နိုင်ငံများ၏ အားပြိုင်မှု ( သို့ ) နိုင်ငံများ၏ ဆုံချက်မြန်မာ

မဟာဗျူဟာအခင်းအကျင်းရဲ့အနှစ်သာရကို  ခံစားနားလည်နိုင်မှ  နိုင်ငံရေးအားပြိုင်မှုများနှင့် နိုင်ငံ့စီးပွားရေးကို  နားလည်နိုင်စွမ်းရှိပါမယ် ၊ သို့မဟုတ်ရင်  လတ်တလော နိုင်ငံရေး အဖြစ်အပျက် ၊ နိုင်ငံရေးသတင်းတွေကြားမှာ လူးလာခေါက်တွန့် ဖြစ်လို့နေပါမယ် ။
ကဲ ... ကျနော်တို့ "ခြုံယူဆင်ချင် ၊ ထုတ်ယူဆင်ချင်" စဥ်းစားကြည့်ရအောင်ပါ ။

ဘာကြောင့်  ရခိုင်ဒေသအား ဘင်္ဂလီအရေးဖြင့်  ထိုသူတို့ မီးမွေးခဲ့ကြသလဲ ???

( ၁ ) ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်က ဆွဲချဖို့။

အဲ့လိုဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ကနေဆွဲချနိုင်ရင်  အကျိုးအမြတ်ရရှိနိုင်သူတွေဟာ ဘယ်သူတွေလဲ ?? ထိုသူများကတော့ စစ်အာဏာရှင်လူတစ်စုရယ် ၊ ပြိုင်ဖက်ပါတီတွေရယ် ၊ ခရိုနီတွေရယ် ၊ တရုတ်ရယ်ပဲ  ဆိုပြီး အဖြေထွက်ပါတယ် ။

အဲ့ဒါကြောင့်  ၂၀၁၆ အောက်တိုဘာ ၉ရက်နေ့မှာ ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရ ရခိုင်နယ်စပ်ကင်းစခန်း၃ခု ဘင်္ဂလီအကြမ်းဖက်အင်အား ၅၀၀ကျော်နဲ့ဝင်တိုက်ခဲ့တယ်... အကြမ်းဖက်သမားတွေကို ဖမ်းဆီးစစ်ဆေးချိန်မှာ ကြံခိုင်ရေးအမတ်ဟောင်း အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက်ခေါင်းဆောင်ပြီး လက်နက်နဲ့ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ထွက်ချက်ပေးတယ် ။ဒီသတင်းကို လုံးဝအမှောင်ချထားခဲ့ပါတယ် ။


ဆိုလိုချင်တာက အောင်ဇော်ဝင်းကို ၂၀၁၈ ဖေဖော်ဝါရီ၂၈ရက်မှာ ဖမ်းပြီး ၂၀၁၈ ဇွန်လ၂၀ရက်မှာ ရဲလုပ်ငန်းစစ်ဆေးမှုမပြီးခင် သံသယရှိတဲ့တရားခံ
ကို လွတ်ပေးလိုက်တဲ့အပေါ် ကိုကျော်ဆွေအနေနဲ့ ဘာဖြေရှင်းချက်မှ မထုတ်ခဲ့ဘူး ။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ နောက်ကွယ်က ထိန်းချုပ်ထားတဲ့ စစ်တပ်အနေနဲ့ ခိုင်လုံတဲ့ဖြေရှင်းချက်မပေးမခြင်း စစ်တပ်နဲ့ ARSAဟာဆက်နွယ်တယ်လို့ ယူဆရပါတယ် ။ ဒီဗျူဟာပေါက်သွားပြီးနောက် နဂိုကမထွက်ပြေးချင်တဲ့ဘင်္ဂလီတွေ (ရခိုင်ဒေသမှာ မွေးဖွားခဲ့တယ်လို့ ယူဆနေသူတွေကို) စစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်တဲ့အပေါ်မှာ နိုင်ငံတကာက " လူမျိုးရေးသန့်စင်မှု" လုပ်တယ် လို့သတ်မှတ်ခဲ့ကြပါတယ် ။ လူ ၅၀၀ ကျော်ဆိုတဲ့  ARSA ဆိုတာကလည်း ခုတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်နေခဲ့ပါတယ် ။ စစ်အာဏာရှင်တွေရယ် ၊ ဘင်္ဂလားဒက်ရှ်ရယ် ၊ တရုတ် ရယ် ပေါင်းကြံတဲ့ အစီအစဥ်ဟုသာ ယူဆရပါတယ် ။
သို့သော်ငြား OIC ၊ ICC  ၊ EU ၊ UN  ၊ ယန်ဟီလီး စသည့် စုံစမ်းရေးကော်မရှင်တွေ ၊ သူတို့ရဲ့အစီရင်ခံတွေမှာလည်း ARSA အကြောင်း မပါကြဘူး ၊ ထူးဆန်းပေစွ ။

