၂၀၁၆ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဒေါ်နယ်ထရန့်နှင့်ရုရှားပူးပေါင်းဆောင်ရွက်မှုရှိခဲ့သည်ဟုဆိုသော နောက်ကွယ်


👉OBAMAGATE ဆိုတာဘာလဲလို့ အကျဉ်းချုံးဖော်ပြရရင်...

2016 တုန်းက Trump ရဲ့ သမတရွေးကောက်ပွဲ အကြိုကာလမှာ Trump အနိုင်မရရှိရေး၊ နိုင်ခဲ့ရင်လည်း ချောမွေ့သော အာဏာလွှဲပြောင်းရေးမဖြစ်စေရန် ပြည်တွင်း ပြည်ပက ထောက်လှမ်းရေးတွေကို အသုံးချ၊ နိုင်ငံရေးကိုအကြောင်းပြပြီး အာဏာလက်ရှိ သမ္မတ အိုဘားမားကဝင်ရောက်နှောင့်ယှက် တာကိုဆိုလိုပါတယ်။ 1972 တုန်းက သမ္မတ နစ်ဆင်ကျူးလွန်ခဲ့တဲ့ Watergate အမှုကို ရည်ညွှန်းပြီး Obamagate လို့ အမည်တပ်ကြခြင်းပါ။

အဲဒီအချိန်တုန်းက Trump မိသားစုဝင်တွေ၊ မိတ်ဆွေတွေအားလုံးကို တရားမဝင် ဖုန်းခိုးနားထောင် စပိုင်လုပ်၊ အပြစ်မရှိတာကို လုပ်ကြံအပြစ်ရှာပီး တရားစွဲ ထောင်ချဖို့ Obama လုပ်ခဲ့တာကို သတင်းတွေထွက်ပေါ်လာနေပါတယ်။ ဒါ့အပြင် ပြစ်မှုတစ်ချို့ကျူးလွန်ထားတဲ့ Obama လက်ထက် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကို FBI နဲ့ တရားရေးဌာနတို့က ဖုံးကွယ် ကာဗာလုပ်ပေးထားတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

Russia နဲ့ ပူးပေါင်းကြံစည်ပြီး ရွေးကောက်ပွဲအနိုင်ရအောင် Trump က လုပ်နေတယ်ဆိုပြီး သတင်းဌာနတချို့ကို မမှန်သတင်းတွေ ပေါက်ကြားစေခဲ့ပါတယ်။ မည်သည့်အမှားမှ မကျူးလွန်ခဲ့တဲ့ Trump နဲ့ နီးစပ်သူတွေအပေါ် လုပ်ကြံဇာတ်လမ်းတွေနဲ့ အမှုဆင်ထောင်ချဖို့လုပ်နေတာကို Obama နဲ့ ဒုသမ္မတ Joe Biden တို့က သူတို့ဘာမှ မသိကြောင်း ငြင်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ အားလုံးသိခဲ့တယ်၊ သူတို့လိမ်ညာခဲ့တယ် ဆိုတာအထောက်အထားတွေ ထွက်ပေါ်လာနေပါပြီ။ 


Obama လက်ထက်က ထောက်လှမ်းရေးအားလုံး၊ တရားရေး၊ FBI, CIA, NIA, DOJ, State Dept. သတင်းမီဒီယာ CNN အားလုံးရဲ့ လုပ်ဆောင်ခဲ့မှုတွေကိုလိုက်ကြည့်ရင် လမ်းအားလုံးဟာ Obama ထံမှ စတာကိုတွေ့ရမယ် (All roads lead to Obama) လို့ ကာတွန်းဆရာက သရုပ်ဖော်ထားတာဖြစ်ပါတယ်။

စာဖတ်သူများကို သိစေချင်တာက၊ အပြုံးချိုချို၊ အပြောကောင်းကောင်း၊ လူတွေအထင်ကြီးစရာပြောနေတိုင်း လူကြီးလူကောင်း စိတ်ဓာတ်မရှိဘူး ဆိုတာပါပဲ။



👉Obama vs. Trump

စကားစပ်မိလို့ Obama နဲ့ Trump အကြောင်းပြောမိရင် Trump က အဖက်ဖက်မှာ ပိုပြီးအောက်တန်းကျတယ်၊ Trump ကို ကြည့်လို့ကိုမရဘူးလို့ မိတ်ဆွေအများစုကပြောကြပါတယ်။

