( ၄ )လအပစ်ရပ် နောက်ကွယ်

အာစီယံအထူးကိုယ်စားလှယ်က လက်နက်ကိုင်အဖွဲ့တွေအားလုံးကို အပစ် ( ၄ )လ ရပ်ဖို့တောင်းဆိုတဲ့ကိစ္စမှာ -

တရုတ်ပြည်နှင့်အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာ့နွေဦးတော်လှန်ရေးကို အနည်းဆုံး( ၄ )လတော့ ဆွဲဆန့်ထားအုံးမယ်ဆိုတဲ့ သဘောတရားပုံဖော်လာတာတွေ့ရတယ်။ကမ္ဘာ့အရေးနှင့်မြန်မာ့အရေးကို  သူတို့အလိုကျ  ဂွင်ဝင်အမ်ကျအောင်  အတင်းဆွဲကပ်ချင်ပုံရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့  "အိုကေ"ဆိုပြီး  မီးစိမ်းပြထားတယ်။ဆောင်းတွင်း ( ၄ ) လကို စစ်ရေးမလုပ်ချင်တဲ့သဘောတွေ့ရတယ် ။

အဲ့ဒီ ( ၄  )လတွင်း စစ်ကောင်စီဖက်က ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်မယ် ။ မှာထားတဲ့လက်နက်တွေ အချိန်မီရအောင်  လုံးပန်းတာမျိုးလည်း လုပ်နိုင်မယ် ။တပ်ကို ပြန်လည်ဖွဲ့စည်း ပြင်ဆင်တာမျိုး လုပ်လာနိုင်မယ် ။ တဖက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်နှင့် PDFs တွေကို ခြေရာခံတာမျိုးတွေ လုပ်လာနိုင်မယ်။လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ် ( ၄ ) လရပ်ခိုင်းတာဟာ ပြည်မထဲက ပြည်သူ့ကာကွယ်ရေးတပ် PDFs တွေကို  အာရုံစိုက်ရှင်းလင်းနိုင်ဖို့ ရည်ရွယ်တာမျိုးပါပဲ။ အဖမ်းအဆီးတွေ များလာမယ် ။ နှိမ်နင်းတာတွေ လုပ်လာမှာပဲ။ 

စဥ်းစားစရာ နောက်တစ်ချက်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  NUG အစိုးရကို လှည့်တိုက်လိုက်တာလည်း ဖြစ်ပါတယ် ။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ဖက်ဒရယ်ရဖို့ အစောတလျင်ပြောဆိုတိုက်တွန်းနေကြတာဆိုတော့  NUG အစိုးရကသာ အစောတလျင်  လိုက်လျောလိုက်ရင်  တရုတ်အလိုကျ  ဖက်ဒရယ်ဒီမိုကရေစီထွက်လာနိုင်တယ်လို့ သူတို့ဖက်က ယူဆပုံလည်းရတယ်။ပြည်နယ်( ၃ )ခုလောက်ကို  တရုတ်ပြည်က ငွေထုပ်နဲ့ပေါက်ပြီး   မြန်မာ့နိုင်ငံရေးကို ဝင်ချယ်လှယ်လို့ရတဲ့ ဒီမိုကရေစီမျိုးဆိုရင်  ဟန်မကျသေးဘူးလို့  ဒီအရေးတွေ ကြိုမြင်လို့  အစောကတည်းက ရေးခဲ့တာပါ ။(တိုင်းသူပြည်သားအားလုံးလိုချင်တဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး အားမပေးဟု မဆိုလိုပါ။တရုတ်ပြည်ရဲ့အလိုကျ ဖက်ဒရယ်မဖြစ်စေရန်သာ ရည်ရွယ်ပါတယ်)
အောက်ပါလင့်ခ်ကို ရှု့ 👇

နောက်တချက်က ကုလမှာ ကိုယ်စားလှယ်ရွေးချယ်မှုအပေါ်လည်း  သက်ရောက်တာမျိုး လုပ်လာနိုင်စရာ ရှိပါတယ် ။ အဲ့ဒီအပိုင်းကတော့ NUG က စဥ်းစားမှာ ဖြစ်လို့  မရေးတော့ပါဘူး။

အဲ့ဒီလို ( ၄ ) လတွင်း ပြင်ဆင်တာမှ အကြမ်းဖက်စစ်ကောင်စီက အဆင်မပြေသေးဘဲ  ရှုံးနိုင်ခြေ ရှိရင်  အာစီယံသဘောတူညီမှု အချက် ( ၅  ) ချက်ကို  ဆက်သွားဖို့ရှိပါတယ် ။

အာစီယံသဘောတူညီမှု (  ၅  )ချက်ရဲ့အနှစ်သာရဆိုတာ ..