(  ၂  ) ရခိုင်ကမ်းမြှောင်ဒေသကို ရယူဖို့။

 အရင်တုန်းက   မြန်မာပိုင်ရှင်မဖြူကျွန်း( သို့ ) မြန်မာရေပိုင်နက်ကို  ဘင်္ဂလားဒက်ရှ်က နိုင်ငံတကာခုံရုံးမှာ တရားစွဲပြီး ယူခဲ့တဲ့  ဖြစ်စဥ်  ရှိခဲ့ပါတယ် (ဖြစ်စဥ်အရှည်အား မလိုအပ်ဘဲ စာရှည်နေမည်စိုး၍  မရေးလိုတော့) ။
ရခိုင်ကမ်းမြှောင်ဒေသကို ရယူဖို့ဆိုရင်  ဘင်္ဂလားဒက်ရှ် နှင့် တရုတ်  ပဲ  ရှိပါတယ် ။ စစ်အာဏာရှင်လူတစ်စုကတော့  ရခိုင်ကို ထိုးကျွေးပြီး ဆုပ်ကိုင်ထားတဲ့ အာဏာကို ဆက်လက်ထိန်းဖို့ ရည်ရွယ်ခဲ့ဟန်ရှိပါတယ် ။ရခိုင်ကမ်းမြှောင်ဆိုလျှင်  ၎င်း၏ရေပိုင်နက်ပါ ပါဝင်တာဖြစ်တဲ့ အတွက်  အကယ်၍ တရုတ်ကပဲ  ရခိုင်ဒေသကို  အကြွေးထောင်ချောက်ဆင်ပြီး ရသွားလို့ပဲ  ဖြစ်ဖြစ်  ၊ ICC ကနေတရားစွဲပြီး ရသွားခဲ့လျှင်ပဲ  ဖြစ်ဖြစ်   တရုတ်ရေငုပ်သင်္ဘောတွေ အခြေချပြီး  ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးနိုင်မှာ ဖြစ်ပါတယ် ။ ဘင်္ဂလားဒက်ရှ် နှင့် ပါကစ္စတန်ဟာ တရုတ်လက်ဝေခံနိုင်ငံ ဖြစ်နေလို့ပါပဲ ။ ဘင်္ဂလားပင်လယ်အော်ကို  တရုတ်က စိုးမိုးနိုင်လျှင် အိန္ဒိယကိုပါ  ချုပ်ပြီးသွားဖြစ်သွားမှာ  ဖြစ်တဲ့အတွက်ကြောင့်ပါ ။ ဒါကြောင့် တရုတ်ဟာ  ဘင်္ဂလားဒက်ရှ် နှင့် ပါကစ္စတန်တွင်  ငွေကြေးအမြောက်အများသုံးကာ  အိန္ဒိယနှင့်နိုင်ငံရေး ဆက်နွယ်မှုကို ခွဲထုတ်ရင်း ၊ ပိုးလမ်းမစီမံကိန်းလည်း  အကောင်အထည်ဖော်ရင်း  တချက်ခုတ်  ၃ ၊ ၄ ချက်ပြတ် အကြံအစီနဲ့ စောက်ချအကောင်အထည်ဖော်လျက် ရှိပါတယ် ။

တရုတ်ဟာ သူ့နိုင်ငံကို စွမ်းအားပြည့်အသုံးချနိုင်တဲ့အနေအထားတစ်ခု မရနိုင်သေးပါဘူး ။ ဒါကြောင့် မြန်မာ ၊ အိန္ဒိယ ၊ ပါကစ်စတန် ၊ နိပေါ ၊ ဘင်္ဂလားဒက်ရှ် တို့ကိုသုံးပြီး  အိမ်ရှေ့မျက်နှာစာလိုအသုံးချကာ တရုတ်ကုန်းတွင်းပိတ်ဒေသတွေအတွက်  ပင်လယ်ထွက်ပေါက် ရယူဖို့အသုံးချချင်တာပါ ။


