တရုတ်ပြည်မကြီးဟာ သူ့ရဲ့နောက်ဆုံးကစားကွက် ထုတ်သုံးတော့မည်လား

တရုတ် ၊ SAC-M ၊ UN ၊ ARSA ၊ စစ်ကောင်စီ ၊ ရိုဟင်ဂျာ ၊ ဘင်္ဂလားဒေ့ရှ် ၊ OICs နှင့် ဒီမိုကရက်လွှတ်တော်အမတ်တချို့နဲ့  ICC ၊ ICJ အကြောင်းပြုကာ ကစားမဲ့ဟန်တွေ၊အရိပ်အခြေအနေ တွေ့နေရတယ် ။ 

အရင်ကလည်း တရုတ်ရဲ့လက်တံတွေဟာ ဒီမိုကရက်အောက်လွှတ်တော် ၊ အထက်လွှတ်တော်အထိပေါက်ရောက်ကြောင်း အကြိမ်ကြိမ်ရေးခဲ့ပြီးပါပြီ ။ ခုလည်း ဒီမိုကရက်အောက်လွှတ်တော်အမတ်က NUG ကို  ရိုအရေးကြောင့်အသိအမှတ်မပြုနိုင်ဘူးတွေ ၊ R2Pက အဲ့ဒါကြောင့် မဝင်နိုင်ဘူးတွေ လေသံပစ်နေလာနေတယ် ။ ရိုအရေးဖျာခင်းသူတွေကလည်း  ၁၉၉၃ ၊ ၁၉၈၂ ဥပဒေတွေ ပြန်ပြင်ပစ်ရမယ်တွေ လေသံတွေ ပစ်နေကြပါတယ် ။ အဲ့ဒီဥပဒေတွေမရှိမှ သူတို့အတွက် ရပေါက်ချောင်မလိုဖြစ်နေတာကိုးဗျ ။ ကုလတပ်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတယ်လည်းဆိုနေပြန်တော့  ... 🤔 
ရခိုင်ပြည်ကို ချည်တုပ်ချင်နေတာ အရမ်းသိသာပါတယ်😌 ။ 

SAC-M  နှင့် ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ICJ ၊ ICC လမ်းကြောင်းလို့ဆိုနိုင်တယ် ။ နောက်ကွယ်က  ကြိုးကိုင်တရုတ် 🙂 တကယ်က ICC လမ်းကြောင်းကို သူတို့က ရွေးစေချင်နေကြတာ ။ ဒါမှာ သူတို့ဂွင်ထဲရောက်ပြီး  မြန်မာကို စိတ်ပြေနပြေ အမဲဖြတ်လို့ ရနိုင်မှာပေကိုး ။

Ted Lieu က အသစ်ဖွဲ့တဲ့ အစိုးရအဖွဲ့မှာ ရိုဟင်ဂျာကို  မပါရကောင်းလားဆိုပြီး  မျက်ရည်ခံထိုးသယောင်နဲ့ လာခြိမ်းခြောက်နေတယ်  ။ ရိုဟင်ဂျာထက်ရင်းတဲ့ သွေးချင်းညီနောင်တိုင်းရင်းသားလူမျိုးစုံတောင် အစိုးရသစ်ဖွဲ့တဲ့အထဲ မပါခဲ့ပါဘူး ။ လူမျိုးတစ်မျိုးကို ၁ ယောက်နှုန်းခန့်ရရင်  အစိုးရအဖွဲ့ရဲ့လူဦးရေဖောင်းပွဖို့ပဲ ရှိပါတယ် ။ ရှမ်းလူမျိုးကွဲတင်  ၃၀ ကျော်လောက် ရှိပါတယ် ။ ကျန်တဲ့ ပြည်နယ်နှင့်တိုင်းတွေမှာ လူမျိုးကွဲများစွာ ကျန်ပါသေးတယ် ။ သဘောက ရခိုင်မြေကို ချီတုပ်ချင်တဲ့  ရိုအရေးနဲ့လုပ်စားနေတဲ့သူတွေရဲ့ ဖျာခင်းအကွက်တွေပါ ။