တရုတ်နှင့်အာစီယံ​ လမ်းကျောင်းနေတာက ဒေါ်အောင်ဆန်းစုကြည် နှင့်သက်ဆိုင်သူတွေကို  ပြန်လွှတ်မယ် ၊ အကြမ်းဖက်စစ်တပ်လုပ်ခဲ့သမျှအမှုကိစ္စတွေအတွက်  လျှော်ပေးရမယ် ၊ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကပဲ  ပြန်သွားရမယ် ၊ အရင်လိုနောက်ကြောင်းပြန်အရေးမယူရ ဥပဒေတွေနဲ့  တုပ်နှောင်မယ် ၊ ၂၀၂၀ ခုနှစ်  အနိုင်ရ NLD ပါတီပဲ အစိုးရပြန်ဖွဲ့ခွင့်ပေးမယ် ၊ အဲ့ဒီလို လုပ်ချင်နေတာ ဖြစ်ပါတယ် ။

အဲ့ဒီလမ်းကြောင်းကို  လိုက်ရင်  တရုတ်ပြည်နှင့်အကြမ်းဖက်စစ်ကောင်စီ ချုပ်ထားတဲ့ စာချုပ်တွေကို  တရုတ်ပြည်က အေးအေးဆေးဆေး အကောင်အထည်ဖော်ယုံပါပဲ။ပြဿနာဖြစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ခေါင်းပေါ်ကို  အပစ်ပုံချကြမယ် ။အဘွားကြီးက တိုင်းပြည်ရောင်းစားပါတယ် အပုတ်ချကြမယ်။အဲ့ဒီအချိန်ကျမှ  တရုတ်ပြည်ဟာ မြန်မာပြည်အပေါ်မတရားလုပ်ပါတယ်လို့ ပြည်သူတွေ ကုန်းအော်နေလည်း တရုတ်ပြည်က ဂရုစိုက်လိမ့်မယ် မဟုတ်ပါဘူး။

နောက်တစ်ချက်က  ဘင်္ဂလီကိစ္စ(ရိုဟင်ဂျာ)ကို  ဒေါ်အောင်ဆန်းစုကြည်နဲ့ပေးတွေ့မယ် ။ဘာကြောင့်လည်းဆိုတော့ NUG က ICC မှာ အဆုံးအဖြတ် လက်ခံမယ် ပြောထားတယ် ၊ အဲ့ဒီတော့  ဒေါ်အောင်ဆန်းစုကြည်  ခေါင်းခံရှင်းပေါ့ ။ ICC ပြီးရင်  ICJ ကလာအုံးမယ် ။အမယ်အိုလည်း  အသက်ကြီးမှ  နာမည်ပျက်တွေနဲ့ တန်းစီနေဖို့ပဲ  မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အလွန်မှာလည်း  စစ်တပ်အသွင်ပြောင်းတွေနဲ့ပဲ  နိုင်ငံရေး နှစ်ပါးသွားကရမယ် ။

စိတ်အခန့်မသင့်တိုင်း အာဏာသိမ်းလိုက်ရမလားဆိုပြီး ခြိမ်းခြောက်နေမှာပဲ ။

အဲ့တော့ ပြည်သူတွေအနေနဲ့ __

( ၁ )တရုတ် ၊ အာစီယံ နှင် အကြမ်းဖက်စစ်ကောင် လမ်း​ကျောင်းနေတဲ့  အာစီယံ  (  ၅  ) ချက်ကို ယူမလား ??

(  ၂  )ကိုယ်တိုင်တော်လှန်ပြီး  ကိုယ့်စိတ်ကြိုက် ဖက်ဒရယ်ဒီမိုကရေစီရေးမလား ??

တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြောစရာရှိတာက ဒီပွဲမှ  လက်စွမ်းမပြရင် နောက်နောင်ဘယ်ပွဲမှ လက်စွမ်းပြချင်နေလို့မရတော့ဘူးဆိုတာပါပဲ။ဒီပွဲမှ  လက်စွမ်းမပြနိုင်ရင်  ပြည်နယ်ကောင်းစားရေးတွေ ၊ အမျိုးသားရေးတွေ  အော်နေလည်း ပါးစပ်ရှိလို့ အော်နေတယ်လိုပဲ ပြည်သူတွေက သတ်မှတ်ကြလိမ့်မယ်။ဒီပွဲကို ရပ်လိုက်တာနဲ့  ပြည်မ မဟုတ်တဲ့တိုင်းရင်းသားဒေသတွေအပေါ်  အကြမ်းဖက်တပ်ရဲ့ဖိအားက ဒီထက် (၁၀) ဆ မက ပြင်းထန်လာဖို့ပဲ ရှိပါတယ်။

အဲ့ဒီတော့ 
တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ __

( ၁ ) ပါဝင်တော်လှန်မလား

(  ၂  )ရွာပြန်တောင်ယာ ခုတ်မလားပဲ စဥ်းစားစရာရှိတယ် ။
ဘာမှမရွေးဘူး ၊ ငါ့နေရာလေးမှာ ဆရာကြီးလုပ်နေရရင် ကျေနပ်ပြီဆိုတဲ့အဖွဲ့တွေလည်း ရှိနိုင်ပါတယ် ။

ဟုတ်ပြီ .. အားလုံးက တွန်းလှန်မယ်လို့  တသဘောတည်းရှိရင် .. ဝိုင်းပြီး ကြံဆကြရမှာပေါ့ ။အဲ့ဒါဆိုရင် အောင်မြင်မယ်။

[  တရုတ်၊အာစီယံနှင့်အကြမ်းဖက်စစ်ကောင်စီရဲ့သဘောထားကို  ဖော်ပြခြင်းဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်က သဘောတူမယ် ၊ ပြည်သူတွေက သဘောတူညီမယ်ဆိုတဲ့ သဘောရေးခြင်းမဟုတ်ပါ ၊ ဘယ်လိုပဲနည်းနဲ့ပဲ ဖြစ်ဖြစ်  သူတို့ကတော့ အချိန်ဆွဲဖို့ကြိုစားကြမှာ ဖြစ်ပါတယ် ]

myanmar society🇲🇲


မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာ၊ချမ်းသာကြပါစေလို့ မေတ္တာပို့သလျက် ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