တရုတ်နိုင်ငံဟာ နယ်မြေကျယ်ပြန့်ကြီးမားတယ်ဆိုသော်ငြား   ၄  ပုံ  ၁  ပုံလောက်ကသာ ပင်လယ်ထွက်ပေါက်ရရှိပြီး ကျန် ၃ ပုံဟာ ကုန်းတွင်းပိတ်အနေအထားသာရှိပါတယ် ။ရရှိတဲ့ ပင်လယ်ထွက်ပေါက်ဟာလည်း အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲဒဏ်ကို အလူးအလိမ့်ခံနေရပါတယ်။ထိုထက်ပြိုင်ဆိုင်မှု ပြင်းထန်လို့   အမေရိကန်စစ်သင်္ဘောတွေက  မလကာ ရေလက်ကြားကို ပိတ်ဆို့တာမျိုးလုပ်လာရင်  တရုတ်အနေနဲ့  အခြေအနေမလှဖြစ်သွားနိုင်ပါတယ် ။

သို့သော်ငြား  35th  ASEAN SUMMIT အပြီးမှာ  မိုဒီက   " မြန်မာနိုင်ငံသည် ကျွန်ုပ်တို့အရှေ့နှင့်ထိတွေ့ဆက်ဆံရေး မူဝါဒတွင် အဓိကကျသည် "ဟု  သူ့ရဲ့ တွစ်တာမှာ မြန်မာလို ၊ အင်္ဂလိပ်လို ရေးတင်ခဲ့ပါတယ်  ။ဤစကားကို  သုံးသပ်ချင်းဖြင့်  မြန်မာ-အိန္ဒိယဆက်ဆံရေးဟာ  ပထဝီနိုင်ငံရေး ချိန်သားကိုက်မှုထိ  ညှိနှိုင်းထားမှုရှိတယ်ဆိုတာ ပြောပြတာပါ။ တရားဝင်ဖော်ထုတ်ပြောဆိုချင်းကတော့  တစ်စုံတစ်ယောက်ကို message ပေးချင်ဟန်ရှိခဲ့ပုံရပါတယ်။ မြန်မာ-အိန္ဒိယသာ ကျောချင်းကပ်အနေအထားဖြစ်နေမယ်ဆိုရင်  အိန္ဒိယသမုဒ္ဓရာကို  ပိုင်စိုးထားလို့ရတဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့်ပါ ။ဘင်္ဂလားဒေ့ရှ် နှင့် ပါကစ္စတန် ကိုပါ ဆွဲချုပ်ပြီးသား ဖြစ်သွားစေခဲ့ပါတယ် ။ ( အိန္ဒိယက မြန်မာကို တော်ပီတိုတွေ ၊ Kilo class ရေငုပ်သင်္ဘောရောင်းပေးခဲ့တဲ့အပြင် နည်းပညာနှင့် ရေ​ငုပ်သင်္ဘောတပ်ဖွဲ့စည်းရေးမှာပါ ကူညီမယ်လို့ ကတိပြုခဲ့ပါတယ် )


( ၃ )မြန်မာနိုင်ငံရဲ့နိုင်ငံရေးသိက္ခာကို ကျစေချင်လို့ ။

အကယ်၍ ရခိုင်ကမ်းမြှောင်ဒေသကို  ဘင်္ဂလားဒက်ရှ်ကို  မပေးရသည့်တိုင်  မြန်မာ့နိုင်ငံရေးသိက္ခာ ကျဆင်းသွားသည့်အတွက်   စီးပွားရေးပိတ်ဆို့တာတွေ  ဖြစ်လာနိုင်ပါတယ် ။ ဥရောပသမ္မဂ္ဂ နှင့် OIC ရဲ့  သဘောထားကို  လေ့လာကြည့်ရသလောက်တော့ စစ်တပ်ကိုထက်  မြန်မာနိုင်ငံနှင့်ပြည့်သူ့အစိုးရကို ထိုးနှက်ချင်တဲ့ ရည်ရွယ်ချက်တွေက ပိုများနေတာလို့  သုံးသပ်မိပါတယ် ။  (ဥရောပသမ္မဂ္ဂ က ရခိုင်အရေးနဲ့ပတ်သတ်လို့   စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့  ဆော်သြော်တဲ့  သတင်းတွေ  ကျနော်တို့  ဖတ်ရှု့ခဲ့ပြီးလို့  ထူးပြီးပြောစရာမလိုပါဘူး )။