ရခိုင်အရေးမှာ ရိုဟင်ဂျာ  ၂၅၀၀၀ ကျော် သေတယ် ၊ ၁၈၀၀၀ ကျော်မုဒိန်းအကျင့်ခံရတယ်ဆိုပဲ  ပြောလိုက်တဲ့  စာရင်းကြီးက  ရခိုင်မှာ စေခိုင်းခံခဲ့ရတဲ့ တပ်ရင်း၊တပ်မတောင်မှရှိလှ  ထောင်ဂဏာန်းဝန်းကျင်လောက်ပဲ ရှိမှာပါ ။ မုဒိန်းမှုတွေ ဖြစ်နိုင်ပါတယ် ။ ၁၈၀၀၀ မုဒိန်းကျင့်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ စစ်သား ၁ ယောက်က ရိုဟင်ဂျာမ  အယောက် ၅၀ လောက်ကျင့်ရမည့် ပုံတွေ ဖြစ်နေတယ် ။ အကိုးအကားမပါတဲ့  ကိန်းဂဏာန်းပြောဆိုမှုတွေပါ ။

AA နှင့်  အာဏာသိမ်းစစ်ံကောင်စီ ( ၅ ) နှစ်စာ စစ်ဖြစ်တော့  ရပ်ရွာတွေထဲထိ  အမြောက်နဲ့ထု ၊ လေယာဥ်နဲ့ ဗုံးကျဲခံခဲ့ရတာ  အဲ့လောက်ပမာဏမသေခဲ့ပါဘူး ။ ရိုဟင်ဂျာ အသတ်ခံရတဲ့  ပမာဏဟာ ရာဂဏာန်းသာရှိပါတယ် ။ 

အင်းဒင်နှင့်ဂူတာပြင်အမှုမှာ ရိုဟင်ဂျာ ရာကျော်သတ်ခဲ့တယ်ဆိုတာလောက်ပဲ အတည်ပြုနိုင်ခဲ့တာပါ ။ ကျန်တဲ့ဟာတွေအတွက် သက်သေသက်ကာရ မပြနိုင်ခဲ့ပါဘူး ။ ဥပဒေကြောင်းအရ  သွားမယ်ဆိုရင်  သက်သေသက်ကာရ လိုပါတယ် ။ ရမ်းသမ်းပြောလို့ရနိုင်တာမျိုးတော့ မဟုတ်ပါဘူး ။

မြန်မာပြည်ကနေ ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ အရေအတွက် စုံစမ်းရေးကော်မရှင်ရဲ့ စာရင်းတွေအရ တမျိုး ၊ ICJ မှာ ဂမ်ဘီယာချေပချက်မှာ ပြောတဲ့စာရင်းတမျိုး ၊ အရပ်ပြောက တမျိုး ဖြစ်နေခဲ့တာပါ ။ ပျမ်းမျှအားဖြင့်  ထွက်ပြေးသွားသူဦးရေဟာ ၇ သိန်းဝန်းကျင်သာ ရှိတယ်လည်း ဆိုတယ် ။  ၂ သိန်းဟာ ဟိုဖက်ရောက်မှ မွေးဖွားသူ  ။ အချုပ်အားဖြင့်  ၁.၁  သန်းလို့  ဆိုနေပြန်တယ် ။ အဲ့ဒါကလည်း ဘင်္ဂလားဒေ့ရှ်ကပြောတဲ့စာရင်းပဲ ရှိတာ ၊ မြန်မာပြည်ဖက်က စာရင်းက အဲ့လောက် ရှိချင်မှ ရှိလိမ့်မယ် ။ တကယ့်တကယ် မြန်မာနိုင်ငံမှာနေခဲ့ကြောင်းသက်သေထွက်ဆိုနိုင်သူ ၊ သက်သေပြနိုင်လို့ပြန်လာနိုင်သူဟာ ဘင်္ဂလားဒေ့ရှ်က ပြောတဲ့ပမာဏထက်အများကြီးနည်းနေတာကိုလည်း တွေ့ရပါတယ် ။ သို့ပေမဲ့  ဘင်္ဂလားဒေ့ရှ်က  ၂  သန်း ပြန်လက်ခံပေးစေချင်နေတယ် ။ ရှင်းရှင်းပြောရရင်  ကော့ဘဇာမှာ ရှိတဲ့  ရိုအားလုံးကို  မြန်မာပြည်ကို သွပ်သွင်းချင်နေပုံပဲ ။ တလောက အိန္ဒိယ ကတ်ရှ်မီးယားဒေသမှာ ရှိတဲ့   လူတွေကိုတောင်  မြန်မာပြည်က ရိုတွေထိန်းသိန်းထားရပါတယ်လို့ အိန္ဒိယက ပြောချင်လာတယ် ။ မဏိပူရ ၊ အာသံမှာ ရှိတဲ့  ခိုးဝင် ဘင်္ဂလီတွေကို  ရိုလို့  လက်ညှိုးထိုးချင်နေကြတယ် ။ တကမ္ဘာလုံးက ကိုယ့်ကိုယ်ကို ရိုလို့ခံယူထားသူစုစုပေါင်းရင် ( ၅ ) သန်းအကျော်ဖက်မှာ ရှိပါတယ် ။ အဲ့ဒါတွေအားလုံးကို  မြန်မာဖက်တွန်းပို့ချင်နေတဲ့အနေအထားတွေ  ဖြစ်နေတယ် ။ တခြားသော မျိုးနွယ်တွေတောင်  ရိုဟင်ဂျာ အယောင်ဆောင်ပြီး  အခြေချလာနိုင်တာတွေ  ထည့်တွေးရင်  အတော်ရှုပ်လှတဲ့အနေအထားဖြစ်ပါတယ် ။ 

