အမေရိကန်ပြည်သူများ၏ရန်သူတော်များ [The enemies of the American people]

The New York Times ဆိုတာ Trump ကိုအသေမုန်းပြီး၊ Trump ကိုထိခိုက်နစ်နာစေမယ့် မမှန်သတင်းတွေ လုပ်ကြံပြီး ဖော်ပြတဲ့သတင်းစာကြီးဖြစ်ပါတယ်။

The New York Post ဆိုတာကတော့ Conservative တွေဖက်ယိမ်းပေမယ့် သတင်းအမှန်ကိုသာတင်ပြလေ့ရှိပါတယ်။ 

၂၀၂၀ ခုနှစ် နိုဝင်ဘာလ လေးရက်နေ့မှာ သမ္မတရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလမှာ The NewYork Post သတင်းစာကြီးက ၂၀၁၉ ခုနှစ် ဧပြီလတွင် Delaware မြို့ရှိ ကွန်ပြူတာပြုပြင်ရေးဆိုင်တွင် စွန့်ပစ်ခဲ့သော Hunter Biden ၏ လက်ပ်တော့၏ အကြောင်းအရာများကို သီးသန့်ဖော်ပြခဲ့ပါတယ်။

Laptop hard drive ထဲတွင် Hunter Biden၊ ၎င်း၏မိသားစုနှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကြား၊ အီးမေးလ်များ မက်ဆေ့ချ်များ၊ ဓာတ်ပုံများနှင့် ဘဏ္ဍာရေးစာရွက်စာတမ်းများ ပါဝင်ပါတယ်။ ဒုသမ္မတ Joe Biden ၏သားဖြစ်သူ Hunter သည် ၎င်း၏နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းများတွင် သူ့အဖေအရှိန်အဝါဖြင့် နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို မည်သို့အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားပါတယ်။

ရက်ပေါင်းကိုးဆယ်ကျော်သည်အထိ လာရောက်ရွေးချယ်ခြင်းလည်းမရှိ၊ ပိုင်ရှင်ကိုဆက်သွယ်လို့လည်းမရတာကြောင့် ကွန်ပြူတာပြုပြင်ရေးဆိုင်ပိုင်ရှင်က လက်ပ်တော့ကို FBI ထံ တိုင်ကြားခဲ့ပြီး စက်နှင့် ၎င်း၏ဟာ့ဒ်ဒရိုက်ကို FBI ကသိမ်းဆည်းခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးသည်အထိ စုံစမ်းစစ်ဆေးခြင်းကိုမလုပ်ခဲ့ကြပါ။

ကွန်ပြူတာပြင်သမားက hard drive ကို ကော်ပီယူထားခဲ့တာကို FBI ကမသိလိုက်ပါ။ laptop ထဲပါတဲ့ အချက်အလက်တွေဟာ အရေးကြီးတယ်လို့ယူဆတာကြောင့် ကွန်ပြူတာပြင်သူက သူစိတ်ချရတဲ့ သူကနေတဆင့် New York Post ကို hard drive ပေးပို့ရာက Hunter ရဲ့ laptop သတင်းက ပေါက်ကြားသွားရခြင်းဖြစ်ပါတယ်။

ထို့အတူ NYT ကအစပြုပြီး သတင်းမီဒီယာတွေအားလုံးနီးပါး (Fox News  ကလွဲ၍) က "ဒီသတင်းဟာ Russia ကလုပ်ကြံထုတ်လွှင့်တဲ့ သတင်းသာဖြစ်တယ်" "သတင်းအမှားသာဖြစ်တယ်" "အတည်ပြုလို့မရတဲ့သတင်း" ဆိုပြီး ဖုံးကြ ဖိကြနဲ့ Biden တို့မိသားစုကို အကာအကွယ်ပေးခဲ့ကြပါတယ်။ Twitter, Facebook, Yahoo, Google, စတဲ့ ဆိုရှယ်မီဒီယာတွေကလည်း Hunter Biden ရဲ့ laptop ထဲမှာပါတဲ့ အကြောင်းအရာတွေကို ပေးမတင်ပါဘူး။  twitter ကဆိုရင် New York Post ကို မမှန်သတင်းတင်တယ်ဆိုပြီး ရာသက်ပန် ဖြုတ်ချတဲ့အထိ ပြုလုပ်ခဲ့ပါတယ်။ 