ဥရောပသမ္မဂ္ဂ ICC အဖွဲ့ဝင်နိုင်ငံတွေက စီပွားရေးပိတ်ဆို့ဖို့   ဝိုင်းပြောတာကို   ပယ်ချပြီး  ဝင်ကယ်ခဲ့တာ  ဂျပန်ပဲ ။ ဂျပန်ဟာလည်း ICC နိုင်ငံတွေနဲ့ ကုန်သွယ်ရေးကူးလူးဆက်ဆံမှု ရှိနေပေမဲ့ ကြားနေပြီး  ရခိုင်အရေးဟာရှုပ်ထွေးပြီး စေ့စပ်ညှိနှိုင်းဖြေရှင်းလုပ်ရမဲ့  ကိစ္စဖြစ်သလို   စီပွားရေးရင်းနှီးမြှုပ်နှံမှုက  သက်သက်ဆိုပြီး  မြန်မာကို ကာကွယ်ပေးခဲ့တာကြောင့်  မြန်မာအစိုးရဟာ အတော်အတန် အသက်ရှူချောင်ခဲ့ရပါတယ် ။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၁.၈ ဘီလီယံ ခန့်ရှိပါတယ် ။

မြန်မာနိုင်ငံမှာ စင်္ကာပူ ၊ တရုတ် ၊ နယ်သာလန် ပြီးရင် ဂျပန်ဟာ စတုတ္ထရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်ပါတယ် ။ စုစုပေါင်း ဒေါ်လာ ၁.၄၈ ဘီလီယံ ရှိပါတယ် ။နောက်ပြီး တောင်ကိုရီယားနိုင်ငံမှ မြန်မာအမည် " မုတ္တမ"ပြောင်းလဲခေါ်ဝေါ်ခဲ့သော ​ စစ်ဖက်သုံးရဟတ်ယာဥ်တင်သယ်နိုင်သောသင်္ဘောကို မြန်မာအားလက်ဆောင်ပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ် ။
၎င်းနိုင်ငံတွေက အဲ့လိုထောက်ပံ့အားပေးမှုတွေ လုပ်တာဟာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး ။ 
တောင်တရုတ်ပင်လယ်အတွင်းက စစ်ရေး ၊ နိုင်ငံရေးအားပြိုင်မှုများကြောင့် ဖြစ်ပါတယ် ။ ဘာကြောင့် တောင်တရုတ်ပင်လယ်တွင်းက စစ်ရေး ၊ နိုင်ငံရေးအားပြိုင်မှုများက မြန်မာနိုင်ငံနဲ့ ဘယ်လို လာရောက်ပတ်သက်နေရသလဲဆိုတာ ချိတ်မိအောင် လေ့လာကြည့်ရအောင်ပါ ။

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်နဲ့ပိုင်နက်အငြင်းပွားနေတဲ့ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့အပြင်  တရုတ်ဟာ တောင်တရုတ်ပင်လယ်ရဲ့ ရေပြင် ၉၀ ရာခိုင်နှုန်းကို  သူတို့ပိုင်တယ်လို့ ကြေငြာထားခဲ့တာလည်း ဖြစ်ပါတယ် ။ပိုင်ဆိုင်မှုအတွက်အငြင်းပွားနေသည့် ပါရာဆဲလ်ကျွန်းစုရှိ ဝူဒီကျွန်း၌  တရုတ်က တိုက်လေယာဉ်များဖြန့်ကျက်ထားသည်ကိစ္စများ ၊ ပိုင်ဆိုင်မှု အငြင်းပွားနေဆဲဖြစ်ပြီး ဂျပန်က ထိန်းချုပ်ထားသည့် ကျွန်းစုများ အနီး၌ တရုတ် ကမ်းခြေစောင့်တပ် သင်္ဘောများက ဖြတ်သန်း ခုတ်မောင်းပြခဲ့​တဲ့ တာတွေ ၊ နောက်ပြီး လူလုပ်ကျွန်းဆောက်ပြီး  ကာကွယ်ရေးလက်နက်များ ချထားမှုတွေကလည်း ဒေသတွင်းနိုင်ငံများကို ပိုမိုဖိအားဖြစ်စေပါတယ် ။ အမေရိကန်ကတော့  နိုင်ငံတကာရေပိုင်နက်ထဲမှာ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်တာမျိုးကို ဖြစ်စေချင်တယ်ဆိုပါတယ်။ဒီ ၄ နိုင်ငံစလုံးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း သူတို့ရေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ တရုတ်သင်္ဘောတွေကြောင့် တရုတ်နဲ့ အခြေအတင်ပြောဆိုရတဲ့ အခြေနေရောက်ခဲ့သူတွေပါ။

