မြန်မာ့နွေဦးတော်လှန်ရေး

ပထမဆုံးပြောချင်တာက ၇၂ နာရီဂျင်းဆိုတဲ့ပြဿနာပါ ။ ဟုတ်ပါလိမ့်မယ် ၊ တပ်ဖက်ကနေ  ၇၂  နာရီ  ဂျင်းထည့်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ သို့ပေမဲ့ Gen_Z တွေက ၇၂ နာရီ ဂျင်းကြောင့် အာဏာသိမ်းသိမ်းချင်း မတော်လှန်တာတော့ မဟုတ်ပါဘူး ။ ကမ္ဘာ့နိုင်ငံရေးကွဲပြားအောင် အချိန်တစ်ခုပေး စောင့်နေတဲ့သဘောမျိုးပါ ။ ဖုန်းလိုင်းတွေအကုန်ဖျက်ချခံထားရချိန် ၊ အင်တာနက်လိုင်းတွေ အကုန်ဖျက်ချခံထားရချိန် ကမ္ဘာ့အရေးချိတ်ဆက်မှုလမ်းကြောင်း သိဖို့အချိန်တစ်ခုပေးစောင့်တာ သဘာဝကျတယ်လိုပဲ မိမိမြင်ပါတယ် ။ ကမ္ဘာ့သတင်းတွေမှာ Coup ဆိုတဲ့သတ်မှတ်ချက်တက်လာတာနဲ့ တော်လှန်ရေးကို  ယနေ့ထိ အားသွင်းလုပ်ခဲ့ကြတာ မျက်မြင်ပါ ။ 

မြန်မာ့နွေဦးတော်လှန်ရေးဟာ Gen_X , Gen_ Y , Gen_ Z  မျိုးဆက်အလိုက်ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်ပါတယ် ။ လူထုတော်လှန်ရေးကြီး ဖြစ်လို့  ရက် (  ၂၀ ) ကြာမှ မသမာတဲ့အကြံနဲ့ ဖျာဝင်ခင်းတဲ့ GSC ဆိုတဲ့ ကော်မတီကို မိမိကတော့ ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ် ။ GSC အပြင် တခြားသောညှိနှိုင်းရေးကော်မတီတွေလည်း ရှိကောင်း ရှိနေနိုင်ပါသေးတယ် ။ ညှိနှိုင်းတယ်ဆိုတဲ့ခေါင်းစဥ်နဲ့   ဆန္ဒပြပြည်သူနှင့် စစ်တပ်ဟာ ညှိနှိုင်းပြီးပါပြီဆိုတဲ့ လုပ်ဇာတ်ခင်း၊ ကမ္ဘာ့နိုင်ငံတွေရဲ့စစ်တပ်အပေါ်အရေးယူမှုကို ကာဗာလုပ်ပေးမည့်  အာဏာရှင်အလိုကျ  ခစားကြတော့မည့် အမျိုးသားရေး သစ္စာဖောက်အဖွဲ့တွေသာဖြစ်ပါတယ်။ Generation Z  နှင့် အများပြည်သူရဲ့ဆန္ဒ ၊ ရည်မှန်းချက် ၊ပန်းတိုင် ၊ အနာဂတ်တို့ကို  နင်းချေမည့်  ညှိနှိုင်းရေးကော်မတီတွေသာဖြစ်ပါတယ် ။စိုးစဥ်းမျှ မယုံကြပါလေနဲ့လို့သာ အကြံပြုပါရစေ ...

ပြည်သူ့လိုအင်နဲ့ဆန့်ကျင်သည့် မည်သည့်စေ့စပ်မှုမျိုးကိုမှ ပြည်သူကလက်ခံမှာ မဟုတ်တာ သေချာပါတယ် ။

