ဂရိနိုင်ငံက ပီးရဲစ့်ဆိပ်ကမ်း (Piraeus Port) နှင့် ပိုးလမ်းမစီမံကိန်း
ပီးရဲစ့် ဆိပ်ကမ်း (ဂရိ - PμάνιτουΠειραιά) သည်ဂရိနိုင်ငံ၊ Piraeus ၏ဆိပ်ကမ်းပင်လယ်ဖြစ်ပြီးအေဂျီယန်ပင်လယ်၏အနောက်ဘက်ကမ်းရိုးတန်းရှိ ဆာရိုနစ် ပင်လယ်ကွေ့ပေါ်တွင်တည်ရှိပြီး ဂရိ၌အကြီးဆုံးဆိပ်ကမ်းနှင့်ဥရောပတွင်လည်းအကြီးဆုံးဖြစ်သည်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀) ကျော်ကတည်းက ဂရိယဉ်ကျေးမှုတွေကိုဖြန့်ဖြူးပေးခဲ့တဲ့ ပီးရဲစ့်ဆိပ်ကမ်းလေးဟာ အခုအခါမှာ ကမ္ဘာအဆင့်မီဆိပ်ကမ်း အမှတ် (၃၆) အဖြစ် ပြန်လည်ခေတ်ထလာခဲ့ပါပြီ။
ဂရိနိုင်ငံအနေနဲ့ ဥရောပကြွေးမြီအကြပ်အတည်းကျရောက်ပြီး ဒေဝါလီခံရလုမတတ်ဖြစ်နေချိန်မှာ ဥရောပသမဂ္ဂရဲ့ အမျိုးမျိုးသောဖိအားအောက်မှာ နိုင်ငံပိုင်လုပ်ငန်းတွေ ချရောင်းခဲ့ရပါတယ်။ တင်ဒါစနစ်နဲ့ ဆိပ်ကမ်းပိုင်ဆိုင်မှုအများစုကို တရုတ်နိုင်ငံပိုင် (COSCO /ကော့စ်ကို) ရေကြောင်းလုပ်ငန်းကုမ္ပဏီကြီးက ဝယ်ယူလိုက်နိုင်ခဲ့ပါတယ်။
အစပိုင်းမှာ ဒေသခံတွေက တရုတ်ကိုရောင်းချပြီးဆိပ်ကမ်းလုပ်ငန်းဆိုင်ရာတွေကို လုပ်ကိုင်ခွင့်ပေးမှုအပေါ် အတော်မကျေမနပ်ဖြစ်ခဲ့ကြပြီး မိမိတို့အလုပ်အကိုင်တွေပျောက်ကုန်မှာစိုးတာကြောင့် တောက်လျှောက်ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ( ၁၁) လ အထိကြာမြင့်ခဲ့ပါတယ်။ဒါပေမဲ့ အကျဉ်းအကြပ်ထဲရောက်နေခဲ့တဲ့ ဂရိအစိုးရအနေနဲ့ တရုတ်ကို ရောင်းချပေးခဲ့လိုက်ရပါတယ်။
၂၀၁၆ သြဂုတ်လတွင် တရုတ်နိုင်ငံ COSCO ကုမ္ပဏီမှ ပီရဲစ့် ဆိပ်ကမ်းကို ၀ယ်ယူပြီးနောက် ဂရိသည်ပိုးလမ်းမများတစ်လျှောက်အဓိကဆိပ်ကမ်းဖြစ်လာခဲ့ပါတယ်။ ၂၀၁၈၊ သြဂုတ်လ ၂၇ ရက်နေ့တွင်ဂရိနှင့်တရုတ်နိုင်ငံခြားရေး ၀န်ကြီးများ( Nikos Kotzias နှင့် Wang Yi )တို့သည်ပေကျင်း၌ပြုလုပ်သောအစည်းအဝေးတွင်“ Belt and Road Initiative” ၏မူဘောင်အတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပါတယ်။ ဤသဘောတူညီချက်ကြောင့်ဂရိနှင့်တရုတ်တို့၏ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။
အေသင်သည် ဥရောပရှိပိုးလမ်းများသို့အဓိကမြေထဲပင်လယ်တံခါးပေါက်တစ်ခုအဖြစ်တည်ရှိနေခြင်းကိုပိုမိုအားကောင်းလာစေရန်ရည်ရွယ်သည်။ အာရှနှင့်ဥရောပအကြားပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးသည်အဓိကကျသောနေရာများအတွက်မြောက်ပင်လယ်ဆိပ်ကမ်းများလည်းဖြစ်ကြသည်။ တရုတ် - ဥရောပ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုသည် မြေထဲပင်လယ်ဆိပ်ကမ်းများ ( အထူးသဖြင့် ပီးရဲစ့်ဆိပ်ကမ်း) ၏ဖွံ့ဖြိုးတိုးတက်မှုကိုအားကောင်းစေခဲ့ပါတယ်။
