End Game ထိသွားမည့် မအလ'များ


မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့  ICJ  အမှုက နှစ်ရှည်ကြာမြင့်မည့်အမှုမျိုးပါ။ စစ်ကောင်စီပြုတ်ကျသွားပြီးနောက်မှာတောင်  ၎င်းအမှုက ရှေ့ဆက်ချင်ဆက်နေရအုံးမည့် သဘောမျိုးရှိပါတယ်။

နိုင်ငံကိုဦးတည်တရားစွဲခံထားရတဲ့အမှုမှာ   ပြည်သူလူထုက တင်မြှောက်ထားခြင်းမရှိသူတွေက  နိုင်ငံကိုအာဏာသိမ်းပြီး  နိုင်ငံကိုယ်စားပြုအဖြစ် ၎င်းအမှုကို သွားပြီးဖြေရှင်းနေတယ်/ဖြေရှင်းခွင့်ရတယ်ဆိုတာကကို  မှားနေတာ။ အဲ့ဒီတင်မြှောက်မထားသည့်သူတွေကိုတိုင်ကလည်း ၎င်းအမှုကို  လုပ်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

နိုင်ငံကိုတရားစွဲရသည့်အကြောင်းအရင်းဇာစ်မြစ်က  ၂၀၀၈ အခြေခံဥပဒေအကြောင်းအား  ကမ္ဘာကမသိကြလို့သာ ဖြစ်ပါတယ်။(နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ပေါ်က ဆွဲချချင်ကြတဲ့ရည်ရွယ်ချက်လည်း ပါတာပေါ့)
ပုံမှန်အားဖြင့်  အစိုးရက တိုင်းပြည်ကို အုပ်ချုပ်တယ် ၊ အဲ့သည်လိုပဲ ကမ္ဘာပြည်သူပြည်သားတွေက လက်ခံယုံကြည်ကြတာ။  One  country - Two  government လိုဖြစ်အောင်ရေးထားတဲ့  ၂၀၀၈ အခြေခံဥပဒေအကြောင်း  ကမ္ဘာက နားမလည်ပါဘူး။ဒါကြောင့် စစ်တပ်က လုပ်တာဟာ အစိုးရက ခိုင်းလို့လုပ်တာလို့ပဲ ကမ္ဘာသူကမ္ဘာသားတွေက ယူဆကြတယ်။ အစိုးရဆိုတာ နိုင်ငံကိုယ်စားပြုတယ် ၊ အဲ့တော့ နိုင်ငံကိုတရားစွဲတယ် ၊ အဲ့သည်လို့ လာတာပါ။၂၀၀၈ အခြေခံဥပဒေ​ကိုစွဲကိုင်ပြီး  အမှုကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာ အစိုးရတစ်ရပ်လိုဖြစ်နေခဲ့ပြီး အရပ်သားအစိုးရအောက်  ရှိမနေခဲ့တာကို  ကမ္ဘာက သိတာနည်းပါတယ်။

ဖြစ်သင့်တာကတော့  လုပ်ရင်လုပ်တဲ့သူ (သို့မဟုတ်)  လုပ်တဲ့အဖွဲ့အစည်းကို  တရားစွဲဆိုရမည့်  အနေအထားမျိုးပါ။ ခုဟာက နိုင်ငံနှင့်ပြည်သူကပါ ကြားထဲက 'ငထွား ခါးနာရမည့်ကိန်း' ဆိုက်နေတာ။

မြင်သာအောင်  ဥပမာ - ပေးရရင် အိမ်တစ်အိမ်မှာ  မိသားစုဝင်တစ်ယောက်က  လူသတ်မှုကျူးလွန်ထားတဲ့အတွက်   ရွာထဲက တခြားသောအိမ်က  ၎င်းအိမ်ကို  တရားစွဲသလိုဖြစ်နေတာ။အမှန်က  ထိုကျူးလွန်သူကိုပဲ  တရားစွဲတာမျိုးက  ပိုဖြစ်သင့်တာ။