Trump ဖက်က အမြဲလိုက်ပြောခဲ့တဲ့ ကျနော့်ကိုလည်း အံ့အားသင့်တဲ့ မျက်လုံးတွေနဲ့ ကြည့်ခဲ့ကြတယ်။ ကျနော့်စိတ်ထဲမှာလည်း "ငါ့ကိုတော့ ငါ့မိတ်ဆွေသူငယ်ချင်းတွေ အထင်သေးကုန်ကြပြီထင်တယ်" ဆိုတဲ့ ခံစားမှုကို ခံစားခဲ့ရဘူးပါတယ်။ ဒါပေမဲ့ ဂရုမစိုက်ခဲ့ပါဘူး။

နိုင်ငံရေးမှာ လူကိုမကြည့်နဲ့ မူကိုပဲကြည့် ဆိုတဲ့ ဆိုစကားက ပို၍မှန်လာတာတွေ့မြင်နေရပါပြီ။

Obama လက်ထက်တုန်းက ဗိုလ်ချုပ်ကြီး Michael Flynn ဟာ Defence Intellegence Agency မှာ ဒါရိုက်တာ ဖြစ်ခဲ့တယ်။ 2012 တုန်းက လစ်ဗျားနိူင်ငံ Benghazi (ဘန်ဂါဇီ) မြို့မှာ အမေရိကန် သံရုံးကို အကြမ်းဖက်အတိုက်အခိုက် ခံရပြီး သံအမတ်အပါအဝင် စီအိုင်အေ အမှုထမ်းတချို့ သေဆုံးမှုတွေရှိခဲ့တာနဲ့ပါတ်သက်ပြီး Obama နဲ့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကို Gen. Flynn က အပြစ်တင်ခဲ့ဘူးပါတယ်။ ထို့အတူ အီရတ်ရှိ အမေရိကန် လက်နက်ပစ္စည်းများ ISIS တွေလက်ထဲကို ရောက်သွားတာဟာလည်း Obama ညံ့လို့ဖြစ်ရတာဆိုပြီး Gen. Flynn ကအပြစ်တင်ဘူးပါတယ်။ 2014, ဩဂုတ်လ မှာObama က Flynn ကို ရာထူးမှ ဖြုတ်ပစ်ခဲ့ပါတယ်။ 


Gen. Flynn ဟာ 2016 သမတရွေးကောက်ပွဲမှာ Trump ရဲ့ senior advisor အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ Trump သမ္မတဖြစ်ဖြစ်ခြင်း သူ့ကို National Security Advisor အဖြစ် မခန့်သင့်ဘူးလို့ Obama က Trump ကို အကြံပေးခဲ့ပါတယ်။ ဒါဟာ အင်မတန်ထူးခြားတဲ့ အချက်ဖြစ်ပါတယ်။ ရာထူးက ဆင်းတော့မဲ့ သမ္မတ တစ်ယောက်အနေနဲ့  မလုပ်သင့်တဲ့ အချက်ပါပဲ။ ဒါပေမဲ့ Jan 23, 2017 မှာ Trump က Gen. Flynn ကို ခန့်ခဲ့ပါတယ်။ 

စဉ်းစားကြည့်ပါ။ Gen. Flynn ရထားတဲ့ ရာထူးဟာ U.S.A. ရှိ ထောက်လှမ်းရေး အေဂျင်စီအားလုံးရဲ့ လုပ်ဆောင်ခဲ့မှု နောက်ကြောင်းရာဇဝင်ကို ကြိုက်သလို လှန်လှော ပြန်ကြည့်လို့ရတဲ့နေရာဖြစ်နေပါတယ်။ Flynn ကို ထောင်ထဲထည့်ထားနိုင်ရင် သူတို့ လုပ်သမျှ အပုပ်တွေ ဘယ်သူမှ မသိနိုင်ဘူးလေ။ Hillary သာနိုင်ခဲ့ရင်လည်း အရာအားလုံးက ပြီးပြီပေါ့။ Trump ရဲ့ဖုန်းကိုခိုးနားထောင်တာကအစ ရုရှားနဲ့ပူးပေါင်းပါတယ်ဆိုခဲ့တယ်။ Flynn ကို ထောင်ချောက်ဆင်၊ FBI ကိုညာတယ်ဆိုပြီး တရားစွဲခဲ့လို့ February 2017 မှာ အလုပ်ကထွက်ခဲ့ရတယ်။ 