တရုတ်ဟာ ဒေသတွင်းသြဇာလွမ်းမိုးမှုကို အလွန်အကျွံချဲ့ထွင်တာကြောင့် နိုင်ငံငယ်များအပေါ်ဗိုလ်ကျစိုးရေးပုံစံ ဆန်လာတာမျိုးတွေ  ဖြစ်လာတာကတစ်ကြောင်းကြောင့်   တောင်တရုတ်ပင်လယ်နှင့် ထိစပ်နေသော နိုင်ငံများက တရုတ်အင်အားကြီးထွားလာမှာကို စိုးရိမ်မှုမြင့်တက်လျက်ရှိနေခဲ့တာပါ ။
 နဂိုကတည်းမှ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း ဗိုလ်ကျစိုးမိုးနေတဲ့အတွက် ဒေသတွင်းရှိ နိုင်ငံများကြား တင်းမာမှုမြင့်တက်လျက် ရှိနေတာကို  ပိုးလမ်းစီမံကိန်းတွေကြောင့် ဒီထက်အဆမတန် အင်အားကြီးမားလာရင်  ဆိုဖွယ်ရာ မရှိတော့ပါဘူး ။ထို့ကြောင့်  တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နဲ့တင်းမာမှုရှိနေသော နိုင်ငံများမှ ပိုးလမ်းစီမံကိန်းကို မျှ​ခြေဖြစ်အောင်ဖန်တီးဖို့  မြန်မာနိုင်ငံသို့ ခြေစုံပစ်၍ ဝင်လာကြခြင်းဖြစ်ပါတယ် ။ တရုတ်ရဲ့ တိုးတက်လာမဲ့ လမ်းကြောင်းကို  တစ်ဖက်တစ်လမ်းကချိန်ခွင်လျှာညှိခြင်းက  တောင်တရုတ်ပင်လယ်တွင်းကြီးစိုးမှုကို  လျော့ချခြင်းပဲလို့  ဆိုနိုင်ပါတယ် ။ 
ဒါကြောင့် ရခိုင်အရေးဟာ တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်သောအားဖြင့်  တောင်တရုတ်ပင်လယ်အားပြိုင်မှု ၊ ဒေသတွင်းအားပြိုင်မှု  ၊ ဘင်္ဂလားပင်လယ်အော်  ပိုင်စိုးရေးနဲ့   အများကြီး  စပ်ဆက်တယ်။ ( စင်္ကာပူကတော့  လူဦးရေ ထူထပ်တဲ့ နိုင်ငံ ၂ နိုင်ငံကြားက မြန်မာတိုးတက်လာလျှင် သူ့နိုင်ငံမကျန်ရစ်ရလေအောင် ကြီးကြီးမားမားလာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ် ၊ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ခေါင်းစဥ်ကွဲ တစ်ခုဖြင့်ရေးလျှင် ရနိုင်အံ့ )

( ၄ ) မြန်မာ့နိုင်ငံရေးပုံရိပ်ကျဆင်းသွားလို့ ကမ္ဘာ့နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ရင် ဘာဖြစ်မလဲ။

