CCP အကြိုက် ဂျိုးဘိုက်ဒန်လိုက်မည်
အမေရိကန်သမ္မတဂျိုးဘိုက်ဒန်ဟာ အမေရိကန်ရဲ့ငွေကြေးဖောင်းဖွမှုကို အားလျော့ကျစေဖို့ တရုတ်ပြည်ရဲ့သွင်းကုန်တချို့အပေါ် အခွန်စည်းကြပ်မှု ရုပ်သိမ်းဖွယ် ရှိတယ်လို့ သတင်းရင်းမြစ်တချို့က ဖော်ပြပါတယ်။ ဂျိုးဘိုက်ဒန်ဟာ ၎င်း၏အကြီးတန်းလက်ထောက်များနှင့် အစိုးရအဖွဲ့အတွင်းဝန်များအကြား မူဝါဒ သဘောထား ကွဲလွဲမှုများကြောင့် အခွန်လျှော့ချရန် အစီအစဉ်များကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရကြောင်းလည်း သတင်းရင်းမြစ်တချို့မှာ တွေ့ရပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ G20 အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ တရုတ် - အမေရိကန် ဆက်ဆံရေးဟာ အကျိုးသက်ရောက်မှု ကြီးမားတဲ့ဆက်ဆံရေးဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်ပြီး အာဏာသိမ်းယူမှုမတိုင်ခင်ကလို အခြေအနေ မျိုးပြန်ရောက်ဖို့ တရုတ်နိုင်ငံက ဘယ်လောက်စိတ်ဝင်စားမှုရှိတယ်ဆိုတာနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ဖေါ် ဆောင်ရေးအတွက် တရုတ်မှာတာဝန်ရှိတယ်လို့ ဝန်ကြီးဘလင်ကန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။
ဂျိုးဘိုက်ဒန်နှင့်အဖွဲ့ဟာ ၎င်းတို့ဆုပ်ကိုင်လှုပ်ရှားနေရသောနိုင်ငံရေးပြဿနာပြေလည်လာစေရန်အလိုငှာ တရုတ်ပြည်နဲ့ပလဲပနံ့သင့်ဖို့ လုပ်နေရပြီဆိုမှတော့လည်း တရုတ်ပြည်က ကြိုးကိုင်နေတဲ့အာစီယံနှင့်မြန်မာ့အရေးဟာ တရုတ်ပြည်အကြိုက် အမေရိကန်အစိုးရအဖွဲ့က လိုက်ယုံမှတပါး အခြားမရှိပါဘူး။
( တရုတ်ပြည်က ခင်းထားတဲ့ "မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်သည်"ဆိုသော စကားနောက်ကို အရင်ကလည်း လိုက်ခဲ့သလို ခုလည်းဆက်လိုက်အုံးမည့် သဘောမှာရှိတယ် )
ဂျိုးဘိုက်ဒန်နှင့်အဖွဲ့က မြန်မာ့အရေးအပေါ်ထားတဲ့သဘောထားဟာ ပလာတာ ဆက်ရိုက်မယ်၊မုန့်လုံးစက္ကူ ကပ်မယ်၊ဂျာအေးသူ့အမေ ရိုက်တဲ့အဆင်တွေ ထပ်ထွက်လာအုံးမည့်သဘောပါပဲ။
ကမ္ဘာ့အရေးမှာ ( သို့မဟုတ် ) အမေရိကန်နိုင်ငံရေးမှာ ဒီမိုကရက်တွေအစဥ်ရပ်တည်နိုင်ဖို့ရာအတွက် ဂျိုးဘိုက်ဒန်နှင့်အဖွဲ့ဟာ CCPနဲ့ စည်းဝါးကိုက်တော့မည့်သဘောလို့ပဲ ... အဲ့လိုပဲ နားလည်တာပဲ။
( အစဥ်ရပ်တည်ရေးဆိုတာ အစိုးရအဖြစ် အစဥ်မပြတ် ဆက်လက်ရပ်တည်နိုင်ရေးကို ဒီနေရာမှာ ဆိုလိုပါတယ် )
ဒီမိုကရက်ပါတီအစဥ်ရပ်တည်ရေးနှင့်ကမ္ဘာ့အရေး .. နှစ်ခုတည်းက တစ်ခုရွေးပါဆိုရင် ဂျိုးဘိုက်ဒန်နှင့်အဖွဲ့ဟာ ဒီမိုကရက်ပါတီအစဥ်ရပ်တည်နိုင်ရေးပဲ ရွေးမှာပါပဲ။ အပြစ်တော့ မဆိုသာဘူး။
အဲ့ဒီတော့ ...
နွေဦးတော်လှန်ရေးအတွက် ပြည်သူတွေဖက်က ပိုမိုကြိုးကုတ်အားထုတ်ပြီး တောင့်ခံထားဖို့တော့ လိုမယ်။ ကိုယ်ထူကိုယ်ထ ရုန်းထနိုင်ရန်အတွက် ဇောင်းပေးလုပ်ဖို့ ပိုလိုမယ်။
myanmar society 🇲🇲