Trump ဟာ ရုရှား ခိုင်းတာလုပ်နေတဲ့ စီးပွါးရေးသမားဖြစ်တယ်။ ရုရှားနဲ့ပူးပေါင်းပြီး ရွေးကောက်ပွဲအနိုင်ရအောင်လုပ်တယ်။ စတဲ့ "Russia Collussion" ဆိုတဲ့ လုပ်ကြံဇာတ်လမ်းကြီးကို Hillary Cliton နဲ့ ဒီမိုကရက်ပါတီက ငွေကြေး အကုန်အကျခံပြီး ယုတ်တိရှိအောင် ဖန်တီးတယ်။ Obama က သူ့ထောက်လှမ်းရေး အဖွဲ့ အားလုံးကို အသုံးချပြီး ဥပဒေကြောင်းအရ Trump နဲ့ သူ့မိသားစုဝင်တွေအပါအဝင်၊ လုပ်ဖော်ကိုင်ဖက်အားလုံးကို ထောင်ထဲထည့်ဖို့ ကြံစည်ခဲ့ကြတယ်။ ထောင်ကျတဲ့သူကျ၊ အမှုရင်ဆိုင်ရလို့ စီးပွါးပျက် bankrupt တွေဖြစ်၊ အလုပ်တွေပြုတ်နဲ့ Trump ရဲ့ လူတော်တော်များများ ဒုက္ခရောက်ခဲ့ကြတယ်။ Special Council အဖြစ် Robert Muller ကိုခန့်ပြီး Russia collussion ကိုစုံစမ်းရေးလုပ်တာ ဒေါ်လာသန်းပေါင်းများစွာကုန်ပြီး အချိန်သုံးနှစ်လောက်ကုန်ခဲ့တယ်။ နောက်ဆုံး Trump ရော၊ သူ့ပတ်ဝန်းကျင်ရှိမည်သူတစ်ဦးတစ်ယောက်မျှ Russia နဲ့ ပါတ်သက်မှုမရှိဘူးဆိုတဲ့ အဖြေပဲထွက်ခဲ့တယ်။

အခု Covid-19 ကပ်ရောဂါမှာ Trump ရဲ့ ဆောင်ရွက်ပုံတွေညံ့ဖျင်းလွန်းလို့ အသက်ပေါင်းများစွာသေရတယ် ဆိုပြီး Obama က ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်ခဲ့ပြန်တယ်။ အမေရိကန် ရာဇဝင်မှာ ဆင်းသွားတဲ့ သမ္မတက နောက်ဆက်ခံတဲ့သမတကို အပြစ်တင်ဖို့ မပြောနဲ့ ဝေဖန်တဲ့ အလုပ်တောင် မလုပ်ခဲ့ကြဘူး။ ဆင်းသွားတဲ့ သမ္မတ ကိုသာ တက်လာတဲ့သမ္မတက ဝေဖန်လေ့ရှိပါတယ်။ Obama ကတော့ ရာဇဝင်မှာ ပထမဆုံးသမ္မတအဖြစ် နာမည်ကျန်ရစ်ခဲ့ပါပြီ။

အခုတော့ အဖြစ်မှန်အားလုံးပေါ်လာနေပါပြီ။ Obama အစိုးရအဖွဲ့ဝင်တွေအားလုံးရဲ့ ညစ်ပတ်ခဲ့မှုတွေ လိမ်ညာခဲ့မှုတွေ နေ့စဉ်နဲ့အမျှ သတင်းတွေထွက်နေပါတယ်။ 

Trump ရဲ့ ညစ်ပတ်လိမ်ညာမှုတွေ သက်သေအထောက်အထားနဲ့ တကွ ထွက်ပေါ်လာရင်တော့ သူ့အပေါ် အားပေးထောက်ခံမှုကိုပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်းပါ။ လူကိုမကြည့်ဘဲ မူကို ကြည့်ရင်တော့ဖြင့် ....

