Rothchilds ၏ငွေဝင်လမ်းကြောင်းများထဲက တစ်ခု

ဒီမြေပုံကို  ၁၈၉၄  ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ရေဘဝဲလို့  မြေပုံအညွှန်းနာမည် ပေးထားပါတယ်။မြန်မာနိုင်ငံပါတော်မူတဲ့ခုနှစ်က  ၁၈၈၅ ။ စဥ်းစားကြည့်ပေါ့ ... မြန်မာဟာ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာ ကျရောက်နေစဥ်ဖြစ်ပါတယ်။

Rothchilds ငွေလမ်းကြောင်းတွေဟာ ဘယ်နိုင်ငံတွေပေါ် ဖြတ်ပြီး စီးဆင်းနေတယ်ဆိုတာ သိဖို့လိုပါတယ်။ အဲ့လိုဖြတ်သန်းစီးဆင်းစေတဲ့လမ်းကြောင်းဟာ ကိုယ်နိုင်ငံပေါ်က  ဖြတ်သွားသလားဆိုတာ ကြည့်ဖို့လိုပါတယ်။

ဟော ... တွေ့ပါပြီ   Rothchilds ရဲ့ ငွေကြေးစီးဆင်းရာလမ်းကြောင်း တစ်ခုဟာ မြန်မာပေါ်က ဖြတ်သန်းသွားပါတယ်။ မြန်မာ ၊ ပါကစ္စတန် ၊ ယူကရိန်း လမ်းကြောင်း ဖြစ်နေတာကို  တွေ့ရမှာ  ဖြစ်ပါတယ်။

၎င်းလမ်းကြောင်းကို 
နည်းနည်းလောက် လိုက်ကြည့်ကြစို့...
မြန်မာ ၊ ထိုင်း ၊ လာအို ၊ ဗီယက်နမ် ၊ ယူနန် ၊ ကမ္ဘောဒီယား တို့ဆုံရာနေရာမှာ  "ရွှေတြိဂံ"ဆိုပြီး  တည်ဆောက်ထားပါတယ်။ အရှေ့တိုင်းဘဏ်ဆိုပြီး   နာမည်ရတာက  စင်္ကာပူဖြစ်တယ်။(အနောက်တိုင်းဘဏ်ကတော့ ဆွစ်ဇလန်ဘဏ်ပေါ့)

အဲ့ဒီမှာ ငွေစုတယ် ... အနောက်ကို  စီးဆင်းစေတယ်။ ၎င်းတို့အကျိုးစီးပွားရှာရာနေရာဖြစ်သော အရှေ့တောင်အာရှအစုအဝေးအား နိုင်ငံကြီးတွေအလွယ်ဝင်စွက်ဖက် မရနိုင်အောင်  " အာစီယံ " ဆိုသည့်အဖွဲ့ဖွဲ့ပြီး  အာဏာရှင်နိုင်ငံလေးတွေကို  ကျားကန်ထားစေပြန်ခဲ့ပါတယ်။

မြန်မာကနေ  အနောက်ဖက်ကို ဆက်သွားရင်  ပါကစ္စတန် ၊ အီရန် တို့နဲ့စုဖွဲ့ထားတာဟာ  "ရွှေလခြမ်း" ။

ရွှေတြိဂံနှင့်ရွှေလခြမ်းအကြောင်းအား နည်းနည်းအကျယ်ချဲ့ဖတ်လိုလျှင် 👇

အဲ့ဒီက ငွေဟာ ယူကရိန်းဆီဆက်သွားပါတယ်။ယူကရိန်းဆိုတာ ငွေကြေးခဝါချတာ ၊ မူးယစ်ဆေး ၊မှောင်ခိုလုပ်ငန်း ၊ လူကုန်ကူး ၊ ဒုစရိုက်မျိုးစုံ ၊ ဇီဝဓာတ်ခွဲခန်းတွေလည်း ရှိပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်က ယူကရိန်းသမ္မတဇလန်စကီးရှေ့မှာ ယူကရိန်းဟာ အကျင့်ပျက်ချစားမှုတွေ ရှိကြောင်း ၊ ဂျိုးဘိုက်ဒန်ရဲ့သားဟာ ယူကရိန်းကနေ  ဒေါ်လာ သန်းပေါင်းများစွာ  အဂတိရှိကြောင်း ၊ ယူကရိန်းနှင့် တရုတ်ပြည်ရဲ့ပက်သက်ဆက်စပ်မှုတွေပါ  ပြောခဲ့တာပါ ။ ယူကရိန်းသမ္မတဇလန်စကီးရဲ့မျက်နှာဟာ ဇီးရွက်လောက်ဖြစ်ပြီး  မျက်နှာပျက်နေခဲ့ရတယ်။ သို့ပေမဲ့ ဇလန်စကီရဲ့အပြစ်တော့မဟုတ်  အရင်ကတည်းက ဖြစ်နေခဲ့တဲ့အကျိုးဆက်ကို ဇလန်စကီးက ဆက်ခံရတာမျိုး ဖြစ်နေတာပါလို့  ပြောသွားခဲ့ပါတယ်။

