CCP ဦးဆောင်သော အရှေ့အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ ပါတီစည်းဝေးပွဲ
အစောကတည်းကလည်း CCP ပါတီက အရှေ့အာရှနှင့်အရှေ့တောင်အာရှပါတီများအား ဖိတ်ကြားစည်းဝေးရတဲ့အကြောင်းကို ဝေဖန်ပြီး ဖြစ်ပါတယ်။ တချို့တွေက သို့လောသို့လော ဖြစ်နေကြလို့ပါ ။ဒီလောက်များတဲ့ပါတီတွေရဲ့ဆွေးနွေးပွဲကြားမှာ အဖြေတစ်ခုရဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။
တရုတ်ပြည်ဟာ သူ့ရဲ့ပါဝါကို တည်ဆောက်ဖို့ ကြိုးစားတဲ့ကြိုးပမ်းချက်တစ်ရပ်သာ ဖြစ်ပါတယ် ။NLD ပါတီကို ဖိတ်တာလိုက်တာကတော့ အကြမ်းဖက်စစ်ကောင်စီက မဖျက်သိမ်းစေချင်တဲ့ သဘောလဲပါချင်လည်းပါမယ်။ Power Balancing မှာ အရေးပါတယ်လို့ တရုတ်ပြည်က ယူဆလို့ဖြစ်ပါတယ်။သို့မဟုတ် တကယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဖျက်သိမ်းလိုက်မယ်ဆိုရင်လည်း သူ့ပရောဂကင်းကြောင်းပြချင်တာလည်း ပါမယ်။အဓိကကတော့ သူကိုယ်သူကာကွယ်တာပါ။
အောက်ပါလင့်ခ်ကို ရှု့ 👇
နိုင်ငံရေးပါတီဆိုတာ အစိုးရအဖွဲ့အစည်းတွေကို ထိန်းချုပ်ထားတဲ့ အူတိုင်( core processing unit )ပါပဲ ။ အဲ့လိုနိုင်ငံရေးပါတီတွေကတဆင့် အရှေ့တောင် အာရှနှင့် အရှေ့အာရှ နိုင်ငံတွေအပေါ် လွှမ်းမိုးဖို့ ကြိုးစားလာတဲ့သဘောပါ ။
အဲ့ဒီယူအဆဟာ တရုတ်ဗဟိုပြု အင်ပါယာချဲ့ထွင်ရေးအယူအဆ ( Rise of Central China )ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ် ။ တရုတ်ပြည်ဟာ နိုင်ငံတွေရဲ့ဗဟိုဖြစ်တယ် ။ ကျန်တဲ့နိုင်ငံတွေက ပဏာဆက်နိုင်ငံတွေသာ ဖြစ်တယ်ဆိုတဲ့ အယူအဆကနေလာတာ ဖြစ်ပါတယ်။
အခုလုပ်နေတဲ့ပုံက သူကဘုရင်ကြီးပေါ့ ၊ ကျန်တဲ့ နိုင်ငံငယ်က အမတ်တွေ ခေါ်တွေ့တယ်ဆိုတဲ့ အလေ့အထကို ကျင့်သားရအောင် အစပျိုးပေးနေတဲ့သဘောမျိုးပါပဲ ။ နောက်ကျရင် အရှေ့တောင်အာရှ နိုင်ငံရေးပါတီများသမဂ္ဂတွေဘာတွေ လုပ်ပြီး သူ့အလိုမလိုက်တဲ့စုန်းပြူးနေတဲ့နိုင်ငံကို ဖိနှိပ်ဖို့ လမ်းကြောင်းရှာတာ ၊ အရှေ့အာရှနှင့်အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးအပေါ် လွှမ်းမိုးနိုင်ဖို့ ဂွင်ဖန်နေတာမျိုးဖြစ်ပါတယ်။
ဥရောပမှာလည်း အမတ်တွေဆုံတွေတဲ့ သမဂ္ဂလိုဟာမျိုးရှိတယ်ထင်တယ် ၊ အဲ့ဒါကို တရုတ်က အတုခိုးဖော်ဆောင်ပုံရတယ် ။ အမေရိကန်နှင့် အနောက်ဥရောပကို ဖိန့်တဲ့ ဖိန့်လုံးတစ်ခုပါ။ တကယ်လို့ သူ့အပေါ်ကိုဥရောပက ဖိအားသက်ရောက်လာရင် အရှေ့တောင်အာရှ ပါတီများသမဂ္ဂက မဖြစ်သင့်ကြောင်း ထုတ်ပြန်ဆိုတာတွေ လုပ်လာလိမ့်မယ် ။ ခု မြန်မာ့ဒီမိုကရေစီအရေးကိုကြည့်ပါ့လား အာစီယံလို ပေါက်တက်ကရနဲ့ ဒစ်လည်နေတယ်။