အေသင်သည် အာရှနှင့်ဥရောပအလယ်ပိုင်း၏အဓိကအချက်အချာဖြစ်လာရန်မျှော်လင့်ခဲ့ကြသည်။ ဟန်ဂေရီ ၊ ဘူဒါပတ်စ်နှင့်ဆားဘီးယား၊ ဘယ်လ်ဂရက်နှင့်ဆားဗီးယားရထားလမ်းကိုတရုတ်ကုမ္ပဏီများကခေတ်မီအောင်လုပ်ခဲ့ကြသည်။ ပေကျင်းနှင့်အေသင် နှစ်ဖက်စလုံး၏စီမံကိန်းသည်ဥရောပ၏ကုန်းတွင်းပိုင်းမှကုန်သွယ်မှုကိုအဆင်ပြေချောမွေ့စေရန် ပီးရဲစ့်ဆပ်ကမ်းသို့ဆက်လက်သွားရန်ဖြစ်ပါတယ်။
လွန်ခဲ့သော ၁၀ နှစ်နီးပါးက ဂရိသည်ငွေကြေးအကျပ်အတည်းမှဖြည်းဖြည်းချင်းပြန်လည်နာလန်ထူလာခဲ့ပါတယ် ။ ပြုပြင်ပြောင်းလဲမှုများနှင့် (ပီးရဲစ့် ဆိပ်ကမ်းအပါအ၀င်) ပုဂ္ဂလိကပိုင်ပြုလုပ်မှုကြောင့် အေသင်သည်မျှော်လင့်ချက်အသစ်ရရှိခဲ့သည်။ တိုင်းပြည်၏စီးပွားရေးတည်ငြိမ်မှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ(အထူးသဖြင့်-တရုတ်လူမျိုးများ)ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့သည့် နှစ်မှစ၍ Air China သည်ပေကျင်းမှအေသင်သို့မရပ်မနားပျံသန်းရန်ကမ်းလှမ်းခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။
ယနေ့အချိန်အခါတွင် အေသင်သည် ဥရောပနှင့်အာရှအကြားကုန်သွယ်ရေးအချက်အချာနေရာတစ်ခုဖြစ်လာရန်အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
၂၀၀၈ ခုနှစ်ထဲကစလို့ ကော့စ်ကိုကုမ္ပဏီအနေနဲ့ ယူရိုငွေသန်းပေါင်း (၆၀၀) ရင်းနှီးမတည်ပြီး အဲဒီဆိပ်ကမ်းကိုပြုပြင်ထိန်းသိမ်းအဆင့်မြှင့်လုပ်ဆောင်လာရာ ၂၀၂၁ မှာ စုစုပေါင်းရင်းနှီးမြှုပ်နှံငွေယူရို (၁ ဘီလီယံ) ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ အထူးသဖြင့် ၂၀၁၆ ပိုးလမ်းမသစ်စီမံကိန်းနဲ့ ဆက်စပ်လိုက်နိုင်မှုက ဆိပ်ကမ်းရဲ့ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြင့်လာ စေခဲ့ပါတယ်။ မြေထဲပင်လယ်ထဲရှိ ဆိပ်ကမ်းများအကြား အဆင့် (၁) ဖြစ်လာရေးအတွက် ရည်မှန်းထားတာပါ။ အရင်က အဆင့် ၁၀၀ လောက်ရှိခဲ့တဲ့ ပဲရီစ့်ဆိပ်ကမ်းဟာ ယခုအခါ ကမ္ဘာအဆင့် (၃၆) ကိုရောက်ရှိလာခဲ့ပြီး တရုတ်ကုန်စည်များ ဥရောပ ဈေးကွက်သို့သွင်းရာ အချက်အချာနေရာဖြစ်လာပါတော့တယ်။ ပထဝီအနေအထားအရလည်း အလွန်ကောင်း၊ စီးပွားရေးအလားအလာလည်းကောင်းတာကြောင့် ပိုးလမ်းမကြီးရဲ့ နဂါးခေါင်းကြီးလို့တောင် သူမုတ်ကြပါတယ်။ ဒေသခံတွေအတွက် လစာဝင်ငွေမြင့်တဲ့ အလုပ်အကိုင်ပေါင်းထောင်နဲ့ချီ ပေါ်ထွက်လာနေပါပြီ။ တနှစ်ကို အဲဒီဆိပ်ကမ်းမှာ အတင်အချလုပ်တဲ့ ပေ (၂၀) ရှိကွန်တိန်နာပေါင်း (၆) သန်းရှိလာနေပြီလို့ သိရပါတယ်။
တရုတ်ဟာ အဲ့သည်လောက်အထိကို ကမ္ဘာ့စီးပွားရေးမှာ အမြင်ကျယ်ကျယ်နဲ့ ခြေလှမ်းတွေသွက်ခဲ့ပါတယ် ။
