Image [ ပုံရိပ် ]
အမေရိကန် ၊ ရုရှား ၊ တရုတ် သုံးပွင့်ဆိုင် ဆွေးနွေးပြီးမှ အမေရိကန်တပ်ဆုတ်တဲ့ကိစ္စတစ်ရပ်မှာ အာဖကန်နစ္စတန်မှာ ဗုံးခွဲခံရပြီး အမေရိကန်စစ်သား (၁၃) ဦးအပါအဝင် အရပ်သား(၉၀)သေတယ်ဆိုတော့ စဥ်းစားသာကြည့်ကြပါတော့ ။ နိုင်ငံရေးကစားကွက်တွေ လှိုင်လှိုင်သုံးထားတယ်ဆိုတာ သိသာပါတယ်။
ဗုံးခွဲခံလိုက်ရတော့မှ ဒရုန်းနဲ့ရန်းပစ်ပြီး စီစဥ်သူတွေကို ခြေမှုန်းလိုက်ပါတယ်ဆိုပြီး ဘိုက်ဒန်ကပြောတော့ တာလီဘန်တွေက အကွယ်ကနေ တခွီးခွီးရယ်နေတော့မှာပဲ ။ အဓိကကတော့ အမေရိကန်နိုင်ငံသားတွေရဲ့စိတ်အဆာပြေအောင် တောပစ်တောင်ပစ် ပစ်ပြလိုက်သဘောပါပဲ ။
အမေရိကန်က ဒရုန်းနဲ့တိုက်ခိုက်မှုမှာ ကားတစ်စင်းကိုထိမှန်ခဲ့ပြီး ကားထဲမှာလိုက်ပါလာတဲ့ အမေရိကန်ဗီဇာရပြီးသား နိုင်ငံထဲကထွက်ခွာဖို့ပြင်ဆင်နေတဲ့အရပ်သားမိသားစုဝင်တွေကိုထိခိုက်ပြီး ဘေးပတ်ဝန်းကျင်မှာ ဆော့ကစားနေတဲ့ ကလေးတွေပါထိခိုက်သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းက တက်လာတော့ သွားပြီးပေါ့ အမေရိကန်အပေါ်ထားတဲ့ နိုင်ငံရေးယုံကြည်မှုက ။
အများဝေဖန်နေကြသလို တရုတ်ပြည် ,ရှင်ကျန်း, ဝိဂါမူစလင်အရေးအတွက် တာလီဘန်နဲ့ရန်တိုက်ပေးချင်လို့ ဆုတ်တယ်ပဲပြောပြော ၊ ကုန်ကျစရိတ်များလို့ ပြန်ဆုတ်တယ်ပဲ ပြောပြော ၊ ပိုးလမ်းမကို ဖျက်ချင်လို့ပဲဆိုဆို အာဖကန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ပြန်ရုပ်တဲ့ကဏ္ဍမှာ လူကယ်ထုတ်ပြီးမှ တပ်ဆုတ်တဲ့ဗျူဟာကို သုံးရင် အနေအထားက တမျိုးဖြစ်ပါလိမ့်မယ် ။ ခုသုံးသွားခဲ့တာက တပ်ဆုတ်ပြီးမှ လူကယ်ထုတ်တဲ့ဗျူဟာကို သုံးသွားတဲ့သဘောမျိုးဖြစ်နေတယ်။အဲ့ဒီတော့ အနေအထားက အသည်းအသန် ခဲမှန်ကျလေသတည်းပေါ့ဗျာ။
အဲ့လိုအသည်းအသန်ဖြစ်နေတဲ့ကြားက ကမ်မလာဟဲရစ်ကလည်း အာစီယံစည်းရုံးရေးဆင်းတာ အခြေအနေမကောင်းတော့ Havana Syndrome မိတယ်ပြောပြီး Microwave Weapon ကြောင့် ခေါင်းကိုက်သလိုလို အတိတ်မေ့သလိုလိုတွေ ထပြောပါရောလား ။
တောင်တရုတ်ပင်လယ် Nine Dash Line နှင့် ကျွန်းပိုင်ဆိုင်မှုအငြင်းပွားကိစ္စတွေ ၊ ကျွန်းတုပြဿနာတွေ မြင့်မားလာချိန်မှာ အဲ့ဒီလိုမြင်လာအောင် နိုင်ငံရေးကစားကွက်ထွင်တာလည်း ဖြစ်နိုင်ပါတယ်။အမေရိကန်ရဲ့ပုံရိပ်ကို ဆွဲချပြီး တရုတ်ပြည်ရဲ့ပုံရိပ်ကို ဆွဲတင်တဲ့ ဘိုက်ဒန်ရဲ့ပေါ်လစီကြောင့်များလားဆိုတာကတော့ အတော်ကိုသံသယရှိစရာပါ ။
ဂျိုးဘိုက်ဒန်တက်လာပြီးမှ သည်နေ့ထိအောင်မြင်အောင် လုပ်နိုင်တဲ့ကိစ္စဆိုလို့ မယ်မယ်ရရ မပြနိုင်သေးပေမဲ့လည်း တချို့တွေလည်း ခုချိန်ထိ ဖာထေးကောင်းနေတုန်းပါပဲ ၊ ဒေါ်နယ်ထရန့်လက်ထက်က ကျသွားတဲ့ ဒီမိုကရေစီကြီးကို ဂျိုးဘိုက်ဒန်က ပြန်ဆွဲတင်နေတာပါတဲ့ဗျား ။
myanmar society🇲🇲