FTX - ယူကရိန်းနှင့်ဒီမိုကရက်ပါတီ
George Soros ပြီးရင် ဒုတိယအကြီးဆုံး ဒီမိုကရက်တွေရဲ့ အလှူရှင်ဖြစ်တဲ့ CEO Sam Bankman-Fried ဦးစီးတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ cryptocurrency ကုမ္ပဏီ FTX ဟာ ပြီးခဲ့တဲ့အပတ်က ပြိုကျခဲ့ပြီး FTX ရဲ့ ဖောက်သယ်တွေ $ ဘီလျံနဲ့ချီပြီး ဆုံးရှုံးကုန်ကြပါတယ်။ FTX မှာလျော်စရာမရှိပဲ ဒေဝါလီ လူမွဲအဖြစ်ခံယူဖို့ USA မှာ လျှောက်ထားခဲ့ပါတယ်။ ဒေဝါလီခံတဲ့အချိန်မှာ သိရတာက FTX နဲ့ နှီိးနွယ် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းပေါင်း တကမ္ဘာလုံးမှာ ၁၃၄ ခုရှိပြီး FTX ကပြန်လည်ပေးဆပ်ရန် တာဝန်ရှိတဲ့ ဒေါ်လာ ဘီလျံ ၅၀ ဟာ ပျောက်ဆုံးသွားပြီဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်က 🇺🇸 အမေရိကန်အခွန်ထမ်းတွေရဲ့ ဒေါ်လာဘီလီယံပေါင်းများစွာကို 🇺🇦 ယူကရိန်း စစ်ပွဲအတွက် ကူညီမည် ဟု ပြောပြီး ရက်ပိုင်းအတွင်းမှာပဲ FTX နဲ့ 🇺🇦 ယူကရိန်းအစိုးရတို့ဟာ ပါတနာအဖြစ် ပူးပေါင်းခဲ့ကြောင်း အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခဲ့ပါတယ်။ 🇷🇺 ရုရှားက 🇺🇦 ယူကရိန်းကို ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျူးကျော်...