နောက်တစ်ခုက မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ခြင်းဟာ နိုင်ငံနှင့်အစိုးရအစား စစ်တပ်က ခေါင်းထိုးခံပေးလိုက်တဲ့သဘော ဖြစ်သွားပါတယ် ။ ဒါကြောင့် နိုင်ငံနှင့်အစိုးရဟာ ICJ အမှုကနေကွင်းလုံးကျွတ်လွတ်သွားပြီလို့  ယူဆရမှာ ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့  မန္တလေးပစ်ခတ်မှုမှာ ရခိုင်အရေးမီးမွေးခဲ့တဲ့ တပ်မ ( ၃၃ ) ပါတယ်လို့ UN က ဆိုထားတယ် ။ ရွေးကောက်ခံသမ္မတကိုတောင် သူတို့မထင်ရင်မထင်သလို ဖမ်းဆီးဖြုတ်ချလို့ရတယ်လို့  ခြေဥကြီးကိုင်ကိုင်ပြီးပြောလေလေ  ၎င်းအရေးမီးမွေးမှုကိစ္စတွေဟာ သူတို့ဖန်တီးခဲ့တယ်ဆိုတာ ထင်ရှားလေလေပါပဲ ။သူတို့ကတော့ အာဏာလိုချင်လို့  အာဏာသိမ်းတာပဲ ။  ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM ကြောင့် ခုချိန်ထိ အာဏာသိမ်းမရနိုင်ဖြစ်နေတယ် ။


ဦးထောင်ပဲ့နင်း ပဲ့နင်းဦးထောင် ကမ္ဘာ့နိုင်ငံရေးဖြစ်တယ်လို့ မိမိဆိုခဲ့ပါတယ် ။ မြန်မာ့အရေးကိစ္စမှာ အမေရိကန်ပါတီကြီး ၂ ရပ်ဟာ ရှားရှားပါးပါး သဘောညီတယ်လို့ ဖော်ပြတယ် ။ မပြီးပြတ်သေးတဲ့ကိစ္စတွေ ဆက်လုပ်ဖို့ ဒေါ်နယ်ထရန့်ဟာ သမ္မတဟောင်းရုံးဖွင့်လှစ်တယ်ဆိုတဲ့အချက်နောက်ကွယ်မှာ ဘာတွေဘယ်လိုရှိတယ်ဆိုတာ သိနိုင်ဖို့ခဲယဥ်းလှပါတယ် ။  မြန်မာစစ်တပ်ဟာ မြန်မာပြည်သူနှင့်ပြည်သူ့အစိုးရကို ဖိနှိပ်လေ  အခြားတစ်ဖက် ICJ မှာ ကြိုးကွင်းစွပ်မြန်လေပဲ ဖြစ်ဖို့ပဲ ရှိပါတယ်။ ကိုယ့်အထုပ်ကိုယ်ဖြည်သလို ဖြစ်နေတယ် ။

တောင်တရုတ်ပင်လယ်ထဲမှာ မဟာမိတ်တပ်တွေ ဆိုင်ထားတာဖြစ်လေတာကြောင့် မြန်မာပြည်အရေးမှာ တရုတ်ပြည်မကြီးရဲ့တပ်တွေဟာ တော်ယုံဝင်ဖို့ လက်တွန့်နေကြမှာတော့ အမှန်ပါ ။

တရုတ်ပြည်မကြီးဟာ  သူ့အပေါ်ရောက်နေတဲ့ မြန်မာပြည်သူတွေရဲ့အာရုံကို  အင်ဒိုနီရှားနဲ့ အာရုံဘယ်လိုပဲ လွှဲနေစေကာမူ  လက်သည်အစစ်ကို သိနေတဲ့မြန်မာပြည်သူအဖို့   ထူးပြီးအာရုံလွဲနေမှာ မဟုတ်ပါဘူး။  လေယာဥ်( ၅ )စီးစာ ပင်လယ်စာတွေလို့  အလိမ်ကောင်းပေမဲ့  နိုင်ငံတကာက မယုံတော့ ခက်တယ် ။


နောက်တစ်ချက်က မြန်မာ့စစ်အာဏာသိမ်းနဲ့ပက်သက်လို့  အာစီယံနိုင်ငံတွေရဲ့သဘောထားတွေ ၊ နိုင်ငံရေးချိတ်ဆက်မှု ၊ စီးပွားရေးချိတ်ဆက်မှုတွေကိုပါ မြန်မာပြည်သူတွေ သိလာရတယ် ။ မြန်မာလုပ်သားတွေ စျေးချိုတယ် ၊ အာစီယံသဘောကျတယ်ခင်ဗျာ ။ စစ်အာဏာရှင်အသက်ရှည်မှ  အာစီယံခေါင်းဆောင်တွေလည်း အနေချောင်မဲ့အရေး ဖြစ်နေတာကိုးဗျ ။

