိုးတွေ တအားတွေ့တာပေါ့တဲ့ ။
အမေရိကန်ပြည်တွင်းက လောက်တွေကို စောင်းပြောတာ ဖြစ်သလို ၊ တရုတ်ကို စောင်းပြောတာလည်း ဖြစ်တယ် ။ တရုတ်မှာ အမေရိကန်လို အဲ့လောက်စစ်နေတာ မဟုတ်ဘူး ။
ဘာရောဂါပိုးမှ ကြီးကြီးကျယ်ကျယ် ထပ်မဖြစ်သလို ဘာရောဂါမှလည်း အကြီးအကျယ်မဖြစ်ဘူး ၊ အမေရိကန်ထက် လူဦးရေများပေမဲ့ ဘာမှလည်း အမေရိကန်လို အသေအပျောက် ၊ အကူးအစက် မများခဲ့ပါဘူး ။
ဒါကြောင့် ထရန့်ဟာ တရုတ်ဆီမှာ ဆေးရှိတယ်လို့ သွယ်ဝိုက်ရည်ညွှန်းချင်တာ ဖြစ်ပါတယ် ။
နောက်တစ်ခုကတော့ ကိုဗစ်-၁၉ ကိန်းဂဏာန်းမြင့်တက်မှုတွေနဲ့ အမေရိကန်ရဲ့စီးပွားရေးကို ဆွဲချချင်တဲ့ အမေရိကန်ပြည်တွင်းလောက်တွေကို ပြောချင်တာဖြစ်ပါတယ် ။
အမေရိကန်ပြည်သူ တစ်သိန်းကျော်သေထားတာဆိုတော့ သေချာတာကတော့ ကမ္ဘာမကျေလောက်ပါဘူးခင်ဗျာ။အပေါ်ယံသာ ရူးသလိုလို ပေါသလိုလို လုပ်နေတာ ။ ထရန့်ဟာ ဟန်ဆောင်ကောင်းတဲ့ စီးပွား-နိုင်ငံရေးသမားပါ ။ ပညာရှိအမျက် အပြင်မထွက်တဲ့သဘောလို့သာ မြင်မိပါတယ် ။
လစာမယူဘဲ သမ္မတ လုပ်တဲ့ ပုဂ္ဂိုလ်ပါ ။ ဟိုတလောကတောင် သူ့လစာတွေလှူနေတာ တွေ့မိပါသေးတယ် ။ တနေ့ကို နာရီ ( ၂၀ )အလုပ် လုပ်နေတယ်တောင် ဆိုပါတယ် ။ သူအအလုပ်လုပ်သလား/မလုပ်သလားကတော့ တက်လာတဲ့ကမ္ဘာ့သတင်းတွေကို ဖတ်ကြည့်ရင် သိသာပါတယ် ။အကြောင်းအရာပေါင်းစုံ ကဏ္ဍစုံမှာ သူပါဝင်ပက်သက်နေတယ် ။
(သို့သော်....အမေရိကန်မှာတော့ ဒေါ်နယ်ထရန့်ဟာ တကွင်းလုံး ပတ်ကန်နေတယ်လို့ပြောပြီး စကားနာထိုးမဲ့သူတော့ မရှိဘူးခင်ဗျ😛)
သတ္တမအချက်-
တချို့သောသူတွေ ခဏခဏလို လာလာမေးတတ်ကြတယ် ။
မြန်မာစစ်အာဏာရှင်တွေ ဘာဖြစ်မှာလဲ ??
ခြေဥပြင်နိုင်မှာလား ??
NLD နိုင်မှာလား ??
တရုတ်ကြီး ဘာဆက်ဖြစ်မလဲ ??