👉 ဟီလာရီကလင်တန် နှင့် အိုဘားမားအရှုပ်တော်ပုံဇာတ်လမ်းကြီး 

ကြည့်ဘူးတဲ့ ထောက်လှမ်းရေး သူလျှို ရုပ်ရှင်တွေထက် အဆတစ်ရာလောက် ပိုရှုပ် ပိုစိတ်ဝင်စားစရာ လွန်ခဲ့တဲ့ လေးနှစ်က တကယ့်အဖြစ်အပျက်ပါ။

ကျနော်ရေးဘူးပါတယ်။ မကြာခင် ပေါ်လာပါတော့မယ်ထင်ပါတယ်။

Obama လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးလုပ်စဉ်တုန်းက Hillary Clinton ဟာ ဝန်ကြီးဋ္ဌာနရဲ့ လုံခြုံစိတ်ချရတဲ့ တရားဝင် email အကောင့်ကိုမသုံးပဲ သူမကိုယ်ပိုင် email server ကို တရားဝင်ရုံးလုပ်ငန်းတွေမှာ အသုံးပြုခဲ့တယ်။ ထိပ်တန်းလျှို့ဝှက်ချက် နှစ် ထောင် ကျော်ကို သူ့ကိုယ်ပိုင် email အကောင့်နဲ့ စာအဆက်အသွယ်တွေလုပ်ခဲ့တယ်။ ဒါဟာ ဥပဒေချိုးဖောက် ရာရောက်ပါတယ်။ သူမ အစိုးရရဲ့ email ကိုမသုံးတာဟာ ရိုးသားမှုမရှိဘူးဆိုပြီး သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ကွန်ဂရက်ကိုဆင့်ခေါ်ပြီး စုံစမ်းစစ်ဆေးမှုတွေအရ email 33,000 ကျော်ကို delete လုပ်တာသိရတယ်။ သူမရဲ့ ဖုံး၊ သူမရဲ့ အနီးကပ် အလုပ်  သမားတွေရဲ့ ဖုံး၊ ကွန်ပြူတာ၊ server တွေအားလုံး ဖျက်ဆီးပြစ်လိုက်တယ်ဆိုတာ ပေါ်ပေါက်လာခဲ့တယ်။

2016 July မှာ FBI ညွှန်ကြားရေးမမှုုး James Comey ကကြေငြာချက်တစ်ခုထုတ်ပြန်ပါတယ်။ "သူမရဲ့လုပ်ဆောင် ချက်ဟာ အင်မတန် ဂရုမစိုက် ရာရောက်ပါတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်လိုတဲ့ ရည်ရွယ်မတွေ့ရလို့ သူမကို အရေးယူ ဖို့အထိ မလိုအပ်ပါဘူး" လို့ သူမကို အကာအကွယ်ပေးခဲ့တယ်။

2016 နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ Hillary က Trump နဲ့ ပြိုင်ရမှာဖြစ်တယ်။ အောက်တိုဘာလမှာ သူမရဲ့ email အသစ်တွေထပ်မံတွေ့ရှိလို့ စုံစမ်း စစ်ဆေးရေးလုပ်နေပါတယ်လို့ ကွန်ဂရက်ကို အသိပေးပါတယ်။ သူမရဲ့ ပြိုင်ဖက် Trump နဲ့ ရီပတ်ဘလီကန်တွေကလည်း စုံစမ်းစစ်ဆေးဖို့ အပြင်းအထန် ဖိအားပေးကြသလို မီဒီများကလည်း အထူးစိတ်ဝင်တစားဖော်ပြကြပါတယ်။

သမ္မတ အရွေးခံမယ့်သူတစ်ယောက် အနေနဲ့  သူ့ email ပြဿနာကြီးကို လူတွေ၊ သတင်းသမားတွေ၊ စိတ်ဝင်စားမှု၊ ဖိအား ပေးမှုတွေလျော့ကျသွားအောင် Hillary တစ်ခုခုတော့ လုပ်မှဖြစ်မယ်မဟုတ်ပါလား။ ရွေးကောက်ပွဲကလည်း နီးကပ်နေပီ။ Trump ကိုထောက်ခံသူတွေကလည်း တနေ့တခြားများလာနေပီ။သူ ကျူးလွန်ခဲ့တဲ့အမှားတွေကို လူတွေခေါင်းထဲကဖယ်ထုတ်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းရှာကြံရတော့မယ်။ 

အကယ်၍များ ရုရှား နဲ့ သူ့ ပြိုင်ဖက် Trump တို့ ပူးပေါင်းမှုရှိတယ် ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးပြီး သတင်းဖြန့်နိုင်ရင် သူ့ email ဇာတ်လမ်း ကိုဖုံးလွှမ်းသွားလိမ့်မယ် မဟုတ်ပါလား။ 

"ရုရှား နဲ့ Trump"...."ရုရှားနဲ့ Trump"....
 
