G7နှင့်၎င်း၏အရွေ့

ဂျိုးဘိုက်ဒန်ဟာ G7 အစည်းအဝေးမှာ မှားယွင်းမှုများစွာပြုလုပ်ခဲ့ပြီး တစ်ချိန်တည်းတွင် ကမ္ဘာ့ခေါင်းဆောင်များဟာ သူ၏မေ့လျော့ခြင်းကို မပြုံးဘဲဝါးလုံးကွဲရယ်မောခဲ့ကြတယ်လို့ သိရပါတယ် ။

G7 ရဲ့နောက်ဆုံးရလဒ်အဖြေက ပိုးလမ်းမတလျောက်က နိုင်ငံငယ်တွေကို အခြေခံအဆောက်အဦးဆောက်နိုင်ဖို့  အလွန်သက်သာသောအတိုးနှုန်းနဲ့ ချေးပေးမယ်ဆိုတဲ့ Build Back Better for the World (B3W)အစီအစဥ်ပဲ ဖြစ်ပါတယ် ။

အဲ့ဒီအပေါ်ကနေ တွေးကြည့်ရရင် တရုတ်ကပိုးလမ်းမ( BRI )  လမ်းဖောက်ဖို့  တရုတ်ပြည်မကြီးက ဦးဆောင်ဦးရွက်ပြုနေတဲ့အခန်းကဏ္ဍအား  G7က ရယူမဲ့သဘောမျိုးလားလို့ စဥ်းစားစရာ ရှိပါတယ်။ G7 ကပါ အခြေခံအဆောက်အဦးဆောက်တွေအတွက် ငွေချေးပြီး အကောင်အထည်ဖော်မယ်ဆိုတော့  ပိုးလမ်းမကို အသိအမှတ်ပြုပေးလိုက်ရာ ရောက်ပါတယ် ။ အပြိုင်လုပ်တယ်ဆိုတဲ့နေရာမှာ ဘယ်သူတွေ အဓိက နစ်နာမလဲဆိုတဲ့အပိုင်းဟာ နိုင်ငံငယ်တွေရဲ့ တာဝန်ပဲ ဖြစ်လာတော့မည့်သဘောမျိုးပါပဲ ။

တရုတ်ပြည်မကြီးရဲ့ပိုးလမ်းမ အိပ်မက်​ကိုအကောင်အထည်ဖော်နိုင်ဖို့  နိုင်ငံငယ်တွေကို  အတိုးနှုန်းမြင့်မြင့်နဲ့ အကြွေးထောင်ချောက်ဆင်ပြီး ဖမ်းလို့  အကြွေးနွံနစ်သွားရတဲ့နိုင်ငံငယ်တွေ အများကြီး ရှိပါတယ်။

ပိုးလမ်းမအကောင်အထည်ပေါ်သွားတာနဲ့  တရုတ်ပြည်မကြီးရဲ့ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်မဲ့အစီအစဥ်ဟာ အထမြောက်သွားမှာလည်း ဖြစ်ပါတယ် ။ အဲ့ဒီလိုဖြစ်လာဖို့ကိုလည်း တရုတ်က ဘာပြီးရင်ဘာလာမယ်ဆိုတဲ့ ရည်ရှည်စီမံချက်တွေ ဆွဲပြီး ဖြစ်ပါတယ် ။ ပိုးလမ်းမနဲ့ တွဲဖက်မဲ့ ခရိုက်တိုငွေကြေးက အစပေါ့ ။
အဲ့လို  အစီအစဥ်တွေ G7 မှာ ရှိပြီလား ?? 
မရှိရင်တော့  တရုတ်ပြည်မကြီးရဲ့  ပိုးလမ်းမကြီးကို  ကူပြီး အကောင်အထည်ဖော်ပေးရာ ရောက်မှာ ဖြစ်သလို တရုတ်ပြည်မကြီးရဲ့လက်အောက်ကို သက်ဆင်း ဒူးတုပ်သွားရမှာလည်း ဖြစ်ပါတယ် ။

ဥရောပ နှင့် တရုတ်ပြည်မကြီး ရွှေလမ်း၊ငွေလမ်းဖောက်မဲ့ကိစ္စမှာ  အမေရိကန်ဟာ ကြားညက်သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ် ။

ဒါကြောင့် B3W အစီအစဥ်ဟာ ရေနစ်သူကို ဝါးကူထိုးတာလား ၊ ကယ်ဆယ်ရေးလုပ်မှာလားကတော့ စောင့်ကြည့်ကြပါစို့လို့ပဲ ပြောရမှာပါပဲ။