(၄၅)ဦးကော်မတီဖွဲ့ပြီး ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမတိုင်ခင်ကတည်းက မိမိဝေဖန်ခဲ့ပြီး ဖြစ်ပါတယ် ။ အဲ့တုန်းက ဝေဖန်ခဲ့သလို လက်ရှိမှာလည်း ဖြစ်လာခဲ့ပါတယ် ။
အဲ့တုန်းကလည်း -
( ၁ ) တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေဖက်က ပြည်သူ့ဆန္ဒကို လိုက်လျောပြီး ပြင်ပေးလိုက်ဖို့နဲ့
( ၂ ) လွှတ်တော်လမ်းကြောင်းသည်သာ အဖြစ်နိုင်ဆုံးနှင့် အန္တရာယ်အကင်းဆုံးလမ်းကြောင်းလို့ တိုက်တိုက်တွန်းတွန်း ကျနော် ဝေဖန်ရေးသားခဲ့ပါတယ် ။
သို့ပေမဲ့ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေ ဖက်က ခြေဥပြင်ဆင်ရေးနဲ့ပက်သက်လို့ လုံးဝပြည်သူဖက်ကို ငဲ့မကြည့်ခဲ့ပါဘူး ။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေအတွက် ထွက်ပေါက်ကို အကြိမ်ကြိမ်ပြပေးခဲ့သလို ၊ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေကို ပြည်သူနဲ့ရင်ကြားစေ့ဖို့ ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ပြည်သူအကြား ရင်ကြားစေ့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ် ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ အများကြီး တာဝန်ကျေခဲ့ပါတယ်လို့ ဆိုချင်တယ် ။
အဌမအချက်-
နောက်တစ်ချက်ထပ်ပြီးတွေးဆစရာရှိတာက -
တရုတ်ဟာ သူ့နိုင်ငံကို ကာကွယ်ဖို့ မြန်မာ ၊ ထိုင်းနှင့် ဗီယက်နက်တို့ကိုတောင် ရှေ့တန်းစစ်မျက်နှာ စစ်တလင်းအဖြစ် အသုံးချလာနိုင်ဖွယ်ရာရှိပါတယ် ။
အမေရိကန်ကလည်း တရုတ်ရဲ့အဲ့လိုရွေ့ကွက်တွေကြိုမြင်လို့ မြန်မာ့အချုပ်အခြာကို ကာကွယ်ရမယ်လို့ ဆိုလာခဲ့သလို ထိုင်းနှင့်အမေရိကန် စစ်ဘက် နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေး စာချုပ်ထားခဲ့ပါတယ် ။
မြန်မာတပ်က တရုတ်ဖက်ယိမ်းလွန်းနေတာကြောင့် သာ မြန်မာနှင့်အမေရိကန် စစ်ဘက်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးစာချုပ် မချုပ်ဆိုခဲ့ခြင်း ဖြစ်ဟန်ရှိပါတယ် ။ မဟုတ်ရင် ထိုင်းနိုင်ငံလိုမျိုး မြန်မာနိုင်ငံနဲ့လည်း စာချုပ်ရေးထိုးမည့်ဟန် ရှိပါတယ် ။
တရုတ်က သူနိုင်ငံကို ထွက်ပေါက်ပေးနိုင်တဲ့ မြန်မာနိုင်ငံကို လက်မလွတ်နိုင်ဖြစ်နေရတယ် ။ ထွက်ပေါက်ဆိုတာထက်ကို ပိုပါတယ် ၊ တရုတ်ပြည်အတွက် မြန်မာဟာ အိမ်ရှေ့တံခါးမကြီးပဲ ။
ဒါကို သိတဲ့ အမေရိကန်ဟာ တရုတ်ရဲ့ ပထဝီနိုင်ငံရေးကို တန်ပြန်ချုပ်ဖို့ တရုတ်ဖက်ယိမ်းနေတဲ့မြန်မာစစ်ခေါင်းဆောင်တွေကို အနေအထိုင်မတတ်ရင် သတ်ဖျက်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး ။
ကမ္ဘာ့ခေါင်းဆောင်တွေဟာ စစ်ရေး/နိုင်ငံရေးကိစ္စအဝဝအား တွက်ချက်ပြီးလောက်ပြီ ဟု မိမိယူဆမိပါ သည် ။ စစ်ပဲ ဖြစ်ဖြစ်/မဖြစ်ဖြစ် အာဏာရှင်စနစ် ပျက်သုန်းမှာကတော့ သေချာသလောက်ဖြစ်ပါတယ် ။
ပြည်သူတွေအဖို့ကတော့ သန်းခေါင်အပြင်ညည့်မနက်တော့ဟု ထင်ပါတယ် ။မြန်မာ့ဒီမိုကရေစီ နောက်ပြန်လန်ကျရင် စစ်အုပ်ချုပ်ရေး ပြန်သွားရမည်ဖြစ်ပြီး အာဏာရှင်တွေဖက်က အဲ့ဒီလိုမိုက်ရူးရဲလုပ်ပြီး ရှေ့ဆက်တိုးဆိုးလျှင် စစ်မီးတောက်အကြားမှ ဒီမိုကရေစီ ဖူးပွင့်နိုင်ချေ ရှိသေးသည် ။ ထိုသို့မဟုတ်ဘဲ သိမ်သိမ်မွေ့မွေ့ပြီးဆုံးသွားလျှင်ကား မြန်မာပြည်အတွက် သာ၍ကောင်း၏ ။
တရုတ်၏စစ်မီးသည် မြန်မာအား အဖျားခတ်နိုင်သည်ကို မိမိကြိုတွက်ထားမိသည် ။
တရုတ်၏သွေးထိုးမှုဖြင့် တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါင်းပြီး အတင်းရုန်းကန်နိုင်ဖွယ်ရှိသည်ဟုလည်း မှန်းထားခဲ့မိပါတယ် ။
တရုတ်၏စနက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့ပေါ်တက်သောင်းကြမ်းမည့်အရေးမှာ တပ်နဲ့ပဋိပက္ခဖြစ်ပြီး လုပ်ပွဲပြည်တွင်း စစ်မီးကြီး မွေးနိုင်ဖွယ်ရာရှိသည်ဆိုသည့်အချက်အား ကြိုတင်တွက်ဆထားရမည့် အချက်ထဲက တစ်ခုလည်းဖြစ်ပါတယ် ။( မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ပြင်ဦးလွင်အား ဝင်ရောက်ပစ်ခဲ့သည်က အကောင်းဆုံး သာဓကဟုဆိုလျှင် မှားအံ့နည်း) ပြည်သူတွေ စိုးရိမ်ထိန့်လန့်မည်စိုး၍သာ မရေးပဲ ချန်လှပ်ထားခဲ့တာမျိုးပါ ။ ဗူးပေါ်သလို မကြာခင် အကုန် ပေါ်လာကုန်တော့မှာပါ ။
တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်တွေကို ဟန့်တားဖို့ရာ အစိုးရမှာ ဘာအခွင့်အာဏာမှ မရှိပါဘူး ။
သို့အတွက်ကြောင့် အမေရိကန်ဟာ တရုတ်ရဲ့လက်တံတွေဖြန့်ကျက်ကစားလာနိုင်တဲ့ အဲ့လိုအခင်းအကျင်းကို ကြိုတင်ဟန့်တားနိုင်မလားပဲ တွေးစရာ ရှိပါတယ် ။ ကြိုတင်ဟန့်တားနိုင်ရင်တော့ မြန်မာပြည်သူတို့အဖို့ သက်သာဖွယ်ရာဖြစ်ပါမယ် ။
တရုတ်ဟာ မြန်မာအပေါ်နင်းပြီး ရယူထားတဲ့ ပထဝီနိုင်ငံရေးအားသာချက်မဟာဗျူဟာကို ချေဖျက်မဲ့အမေရိကန်ရဲ့နည်းလမ်းဟာ ဘာဖြစ်မလဲ ???