Hunter ရဲ့ laptop ထဲကအကြောင်းအရာတွေကို သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြကြပါက Biden ကိုမဲပေးမည့်သူနည်းသွားပြီး Trump နိုင်ဖို့သေချာတာကြောင့် မီဒီယာတွေနဲ့ FBI က လိမ်ညာခဲ့၊ ဖုံးခဲ့ ဖိခဲ့ကြတာဖြစ်ပါတယ်။ 

ဒီလိုနဲ့ Joe Biden သမ္မတဖြစ်ခဲ့ပြီး တနှစ်အကြာ၊ 17 March, 2022 နေ့ထုတ် The New York Times သတင်းစာကြီးရဲ့ မျက်နှာဖုံးမှာ အောက်ပါခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။ (ပုံ ကိုကလစ်လုပ်ကြည့်ပါ)

"Biden သမ္မတအဖြစ်အရွေးခံရရေးအတွက် ကျွန်ုပ်တို လိမ်ညာခဲ့ကြတယ်" 
"Hunter Biden ရဲ့Laptop ထဲက ဒေတာတွေဟာ အလွယ်တကူအတည်ပြုလို့ရတဲ့ ဒေတာတွေဖြစ် တယ်။ နောက်ဆုံးတော့ Russia က လုပ်ကြံထုတ်လွှင့်တဲ့ သတင်းဆိုတာ လိမ်ညာခြင်းပဲဖြစ်ပါတယ်" တဲ့။

Hunter Biden ဟာ ဝင်ငွေခွန် လိမ်ညာမှုတွေရှိတဲ့အတွက် အခွန်ဌာနက သူ့ကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရာကနေ laptop ထဲမှာရှိတဲ့ အချက်အလက်တွေကိုတွေ့ရှိဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

Trump လည်းရှုံးနိမ့်သွားခဲ့ပြီ၊ သမ္မတဖြစ်တဲ့ Buden ကလည်းအားနည်းချက်တွေများနေလေတော့ NYT ကဒီသတင်းကိုရေးလိုက်ပုံရပါတယ်။

ဒါကြောင့် သူ့သမ္မတသက်တမ်း လေးနှစ်စလုံး မီဒီယာတွေရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့ Trump ကပြောခဲ့ဘူးပါတယ်။

"The FAKE NEWS MEDIA (NewYork Times, CNN, NBC and many others) are not my enemy, it is the enemy of the American people."
"Fake News မီဒီယာတွေဟာ ငါ့ရဲ့ရန်သူတွေမဟုတ်ပါဘူး။ သူတို့ဟာ မေရိကန်ပြည်သူတွေရဲ့ ရန်သူတွေသာဖြစ်တယ်" ဆိုတဲ့ စကားဟာ သွေးထွက်အောင်မှန်နေတာပါပဲ။

Trump ကိုအသေမုန်းပြီး Biden ကိုအနိုင်ရစေချင်တဲ့ NYT ဟာ ဘာကြောင့်သူတို့လိမ်ခဲ့ပါတယ်လို့ ဝန်ခံရတာလဲ။ 
1 - အမေရိကန်ပြည်သူတွေရဲ့ ရန်သူမဖြစ်ချင်တော့လို့ပါ
2 - သမ္မတ Biddn  အနိုင်ရအောင်လုပ်ပေးမိတာ မှားသွားပြီဆိုတာကို နားလည်သဘောပေါက်သွားလို့သာ ဖြစ်ပါလိမ့်မယ်။

Thanks for reading ~~

Author : Thein Lwin

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း