အရင်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကလည်း ဥပဒေကြောင်းအရ  ပြန်လည်စီစစ်လက်ခံမယ်ဆိုပြီး  ပြန်ခေါ်ခဲ့ပါတယ် ။  နိုင်ငံသားဖြစ်ခွင့် ၊ ပြန်လည်အခြေချခွင့်ကို ဥပဒေနဲ့အညီလက်ခံမယ် ပြောခဲ့ပြီးသားပါ ။ သို့ပေမဲ့  ဘင်္ဂလားဒေ့ရှ်ဖက်က ဘာမှမစီစစ်ပဲ  အကုန်ရောပြွန်းလက်ခံစေချင်တဲ့ ပုံမျိုးပါ ။  

ရိုဟင်ဂျာအရေးအခင်းဟာ 
နွေဦးတော်လှန်ရေးမှာ သေတဲ့ လူဦးရေထက်အများကြီးနည်းပါတယ် ။ တနိုင်ငံလုံးမှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပြည်လုံးကဆန္ဒပြနေတဲ့သူတွေကို ဥပဒေမဲ့သတ်တာ၊ဖမ်းတာတောင် ( ၃ ) လတာကာလမှာ  သေဆုံး  ၈၀၀ နီးပါး (တချို့က ၁၀၀၀ ဝန်းကျင်ရှိနိုင်ဟုခန့်မှန်း)  အဖမ်းခံရသူ ၄၈၀၀ ကျော်ပဲ  ရှိပါတယ် ။

ဦးကျော်မိုးထွန်းကို Rep.Brad Sherman က တွေ့ဆုံမေးမြန်းတဲ့ ကိစ္စဟာလည်း သက်သက် အပုတ်ချချင်လို့  ဖိတ်ခေါ်အကွက်ဆင်ပြီး  လံကြုပ်တာပါ ။ အသိသာကြီးပါ ။


လက်သည်ဖြစ်တဲ့  စစ်ကောင်စီကို အပြစ်မပြောဘဲ  NUG အစိုးရကို အပြစ်ပြောတာဟာ  မြန်မာတနိုင်ငံလုံးကို ထိုးနှက်ချင်လို့ဆိုတာ ပေါ်လွင်လှပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်းခဲ့တဲ့အစိုးရအဖွဲ့ကိုလည်း  ကမ္ဘာက အကြည်အညိုပျက်/နာမည်ပျက်ရပြီး  ကမ္ဘာ့နိုင်ငံရေးစင်မြင့်ရော ၊ မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကနေ  ဆင်းသွားရအောင်  ဘင်္ဂလီအရေးအခင်းနဲ့  မီးမွှေးခဲ့တဲ့လက်သည်ဟာ တရုတ်ပြည်မကြီး နှင့် စစ်ကောင်စီပါပဲ ။