နဝမအချက်-
တကယ်လို့ ကြိုတင်မဟန့်တားနိုင်ခဲ့ရင် -
တကယ်လို့ သူတို့ပေါင်းပြီး ပြည်သူအစိုးရကို ဖြုတ်ချဖို့ ( သို့ ) ကာလုံ မခေါ်ခေါ်အောင် ဖိအားပေးဖို့ Civil War လုပ်လေလျှင်လည်း အမေရိကန်က ပိုကြိုက်လေ ဖြစ်မည်။
ကမ္ဘာ့အရေး/မြန်မာ့အရေး ချိတ်ဆက်တွေးရရင်လည်း မြန်မာပြည်မှာ အမေရိကန်စီးပွားရေး အင်မတန်နည်းပါးပါတယ် ။ သူ့ဆွေမျိုး တစ်ယောက်မှ မြန်မာပြည်မှာ မရှိပါဘူး ။
နိုင်ငံရေးသဘောတရားအရ ၊ ရွေကောက်ပွဲလမ်းကြောင်းအရ ၊ လွှတ်တော်လမ်းကြောင်းအရ လုံးဝရှင်းမရတဲ့ အခြေအနေရောက်ရင် အမေရိကန်ဟာ မြန်မာကို လူ့အခွင့်အရေးလမ်းကြောင်းကနေ ချဥ်းကပ်ပြီး ဆွဲစေ့နိုင်ဖွယ်ရာ ရှိပါတယ် ။
အာဏာရှင်တွေ အတင်းရုန်းလေ အမေရိကန်ဆွဲစေ့တာခံရဖို့ နီးလေဖြစ်ဖွယ်ရှိပါတယ် ။
သို့အတွက်ကြောင့် ခုလိုချိန်မှာတော့ ... ပြည်သူ့အစိုးနှင့် ပြည်သူတွေဟာ ဖြစ်လာသမျှအကြောင်း အကောင်းချည်းလို့သာ မမှတ်ကြပဲ အသိမ်မွေ့ဆုံးလမ်းကို အာဏာရှင်တွေရွေးချယ်နိုင်အောင် ဆောင်ကြည်းဖို့ လိုအပ်ပါတယ်လို့ ဆိုပါရစေ ။
ပြည်သူ့အစိုးရရော ၊ ပြည်သူတွေက ဒီလောက်တိုက်တိုက်တွန်းတွန်း လမ်းပြပေး ၊ ထိန်းကြောင်းပေးနေတဲ့ကြားက အာဏာရှင်တွေဟာ လူမိုက်တို့သွားရာလမ်းကို အကြိုက်ရွေးခဲ့မယ်ဆိုရင်တော့ဖြင့် ဖြစ်သမျှအကြောင်း အကောင်းလို့သာ မှတ်ယုံ ရှိပါတော့တယ် ။
myanmar society🇲🇲
ကမ္ဘာ့အရေး/မြန်မာ့အရေးတွေအပေါ်မှာ ယူဆချက်အမျိုးမျိုး ကွဲပြားနိုင်ပါတယ် ။ မိမိယူဆချက်ကမှ အမှန်ဆိုပြီး ရေးသားတင်ပေးတာလည်း မဟုတ်ပါဘူး ။ မိမိရေးသားလိုက်သော ယူဆချက်နှင့် စာဖတ်သူဆီမှာရှိသော အခံဗဟုသုတ၊အမြင်တို့ ပေါင်းစပ်ပြီး ပိုမိုကောင်းတဲ့အမြင်တစ်ခု ဖြစ်ရန်အတွက်ဟူသော ခံယူချက်ဖြင့်ရေးသားနေခြင်းသာဖြစ်ပါတယ် ။
မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာ ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ မေတ္တာပို့သလျှက် ~~