ဤသည်ကား တိုက်ဆိုင်မှု မဟုတ်


ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားလာကတည်းက မြန်မာပြည်ကစစ်အာဏာရှင်တွေရဲ့   ၂၀၂၀  ရွေးကောက်ပွဲထိဆွဲဆန့်နိုင်ရေး ရည်မှန်းချက်( ဒေါ်အောင်ဆန်းစုကြည်ဖြုတ်ချရေး) နှင့် တရုတ်၏ အမေရိကန်နောက်ရွေးကောက်ပွဲထိ ဆွဲဆန့်နိုင်ရေးရည်မှန်းချက်( သမ္မတဒေါ်နယ်ထရန့်ဖြုတ်ချရေး )ဟာ ထိုသူတို့၏ဖျက်ကိန်းရဲ့ အနှစ်သာရဟု ယခင်ဆောင်းပါးတွေထဲမှာ မကြာမကြာထည့်ရေးဖူးပါတယ် ။

ကမ္ဘာ့နိုင်ငံရေးမှာ အမေရိကန်ဒီမိုကရက်ပါတီရဲ့နိုင်ငံရေးကစားကွက်တွေကိုပါ ချိတ်ဆက်လိုက်ချိန်မှာ  လက်ရှိကမ္ဘာ့အရေး/မြန်မာ့အရေးဟာ ပြီးပြည့်စုံသလောက် အခင်းအကျင်းတစ်ခု  ထွက်ပေါ်လာခဲ့ပါတယ် ။ ခြုံငုံသုံးသပ် တွက်ဆနိုင်သူတွေတော့  အကဲခတ်မိကြလိမ့်မည်  ထင်ပါတယ် ။ 

အရှေ့တောင်အာရှဖက်ခြမ်း  
အမေရိကန်-တရုတ် အားပြိုင်မှုမှာ အဓိကမဟာဗျူဟာသော့ချက်ဟာ  မြန်မာ့ဒီမိုကရေစီလမ်းစဥ်အောင်မြင်ရင်  အမေရိကန်နိုင်တယ် ၊ မြန်မာ့ဒီမိုကရေစီလမ်းစဥ်  နောက်ပြန်လန်ကျရင်  တရုတ်နိုင်ပြီလို့လည်း  အကြိုတွက်ချက်ကာ ဟောကိန်းထုတ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်  မြန်မာ့ဒီမိုကရေစီအပြောင်းအလဲဟာ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲအတွက် အသက်သွေးကြောဖြစ်နေခဲ့လို့ပါပဲ ။ 

အဲ့ဒီမဟာဗျူဟာသော့ချက်ကတော့ မြန်မာ့စာမျက်နှာသာမက ကမ္ဘာ့စာမျက်နှာကိုပါ တက်ပြီးပြောင်းနိုင်လောက်တဲ့ မြန်မာ့နိုင်ငံရေးပါ ။အဲ့ဒီရလဒ်ရဖို့  မြန်မာပြည်သူတွေ မဲဘယ်လိုပေးကြမလဲအပေါ် မူတည်ခဲ့ပါတယ် ။ မြန်မာနိုင်ငံမှာ မြန်မာပြည်သူတွေက NLD ပါတီကို ပုံအောပြီး မဲထည့်ခဲ့ကြလို့   NLD ပါတီ  ရွေးကောက်ခံခဲ့ရပါတယ် ။ 

ရွေးကောက်ပွဲကော်မရှင်ဟာ  ကြိုတင်မဲကို အရင်ဖြတ်ပြီးမှ  ရွေးကောက်ပွဲရက်မှာ မှားချေနည်းနိုင်အောင် လျော့ချထားတဲ့စီမံမှုကြောင့် ၊  မဲအလေအလွင့်နှင့်ထပ်တိုးမဲများနည်းပြီး  မှန်ကန်တဲ့ရလဒ်ကြောင့် ၊  မဲဖောင်းပွမှု နည်းသွားတာကြောင့်   အဆင်ပြေပြေ အထမြောက်သွားတာလည်း ပါပါတယ် ။ 

မြန်မာ့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမေရိကန်ရွေးကောက်ပွဲနဲ့ သွေးဆောင်ဖြားယောင်းထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေကို  တွေ့ခဲ့ရတယ် ။ အဲ့ဒီလိုဖြားယောင်းထားတဲ့ နိုင်ငံရေးလှည့်ကွက်ထဲကို  တည့်တည့်မတ်မတ်ဝင်သွားတာကိုလည်း တွေ့ခဲ့ရပါတယ် ။

မြန်မာ့ရွေးကောက်ပွဲပြီးသွားပြီဖြစ်လို့  အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ  သူ့ရဲ့နိုင်ငံရေးအရွေ့ကို  အရှိန်မြင့်ကစားလိမ့်မယ်လို့  မိမိရေးသားချက်အပေါ်  တချို့တွေလည်း နားလည်သဘောပေါက်ကြသလို ၊ တချို့လည်း နားလည်သဘောပေါက်မှု နည်းတာကိုလည်း တွေ့ရပါတယ်  ။ 

မည်သို့ဆိုစေ မြန်မာ့ရွေးကောက်ပွဲအပြီးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး အပြောင်းအလဲ ၊ အရှေ့အလယ်ပိုင်း အပြောင်းအလဲအတွက်  နောက်ထပ်ဖြေလျော့မှု ၊ အရှေ့တာကစ္စတန်အကြမ်းဖက်တွေအပေါ် ဖြေလျော့မှုအပြင် ၊ သန်းချီတဲ့ လူအုပ်ကြီးရဲ့ဆန္ဒဖော်ထုတ်ပွဲတွေဟာ အမေရိကန်မှာ ပေါ်ပေါက်လာခဲ့ပါတယ် ။ တိုက်ဆိုင်မှုလော ??

ရှေ့ဆက်မည့်ကမ္ဘာ့အရေးသည် မည်သို့နည်း ။ သိသူတွေ သိလောက်ပြီ ။

သြော်... ဒါနဲ့စကားမစပ် ~~ မနေ့ကပဲ  တရုတ်သမ္မတရှီကျင်းပင်တစ်ယောက် မြန်မာ့ရွေးကောက်ပွဲ ကို Congratulation လုပ်ပေးလိုက်ပါပြီ ။

myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