ဆိုးကျိုးအပြစ်များကို မြင်အောင်ကြည့်နိုင်ဖို့ လိုသလို ကောင်းမွန်တဲ့အချက် ၊ အားသာချက်တွေကို မြင်အောင်ကြည့်နိုင်ဖို့ လိုပါတယ် ။
နှစ် ၃၀ အတွင်းမှာပဲတရုတ်ဟာဆင်းရဲနွမ်းပါးတဲ့စိုက်ပျိုးရေးနိုင်ငံအခြေအနေကနေ ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုစွမ်းအားအခြေအနေရောက်တဲ့အထိဖွံ့ဖြိုးလာခဲ့ပါတယ်။
တရုတ်၏ အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းများအပေါ်ရင်းနှီးမြှုပ်နှံခြင်း၊ထုတ်လုပ်ခြင်းနှင့်ဖွံ့ဖြိုးပြီးစျေးကွက်များသို့တင်ပို့ခြင်း၏ ၎င်း၏သရုပ်သဏ္ဍာန်သည်ယူအက်စ်ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးသို့ရောက်ရှိသွားခဲ့ပါတယ်။
ပိုးလမ်းမ၏အဓိကအချက်အချာတစ်ခုမှာ ကူးသန်းရေးလမ်းကြောင်းများသည် ဗဟိုအာရှ၊ အနောက်အာရှ၊ အရှေ့အလယ်ပိုင်းနှင့်ဥရောပမှဖြတ်သန်းသွားသောပိုးလမ်းမကြီးပေါ်ရှိနိုင်ငံများနှင့်တရုတ်ဆိပ်ကမ်းများနှင့်ချိတ်ဆက်ထားသည့်ရေကြောင်းလမ်းတစ်ခုဖြစ်ပါတယ်။ အာဖရိကကမ်းရိုးတန်းမှသည် ပင်လယ်နီ ၊ ပင်လယ်နီမှသည် စူးအက်တူးမြောင်း ၊စူးအက်တူးမြောင်းမှသည်မြေထဲပင်လယ်အတွင်းသို့ ဝင်ရောက်ကာ ဥရောပနိုင်ငံများထိ ဖြန့်ကျက်မည့် ကူးသန်းဆက်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ပါတယ် ။
ပိုးလမ်းမကူးသန်းဆက်သွယ်ရေးလမ်းကြောင်းသည် ကမ္ဘာ့နိုင်ငံများအတွက်ကောင်းမွန်သောအလားအလာတစ်ခုဖြစ်သော်လည်း ပိုးလမ်းမစီမံကိန်းနှင့်အတူ ကပ်ပါလာသော တရုတ်နိုင်ငံ၏ အကျင့်ဆိုးများ ၊ ဂုတ်သွေးစုပ်အမြတ်ထုတ်မှုများ ၊ နိုင်ငံများ၏ဆင်းရဲမွဲတေမှုအပေါ်အခွင့်ကောင်းယူ၍ သယံဇာတနှိုက်ထုတ်မှုများ ၊ နိုင်ငံများ၏ နိုင်ငံရေးမတည်ငြိမ်မှုအပေါ် သွေးထိုးလှုံ့ဆော်မှုများ ၊ အကျင့်ပျက်အစိုးရခေါင်းဆောင်များနှင့် ပေါင်းသင်းကာ အဂတိစာချုပ်များချုပ်ဆိုခြင်းများ၊ အကြွေးထောက်ချောက်များကလည်း အထူးပင်သတိထားရမှာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများစုသည် ပိုးလမ်းမစီမံကိန်းအတွင်းသို့ ဝင်ရောက်ရန်အဆင်သင့်ဖြစ်မနေကြသေးပေ ။ အကယ်၍ ကမ္ဘာ့နိုင်ငံများမှ အဆင်သင့် မဖြစ်ဘဲ ပိုးလမ်းမစီမံကိန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြလျှင် မိမိနိုင်ငံအကျိုးကျေးဇူးထက် တရုတ်နိုင်ငံအကျိုးကျေးဇူးက ပိုများမည်ဖြစ်သောကြောင့် အဆင့်သင့်ဖြစ်မနေပဲ ပိုးလမ်းမစီမံကိန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြလျှင် အသုံးချခံအဖြစ်သာ ဖြစ်ရန်ရှိတော့သည် ။
Ref :Wekipedia ,ctgn.com
myanmar society🇲🇲