တကယ်ကတော့ အရှေ့တောင်အာရှက အာဏာရှင်တစ်ယောက်လောက်ကို  အန်ကယ်ဆန်က ရက်ရက်စက်စက်သတ်ပြဖို့ လိုနေယုံလေးပါ ။ မဟုတ်ရင်  အာစီယံအုပ်စုက အနောက်ဥရောပအုပ်စုလောက်  အားမကောင်းပေမဲ့ကောက်ကျစ်တဲ့နေရာမှာ မြန်မာစစ်အာဏာရှင်တွေနဲ့  ထူးမခြားနား အရင်းဖြတ် ၊ အဖျားဖြတ်တွေပါပဲ ။

ဒီပွဲဟာ ကမ္ဘာ/မြန်မာ ချိန်းချက်လုပ်ထားတဲ့ပွဲ ၊ ကိုရိုနာဗိုင်းရပ်ကြောင့် သိက္ခာရစရာမရှိအောင် ပြုတ်ကျနေတဲ့ UN ၊ WHO နှင့်မဲကိစ္စကြောင့် ဒီမိုကရက်တွေရဲ့ကျနေတဲ့သိက္ခာဆယ်မည့်ပွဲ ၊ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့သိက္ခာဆယ်ပွဲလို့ပဲ ပြောပါတော့ ။ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီနောက်ပြန်လန်ကျမည့်အရေးကြီးကို  အောင်မြင်စွာ ကယ်တင်နိုင်လိုက်ပါတယ်ဆိုတဲ့ အောင်မြင်မှုကြီးကို ဝေဝေဆာဆာ ဖော်ပြမည့်ပွဲကြီး ဖြစ်နေလို့ပါပဲ ။ ဒီမိုကရေစီအကြောင်းပြနဲ့ OBOR ကိုသတ်မည့်ပွဲ ။ ဘယ်သူလက်လွတ်ခံမလဲ ။ လက်လွတ်ခံသူဟာ လူမိုက်သာ ဖြစ်လိမ့်မည် ။
(  ရွေးကောက်ပွဲမတိုင်ခင်ကတည်းက  အာဏာသိမ်းနိုင်ခြေတွေ ရှိကြောင်းကို မိမိကြိုတင်ရေးသားခဲ့ဖူးပါတယ် ။ ပြည်သူအစိုးရဖက်က များစွာ ပြင်ဆင်မှုတွေလုပ်ထားတာကိုလည်း တွေ့ရပါတယ် ။ ၎င်းအကြောင်းအရာတွေကိုတော့ များများစားစား ရှင်းပြမနေတော့ပါဘူး။)

နိုင်ငံများ၏ အားပြိုင်မှု ( သို့ ) နိုင်ငံများ၏ဆုံချက်မြန်မာဆိုတာကို  မျက်ဝါးထင်ထင် မြင်တွေ့နေရချိန်လည်း ဖြစ်ပါတယ် ။ကမ္ဘာ့နိုင်ငံများ၏ဆုံချက်ဟာမြန်မာ ဆိုသည့်အတိုင်း ဆုံချက်နဲ့နီးသထက်နီးလာနေပါပြီ ။ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်လို့ ဆိုခဲ့သည့်အတိုင်း ဆက်လက်ရှု့စားပြီး  ဦးနှောက်မုန်တိုင်း ထန်ကြပါစို့ ။

မြန်မာပြည်အာဏာသိမ်းခံရမှုမှာ အကောင်းအဆိုးတွေ ဒွန်တွဲနေတယ် ။ ကိုယ်တွေက မကောင်းတာတွေဖယ်ချပြီး အကောင်းကို ပြုပြင်ယူနိုင်ဖို့ ၊ လျှောက်လှမ်းနိုင်ဖို့တော့ လိုပါတယ် ။

myanmar fb society🇲🇲


မြန်မာပြည်သူပြည်သားများ ကျန်းမာ ချမ်းသာ လန်းဖြာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျှက် ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