ဘုရားလောင်းယောင်ဆောင်ထားသော မသူတော်များ
၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ အမေရိကန်အစိုးရဟာ မြန်မာပြည်က မင်းအောင်လှိုင်နှင့်သူ့တပ်အား လူမျိုးသုဉ်းသတ်ဖြတ်ကျူးလွန်မှု မြောက်သည်ဟု ကြေညာခဲ့ပါတယ်။၎င်းဟာ မြန်မာ့နိုင်ငံရေး/ကမ္ဘာ့နိုင်ငံရေးအတွက် နိုင်ငံရေးအချိုးအကွေ့အပြောင်းအလဲလို့ပဲ ဆိုရမယ်ထင်ပါတယ်။သူတို့အချိန်ဆွဲပေးထားတဲ့သတ်မှတ်ကာလကို ကျော်လွန်လာပြီဖြစ်လို့ မီးခဲကို ရေရှည်ဆုပ်ကိုင်ထားဖို့ မဖြစ်နိုင်တာကြောင့် လွှတ်ချတဲ့သဘောပါပဲ။
အခြားတစ်ဖက်က စဥ်းစားကြည့်မယ်ဆိုရင်လည်းဗလာဒီမာ ပူတင်ကို ထိုးနှက်ဖို့အတွက် ကနဦးအနေနဲ့ အကြမ်းဖက်စစ်တပ်ကို ချနင်းတာလို့ ယူဆရပါတယ်။ ဗလာဒီမာပူတင်ဟာ စစ်ရာဇဝတ်မှုနှင့်လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်မှု မြောက်နေသလား/မမြောက်ဘူးလားကတော့ သူဖြေရှင်းရမည့် ကိစ္စပဲ။
အမေရိကန်အစိုးရဟာ ကြီးကြီးကျယ်ကျယ်တွေကြေညာပြီးမှ အဖျားရှူးမသွားဖို့ပဲ လိုပါတယ်။
လူမျိုးသုဥ်းသတ်ဖြတ်မှု ကြေညာတာဟာ ထူးခြားတယ်။( DS နှင့် Q တို့ရဲ့ အားပြိုင်မှုဟာ အဆုံးသတ်သွားပြီလား ၊ တဖက်ဖက်က ထိန်းနိုင်သွားပြီလားဆိုတာ စဥ်းစားစရာ ရှိပါတယ် )
လူမျိုးသုဉ်းသတ်ဖြတ်မှု ကြေညာတာဟာ မင်းအောင်လှိုင် တစ်ယောက်တည်းကို ထိတာတော့မဟုတ်ပါဘူး။နောက်ဆက်တွဲတွေ ပါလာနိုင်တယ်လို့ ယူဆရတယ်။ Plan ဘယ်လောက်ကျယ်မယ်ဆိုတာ မသိနိုင်ဘူး။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကလင်တန် ၊ ဘုရှ် ၊ အိုဘာမားတို့ရဲ့ ကျူးလွန်ခဲ့မှုဟာ ထင်ရှားပါတယ် ။ ဂျိုးဘိုက်ဒန်နှင့်ကမ်မလာဟဲရစ်တို့ကို ကြိုးဆွဲနေကြတာလည်း သူတို့ပါပဲ။( Q က သူတို့ ၃ ယောက်ကို ဖြုတ်ချချင်နေတာလို့ ဆိုနိုင်တယ် )
နောက်တစ်ယောက်က တရုတ်ပြည်ကခေါင်းဆောင် ရှီကျင်းပင်။တရုတ်ပြည်ဆိုရင် တိဘက် ၊ ဝီဂါ လူမျိုးတွေအပေါ် ယနေ့အချိန်ထိ ရက်ရက်စက်စက် နှိမ်နင်းနေတာ ဖြစ်ပါတယ်။
နောက်တစ်ယောက်က ပူတင်။( သူ့အမှုကတော့ ခုမှ အချက်အလက်ရယူဆဲ )
ကုလသမဂ္ဂ နှင့်တာဝန်ရှိသူများဟာ အချိန်ဆွဲနေတယ် ၊ တာဝန်ယူဆောင်ရွက်ဖို့ပျက်ကွက်နေတယ်ဆိုတဲ့ အသံကလည်း ညံလာပြီ ။
ကုလသမဂ္ဂက အကြမ်းဖက်စစ်ကောင်စီကို လက်နက်မတင်သွင်းဖို့ ကြေငြာချက်ထုတ်ပြီးမှ လက်နက်တင်သွင်းတဲ့ တရုတ် ၊ ရုရှား ၊ အီရန် ၊ ပါကစ္စတန် ၊ ယူကရိန်း ၊ ဘီလာရုစ် နှင့် ဥရောပနိုင်ငံတချို့ဟာလည်း အဖျားခတ်လာနိုင်တယ်။
New York Times သတင်းထုတ်ဝေတဲ့ We Lied To Get Biden Elected ခေါင်းစီးအရဆိုရင် ၎င်းနဲ့ပက်သက်ပြီး ကျယ်ပြန့်လာနိုင်မှုဟာလည်း မသေးဘူးလို့ ဆိုရမယ် ထင်ပါတယ်။ အမှုတွဲတွေကတော့ တပြွတ်ကြီးပါပဲ။ သက်ရောက်မှု ဘယ်လောက် ကျယ်ပြန်မလဲဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ခြုံယူဆင်ချင်ကြည့်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနှင့်တရုတ်ပြည်တို့ဟာလည်း တနေ့နေ့၊တချိန်ချိန်မှာ သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု ၊ လူမျိုးသုဉ်းသတ်ဖျက်မှုတွေအတွက် ပြန်တောင်းပန်ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စုရော၊တရုတ်ပြည်ရောဟာ အလားတူအမှုတွေကို ကျူးလွန်ထားကြသူများဖြစ်ပါတယ်။အဲ့လိုပြန်တောင်းပန်ဖို့ဟာ မကြာသောကာလမှာလည်း ဖြစ်လာနိုင်သလို နောက် (၁၀)စုနှစ် ကြာမှလည်း ဖြစ်ချင်ဖြစ်မယ်။ခင်ဗျားတို့ကျနော်တို့ မရှိတော့တဲ့နောက်ပိုင်းမှလည်း ဖြစ်နိုင်ပါတယ်။
အားတင်းထားပါ ပြည်သူတို့ ..💪💪
နွေဦးတော်လှန်ရေးကြီးအောင်ရမည်
( ဓာတ်ပုံတွေကို ရှု့ပါ )
myanmar society🇲🇲