အခြားတဖက်ကနေပြန်တွေးကြည့်ရရင်  
BRI MAPဆိုတာ  တရုတ်ပြည်မကြီးက  စတာမို့လား ၊ G7 အစည်းအဝေးရဲ့အလိုအရဆိုရင်  ဥရောပကနေ  အရှေ့ကို ပြန်သွားမည့် EURO  ROAD MAP လည်း ဖြစ်နိုင်ပါတယ် ။ သဘောကတော့  ပိုးလမ်းမကို လုမဲ့အစီအစဥ်ပေါ့ ။ အဲ့လိုလည်း ဖြစ်နိုင်ပါတယ် ။ 

ဘယ်လိုပဲဖြစ်ဖြစ်  အပြိုင်အဆိုင်ရှိလာရင် ဝယ်ယူသူဖက်က ရွေးချယ်စရာ ရှိလာမှာပဲ ။ အပြိုင်အဆိုင်များလေ ဝယ်ယူသူအတွက်  အရည်အသွေးနှင့်စျေးနှုန်းကို ပိုမိုရွေးချယ်ခွင့် ရှိလာနိုင်ကောင်းတယ်လို့တော့ ထင်ရတာပါပဲ ။

သက္ကာရည်ဆမ်းထားတဲ့စကားလုံးတွေဟာ နားထောင်လို့ကောင်းတာမှန်ပေမဲ့ အကောင်းလား ၊ အဆိုးလားဆိုတာကတော့  လေသံနားထောင်ပြီး ဆုံးဖြတ်လို့မရပါဘူး ။ တကယ့်လုပ်ဆောင်ချက်က  ဘယ်ရွေ့ဘယ်မျှ ထိရောက်သလဲ၊မည်၍မည်မျှအကျိုးပြုသလဲဆိုတဲ့ လုပ်ဆောင်ချက်နဲ့ တိုင်းတာဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။

myanmar society🇲🇲


မြန်မာ့အရေးနဲ့ပက်သက်လို့  G7 မှာ​​ဆွေးနွေးခဲ့တယ်လို့  သိရပါတယ် ။ပြစ်တင် ၊ ရှုံ့ချ ယုံလောက်နဲ့တော့ ဘာမှထူးခြားလာမှာမဟုတ်လို့  ထူးပြီးမဝေဖန်တော့ပါဘူး ။ G7 မှာ တရုတ် နှင့် ရုရှားမပါတော့ မျက်နှာကြည့်စရာမလိုဘဲ ပြောလို့ရယုံကလွဲလို့  သိပ်တော့လည်း ထူးမယ်မဟုတ်ဘူး ။

မြန်မာ့အာဏာသိမ်းခံရတဲ့ကိစ္စနဲ့ ပက်သက်လို့ ...
အမေရိကန်သံရုံးကလည်း ရှုံ့ချတယ်...
နိုင်ငံတကာသံရုံးတွေကလည်း ရှုံ့ချတယ် ...
UN ကလည်း ရှုံ့ချတယ် ...
အဖွဲ့အစည်းပေါင်းစုံကလည်း ရှုံ့ချတယ်...
ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ဝိုင်းစိုးရိမ်ပေးခဲ့ကြတယ် ...
 
သို့သော်...

အမျိုးသားညီညွတ်ရေးအစိုးရက အကျိုးမရှိနိုင်ဘူးပြောခဲ့တဲ့  အာစီယံအစည်းအဝေးအချက်( ၅ )ချက်ကျတော့  ကမ္ဘာ့နိုင်ငံတွေက ဝိုင်းထောက်ခံပါသတဲ့ ။

အာစီယံကို ဖိအားပေးထိန်းကြောင်းနေတာက တရုတ်ပြည်မကြီးဖြစ်နေခဲ့တာပါ ။တရုတ်ပြည်မကြီးက အာဏာသိမ်းစစ်ကောင်စီကို  အားပေးထောက်ခံ ပံ့ပိုးပေးနေခဲ့တာပါ ။အဲ့ဒီတော့ အာစီယံရဲ့လုပ်ဆောင်ချက်ကိုထောက်ခံပေးနေခဲ့ခြင်းဟာ ကမ္ဘာ့နိုင်ငံတွေဟာ စစ်ကောင်စီကို သွယ်ဝိုက်ထောက်ခံပေးသလို ဖြစ်နေတယ် ။

မြန်မာ့အာဏာသိမ်းကိစ္စမှာ တရုတ်ပြည်မကြီးရဲ့ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွပ်ဖက်နေမှုကို ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတွေ မသိဘဲ မနေပါဘူး။ အဲ့လိုလုပ်နေတာကို ပြစ်တင်ဝေဖန်သံထွက်မလာသေးဘူးဆိုတော့  ကမ္ဘာ့ဒီမိုကရေစီအင်အားကြီးနိုင်ငံတွေရဲ့ ပေါ်လစီနဲ့  မြန်မာ့အာဏာသိမ်းခံရတဲ့ကိစ္စဟာ မငြိဘူး၊တိုက်ဆိုက်မှု သိပ်မရှိလှဘူးလို့  မှတ်ယူရမဲ့သဘော ရှိပါတယ် ။

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