နိုင်ငံရဲ့နိုင်ငံရေးပုံရိပ်ကျဆင်းသွားရင်   စီးပွားရေးပိတ်ဆို့တာတွေ လုပ်လာမယ် ။ စီးပွားရေးပိတ်ဆို့လိုက်ရင် မြန်မာနိုင်ငံအနေနဲ့  ဘယ်သူကို အဓိကထား မှီခိုရမလဲ ။အဲ့လို  ပိတ်ဆို့ရင်  မြန်မာကို  ဘယ်သူချယ်လှယ်လို့ရမလဲ ။ သေချာပေါက်  တရုတ်ကိုပဲ  အဓိကထားမှီခိုမှု ပြန်လည် ပြုရပါမယ် ။ တရုတ်ဟာ မြန်မာကို စိတ်ရှိတိုင်း ပြန်လည်ချယ်လှယ်လို့ရမဲ့ အနေအထားတစ်ခု  ရသွားပါမယ် ။ မြန်မာပြည်အလယ်ကနေ ဖြတ်ဖောက်မဲ့  တရုတ်ပိုးလမ်းမစီမံကိန်း ၊ BCIM - EC ၊ မြစ်ဆုံစီမံကိန်း ၊ကျောက်ဖြူရေနက်စီမံကိန်းစတဲ့ တရုတ်ရဲ့မဟာဗျူဟာစီမံကိန်းအားလုံးကို အကောင်အထည်ဖော်ခွင့် ပြန်လည်ရရှိလာမှာ  ဖြစ်ပါတယ် ။ မြန်မာပြည်ကို လိုသလိုအသုံးချလို့ရသွားပြီး  ပိုးလမ်းမနဲ့  ပက်သတ်တဲ့ စီမံကိန်းမှန်သမျှ  ဖော်ဆောင်ခွင့် ရသွားပြီဆိုရင်  တရုတ်ဟာ အချိန်တိုအတွင်းမှာ  ကမ္ဘာ့နံပတ်  ( ၁ ) ဖြစ်လာဖွယ်ရာရှိပါတယ် ။ 
(၂၀၁၉ ဇူလိုင်လ  ၂၆  ရက်နေ့ထုတ် တရုတ် အစိုးရ အာဘော် အမျိုးသားရေး မူဝါဒများကို ထင်ဟပ်စေတဲ့ Global Times သတင်းစာမှ ဆောင်းပါး အဖြစ် ထည့်သွင်း ဖေါ်ပြချက်ကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ မြန်မာကို စိုးမိုးဗိုလ်ကျနေချင်သေးကြောင်း ၊ ချယ်လှယ်ချုပ်ကိုင်ထားဖို့  လိုလားကြောင်း သိနိုင်ပါတယ် )။
ထိုထိုသောအကြောင်းများသာ ဖြစ်လာခဲ့လျှင်  စစ်အစိုးရနှင့်တရုတ်ဒဏ်တွေကြောင့် မြန်မာနိုင်ငံဟာ ဖွတ်တက်တဲ့အဆင့်ကနေ  ခွက်ဆွဲရတဲ့ အဆင့်ဖြစ်လာမှာ  မြေကြီးလက်ခတ်မလွဲပါ ။

ငါးနှစ်တာ မြန်မာ့နိုင်ငံရေးမဟာဗျူဟာအခင်းအကျင်း(အကျဥ်း)ကို လေ့လာကြည့်ရမယ်ဆိုရင်လည်း  အမေရိကန် ၊ ဂျပန် ၊ ကိုရီးယား ၊ တရုတ် ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ UN နှင့် ICC တို့ရဲ့ အားပြိုင်ရာ ဆုံချက်က  မြန်မာဖြစ်နေတာကို  တွေ့ရမှာ ဖြစ်ပါတယ် ။ အိန္ဒိယ နှင့် မြန်မာကြားမှာ  ညပ်နေတဲ့ ဘင်္ဂလားဒက်ရှ်က  BCIM- EC ဖြစ်မြောက်ရေးကို  အရမ်းမျှော်လင့်ခဲ့ပါတယ်။

တကယ့်တကယ်က အဆိုပါ BCIM - EC ဟာ မြန်မာနိုင်ငံအကျိုးအတွက်အရမ်းနည်းပါးပါတယ် ။ မိမိနိုင်ငံထဲ လမ်းဖြတ်အဖောက်ခံရတဲ့ အဆင့်သာရှိပါတယ် ။တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒက်ရှ်နိုင်ငံ အကျိုးက ပိုးများတာကို တွေ့ရပါတယ်။ BCIM -EC ကိစ္စကတော့ အိန္ဒိယ နှင့် မြန်မာက အင်တင်တင်လုပ်နေလို့  ပျက်သွားခဲ့ရတယ် ။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စာချုပ်ကို ပြန်ပြင်ချုပ်လို့ အစာမကြေဖြစ်နေရာက   BCIM- EC ပျက်တဲ့အပြင်  ကုလားတန်မြစ်ဝှမ်းစီမံကိန်းနဲ့  ပိုးလမ်းမကိုတက်ထိုးနှက်တော့ ဘင်္ဂလားဒက်ရှ်အတွက် စိတ်ကသိကအောက်ဖြစ်စရာဖြစ်သလို  တရုတ်အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ် ။ 

