"လူရှိတယ် ၊ လိုနေတာ လက်နက်ပါတဲ့
ကမ္ဘာ့နိုင်ငံတွေက မြန်မာပြည်သူလူထုကဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့လိုနေတာပါ ။(ဒါတော့ မင်းပြောမှလားကွာ ငါတို့လည်း သိတာပေါ့လို့ ပြောကြမလားပဲ)
တကယ်ကလည်း အသိအမှတ်ပြုသင့်လှပါတယ်။ မပြုနိုင်သေးရင်လည်း အဖြေရှာဖို့ ၊အသိအမှတ်ပြုလာဖို့ ဆွေးနွေးအဖြေရှာဖို့ လိုပါတယ် ။ အဲ့ဒီလိုအသိအမှတ်ပြုရင် သံရုံးတွေ နှင်ထုတ်ခံရမှာပေါ့လို့ ဆင်ခြေပေးကောင်း ပေးကြမှာပါ။သံရုံးတွေက အရေးကြီးသလား သန်းချီသောပြည်သူတွေအသက်က ပိုအရေးကြီးသလားဆိုတာသိရင် ဆုံးဖြတ်ရလွယ်ပါတယ်။ ဒီတိုင်းဇာတ်မျောပုံစံကြီး ဖြစ်နေတာထက်စာရင် အဆင်ပြေနိုင်မည့်ချဥ်းကပ်ပုံချဥ်းကပ်နည်းတွေ အကျေအလည် ဆွေးနွေးသင့်လှပါတယ်။
အနည်းဆုံးတော့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြွေမသေတုတ်မကျိုးနည်း၊ နားလှည့်ပါးလှည့် လုပ်ပေးလို့ရတဲ့နည်းတွေ အများကြီး ရှိပါတယ် ။ ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာပြည်သူတွေအပေါ် စေတနာနည်းနေကြသေးလို့ ( သို့မဟုတ် ) ဘယ်လိုချဥ်းကပ်ရမယ်ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရဖက်ကလမ်းကြောင်းမထားနိုင်လို့လို့ပဲ ပြောချင်မိတော့တာပါပဲ။
" အမျိုးသားညီညွတ်ရေးအစိုးရအား အသိအမှတ်ပြုရေးနှင့်ပြည်သူတွေရဲ့ဘဝအား ကယ်တင်ရေး Campaign တွေ " အကြီးအကျယ်လုပ်ပြီး တောင်းဆိုကြရင် နည်းနည်းတော့ အရွေ့မြန်သွားမလား🤔။တခြားပိုကောင်းသော နည်းနာတွေရှိရင်လည်း လုပ်သင့်က လုပ်ဖို့လိုမယ် ထင်မိတယ်။ဒီထက်ပိုပြီး ထိထိရောက်ရောက် တွန်းအားပေးဖို့တော့ လိုမယ်ထင်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာ့အရေးချဥ်းကပ်မှုမှာ လိုနေတာ ၊ လွဲနေတာမျိုး ဖြစ်နေရင် လိုက်တည့်ပေးဖို့ ၊ စေ့စပ်ပေးနိုင်ဖို့လည်း လိုမယ် မြင်မိတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ အမေရိကန်သမ္မတရဲ့ မြန်မာ့နိုင်ငံရေးချဥ်းကပ်ပုံကို ပြောင်းလဲနိုင်ဖို့ကြိုးစားနေတယ်လည်း ကြားရတယ်။
အဆင်ပြေပါစေ ~~ 🙏🙏
ခဏခဏ ပြောနေရတာကို မိမိတို့အနေနဲ့မျက်နှာပူရပါတယ်။မြန်မာပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှု ဘယ်လောက်ရှိလဲ ၊ အစိုးရတစ်ရပ်ရဲ့နိုင်ငံရေးဉာဏနှင့်လုပ်ကိုင်ရည်ဘယ်လောက်ရှိလဲဆိုတာ တရုတ်ပြည်တင်မက နိုင်ငံတကာက အမြဲတိုင်းတာနေတာ ဖြစ်ပါတယ် ။ အဲ့ဒီအပေါ်မူတည်ပြီး အောက်စီးကဝင်ရမလား ၊ အထက်စီးက ဝင်ရမလား ၊ တန်းတူထားဆက်ဆံရမလား ၊ ၂ ဖက်ချွန်ဝင်ရမလား ၊ သိုက်တူးရင် ရနိုင်မလား ၊ ဇာတ်မျောကြီးပစ်ထားရမလားဆိုတာ ဆုံးဖြတ်တာ ဖြစ်ပါတယ် ။
myanmar society 🇲🇲