ပြည်သူတစ်ယောက်ချင်းစီတိုင်းအတွက် ဒီမိုကရေစီသာ ပထမ

နွေဦးတော်လှန်ရေးအောင်မြင်သွားတဲ့တနေ့ - 
ပထမဆုံးမေးကို မေးရမည့်မေးခွန်းက  ပြည်သူတွေအတွက် ဘယ်လိုအဆင့်အတန်းဒီမိုကရေစီပေးမှာလဲဆိုတာပါပဲ ။

ဒီမိုကရေစီကလည်း အမျိုးမျိုးရှိတယ်မို့လား။အမေရိကန်ဒီမိုကရေစီပုံစံမျိုးပေးမှာလား ၊ အိန္ဒိယဒီမိုရေစီပုံစံမျိုးပေးမှာလား ၊ အနောက်ဥရောပဒီမိုကရေစီပုံစံမျိုးပေးမှာလားဆိုတာကို  ပြည်သူတွေဖက်ကတောင်းဆိုရမည့်အရာ ဖြစ်ပါတယ်။ 

သူတို့ခေါင်းဆောင်တွေအချင်းချင်း ညှိုနှိုင်းတာအဆင်ပြေပြီး ဖက်ဒရယ်ပြည်ထောင်စုပဲ လုပ်လုပ် ၊ ဖက်ဒရယ်တပ်မတော်ပဲ ဖွဲ့ဖွဲ့  ... Super Federal Union ပဲဖွဲ့ဖွဲ့ဗျာ...ကျုပ်တို့ပြည်သူတွေအတွက်  ဒီမိုကရေစီဘောင် ကျယ်ကျယ်ရဖို့ လိုကိုလိုပါတယ်။ဒီမိုကရေစီအပြည့်အဝမရဘဲ  တန်းတူညီမျှရေးဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ပြည်သူတွေရဲ့ဒီမိုကရေစီဝေစုကတော့ တစ်ပြားမှ လျော့ပေးလို့  မရပါဘူး။ မမေ့ဖို့ ပြောပြတာပါ ...

( တော်လှန်ရေးကြီးအောင်မြင်သွားတဲ့အခါကျရင်  ဝေစုအသီးသီးခွဲဖို့ ခေါင်းဆောင်တွေပြုံတိုးကြအုံးမှာ ... ကြိုမြင်ယောင်နေလို့ 😁 )

myanmar society🇲🇲