အဲ့ဒီလိုလုပ်ချင်ရင် သူ့ဆုပ်ကိုင်ထားတဲ့ မတော်မတရား မီးစတစ်ဖက်ရေမှုတ်တစ်ဖက် ကွန်မြူနစ်အယောင်ဆောင်အာဏာရှင်စနစ်ကို အရင်ခဝါချမှ ရမယ် ။မဟုတ်ရင် ၎င်းသဘောတရားကို လက်ခံနိုင်တဲ့ နိုင်ငံရှားပါးနေမယ်။
အကြမ်းဖက်စစ်ကောင်စီကလည်း မတတ်သာလို့သာ သူ့ကပ်တယ်ဆိုတာ တရုတ်က သိတယ် ။ တဖက်ဖက်က အပြတ်အသတ်အနိုင်ရသွားမှာမျိုးကိုလည်း တရုတ်ပြည်က မလိုလားပါဘူး။အိမ်တွင်းရေး ပဋိပက္ခဖြစ်နေမှလည်း သူအမြတ်အစွန်းထွက်တယ် အဲ့လိုပဲ သူက မှတ်ယူတယ် ။ အဲ့လိုနည်းနဲ့ မြန်မာပြည်က သယံဇာတများစွာကို သူရယူနိုင်ခဲ့တယ်။
မြန်မာပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှု ဘယ်လောက်ရှိလဲ ၊ အစိုးရတစ်ရပ်ရဲ့နိုင်ငံရေးဉာဏနှင့်လုပ်ကိုင်ရည်ဘယ်လောက် ရှိလဲဆိုတာ တရုတ်တင်မက နိုင်ငံတကာက အမြဲတိုင်းတာနေတာ ဖြစ်ပါတယ် ။ အဲ့ဒီအပေါ်မူတည်ပြီး အောက်စီးကဝင်ရမလား ၊ အထက်စီးက ဝင်ရမလား ၊ တန်းတူထားဆက်ဆံရမလား ၊ ၂ ဖက်ချွန်ဝင်ရမလား ၊ သိုက်တူးရင် ရနိုင်မလားဆိုတာ ဆုံးဖြတ်တာ ဖြစ်ပါတယ် ။
အာစီယံအဖွဲ့အစည်းဆိုတာကိုက အရှေ့တောင် အာရှနိုင်ငံတွေကို ချုပ်ထားတဲ့ ချုပ်ကြိုး ၊ အာဏာရှင်တွေ လက်ချင်းချိတ်ထားတဲ့ အဖွဲ့အစည်းပါပဲ ။ အဲ့ဒီလိုဖွဲ့စည်းရခြင်းနောက်ကွယ်မှာ ကြိုးကိုင်တွေ ရှိတယ် ၊ သဘောကတော့ အရှေ့တောင်အာရှရဲ့စီးပွားရေးကို ချုပ်ထားတဲ့သဘောပါ ။
ကမ္ဘာစီးပွားရေးသမားသူဌေးကြီးတွေက ကမ္ဘာ့စီးပွားရေးကို အပိုင်းပိုင်းကန့်ပြီး ဆွဲချုပ်ထားတဲ့သဘောမျိုးပါ ။ ဥပမာ - အမေရိကစီးပွားရေး ၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှစီးပွားရေး ၊ တရုတ်ပြည်စီးပွားရေး၊ အိန္ဒိယစီးပွားရေး ၊ အာဖရိကစီးပွားရေး ၊ အရှေ့အလယ်ပိုင်းစီးပွားရေး ၊ အနောက်ဥရောပ စီးပွားရေး စသည်ဖြင့်ပေါ့လေ .. အဲ့လိုရှိပါတယ် ။
ဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ရေးစစ်ကြောင့် တရုတ်ပြည်စီးပွားရေးမှာ အထိနာခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေးသမားတွေက ဒေါ်နယ်ထရန့်ကို လုံးဝမကျေနပ်ကြပါဘူး။ ဒါကြောင့်လည်း ဒေါ်နယ်ထရန့်ကို ဖြုတ်ချဖို့အထိ အကြောင်းဖန်လာခဲ့ရတာလည်း ဖြစ်ပါတယ်။
myanmar society🇲🇲