လက်ရှိ NUG အစိုးရကိုလည်း တကျော့ပြန် ဘင်္ဂလီအရေးနဲ့အပုတ်ချချင်နေတာပါ ။ တရုတ်ပြည်မကြီးရဲ့လက်ပါးစေ စစ်ကောင်စီအတွက်  သူရဲ့လက်တံဒီမိုကရက်အမတ်တွေကတဆင့်  အစိုးရသစ် NUG ကို အပုတ်ချပေးတဲ့ သဘောမျိုးပါ ။ 

ကနဦးတုန်းက တရုတ်စေ့ဆော်သောအာစီယံဆွေးနွေပွဲဆုံးဖြတ်ချက်ကိုတောင်  စစ်ကောင်စီက မလိုက်နာနိုင်ပါဘူးတွေ လုပ်နေရာကနေ  လက်ရှိမရှု့မလှအရေးနိမ့်လာချိန်မှာ အာစီယံအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါမယ်ဆိုတဲ့ လေသံပစ်လာနေရပါပြီ ။ အာစီယံအစည်းအဝေးဆုံးဖြတ်ချက်ဆိုတာ တရုတ်ပြည်မကြီးက  စစ်ကောင်စီရဲ့အာဏာသိမ်းကာလကို ဆွဲဆန့်ပေးတဲ့ ဗျူဟာတစ်ခုထက်မပိုပါဘူး ။


ဂျာကာတာမှာ ကျင်းပတဲ့ အာစီယံထိပ်သီးအစည်းအဝေးကို  အေးရာအေးကြောင်းသွားပြီး ပြန်လာနိုင်တဲ့ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ  တရုတ်ပြည်မကြီးရဲ့အသက်ဘေးကင်းကြောင်းထောက်ခံမှုမပါရင်  မသွားရဲတာ အသိသာကြီးပါ ။

ခုနောက်ပိုင်း ကုလသမဂ္ဂရဲ့အသုံးမကျပုံတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဗလင်ကန်ကတောင် သတိပေးယူရတဲ့အဆင့်ထိ  ကုလသမဂ္ဂဟာ အကျင့်ပျက်ချစားမှု ဖြစ်နေခဲ့တာပါ ။

တရုတ်ပြည်မကြီးကိုလည်းပြောချင်တာက ရိုအရေးနဲ့ ထပ်ကစားမယ်ဆိုရင်လည်း ဝိဂါမူစလင်လူမျိုးတုန်းသတ်ဖြတ်မှုတို့ ၊ ကွန်မြူနစ်ဝါဒမယုံကြည်တဲ့ ဝိဂါမူစလင်တွေကို ပြန်လည်ပြုပြင်ထိန်းရေးစခန်း ပို့တာတို့ ၊ လူမဆန်အောင် ညှင်းပန်းသတ်ဖြတ်တာ ၊ လှောင်ချိုင့်ထဲမှာ ခွေးတွေလိုထားတာတို့ ၊ လုပ်အားကို မတရားရယူစေခိုင်းတာတို့ ၊ သားကြောဖြတ်မျိုးဆက်မပြန့်ပွားနိုင်အောင်လုပ်တာတို့ ၊ ဝိဂါမူစလင်ခလေးငယ်တွေကို မိခင်တွေနဲ့ခွဲခိုင်းပြီး ကွန်မြူနစ်ဝါဒသွတ်သွင်းတာတို့ ၊ အကျဥ်းချခံထားရတဲ့ဝိဂါမူစလင်တွေရဲ့ ကိုယ်တွင်းကလီစာ ထုတ်ရောင်းတာတွေကို အရင်စဥ်းစားပါလို့  မိမိတို့က အကြံပြုလိုတယ် ။

myanmar society🇲🇲


{ အဲ့ဒီလိုကစားမဲ့ အကွက်ထဲမှာ  AA ထပ်ပါလာနိုင်သလားဆိုတာကတော့ တချက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ AA ဟာ သူတို့ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သားကို ဘင်္ဂလားဒေ့ရှ်ကနေ နယ်သာလန်ကို ပို့ခဲ့တဲ့ကိစ္စ ရှိပါတယ် ။ သို့ပေမဲ့  ဖက်ဒရယ်ဒီမိုကရေစီအပြောင်းအလဲမှာတော့ ပြောင်းလဲသွားနိုင်တာမျိုး ရှိနိုင်တာကြောင့်  မှန်းခြေစာရင်းထဲမှာ သွပ်သွင်းခြင်းအား ချန်လှပ်ခဲ့ရခြင်းပါ }

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