ဒီဇာတ်လမ်းကို ယုတ္တိရှိအောင် ဖန်တီးဖို့ ငွေအား၊ လူအားအပြင်၊ မှန်ကန်တဲ့အကြောင်း သက်သေပြရမယ့် အဖွဲ့အစည်းကလည်းလိုသေးတယ်လေ။ ဒါ...မခက်ပါဘူး။ သူမက ဒီမိုကရက်ပါတီကဝင်ပြိုင်မယ့် လူကြိုက်များတဲ့၊ နိုင်မှာသေချာတယ်လို့ တစ် ပေးခံရတဲ့ သူပဲ။ အိုဘားမားက လက်ရှိသမ္မတ၊ တရားရေးက ရှေ့နေချုပ် တွေ၊ တရားသူကြီးတွေ၊ FBI, CIA, အမျိုးသားထောက်လှမ်းရေး၊ ဒီမိုကရက်ပါတီကြီး၊ အားလုံးက အိုဘားမား ခန့်ထားတဲ့သူတွေချည်းပဲ။ ဒီလူတွေ ဒီအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖန်တီးလိုက်တာ ရုရှား+Trump ဇာတ်လမ်းကြီး ရွေးကောက်ပွဲမတိုင်မီ ပေါ်လာပါလေရော။

မီဒီယာတွေကောင်းမှုကြောင့် ဒီဇာတ်လမ်းကို ယုံကြည်တဲ့သူတွေကမ္ဘာအနှံ့မှာရှိတယ်။ Trump တင်မကဘူး။ သူ့မိသားစုတွေ၊ သူခန့်တဲ့ရာထူးကြီးသူတွေ၊ သူ့ရှေ့နေတွေ၊ သူ့မိတ်ဆွေတွေကအစ ရုရှားနဲ့ ဆွဲစေ့ပြီး စစ်ဆေးခံရတယ်။ တချို့ထောင်ကျတယ်။ အဲဒီအထဲမှာ ကျနော်ရေးဖူးတဲ့ General Flynn လည်းပါတယ်။ 


ဒီစစ်ဆေးမှုကြီးမှာ 
အစိုးရရှေ့နေ 19 ယောက်
FBI အယောက် 40
သက်သေပေါင်း 500
လူတွေ့စစ်ဆေးခြင်း အယောက် 2000
ကုန်ကျငွေ $ 33 million နဲ့ 
အချိန် ၂ နှစ်နီးပါးကြာအပြီးမှာ Trump နဲ့ သူ့အသိုင်းအဝိုင်းက တစ်ယောက်မှ ရုရှားနဲ့ ပူးပေါင်းတာ မတွေ့ပါဆိုပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် Robert Muller က July 2019 မှာ ကြေငြာ ခဲ့ပါတယ်။ 

ဒီရုရှားဇာတ်လမ်းကို စတင်ကတည်း ကလိမ်ဆင်ကြီးဆိုတာ အိုဘားမားကအစ FBI, CIA, တရားရေး၊ စစ်ဆေးသူအားလုံးကသိကြတယ်။ ဒါပေမယ့် တစ်ခုမဟုတ် တစ်ခုတော့ ငြိမှာပဲဆိုပြီး ဆက်စစ်ဆေးခဲ့ကြတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ပေါ်လာပါပြီ။ 

ရယ်စရာကောင်းတာက တကယ် ရုရှားနဲ့ပူးပေါင်းသူက Hillary တို့အုပ်စုပါပဲ။ ဒီဇာတ် လမ်း ရရှိရေးအတွက် ရုရှားထောက်လှမ်းရေးသမားတစ်ဦးနဲ့ ဆက်သွယ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ကျနော်ရေးတာဟာ တကယ်ရေးမယ်ဆိုရင် စာမျက် ထောင်ချီပြီးရေးလို့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းမှာ အိုဘားမားကအစ သူ့လူယုံတော်တွေ၊ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်လှုပ်ရှားမှုတွေ အကြောင်း သက်သေအထောက်အထားတွေကို အခုလက်ရှိ ဆီးနိတ်တရားကော်မီတီက လက်ဝယ်ရရှိထားပြီးဖြစ်ပါတယ်။

Author : Then Lwin 

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