မြန်မာ   -   ရွှေတြိဂံ

အာဖကန်နစ္စတန်   -   ရွှေလခြမ်း

ယူကရိန်း   -   အမေရိကန်နှင့်ဥရောပတစ်ခုလုံးရဲ့ ငွေမဲခဝါချရာ နေရာ 

ကမ္ဘာ့နိုင်ငံရေးကို အကြီးအကျယ်လှုပ်ခတ်စေတဲ့နေရာတွေပေါ့။အနှစ်ချုပ်လိုက်တော့ ကမ္ဘာ့မှောင်ခိုလုပ်ငန်းကြီးများ တည်ရှိရာလို့ပဲပြောတော့။

ဒါကြောင့်  မြန်မာမှာ စစ်ကောင်စီတက်လာတာ၊အာဖကနစ္စတန်မှာ တာလီဘန်တက်လာတာ ၊ ရုရှား - ယူကရိန်း အရေးဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။နောက်ကွယ်မှာ ပါဝင်ပက်သက်ကြိုးကိုင် ကစားနေတဲ့ လူပုဂ္ဂိုလ်တွေ၊အဖွဲ့အစည်းတွေ၊နိုင်ငံတွေ သိပ်ရှိတာပေါ့ဗျာ။

မြန်မာအရေး ၊ အာဖကန်နစ္စတန်အရေး ၊ ယူကရိန်းအရေးတွေဟာ  Deep State ကို ပြန်ကစားမည့်ပွဲတွေ ဖြစ်နိုင်ပါတယ်။ အားပြိုင်နေစဥ်ကာလအတွင်းမှာ သပွတ်အူရိုက်ရှုပ်ထွေးနေတာကြောင့် အမှန်/အမှားဟာ ပြောဖို့ခက်ပါတယ်။တစ်ဖက်မှာ  သူတို့ကလည်း သူတို့ဖြစ်ချင်သလို ပုံစံသွင်းကြသလို  ဒီဖက်ကလည်း ဒီဖက်ကလိုသလို ပုံစံသွင်းဖို့ ၎င်းအရေးတွေ ဖြစ်ပေါ်လာခဲ့တာပါ။ခွဲခြမ်းစိပ်ဖြာပြီး ရေးမယ်ဆိုရင်တော့ အတော်ကို ရှည်လျားထွေပြားနိုင်ပါတယ် ။ ဘက်  ၂  ဖက်ရဲ့အားပြိုင်မှုဆိုပေမဲ့  ၎င်းဘက် ၂  ဖက်စလုံးမှာ လူကောင်းတွေချည်း စုနေတာမဟုတ်သလို  လူဆိုးတွေချည်း စုနေတာလည်း မဟုတ်ပြန်လို့ပါ ။အဲ့ဒီကြားထဲမှာ ကြားနေနိုင်ငံများနှင့်ကြားနေခေါင်းဆောင်များဆိုတာကလည်း ရှိနေပြန်ပါသေးတယ်။

အကယ်၍များ ၎င်းအရေးအားပြိုင်မှုတွေမှာ Deep State ကသာ အားသာသွားရင်  ကိုယ့်ပြောစကားဟာ ယုံတမ်းစကားတွေဆိုပြီး ဖြစ်ပေမပေါ့လေ ။

သေချာတာကတော့  စစ်ကောင်စီနှင့်တရုတ်ပြည်ဟာ  အဲ့ဒီအကြောင်းကို အရမ်းသိချင်နေခဲ့တာ🤣။

ဒေါ်အောင်ဆန်းစုကြည်ကတော့ 
ပြောထားပါတယ် " All Absurd " ပါတဲ့။

myanmar society🇲🇲


အထက်ဖော်ပြပါ အကြောင်းအရာဟာ ​Rothchilds ရဲ့ငွေစီးဆင်းရာလမ်းကြောင်းတစ်ခုမျှသာဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့လိုပါတယ်။ကျယ်ကျယ်ပြန့်ပြန့်ပိုသိချင်ရင် တခြားသောငွေစီးဆင်းရာလမ်းကြောင်းတွေ လိုက်ဖို့ လိုပါမယ် ၊ ကဏ္ဍစုံ ဖြန့်ကျက်ထားတဲ့ သူတို့ရဲ့လွှမ်းမိုးချုပ်ကိုင်မှုကို  ထပ်လေ့လာဖို့လိုပါမယ်။

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း