အာသာဖြေ ငြီးတွားခြင်း


ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း …”..စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ကြွယ်၀မှုသာ ပဓာနဖြစ်သည်..” ဟူသော သဘောမျိုးကိုပင် မိန့်တော်မူခဲ့ပါတယ်။

________________________

တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်တစ်ခုစာလောက်ပဲ စိုးမိုးနိုင်တဲ့စိတ်ကူးစိတ်သန်းနှင့်ကြိုးစားအားထုတ်မှုရှိသူဟာ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အဆင့်လောက်ပဲ စိုးမိုးနိုင်မှာဖြစ်ပြီး  နိုင်ငံအဆင့်စိုးမိုးနိုင်ဖို့ဆိုရင်  နိုင်ငံအဆင့်စိုးမိုးနိုင်တဲ့စိတ်ကူးစိတ်သန်းနှင့်ကြိုးစားအားထုတ်မှု လိုအပ်မှာဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေ နှင့် တကမ္ဘာလုံးကို စိုးမိုးနိုင်လိုလျှင် ၎င်းနဲ့ ထိုက်တန်ညီမျှတဲ့ စိတ်ကူးစိတ်သန်းနှင့်ကြိုးစားအားထုတ်မှု  ရှိရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ ပထမအင်ပါယာနှင့်ဒုတိယအင်ပါယာ ကြားမှာ နှစ်ပေါင်း(၁၈၀) ကြာမြင့်ခဲ့ပြီး  ဒုတိယအင်ပါယာနှင့်တတိယအင်ပါယာကြားမှာ ( ၁ )နှစ်သာ ကြာမြင့်ခဲ့တယ်လို့သမိုင်းတွေက ဆိုပါတယ် ။

လက်ရှိရနေတဲ့အခွင့်အရေးဟာ နှစ် (၁၀၀) နေလို့  တစ်ခါလာခဲတဲ့အခွင့်အရေး ဖြစ်ပါတယ် ။

အခွင့်အရေးပေးနေတာတောင် ကိုယ်ကိုတိုင်က  အဖြစ်ရှိအောင်မလုပ်နိုင်ဘဲ  အောင်နိုင်သူတွေရေးတဲ့သမိုင်းအပေါ်မှာ ငြီးတွားနေတာဟာ လူဖျင်းတွေရဲ့လုပ်ရပ်လို့ပဲ  ဆိုချင်တယ်။

တခါလာလည်း -   
အနော်ရထာက ဘယ်လို 
ဘုရင့်နောင်က ဘယ်လို 
အလောင်းဘုရားက ဘယ်လို
၄၇ ပင်လုံက ဘယ်လို 
၇၄ က ဘယ်လို
၆၂  က  ဘယ်လို
၈၈ က ဘယ်လိုနဲ့   သမိုင်းတွေအပေါ်မှာ အာသာဖြေ  ငြီးတွားနေတာဟာ  နည်းမှန်လမ်းမှန်တော့ မဟုတ်ပါဘူး  ...

ဗမာတိုင်းရင်းသားတွေက ပြည်နယ်ဖက်မရပ်တည်ခဲ့လို  တော်လှန်ရေးဟာ အခွင့်မသာခဲ့ဘူးလည်းပြောပြီး  blame နေတာတွေလည်း ရှိသေးတယ် ...

ယခု ဗမာတိုင်းရင်းသားတွေတင်မဟုတ်ဘူး  တပြည်လုံးမှာရှိတဲ့ပြည်သူတွေက  ရပ်တည်ပေးနေပြီ  အဖြစ်ရှိအောင်သာ လုပ်ကြဖို့ပဲ  တိုက်တွန်းချင်ပါတယ် ... 

ဗမာတိုင်းရင်းသားတွေက  ပြည်နယ်တိုင်းရင်းသားတွေဖက်က ရပ်တည်ပေးနေတာတောင်  ဗမာလူမျိုးကြီးဝါဒဆိုပြီး  လက်ညှိုးထိုးပုတ်ခတ်နေတာထက်စာရင်  ဗမာတိုင်းရင်းသားတွေက ကိုယ့်ဖက်ကရပ်တည်ပေးနေတုန်း  တော်လှန်ရေးအောင်မြင်အောင်  လုပ်ဖို့  တိုက်တွန်းပါရစေ  ...

"အောင်မြင်အောင်လုပ်ပြီးမှ  သမိုင်းကို  ချဲ့ပဲရေးရေး .. ကားပဲရေးရေး ... ကြိုက်သလိုရေးဗျာ ..အဲ့ဒါခင်ဗျားတို့အောင်နိုင်သူရဲ့သမိုင်းပဲ "

အရာတိုင်းဟာ အချိန်နဲ့အမျှ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတာ ဖြစ်ပါတယ် ။ ရရှိထားတဲ့အခွင့်အရေးကို တစ်ဦးတစ်ယောက် တဖွဲ့ချင်းစီတိုင်းက  ပူးပေါင်းပြီး ပြည့်ပြည့်ဝဝဖမ်းဆုပ်နိုင်ဖို့လိုပါတယ် ။ Mission ဆိုတာ အချိန်အကန့်အသန့်ရှိသော လုပ်ဆောင်ချက်ဆိုတာ နှစ်နှစ်ကာကာ သဘောပိုက်ထားဖို့လိုပါတယ်။

မိုးကုန်မှ ထွန်ချရင်  ထွန်ကျိုးယုံပဲ ရှိပါလိမ့်မယ်။

myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း