တရုတ်က ဒေါ်အောင်ဆန်းစုကြည် ဖြုတ်ချရေးအကြောင်းပြပြီး  စစ်တပ်အား  ရခိုင်ကို  စစ်ထိုးစေခဲ့ပါတယ် ။ ARSA ဆိုတာနဲ့ အထိကရုန်းကိုစတင်ပြီးဖန်တီးခဲ့ပါတယ် ။ ဘင်္ဂလားဒေ့ရှ်က ကြူသံပါအောင် ကမ္ဘာတက်ပြီး  ငိုပြခဲ့တယ် ။ ဘင်္ဂလာဒေ့ရှ်ကလည်း  ကံကောင်းရင်  ရခိုင်ကမ်းမြှောင် ရမှာဆိုတော့  တရုတ်ကြီးခိုင်းတဲ့ အတိုင်း ငိုပြခဲ့ပါတယ်။( မြန်မာပိုင် ရှင်မဖြူကျွန်းကို ဘင်္ဂလားဒက်ရှ်က အရယူခဲ့တဲ့ သာဓကတွေကလည်း ရှိခဲ့သည် မဟုတ်လား )။

သို့သော်လည်း ရခိုင်ကမ်းမြှောင်မရလိုက်ဘဲ  ဘင်္ဂလီတွေပိုက်ဘောမိပြီး  အဖတ်တင်မဲ့အနေအထားကို ရောက်သွားခဲ့ရပါတယ် ။

ရခိုင်အရေးမှာ တူရကီကိုပါ   လူသိန်းကျော် ဆူအောင်လုပ်ခိုင်းတဲ့  တရုတ်ရဲ့ လက်တံကိုပေါ့ပေါ့ဆဆတွေးလို့ မရပါဘူး ။အနောက် OIC နိုင်ငံတွေအထိ တရုတ်ရဲ့လက်တံတွေက ဖြန်ကျက်ထားခဲ့တာကြောင့်ပါ ။ တရုတ်က ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံရေးအရ အိန္ဒိယနှင့်  မပူပေါင်းပဲ  ခွဲထွက်အောင်  ငွေကြေးအမြောက်အများသုံးပြီး  ကြိုးပမ်းခဲ့ပါတယ်။အကြောင်းကတော့ ဘင်္ဂလားပင်လယ်အော်ရေပိုက်နက်ကို   ပိုင်စိုးရေးအတွက်ဖြစ်ပါတယ် ။မြန်မာကိုတော့ အချဥ်ဖမ်းဖို့ကြံပေမဲ့  အိန္ဒိယက ဘင်္ဂလားပင်လယ်အော်ရေပိုင်နက်ပိုင်စိုးရေးအတွက်   မြန်မာနဲ့  ပေါင်းလိုက်တဲ့အတွက် ဘင်္ဂလာဒေ့ရှ် နှင့်  ပါကစ္စတန်ကို  တခါတည်းဆွဲချုပ်ပြီးသား ဖြစ်သွားခဲ့ရပါတယ် ။

ဘင်္ဂလားပင်လယ်အော် ရေပိုက်နက်ကို တရုတ်လွှမ်းမိုးမှာ  မလိုလားတဲ့  အမေရိကန်က  အဲ့လိုဖြစ်အောင်တွန်းအားပေးခဲ့ပါတယ် ။တရုတ်ပိုးလမ်းမ ( OBOR plan ) ထွက်ပေါက်တွေကို မြန်မာက  လိုက်ပိတ်ခဲ့ပါတယ်  ၊ ပိတ်မရရင်  ချိန်ခွင်ရှာ ညှိပြီးကစားခဲ့ပါတယ် ။အမေရိကန်က ကိုရီယား ၊ ဂျပန် ၊ အိန္ဒိယတို့ကို သွားညှိခဲ့တယ် ။ဂျပန်ကို အမေရိကန်က နည်းပညာရောင်းပေးခဲ့တယ်။(အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ဂျပန်နိုင်ငံသို့(  ၄ )ရက်ခရီးစဥ်အတွင်း ဂျပန်ဟာ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၁၀၅ စီး ၀ယ်ယူခဲ့ပါတယ် ။ ခုနောက်ပိုင်း အမေရိကန်ဟာ F21 တိုက်လေယာဥ်တွေ အိန္ဒိယမှာ ထုတ်ဖို့ ၊ လေကြောင်းကာကွယ်စနစ်မြှင့်တင်ဖို့အထိ လုပ်ဆောင်နေပါတယ် )။  ညှိပြီးတာနဲ့  ကုန်သွယ်ရွေးစစ်ပွဲကို  အရှိန်မြှင့်တယ် ။ တရုတ်ကလည်း  စစ်တပ်ကို  ပြည်တွင်းမှာ  တရားပတ်စွဲစေတယ် ။တရုတ်က  ပြည်ပကနေ ICC နဲ့  တရားစွဲဖို့  ဖော်ဆောင်တယ် ၊ AA  ဖန်တီးအသုံးချပြီး  ရခိုင်ကိုစစ်ထိုးတယ် ၊ မရတော့ ပလက်ဝတက်ပြီး  စစ်ထိုးစေခဲ့ပါတယ် ၊ နောက်ပြီး ချင်းအမတ်ကို ဖမ်းခဲ့သလို  လွှတ်တော်ကိုလည်း ခြိမ်းခြောက်မှုပြုခဲ့ပါတယ်။ 