၁၉၆၂  ခုနှစ်ကတည်းကနေ ယနေ့အချိန်ထိ နာမည်ပျက်နဲ့ ရှင်သန်ခဲ့စစ်တပ်ဟာ  ICJ  မကလို့   ICJ  ထက်ကြီးတာပဲလာလာ ၊ ဘာအမိန့်ပဲ  ချချ ၊ ဒီက  မအလ' တွေက  End  Game သွားနေကြတာဖြစ်လို့ ၊ သိပ်ဂရုစိုက်ကြလိမ့်မယ်တော့  မထင်မိဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကထုတ်ပြီး  နိုင်ငံရေးကစားဖို့တောင်  ပြင်ဆင်နေတာ တွေ့ရတယ်။အဲ့သည်လိုထုတ်လာပြီး  ဒေါ်အောင်ဆန်းစုကြည် နှုတ်ဖျားက ထွက်လာတဲ့စကားတစ်ခွန်းကြောင့်  နိုင်ငံတကာနှင့်ပြည်တွင်းက တော်လှန်ရေးအစုအဖွဲ့တွေကြား  သဘောထားကွဲလွဲပြီး စုစည်းမရအောင်  လုပ်ချင်နေကြပုံပဲ။တခြားသော ရည်ရွယ်ချက်တွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။
( အုပ်စုဖွဲ့ပြီး နိုင်ငံရေးကစားနေကြတာတွေ ၊ နိုင်ငံရေးအားပြိုင်မှုတွေ ပိုထင်ရှားလာတယ်ဆိုတာ  စာဖတ်သူတွေ လက်ခံနိုင်လောက်ပြီဟု  ယူဆပါတယ် )

သီရိလင်္ကာ ဒေဝါလီခံခဲ့ရတယ် ၊ အုပ်ချုပ်သူ သမ္မတထွက်ပြေးပြီးတဲ့နောက်မှာ  ဒီက  မအလ'များဟာ အတော်တုန်လှုပ်သွား၍ပဲလားတော့  မသိဘူး ၊  ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတွေကို  မြန်မာငွေပြောင်းရမယ်ဆိုပြီး  အေးဓားပြတိုက်လိုက်ကြတော့တာပါပဲ။ SWIFT ကို မသုံးဘဲ  SPSF  ကို  သုံးမယ်မည့်ကြိုးပမ်းမှု သတင်းမျိုးတွေလည်း  ထွက်လာတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေး  ၈၀  ရာခိုင်နှုန်းလောက်ကို  မအလ'များဟာ ချုပ်ကိုင်ထားတာဖြစ်လေတာကြောင့် တိုင်းပြည်မပျက်မချင်း  ဒီက  မအလ'များဟာ  ထွက်ပြေးကြလိမ့်မယ် မထင်မိဘူး။ ဒါကြောင့်  End Game ထိကစားကြလိမ့်မယ် ထင်ပါတယ်။

ဒီတိုင်းငြိမ်ခံနေရင်လည်း တိုင်းပြည်ပျက်  ပြည်သူတွေ  အငတ်ဘေးဆိုက်ပြီး ကျွန်ဖြစ်မှာပဲ။တိုင်းပြည်ပျက်ပြီး အငတ်ဘေးဆိုက်မှာချင်း အတူတူကတော့  မအလ'များကိုရှင်းပြီး  ပြန်လည်ထူထောင်ရေးလုပ်တာက သာပြီးလက်တွေ့ကျပါလိမ့်မယ်။

ဒီကြားကာလအတွင်းမှာ မျှော်မှန်းမထားတဲ့တစ်စုံတစ်ရာဖြစ်ပြီး  နိုင်ငံရေးအခြေအနေ ပြောင်းသွားခဲ့ရင်တော့  တမျိုးပေါ့။

myanmar  society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း