ယခုဆိုရင် ICC  နဲ့မရလို့  မြန်မာကို ICJ ဆိုတဲ့အရာနဲ့  ထပ်မံထိုးနှက်နေပြီ ဖြစ်ပါတယ် ။ ICJ နဲ့တရားစွဲတာ ဂမ်ဘီယာနိုင်ငံ ၊ ဂမ်ဘီယာကို ထောက်ပံ့တာ ICC နဲ့တရားစွဲလို့ မအောင်မြင်ခဲ့တဲ့ OIC နိုင်ငံတွေ ၊ OIC နိုင်ငံတွေကို တွန်းအားပေးတာ ဘင်္ဂလားဒက်ရှ် ၊ ဘင်္ဂလားဒက်ရှ် ရဲ့နောက်ကွယ်က လက်မဲက ဘယ်သူဖြစ်မလဲ ?? တရုတ်က လွဲလို့ တခြားသူမဖြစ်နိုင်ပါဘူး 😉 ။ 


ဒါကြောင့် ရခိုင်အနောက်တံခါးပြဿနာဆိုသည်မှာ   မြန်မာ့အချုပ်အခြာခိုင်မာရေး ၊ မြန်မာ့အခြေခံဥပဒေပြင်ဆင်ရေး ၊ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ၏ အားပြိုင်မှု ၊ အိန္ဒိယသမုဒ္ဓရာရေပိုင်နက်စိုးမိုးရေး ၊ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအောင်မြင်ရေး ၊ တရုတ်ပိုးလမ်းမစီမံကိန်း နှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ စသည့်အရာများစွာ၏ ကြိုးဆက်ထုံး( သို့ ) ဆုံချက် ဆိုလျှင် မှားနိုင်ပါမည်လား ။ 

မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲ့ဒီကြိုးတွေရဲ့ဆက်ထုံးကို  ဖြည်နိုင်ပါ့မလား ။ဖြည်နိုင်လိုက်တာနဲ့  ရလဒ်က ....... ??

(လတ်တလောအခြေအနေမှာ မြန်မာပြည်သူများ ၊အမေရိကန် ၊ ရုရှား ၊ အင်္ဂလန် ၊ အင်ဒို နှင့် တခြားအဖွဲ့အစည်းများစွာကလည်း ဒေါ်အောင်ဆန်းစုကြည်ဖက်မှ အားပေးထောက်ခံမှု ပြုလုပ်လာတာကိုတွေ့နေရပါတယ် ။)

မြန်မာဟာ တရုတ်ရဲ့ထိန်းချုပ်မှုကင်းတဲ့ လမ်းကြောင်းပေါ်ရောက်ရှိနေပြီလို့   နိုင်ငံရေးကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ် ။

Ref : 7day news journal , VOA , BBC , mizzima , Irriwaddy , japan times website,  wekipedia , Global Times ,South Chinese Morning Post website, Lockheed Martin website and others .

myanmar society🇲🇲


တိုက်ဆိုင်တာက  ရှင်မဖြူကျွန်း(သို့ ) အုန်းကျွန်း ( သို့ )စိန့်မာတင်ကျွန်း ( သို့ ) ရေပိုင်နက်ပိုင်ဆိုင်မှုအငြင်းပွားကိစ္စမှာ  တရားရင်ဆိုင်ခဲ့ရတဲ့   ရှေ့နေအဖွဲ့တွေနဲ့ပဲ ယခု  ICJ  မှာ နောက်တကြိမ်ပြန်တွေ့တာ ဖြစ်ပါတယ် ။ ပွဲကြီးပွဲကောင်း ပါပဲ။
မြန်မာနိုင်ငံ၏ အကျိုးစီးပွား ၊ ဂုဏ်သိက္ခာ ၊ ဒီမိုကရေစီလမ်းစဥ်အောင်မြင်ရေးတို့နဲ့  စပ်ဆိုင်တာမို့  ICJ ပြဿနာကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သွား​ပြီး  သွားရောက် ဖြေရှင်းမှာ ဖြစ်ပါတယ် ။



Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